၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 12 August 2019

|| ယနေ. အသင်းတော်များ၏ အခေါ်ဝေါ် တချို.||

 အသင်းတော်များ၏ အခေါ်ဝေါ်တချို.ကို ဝေမျှလိုပါတယ်။ 
နဂိုမူလ ခရစ်ယန် အသုံးနှံန်းသည် RC ( Pope ,Patriarchs, Major archbishops Cardinals ,Archbishops , Diocesan bishops) 
စသဖြင်. အဆင်.ဆင်. သတ်မှတ်ပြီး ရွေးချယ်သည်.အခါ၌လည်း 
တကမ္ဘာလုံး တူညီသော စနစ်ဖြင်. တင်မြောက်သည်။ 

RC ကို ဆန်.ကျင်(Protest)သည်. Protestant အသင်းတော်များ 
၁၅-၁၆ ရာစုနောက်ပိုင်းတွင် နှစ် ၄၀၀ အတွင်း အသင်းတော်ပေါင်း 
မှိုလိုပေါက်ကာ ယ္ခုချိန် ၄သောင်းကျော် ရှိနေကြောင်း၊ 
WCC ၌ တရားမ၀င် အသင်းတော်နှင်. ဆိုသော် 
၅သောင်းကျော်ရှိမည်ဟု ခန်.မှန်းသိရသည်။

ကျွန်တော်တို.နှင်. ရင်းနှီးသည်. အသင်းတော် 
(၃)ပါး၏ အခေါ်ဝေါ်များအား တင်ပြပါမည်။ 
 (၁) Reverend , နှင်. Pastors အမည်အား 
ယုံကြည် သူတိုင်း ကြားဘူးကြပါသည်။
 Shepherd သိုးထိန်းဟု ဆိုလိုသည်။ 

သို.သော် Reverend အမည်နာမအား၊သမ္မာကျမ်းစာ၌ 
မတွေ.ရသော်လည်း Pastors ဟူသောဗဟုကိန်းဖြင်.
 တွေ.ရသည်။ Reverend အမည် သိက္ခာတင်ခြင်းအား 
Ordination ပေးသည်ဟု သုံးနှံန်းသည်။

 (၂) Bishop ဟု သုံးနှုံန်းသော Protestant အသင်းတော် 
များစွာရှိပါသည်။ Lutheran , Methodist churches , 
Body Of Christ ect. Pastors , Elder ဟု 
ကျမ်းစာပါ အသုံး နှုန်းကို အသုံးပြုကြသည်။ 

"သိုးထိန်း"ဟု အဓိပယ် ရပါသည်။ Elder သည်လည်း ယနေ. 
Rev/Pastor များ လုပ်သည်.အရာ အားလုံး လုပ်ပိုင်ခွင်. ရှိပြီး 
သူတို.ကို တာဝန်အပ်နှင်း သိက္ခာတင်ခြင်းအား
 Consecration ဟု ခေါ်ကြသည်။ 

(၃) Apostole သည် ယ္ခင်ရေးခဲ.ဘူးသည်. ဝေလနိုးထမှုနောက်ပိုင်း 
(1904-05)မှ ပေါ် လာသည်. Apostolic Churches ဖြစ်ပြီး 
 Pentecostal Movement (or) ၀ိညာဉ်တော် လှုပ်ရှားမှု 
လက်ခံသော အသင်းတော် ဖြစ်သည်။ 

Apostole အား သိက္ခာတင်ရာ၌ Confirmation ဆိုသည်.
အသုံးနှုန်းကို ရွေးချယ်အသုံးပြုကြကြောင်း သိရှိရပါသည်။
 || မည်သည်. အမည်နာမ သုံးသုံး....
သိုးထိန်းအဓိပါယ် ဆောင်သောကြောင်.
|| သိုးထိန်း၏နှိမ်.ချသော သဘော ဆောင်၍၊
ဆိတ်၏ မာနထောင်လွှားသည်.
|| မနောအသွင် မဆောင်ဖို.သာ
ပဓါနဖြစ်ကြောင်း ဝေမျှလိုက်ရပါသည်။

No comments:

Post a Comment