၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Tuesday 20 August 2019

✟ ပွဲတော်မင်္ဂလာသည် အဘယ်ကြောင့် အရေးကြီးသနည်း?✟

ခရစ်ယာန်များသုံးဆောင်သော ပွဲတော်မင်္ဂလာသည် 
 အဘယ်ကြောင့် အရေးကြီး သနည်း။ 

ပွဲတော်မင်္ဂလာအကြောင်းကို လေ့လာခြင်းသည် စိတ်ဝိညာဉ်ကို နှိုးဆွ၊ နိုးထစေသော လုပ်ဆောင် မှုတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပွဲတော်မင်္ဂထဲတွင် အလွန်နက်ရှိုင်းသော အဓိပ္ပါယ်ပါဝင်သည်။

ထိုနေ့သည် သခင်ယေရှုအသေခံတော် မမူမှီ ပသခါပွဲတော်နေ့တွင် ကျင်းပပြုလုပ်သောပွဲတော်ကြီးဖြစ် သည်။ ထိုနေ့သည် အသစ်သောပဋိညာဉ်တရားနှင့် စပ်ဆိုင်သောပွဲနေ့ဖြစ်သည်ဟု 
သခင်ယေရှုက ဖော်ပြ ထားသောကြောင့် ကျွန်ုပ်တို့သည်
 ယနေ့တိုင်အောင် ကျင်းပပြု လုပ်ခြင်းဖြစ်သည်။ 

ထိုနေ့တွင် ခရစ်ယာန် များဝတ်ပြုကိုးကွယ်ခြင်း များလည်း ပါဝင်သည်။ ထိုနေ့ရက်ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သခင်ယေရှု၏ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် အနာဂတ်ကာလတွင် ဘုန်းတော်ဖြင့် သူပြန်လာမည့်နေ့ရက်ကာလကို စောင့်ဆိုင်းခြင်းအဖြစ်
သတိရစေသည်။

ပသခါပွဲတော်ကြီးသည် ယုဒလူမျိုးများအတွက်
 နှစ်တိုင်းကျင်းပပြုလုပ်သော အလွန်မြင့်မြတ်သည့် 
ဘာသာ ရေးပွဲလမ်းသဘင်ကြီးဖြစ်သည်။

ထိုနေ့သည် ဧဂျစ်လူမျိုးများ၏ သားဦးများသေဆုံးသွားခဲ့သော
အချိန်တွင် ဣသရေလ လူမျိုးများသည် သူတို့၏တံခါးတိုင်များပေါ်တွင် သိုးသူငယ်အသွေး တော်သုတ် လိမ်းထားသဖြင့် သူတို့သည် သေခြင်းမှလွှတ်မြောက် သွားခဲ့သောနေ့ ကုန်လွန် ခဲ့ပြီးနောက် ကျင်းပသောပွဲဖြစ်သည်။ သိုးသ ငယ်သည် အခြောက်ကင်၍ တဆေးမပါသောမုန့်ဖြင့် စားခဲ့ကြသည်။ 

ဘုရားသခင်က ထိုပွဲတော်ကြီးကို နောင်လာလတံ့သော 
မျိုးဆက်သစ်များက ဆက်လက်ကျင်းပ လိမ့်မည်ဟု မိန့်ဆိုထားပါသည်။ 
ထိုဖြစ်ရပ် မှန်များကို ထွက်မြောက်ရာကျမ်း ၁၂ ထဲတွင် ဖော်ပြထားပါသည်။ 
နောက်ဆုံးသောညစာစားပွဲတွင်၊ ပသာခါပွဲတော်ကြီးကျင်းပသည့်အချိန်တွင် သခင်ယေရှုက မုန့်ကိုယူ၍ ဘုရားသခင်ထံကျေးဖူးတော်ကို ချီးမွမ်းခဲ့သည်။

သူက မုန့်ကို ဖဲ့၍ သူ၏တပည့်တော်များအားပေးခဲ့သည်။ 
သူက “ထိုအခါမုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကားသင်တို့အဖို့အလိုငှါ စွန့်သောငါ၏ကိုယ်ဖြစ်၏။ ငါ့ကိုအောက်မေ့ဘို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။ 

ထိုနည်းတူညစာ စားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား 
သင်တို့အဘို့အလိုငှါ သွန်းလောင်းသော ငါ၏အသွေး၌တည်သော 
ပဋိညာဉ်တရားသစ်ဖြစ်၏” (လုကာ ၂၂း၁၉-၂၁) ဟုဖော်ပြခဲ့သည်။ ထိုပွဲတော်ကြီးကို ဂုဏ်တော်ချီးမွမ်းခြင်း အားဖြင့် ဆုံးသတ်
ခဲ့ကြသည် (မဿဲ ၂၆း၃၀)။ 

ထိုနောက်သူတို့သည် သံလွင်တောင်ပေါ်သို့ 
တက်သွားခဲ့ ကြသည်။ ကြိုတင်ပြောကြား 
ချက်အရ ထိုတောင်ပေါ်တွင် ယုဒရှာကာရုတ်က သခင်ယေရှုကို 
သစ္စာဖောက် ရောင်းခဲ့သည်။ နောက်တနေ့သည် သခင်ယေရှု၏
ကားတိုင်တင် သတ်သောနေ့ဖြစ်သည်။ 

ပွဲတော်မင်္ဂလာကို သတင်းကောင်းစာစောင်များထဲတွင်
 တွေ့ရှိနိုင်ပါသည် (မဿဲ ၂၆း၂၆-၂၉၊ မာကု ၁၄း၁၇-၂၅၊ 
လုကာ ၂၂း၇-၂၂ နှင့် ယောဟန် ၁၃း၂၁-၃၀)။ တမန်တော်
ရှင်ပေါလုက ပွဲတော်မင်္ဂလာအ ကြောင်းကို ၁ကော ၁၁း၂၃-၂၉ 
ထဲတွင် ဖော်ပြထားပါသည်။ 

သတင်းကောင်းထဲတွင် မတွေ့ရသော အကြောင်းအရာအားဖြင့် တမန်တော်ရှင်ပေါလု နိဂုံးချုပ်ခဲ့သည်။ “ထိုကြောင့်သခင်ဘုရား၏
မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။

No comments:

Post a Comment