၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 12 August 2019

⭕️ ဘုရားပြောသော အချိန် ဆိုတာ ⭕️

⭕️ ခရစ်တော်၌ချစ်သော ယုံကြည်သူအပေါင်း - မင်္ဂလာပါ။ 
သင် တကြိမ်တခါမှ မကြားဖူးသော “ အချိန်”အကြောင်းကို အနည်းငယ်ဝေဌလိုပါတယ်၊ ဆရာတဦးရဲ. သမီးငယ်သည်
 အဆင်.ဆင်. ထူးချွန်စွာ အောင်မြင်လာခဲ.ပြီး နောက်ဆုံးအဆင်.
 ဖြေဆိုမည်. နံက်နှုင်.ညနေအချိန်ဇယားမှားသဖြင်. မဖြေလိုက်ရကြောင်း၊ 
ဤ လောက၌ လွဲမှားခဲ.သည်.အချိန်အတွက်
 နောက်ထပ်တခါ အခွင်.အရေး ရှိပါသေးတယ်။
  ⭕️ သို.သော် ဘုရား ချိန်းချက်သော အချိန်နာရီ မှားလျှင်မူ 
ရာသက်ပန်ရှုံးပြီး ထိုအမှားအတွက် ထာဝရပေးဆပ်မည်. 
နာကျင်မှုဆိုးကျိုးသည် လွန်စွာများပြားလွန်းလှပါသည်။ 
ကမ္ဘာဦးမှ ဗျာဒိတ်ထိ “အချိန်” အကြောင်း ၆၀၀ ထက်မနည်း 
ရှိသော်လည်း ဘုရားဆိုလိုရင်း နားမလည်သဖြင်. သတိမမူဂုမမြင်၊ မသေမပျောက်နိုင်သည်. ကျောက်ရုပ်ပမာ ဤ လောက၌ ပေါ.ဆစွာ စားသောက်ကြူးလျှက် ပျော်မွေ.နေကြသည်ကို တွေ.ရပါသည်။ အောက်ပါရထားတွဲ ၆ တွဲ ဥပမာပေးခြင်းဖြင်.
“ဘုရားအချိန်”နာရီကို ဝေမျှလိုက်ပါတယ်။ 
 ⭕️ အတွဲ (၁) အာဒံမှ နောဧ အတွဲ (၂) နောဧမှ အာဗရာဟံ 
 (၃) အာဗရာဟံမှ ဒါဝိတ် အတွဲ(၄)ဒါဝိတ်မှ မာလခိ (၅) ယေရှုမှ ရောမအင်ပါရာ 
(၆) အသင်းတော်ခေတ် အတွဲ တခုစီ နှစ် ၁၀၀၀ ၀န်းကျင် ကြာပါတယ်၊
 ယေရှုအထိ နှစ် ၄၀၀၀ ရှိပြီး အတွဲ ၅၊၆ ဒီနေ.အထိ ၂၀၀၀ ဆိုသော် 
စုစုပေါင်း ၆၀၀၀ ဆိုတာ နားလည် ထားပြီး ဖြစ်သည်။ 

 ⭕️ အတွဲ(၁) အာဒံ၊ အာဗေလ တို.သည် အတွဲ (၂) သို. မသွားခင် သေသွားကြသလို အတွဲ (၂) အာဗရာဟံ၊ယာဂုတ်တို. အတွဲ (၃) ရောက်မလာကြဘူး၊ အတွဲ (၃) မှ ဒါဝိတ်၊စောလမုန်တို. 
ပရောဖက်များရှိရာ အတွဲ(၄) သို. ကူး၍ မသွားနိုင်ကြချေ။ 
ထိုနည်းတူ ကနဦးအသင်းတော်ဖခင်များ မာသဲ၊ပေသရုတို.လည်း 
အတွဲ (၅) မှ ယ္ခုကိုယ်တွေစီးတဲ.အတွဲ(၆)ကို မလာကြဘူး။ နားလည်ဖို.ဘုရားသ္ခင်မစပါစေ။ 

