၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Sunday 11 August 2019

|| သမ္မာကျမ်းတွင် ပါဝင်သည်.အချက်များ ||

သမ္မာကျမ်းတွင် ဖြစ်ပျက်လာမည့် အကြောင်း အရာတို့အား
 ကြိုတင်ပရောဖက် ပြုချက်ပေါင်း (၆၀ဝ၀) ကျော်ရှိသည့်အနက် 
တစ်ဝက်ကျော်မှာ ပြည့်စုံလာခဲ့ပြီး ကျန်ပရောဖက်ပြုချက်များလည်း မကြာမှီပြည့်စုံလာမည် ဖြစ်ပေသည်။ သမ္မာကျမ်းစာတော်မြတ်ကို 
လူအချို့က ခောတ်အဆက်ဆက် ပြုပြင်ဖြည့် စွက်ကာ
 ရေးသားခဲ့ကြသည် ဟု စွပ်စွဲခဲ့ကြပါသည်။ 

သို့သော် သမ္မာကျမ်းကို ဗိန္ဒု (ရှေ့ကပေါက်၊သေးသေးတင်) 
တစ်လုံးမျှပင် အသစ်သွင်းခွင့်မရှိသလို နှုတ်ပယ်ခွင့် လည်း
မရှိကြောင်း နှင့် ထိုကဲ့သို့ပြုလုပ်ပါက ထာဝရဘုရားထံမှ 
ရရှိမည့်ကောင်းကြီး မင်္ဂလာများဆုံးရှုံးကာ ကျိန်ခြင်းကိုခံရမည်ဟု သမ္မာကျမ်းတွင်ပညတ် ထားပါသည်။ 

သမ္မာကျမ်းစာတော်မြတ်ကို မူရင်း အဓိပ္ပါယ်မပျက်စေပါဘဲ 
စကားပြေဖြင့် ဘာသာပြန် ရေးသားခဲ့ကြခြင်းသာ ဖြစ်သည်။ ပြုပြင်ဖြည့်စွက်ထားခြင်းမဟုတ်ပါ။ 
သမ္မာကျမ်းစာတော်မြတ်တွင် အကြောင်းအရာ 
မျိုးစုံပါဝင်သော်လည်း ထိုစာအုပ်တစ်အုပ်လုံး၏ 
အဓိက ပုဂ္ဂိုလ်မှာ ယေရှုဖြစ်ပါသည်။

 ယေရှုဘုရားလောကသို့ ကြွဆင်းလာမည့် အကြောင်း၊ ယေရှုဘုရားလောကသို့ကြွဆင်းလာခြင်း၊ လူတို့ 
အပြစ် အတွက် ယေရှုဘုရားအသေခံခြင်း၊ ရှင်ပြန်
ထမြောက်ခြင်း၊ ယေရှုဘုရား ကောင်ကင်ဘုံ သို့တက်ကြွသွားခြင်း၊ ယေရှုဘုရားဒုတိယအကြိမ် လောကသို့တဖန်ကြွဆင်းလာမည် 
အစရှိသည်တို့ဖြစ်ပါသည်။ 

သမ္မာကျမ်းကို လူတို့က ဘယ်လိုရပြီးရေးသားခဲ့ကြသည်ဟု
ဆိုရာတွင် ဘုရားသခင်၏ စကားသံတော်အားဖြင့်၎င်း၊
 ယေရှုဘုရား၏ သက်တော်စဉ်နှင့် တရားစကားတော်များ
အားဖြင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားက သူ၏
သန့်ရှင်း သူတို့ကို ဖေါ်ပြပေးခြင်း အားဖြင့်၎င်း၊ ကောင်းကင် 
တမန် တို့၏ ဖေါ်ပြချက်တို့ကို ရခြင်းအားဖြင့်၎င်း၊ ဘုရားသခင်၏
လူများက ရေးသားခဲ့ကြခြင်းဖြစ်ပါသည်။ 

ယနေ့ ကမ္ဘာပေါ်တွင် ပေါ်ထွန်းခဲ့သော ကမ္ဘာကျော် 
စာရေးဆရာများ၏ အကောင်းဆုံးလက်ရာများတို့ကို
စုစည်းကာ စာအုပ်တစ်အုပ်ပြုစုပြီး ရေးသားထုတ်ဝေခွင့် 
ရခဲ့လျှင်ပင် သမ္မာကျမ်းစာကိုကားလုံးဝမှီနိုင်မည်မဟုတ်ပါ။ 

အကြောင်းမှာ အနန္တ ဥာဏ်တော်ရှင် ဘုရားသခင်
ကိုယ်တိုင်က ရေးသားထားသော စာအုပ်ဖြစ်၍ ဖြစ်ပါသည်။ သမ္မာကျမ်းစာတော်မြတ်တွင် ကျမ်းပေါင်း (၆၆)ကျမ်း ပါဝင်သော်လည်း တရားသဘော အနှစ်ချုပ်မှာ အပြစ်တရား၊ ပညတ်တရား နှင့် ကျေးဇူး
တရားဟူ၍ တရားသုံးပါးသာရှိပါသည်။ ဘာသာမရွေး ၊ လူမျိုးမရွေး၊ 
အရွယ်မရွေး၊ လူသားတိုင်း သိရမည့် ဘုရားသခင်၏
 နှုတ်ကပတ်တရားတော်များ ဖြစ်ပါသည်။

No comments:

Post a Comment