၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Tuesday 17 September 2019

ဆုတောင်း၏ အကျိူး

သခင်ခရစ်တော် လောကသို့ ကြွလာခြင်းသည် ဖိစီးချုပ်နှောင်ခံနေရမှု 
အမျိုးမျိုးတို့မှ ကျွန်ုပ်တို့ကို ကယ်နှုတ်ဖို့ရန်ဖြစ်ပါသည် (လု၊ ၄း ၁၈ – ၁၉)။ 
လူတစ် ဉီးနှင့်တစ် ဉီးတွင် ဖိစီးချုပ်နှောင်ခံရမှုမတူညီပါ။ 

🔸တချို့ကအကြွေး၏ဖိစီးမှုကိုခံနေကြရသည်။ 
အချို့က လောဘနောက်လိုက်၍ တပ်မက်မှုအမျိုးမျိုး
အောက်တွင် အသက်ရှင်နေကြရသည်။ 

🔸အချို့က ဆင်းရဲခြင်း၏ဖိစီးမှုကိုခံနေရကြသလို၊ အချို့ကရောဂါ 
ဝေဒနာ၏ ဖိစီးမှုကိုခံနေကြရသည်။ ထိုဖိစီးမှုအမျိုးမျိုးအောက်၌ 
ကျွန်ခံနေကြရသော သူများကိုကယ်လွှတ်ဖို့ရန် သခင်ယေရှုလောကသို့ºကွလာခြင်းဖြစ်ပါသည်။ 

🔸ဘုရားရှင်၏အလိုတော် နေ့စ ဉ်ကျွန်ုပ်တို့အသက်ရှင်သောအခါ 
ဘုရားဝတ်၌မွေ့လျော်၍ ငြိမ်ဝပ်စွာနေနိုင်ကြရန်လည်ကောင်း၊ ကျွန်ုပ်တို့၏တိုင်းနိုင်ငံရှိရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော လူအပေါင်းတို့အတွက်ဆုတောင်းပေးကြရန်လည်းကောင်း၊ 
ကျွန်ုပ်တို့ အပေါ်ကျေးဇူး ကရုဏာအမျိုးမျိုးပြုတော်မူသော
ဘုရားရှင်၏ကောင်းမြတ်ခြင်းကိုဆင်ခြင်လျက် ကျေးဇူးတော်
ချီးမွမ်းခြင်းပြုကြရန်လည်းကောင်း၊ ဘုရားရှင်အလိုတော်
ရှိတော်မူ၏ (၁တိ၊ ၂ း ၁ – ၂)။ 

🔸ကျွန်ုပ်တို့၏တိုင်းနိုင်ငံ၌ငြိမ်ဝပ်ခြင်းကင်းမဲ့ပါက ဘုရားရှင်ကိုကျွန်ုပ်တို့
လွတ်လပ် ငြိမ်သက်အေးချမ်းစွာဝတ်ပြုကိုးကွယ်နိုင်မည်မဟုတ်ပေ။ 
ဘုရားရှင်သည် ဣသရေလလူများအား တစ်ပတ်တွင်ခြောက်ရက်
အလုပ်လုပ်စေပြီး ခုနစ်ရက်မြောက်သောနေ့တွင် နားနေ ကာ ဘုရားရှင်မိမိတို့အပေါ်ခြောက်ရက်လုံးလုံးပြုခဲ့သော ကရုဏာ ကျေးဇူးများကိုဆပ်ခြင်ချီးမွမ်းခြင်းဖြင့် ဝတ်ပြု ကိုးကွယ်ရန် မိန့်တော် 
မူခဲ့သည်။ ထိုနည်းတူ ကျွန်ုပ်တို့အပေါ်ပြုခဲ့သော ကောင်းမြတ်ခြင်းကို 
ဆင်ခြင်နိုင်မည်မဟုတ်ပေ။(ဝမ်းမြောက်ဖွယ်သက်သက်) 

