၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Tuesday 20 August 2019

✟ လူတိုင်း ကိုယ်ကိုကိုယ် စစ်ကြောပြီးမှ မုန့်ကိုယူစေ ✟

“မထိုက်တန်သောအပြုအမှုဖြင့်” မုန့်နှင့်ခွက်
သုံးဆောင်ခြင်းသည် မည်သို့ သောအရာဖြစ် သနည်း?
ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် သခင်ယေရှုပေးအပ်ခဲ့ သော 
တန်ဖိုးဖြတ်၍ မရသောအဖိုးအခကို မေ့လျော့ခြင်းအားဖြင့် မုန့်နှင့်ခွက်တို့၏စစ်မှန်သော အဓိပ္ပါယ်ကို မသိဘဲ
သုံးဆောင်ခြင်းကို ဆိုလိုနိုင်သည်။ 

သို့မဟုတ်၊ အဓိပ္ပါယ် မရှိသော ပွဲတော်ကြီးကျင်းပရာရောက်သွား နိုင်သည်။ သို့မဟုတ် ပွဲတော်မင်္ဂလာကို အပြစ်ခွင့်လွှတ်ခြင်းမရှိဘဲ သုံးဆောင်ခြင်းသို့ ရောက်သွား နိုင်သည်။ ပေါလုဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့သည် 
မုန့်နှင့် ခွက်ကို မသုံးဆောင်မှီ မိမိကိုယ်ကိုယ် ဆန်းစစ်ရ မည်ဖြစ်သည်။ 

သတင်းကောင်းစာစောင်များထဲတွင်မပါဝင်သောအခြားသော 
ရှင်ပေါလု ဖော်ပြချက်တစ်ခုသည် “အကြောင်း မူကား၊ 
သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကိုသောက်သောအခါခါ၊ သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာတော်
မမူမှီတိုင်အောင်ပြကြ၏။

ထိုကြောင့်သခင်ဘုရား၏ခွက်ကို မထိုက်တန်ဘဲ 
စားသောက်သော သူမည်သည်ကား၊ ဘုရားသခင်၏ ကိုယ်တော်နှင့်အသွေးတော်ကို ပြစ်မှားရာရောက်၏။ 
သို့ဖြစ်၍လူတိုင်း ကိုယ်ကိုကိုယ်စစ်ကြောပြီးမှ၊ မုန့်ကိုယူစေ။ 

ထိုနည်းတူခွက်ကိုလည်းသောက်စေ။ အကြောင်းမူကား၊ 
မထိုက် မတန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ 
ကိုယ်တော်ကိုပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ် သို့
အပြစ်ရောက်စေခြင်းငှါ စားသောက်သောသူဖြစ်၏” 
(၁ကော ၁၁း၂၇-၂၉)။

ပွဲတော်မင်္ဂလာသုံးဆောင် ခြင်းသည် သခင်ယေရှု
တဖန်ပြန်လာသော အချိန်တွင် အဆုံးသတ်သွား မည်ဖြစ်သည်။ ထိုအဖြစ်အပျက်များ ထဲတွင် သခင်ယေရှု ပုံဆောင်ဖော်ပြထားသော 
ခန္ဓာကိုယ်နှင့် အသွေးတော်တို့သည် သူအသေခံခြင်း၏ 
အမှတ်တရဖြစ်သည် ကို ကျွန်ုပ်တို့သိရှိနိုင်ပါသည်။ 

၎င်း အမှတ်တရသည် ရွှေ ၊ငွေ ကျောက်မြတ်ရတနာမ ဟုတ်ပေ။ 
သို့သော် မုန့်နှင့်စပျစ်ရည်ဖြစ်သည်။ သခင်ယေရှုက မုန့်သည် သူ၏ချိုးဖဲ့သောခန္ဓာကိုယ်ဖြစ်သည်ဟု ဖော်ပြထားပါသည်။ 

ချိုးဖဲ့သောအရိုးမရှိ ပေ။ သို့သော်သူ၏ ခန္ဓာကိုယ်နာကျင်စွာဖြင့် 
ရိုက်နက်ထိုး ကြိုက်ခြင်း ခံစားရခြင်းသည် အသိအမှတ်ပြုဖွယ်
 ကောင်းပေသည် (ဆာလံ ၂၂း၁၂-၁၇၊ ဟေရှာယ ၅၃း၎-၇)။ 
စပျစ်ရည်သည် သူမကြာမှီသေသောအခါ သွန်းလောင်း မည့်အသွေးတော်ဖြစ်သည်ဟု သခင်ယေရှုက ဖော်ပြထားပါသည်။ 

သူ၊ ဘုရားသခင် ၏ သား တော်စစ်သည် သမ္မဟောင်း
ထဲတွင်ဖော်ပြထားသော ကယ်တင်ရှင်ကြွ လာမည့်ပရောဖက်ပြုချက်
များပြည့်စုံ ရန်အတွက် ဤလောက သို့ကြွလာခြင်းဖြစ် သည် 
(ကမ္ဘာ ၃း၁၅၊ ဆာလံ ၂၂၊ ဟေရှာယ ၅၃)။

ယေရှုက “ငါ ကိုအောက်မေ့ဘို့ရန် ထိုသို့ပြုကြလော့” 
ဟုဖော်ပြသောအခါ သူက ထိုပွဲတော်ကြီးသည် အနာဂတ်ကာလ တွင်ဆက်လက်လုပ်ဆောင်ရမည်ဟု ဖော်ပြလိုခြင်းဖြစ်သည်။ 

၎င်းက ပသာခါပွဲ၊ သိုးသငယ်၏အသေခံခြင်း နှင့်လောကီ 
သားများ၏အပြစ်များကို ယူဆောင်သွားရန်ကြွလာ မည့်ဘုရား
သခင်၏ သိုးသူငယ်တော်၊ သည် ပွဲတော် မင်္ဂလာအားဖြင့်ပြည့်
စုံခဲ့သည် (၁ကော ၅း၇)။

ပသာခါပွဲသိုးသငယ်တော် (၁ကော ၅း၇)၊ ခရစ်တော် သည် ကားတိုင်တော်ပေါ်တွင် အသေခံသောအခါ (ဟေဗြဲ ၈း၈-၁၃) 
သူသည် ပဋိညာဉ်ဟောင်းကို ပဋိညာဉ် အသစ်ဖြင့် အစားထိုးခဲ့သည်။ ယဇ်ပူဇော်ခြင်းစနစ်သည် နောက်ထပ်မလိုအပ်တော့ပေ(ဟေ- ၉း ၂၅-၂၈)။

 ပွဲတော်မင်္ဂလာသည် ကျွန်ုပ်တို့အတွက် သခင်ယေရှု၏
 အသေခံခြင်းကို သတိရ အောက်မေ့ခြင်းနှင့် သူ၏အသေခံခြင်း
အား ဖြင့် ကျွန်ုပ်ရရှိသော ကျေးဇူး တော်အတွက် 
ပွဲကျင်းပခြင်းဖြစ်သည်။

No comments:

Post a Comment