⭕️ လူသည် ထို အချိန် TIME ဆိုသည်. ရထားတွဲထဲ၌သာ ရှိနိုင်ပြီး၊
တတွဲမှအခြားတွဲ ပြောင်း၍ကူး၍ မရဘူး(လူ.သက်တမ်း ၁၀၀၀ မှ မရှိတာ) သို.ပေမဲ. ဘုရားသည် ထို အချိန်ရထားတွဲ အထဲ၌ရှိသလို 
အချိန်ရထားတွဲ အပြင်၌လည်းရှိသည်။ AMEN
 ထိုအချိန်ရထားတွဲသည် ဘုရားလက်ထဲ၌ရှိပြီး ဘုရားပိုင်ဆိုင်
ထိန်းချုပ်ထားသည်။ အဲလောက်ထိ သဘောပေါက်ရင် အရမ်း အကျိုးရှိနေပြီ၊နောက်တဆင်.ပြောမယ်။ 

⭕️ ဘုရားသခင်အတွက် နေ.၊ည- နွေ၊မိုး၊ဆောင်း- နှစ်သစ်၊
နှစ်ဟောင်း ဆိုတာ မရှိပါ၊ သို.သော် လူတွေ 
အချိန်နာရီ နားလည်နိုင်ရန် နေ.၊ည-လ၊နှစ် ဖန်တီးပေး၏။
 (Gen 1) ဆာလံဆရာက နေ.ရက်များရေတွက်တတ်ဖို. 
ဥာဏ်ပညာပေးပါဟု တောင်းခဲ.တယ်။ 

⭕️ ဘုရားအတွက် အချိန်အခါအားလုံးသည် ထာဝရပဲ၊ 
တိုတယ်-ကြာတယ်ဆိုတာ မရှိပါ။ ဒီလောက်ပဲ ပြောမယ်နော်။ 
ဆက်ပြောရင် ရှုပ်သွားမှာစိုးလို.၊နောက်မှ ဆက်ဝေမျှမယ်။

 ⭕️ဤမျှ သိခြင်းဖြင်. ကျမ်းစာ၌ ဖေါ်ပြသော အချိန်ကိစ္စနှုင်.
 ပါတ်သက်၍ ဒွီဟ-သံသယ၊ ဇဝေဇဝါမေးခွန်းများစွာ လွန်ခဲ.သော 
နှစ် ၂၀၀၀ က နောက်ဆုံးသောကာလ၊ ထိုနေ.ရက် ယ္ခုနေ.ရက် 
ဘုရားသခင်၏ ဆိုလိုရင်း နားလည်ရန် အထောက်ကူ
 ပြုမည်ဟု ယုံကြည်သည်။ 

 ⭕️ ယ္ခုလက်ရှိ ရထားတွဲ (၆) စီးနင်းလိုက်ပါလာသည်. 
သင်နှုင်.အကျွန်ုပ်၏ ရထားသည် ဘယ်တော.စိုက်ပြီး
 နောက်ဆုံးရထား အတွဲ 7(Millenium)သို. ဘယ်နှစ်ယောက်များ ၀င်ကြမလဲဆိုတာ ဒီညလည်း ဖြစ်နိုင်ပြီး မနက်ဖြန်လား 
ဘယ်တော.လည်း ဘယ်သူမှမသ်ဘူး၊ ကမ္ဘာ.လူဦးရေ 
သန်း ၈ ထောင်နီးပါးရှိသည်. အနက် ယေရှုကိုယ်တိုင်
 မောင်းနှင်မည်. အနှစ် ၁၀၀၀ ရထားတွဲ ဝင်ခွင်.လက်မှတ် 
လက်ဆုတ်လက်ကိုင် ရှိသူများဖြစ်ကြပါစေ။ 

⭕️ ထိုလက်မှတ်သည် တကမ္ဘာလုံးထက် တန်ဖိုးကြီးသော
 ယေရှုအသွေးတော် တံဆိပ် ပါရမည်၊ အတုမရ၊မှောင်ခိုမရှိ ၊
လက်ခံရရှိကြောင်း ကိုယ်စားမရ ကိုယ်.နုတ်ဖြင်. ဝန်ခံသူများသာ ဝင်ခွင်.ရှိမည်ဖြစ်သည်။ မိမိကိုင်ဆောင်သည်. လက်မှတ်အား
 ယေရှုအသွေး တော်နှုင်. Up-date,Re-new လုပ်နေမှ ယေရှုဝိညဉ်နှုင်. 
Wifi မိနိုင်မည်ဖြစ်ကြောင်း မေတ္တာဖြင်. ဝေမျှလိုက်ပါသည်။ 
လှပ၍ ကျေးဇူးတော် နှုင်. ပတ်ရစ်သော
 အသက်တာကို ဖြတ်သန်း နိုင်ကြပါစေ ။

No comments:

Post a Comment