🔸မြန်မာနိုင်ငံသည် တိုင်းတစ်ပါး၏
လက်အောက်၌ နှစ်ပေါင်းများစွာချုပ်နှောင်ကျွန်ပြုခံနေရာမှ 
လွတ်မြောက်မှု ရရှိခဲ့သည်မှာ (၇၁)နှစ်တိုင်ရှိခဲ့ပေပြီ။ ဤသည်မှာမြန်မာပြည်သူပြည်သားများအပေါ် ဘုရားရှင်ပြုတော်မူသော
 ကျေးဇူးများစွာ ထဲမှ တစ်ခုဖြစ်ပေသည်။ ယနေ့ ကမ္ဘာနှင့် အဝှမ်း ထူးထွေ
ဆန်းပြားသည့် ရောဂါအမျိုးမျိုး၏ဖိစီးမှုကို ကမ္ဘာ.လူသားများ
ခံစားနေ ကြရသည်။ နေမှထွက်ပေါ်လာသည့်ရောင်ခြည်ကြောင့် 
အရေပြားကင်ဆာဝေဒနာ၏ ဖိစီးမှုကိုမဆို သခင်ယေ±ှုအားဖြင့် 
လွတ်မြောက်ခြင်း အခွင့်ရနိုင်ကြောင့် သတင်းစကားသည် ကျွန်ုပ်တို့အတွက်ဝမ်းမြောက်ဖွယ်သတင်းကောင်းဖြစ်ပေသည်။

🔸ထိုမျှမက လူသားတစ် ဉီးချင်းစီ၏ဖြေရှင်း၍မရနိုင်သော 
ပုဂ္ဂလိကပြဿနာ၊ မိသားစုပြဿနာ၊ စီးပွါးရေးပြဿနာ၊ ပညာရေးပြဿနာ၏စသောပြဿနာအမျိုးမျိုးတို့မှလည်း ကိုယ်တော်သည်ကယ်လွတ်နိုင်ပါသည်။ မိမိတို့ကြုံတွေ့ခံစားနေရသော ပြဿနာမှလွတ်မြောက်ဖို့ရန် ကိုယ်တော်ထံယုံကြည်ခြင်းဖြင့် 
ကိုးစားအော်ဟစ်ဆုတောင်း မည်ဆိုပါက ကိုယ်တော်၏ 
ကယ်လွတ်ခြင်းချမ်းသာကို ယခုအသက်တာ၌ လက်တွေ့ခံစားရပေမည်။ 
လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်နီးပါးက လောကသို့ºကွ 
ဆင်းလာတော်မူသော သခင်ခရစ်တော်ဘုရားသည် 
ယနေ့အသက်ရှင်လျက်ရှိပေသည်။ (ကြိုးစား၍ဆုတောင်းပါ) 

🔸မင်္ဂလာအကျိုးခံစားဖို့ရန် တမန်တော်ကြီးရှင်ပေါလုက 
မိမိတို့အမှုဆောင်များအတွက် ကြိုးစား၍ဆုတောင်းခြင်း အမှုကို ပြုရန် ယုံကြည်သူများအားတိုက်တွန်းနှိုးဆော်ထားပါသည် (ရော၊ ၁၅း၃၀)။ 
ထို့အတူတိုင်းနိုင်ငံ၌ ဘုရားသခင်ခွဲခန့်မှတ်သား၍ ခန့်ထားတော်မူသော
ခေါင်းဆောင်ကြီးများနှင့် အာဏာပိုင်များအတွက်ကိုလည်းဆုတောင်းပေးရန် 
ကိုယ်တော်က မိန့်တော်မူပါ သည်။ တိုင်းပြည်အေးချမ်းသာယာဖို့ တိုင်းပြည်ခေါင်းဆောင်ကြီးများ နိုင်ငံတော်ကိုစီမံခန့်ခွဲ အုပ်ချုပ်ရာတွင် 
ဘုရားရှင် ဉာဏ်ပညာ ပေးဖို့၊ ကာကွယ်စောင့်မဖို့ ဆုတောင်းပေးရန် 
အခွင့်အရေးနှင့်တာဝန်ကို ကျွန်ုပ်လက် ဝယ် ဘုရားရှင်အပ်နှံထားပါသည်။

