၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 12 August 2019

ကောင်းကင်အဖမေတ္တာ မည်သို. ကျွမ်းဝင်နိုင်မည်နည်း

💚 မုန်းသွားမှာစိုးလို. ~ ဘာမှ မပြောတော့ပါဘူး 
 ချစ်တော.ချစ်ပါတယ် ~ အလို မလိုက်ဘူး စသဖြင်. 
 ဆန့်ကျင်ဖက် စကားမျိုး ပတ်ဝန်းကျင်တွေမှာ 
 မကြာခဏဆိုသလို ကြားတတ်ပါတယ်။ 

 💙 အမှန်စင်စစ်….စေတနာ အမှန်နဲ. ချစ်ပြီး 
 စစ်မှန်သော သွန်သင်ဆုံးမခြင်းသည် ကြိတ်ပြီးမုန်း~
ကြိတ်ပြီးချစ်နေတာမျိုးထက် ပိုပြီးကောင်းပါတယ်။ 

 💛 အပြစ်ဒုစရိုက် ကျူးလွန်နေသူ တစ်ဦးကို ဒေါသမပါတဲ့
 မေတ္တာဖြင့် သွန်သင်ခြင်းသည် ဆုံးမပဲ့ပြင်ခြင်းခံသူ 
ဝိညာဉ်အတွက်ကောင်းပေ၏။ 

 💚 သုတ္တံ-၂၇း၅ မှာတော. ထင်ရှားစွာ 
ဆုံးမ ပြစ်တင်ခြင်းသည် တိတ်ဆိတ်စွာ 
ချစ်ခြင်းထက် သာ၍ကောင်း၏။ 

 💛နှာခေါင်းပေါက်ဖြင်. အသက်ရှူ၍ ပုခုံးနှစ်ဖက်ကြား 
 ခေါင်းပေါက်ကာ ၁ပေါင်ခန်.ဦးနှောက်ရှိသော 
လူသားတိုင်း သူကြင်မှ ကိုယ်ကြင်ကြတာချည်းပဲ။ 

💚 ကိုယ်.မှာ အပြစ်၊အားနည်းချက် တစုံတရာရှိပြီး
 မေတ္တာပြရန် တုန်.ပြန်မှု အားနည်းကာ နှေးကွေးပြီ
ဆိုလျှင် ဥပေက္ခပြုကြတာချည်းပါပဲ။ 

 💛သို.သော် ကောင်းကင်အဖ မေတ္တာကတော.-
 ရောမ ၅း ၈- ငါတို့သည် အပြစ်ရှိစဉ်ပင်၊ခရစ်တော်သည် 
ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ 
ဘုရား သခင်သည် ငါတို့ကို အဘယ်မျှ လောက်ချစ်တော်
မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။ 

❤ သုတ္တံ - ၂၈:၂၃ မှာလည်း ချော့မော့သော 
စကားကို ပြောသောသူသည် ကျေးဇူးကို ခံရသည်ထက်၊ဆုံးမပြစ်တင်သောသူသည် နောက်တဖန် 
သာ၍ ကျေးဇူးကို ခံရလိမ့်မည်။ 

၁ cor ၁၃: ၁-၈- ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း၊ ပြောနိုင်သော်လည်း
 မေတ္တာမရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊ 
တီးသံကိုသာပေးတတ်သော လင်းကွင်းကဲ့သို့၎င်း၊ဖြစ်၏။

💚  သူတပါးကို ငါကြွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲ
သည်သာမက၊ ကိုယ်ခန္ဓွာကို မီးရှို့စေခြင်းငှါ 
အပ်သော်လည်း၊ မေတ္တာမရှိလျှင် ငါ၌ အကျိုးမရှိ
။ 
 💛 မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။
 မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊ 
မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌
ဝမ်းမြောက်တတ်၏။ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။

💚 ခပ်သိမ်းသောအရာကို ယုံတတ်၏။ 
ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ 
ခပ်သိမ်းသောအရာကို သည်းခံတတ်၏။
 မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။
~ မွန်မြတ်၍ လှပသော  မေတ္တာကို
~ အခါတရာမက ကြိမ်ဖန်များစွာ
- ပြုစုနိုင်သူများ ဖြစ်ကြပါစေ။ အာမင်း။

No comments:

Post a Comment