၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Sunday 11 August 2019

သမ္မာတရားကို မည်သို့ရှာဖွေတွေ့ရှိနိုင်မည်နည်း ?

၁) လူသားတိုင်းတို့သည် မိမိ၏ကိုးကွယ်ယုံကြည်ရာ 
ဘာသာတရား၏ ဆိုဆုံးမမှုစံအတိုင်း ကြိုးစားကျင့်ကြံ 
အားထုတ် ကြည့်ပါက သမ္မာတရားကို မြင်တွေ့ရပါလိမ့်မည်။  
ထိုကဲ့သို့ အမှန်တကယ် လက်တွေ့ကျင့်ကြံ 
အားထုတ်ကြည့်မှ သာလျှင် မရနိုင်မှန်းကိုသပြီး 
သမ္မာတရားကိုမြင်ဖို့ လမ်းစကို ရပါလိမ့်မည်။ 
လူတိုင်းက အမှုမဲ့ အမှတ်မဲ့ မိမိကိုးကွယ် ယုံကြည်ရာ ဘာသာ
တရားကို အထိမခံကြသော်လည်း အမှန်တကယ် ကျင့်ကြံအားထုတ် 
မိကြ သူများကတော့ အလွန်နည်းပါးလွန်းလှ ပါသည်။ 
ထို့ထက် မိမိကိုးကွယ်ရာ ဘာသာ၏ အယူဝါဒနှင့် 
တရားဓမ္မများကိုပင် အကုန်အစဉ်မသိပါ။ 
ထိုကဲ့သို့သော လက်တွေ့ မရှိသည့်သူအား သမ္မာတရား 
အကြောင်းကို ပြောပြပါက လက်ခံနိုင်လိမ့်မည် မဟုတ်ပါ။
 ကောင်းတာလုပ်ရင် ကောင်းရာသို့ ရောက်မှာပေါ့ဟုသာ 
ဆိုပေလိမ့်မည်။ ထိုထက် ပိုဆိုးသည်က ငါ့ဘာသာ 
ငါ့သာသနာကလွဲရင် ကျန်တာလက်မခံဘူးဟုဆိုပြီး 
မိမိအသိကို ပိတ်ထားသူ၊ စိတ်မဝင်စားအလေးမထားသူ
ဆိုလျှင် အဘယ်သို့ သမ္မာတရားအား သိရှိနိုင်မည်နည်း။ 

၂) လက်တွေ့ ကြိုးစားကျင့်ကြံအားထုတ်သူသည်သာ 
ဘာသာတရားအားဖြင့် ကောင်းရာဘုံသို့ 
မရောက်နိုင်မှန်းကိုသိပြီး သမ္မာတရားကို ရှာလာပါလိမ့်မည်။ 
သမ္မာတရားက သူ့ကိုပုန်းနေမည် မဟုတ်ပါ။ လူသားတိုင်း 
ကိုးကွယ်လိုစိတ် တော့ရှိကြပြီး မိရိုးဖလာအရနှင့် မိမိနှင့် 
နီးစပ်ရာ ဘာသာတရားကိုသာ ကိုးကွယ်တတ်ကြ ပါသည်။ 

မိဘက သားသမီးရှေ့ရေးအတွက် အကောင်းဆုံး 
စီမံပေးသည့်လမ်းကို လက်မခံ ငြင်းဆန်တတ်သော်လည်း
 မိဘ၏ ကိုးကွယ်ရာကိုတော့ လက်ခံသင့် လက်မခံ သင့်လုံဝ 
မစဉ်းစားသည့်အပြင် ဘာသာတရား အပေါ်လည်း 
ဝတ်ကျေတန်းကျေသာ ကိုးကွယ် ဆည်းကပ်
 ကြသူများက ပိုများပါသည်။ 

လူတို့သည် ပစ္စည်းတစ်ခုကို ဝယ်ယူရာတွင် အတုနှင့်
အစစ်ကို သေခြာစွာ ခွဲခြားလေ့လာပြီး၊ အာမခံချက်ရှိသော 
ပစ္စည်းမျိုးကိုမှသာ ရွေးချယ် ဝယ်ယူတတ်ပေမည့် မိမိကို 
ထာဝရငရဲနှင့် ကောင်းရာဘုံသို့ ပို့ပေးနိုင်သည့် ကိုးကွယ်ရာအရှင် 
ကိုတော့ ထိုကဲ့သို့ ဆန်းစစ်ရွေးချယ်ဖို့ရန် သတိမဲ့တတ်ကြပါသည်။ 
မာရ်နတ်က လူတိုင်း၏ အသိနှင့်သတိကို ပိတ်ထားခြင်း
 ကြောင့်လည်းဖြစ်ပါသည်။ မိမိကိုးကွယ်ရာ အရှင်သည် 
တမလွန်အတွက် အဘယ်မျှ လောက်စိတ်ချရသော 
အာမခံချက်ကို ပေးနိုင်ပါသနည်း။

No comments:

Post a Comment