၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday, 12 August 2019

Churchမှာမှမဟုတ်-နေရာတိုင်းမှာ ဘုရားရှိခိုး၍ရပြီ၊

ဘုရားကျောင်းသွားမှ ဘုရားစကား ကြားသည်. ခေတ်မှ
 ယနေ.လို နောက်ဆုံးသောကာလ၏ စိန်ခေါ်ချက်ဟူမူကား
 ကုတင်အောက်မဆင်းပဲ အရှင်လတ်လတ် နုတ်ကပတ်တော် 
(L I V E) အကောင်းတကာ. အကောင်းဆုံး ဘယ်ဘာသာ
ဘယ်စကားမှ တုနှိုင်း၍ မမှီသည်. ဘုရားသခင်ပေးသော  
မိမိဘာသာစကားဖြင်. တကယ်.၀ိညာဉ် ဖခင်ကြီးများ၏ 
Sermon နားထောင်ခွင်.ရနေခြင်းပါပဲ။ 

ဒါဟာ ဘုရားကျောင်း မသွားချင်၊မသွားဖို.ရန် ရှေ.နေ
လိုက်ပေးနေခြင်း၏ ကြီးမားသော စိန်ခေါ်ချက် ဖြစ်၏။ 

သည်နေ. Fb live သက်သေခံချက် နားထောင်ရင်း 
သူမ၏ စိတ်ပုတီးကို လွှင်.ပစ်ကာ ခေါ်ရင် ထူးတဲ. ယေရှု
ဘုရားကူညီပါ ဟု ဖိတ်ခေါ်သော မယုံကြည်သူ 
( မနန်းခမ်း) အသက်သာထဲ ယေရှု စိုက်စိုက်မြိုက်မြိုက်
 ရောက်လာကာ သူမ၏ ရင်သားကင်ဆာပျောက်၍ 
မကြာခင်မှာ စလုံးမှ ရန်ကုန်ပြန်ပြီး ရေနှစ်ခြင်းခံမယ်ဆိုတဲ. 
သက်သေခံချက် ကြားရပါတယ်။ဟာလေလုယား

ဘုရားကျောင်းမှာမှ မဟုတ်ဘူး - ဘုရားသ္ခင်
 နေရာတိုင်းမှာ အလုပ်လုပ်နေကြောင်း မျက်ဝါးထင်ထင်
နိုင်ငံတိုင်းမှာ နေရာတိုင်းမှာ ပြောလို.မကုန်ပါ။ 

အရှိန်ဟုန်ပြင်းစွာ တိုးတက်နေသော ခေတ်ကြီးနဲ.အညီ ၀ိညဉ်တော်လှုပ်ရှားမှုလည်း မယုံနိုင် လောက်အောင် 
ကိုယ်နေရာပေးရင် ပေးသလောက် အလုပ်လုပ်နေသည်. 
အချိန်မှာ ၀ိညဉ်နားမစွင်.၊ဖင်ပိတ်ငြင်းနေရင်
 နောက်ဆယ်စုနှစ်မပြောနဲ. ၁၀ နှစ်တောင်မခံဘူး၊ 
အသင်းတော် အကုန်ပြန်အပ်ရလိမ်.မယ်။ 

ကျမ်းစာကို ဘုရားစကား..လို.မယုံ၊ဘာသာရေး
အတွန်. တက်ပြီး ၀န်ခံ လိုက်လျောက်ဖို. အင်တင်တင် 
လုပ်နေရင် အရှင်လတ်လတ် အွန်လိုင်း
ဝိညဉ်အစာကိုပဲ ရွေးစားကြတော.မယ်။ 

မျက်မှောက်ခေတ် ယုံကြည်ခြင်းဖခင် Billy Graham က 
ခရစ်ယာန် အသက်ရှင်ခြင်းသည်အစ ~ အလယ် ~ အဆုံး 
( Faith, Faith , Faith) ယုံကြည်ခြင်း - ယုံကြည်ခြင်း - 
ယုံကြည်ခြင်းပဲ၊ ဘုရားကျောင်းထိုင်ခုံတောင် 
ကိုယ်.၀ိတ်ကိုကြည်.ပြီး ဇိမ်အကျဆုံး ဖြစ်မည်ဟု 
ယုံကြည်သည်. ထိုင်ခုံကိုမှ ရွေးထိုင်ပါတယ်´ ပြောသလိုပါပဲ 
ယုံကြည်သူဖြစ်ခြင်း၏ ကျောရိုးသည် ယေရှုနှုင်. အတူ
 သေပြီး ၃ရက်မြောက်သောနေ.၌ 
 ပြန်ရှင်ခြင်း သက်သေ ရေနှစ်ခြင်း (or) 
 ပွဲတော်ဝင်ခြင်း ဖြစ်သည်။ 
(၀ိညဉ်နား ရှိသောသူမည်သည်ကား ကြားပါစေ)

No comments:

Post a Comment