 🔸ကျွန်ုပ်တို့ဆုတောင်းပေးခြင်းအားဖြင့် တိုင်းပြည်းအေးချမ်းသာယာ၍ 
ဖွံ့ဖြိုးတိုးတက်လာပါက ထိုမင်္ဂလာအကျိုးကို ကျွန်ုပ်တို့လညး အတူ
အမျှဝင်ခံစားကာ ငြိမ်ဝပ်စွာဘုရားဝတ်ကို ပြုနိုင်ကြမည်ဖြစ်ပေသည်။ 
ထိုမင်္ဂလာကောင်းကျိုး ကိုခံစားဖူးလျှင် နောင်တစ်ချိန်တိုင်းပြည်နှင့်
ဆိုင်သောအခက်အခဲအား ဘုရားရှင်ကိုယ်တော်တိုင် ကူညီ
မဖြေရှင်းပေးမည် ဟူသောစိတ်ချမှုအာမခံချက်ကို 
ကျွန်ုပ်တို့ရရှိခံစားကြပေမည်။ (မြတ်သောပါဝင်မှု) 

🔸မိတ်သဟာယအမျိုးမျိုး၌ ပါဝင်ကြသည်တွင် ဆုတောင်း
မိတ်သဟာယ၌ပါဝင်ခြင်းသည် ထူးမြတ်သောပါဝင်မှု
တစ်ခုဖြစ်ပေသည် (ရော၊ ၁၅ း၃၁)။ ကျွန်ုပ်တို့အနေဖြင့် 
အမှုတော်ဆောင်များကိုဖြစ်စေ၊ အခြားသောသူများကိုဖြစ်စေ၊ 
မည်သည့်အရာမျှ မပေးနိုင်သော်လည်းသူတို့အတွက်ဆုတောင်းခြင်း
အမှုကိုမူ ပြုလုပ်ပေးနိုင်ကြပါသည်။ ငွေကြေးမပါသော်လည်း ကျွန်ုပ်တို့ဆုတောင်းပေးခြင်းအားဖြင့် ထိုသူတို့အား ဘုရားရှင်အံ့သြ
ဖွယ်ကောင်းချီးပေး၍ အသုံးပြုခြင်းသက်သေကို ကျွန်ုပ်တို့ပြန်မြင်
တွေ့ကြားသိရသည့်အခါ ထိုသူတို့နှင့်အတူ ဘုရားရှင်၏ ကျေးဇူးတော်ကို 
ဝမ်းမြောက် စွာချီးမွမ်းကြရပေမည်။ 

🔸သို့ဖြစ်၍ ကျွန်ုပ်တို့သည် တစ် ဉီးနှင့်တစ် ဉီးအပြန်အလှန် သစ္စာရှိစွာ
ဆုတောင်းပတ္ထနာ ပြုပေးခြင်းသည်အောင်မြင်မှုအကျိုးရလဒ်ကို ခံစားစေနိုင်သည့်အဖိုးမဖြတ်နိုင်သောပါဝင်မှုဖြစ်ပေသည်။ 
ထိုကြောင့် ဆုတောင်းခြင်း အမှုကိုအလေးထား၍ အထူးကြိုးစား
ပြုမူသင့်ပေသည်။ (ဘုရားပေးသောဝန်တာ) တစ် ဉီးနှင့်တစ် ဉီးအပြန်အလှန်ဆုတောင်းပေးရန်တောင်းပေးချင်သောဝန်တာစိတ်ကို 
ကျွန်ုပ်တို့အား ဘုရားသခင်ပေး တော်မူပါသည်။ 

🔸ကျွန်ုပ်တို့သည် အသွေးအသားနှင့်တည်ဆောက်ထားသောသူများ
ဖြစ်သဖြင့် စာတန်လှည့်စား၍ လဲပြိုခြင်းမှကင်း လွတ်စေဖို့ရန် 
အပြန်အလှန်ဆုတောင်းပေးသင့်ကြပေသည် (ဖိ၊ ၁ း ၁၉ – ၂၀)။ 
ကိုယ်ကာယ၌ ကျန်းမာခြင်းရှိဖို့၊ ဝိညာဉ်အရှိန် တန်ခိုးနှင့်အမှုတော်မြတ်၌ထိရောက်စွာပါဝင်
လုပ်ဆောင်နိုင်ဖို့ရန် ဆုတောင်းပေးသင့်သည်။ 

🔸ကျွန်ုပ်တို့သည် ဘုရားရှင်ထံမှကယ်တင်ခြင်း
ဆုကျေးဇူးနှင်.အမျိုးမျိုး သောကောင်းချီး မင်္ဂလာများခံစားရသလို 
အခြားသော သူများလည်း ခံစားနိုင်စေဖို့ရန်လည်းကောင်း၊ 
တိုင်းပြည်ခေါင်းဆောင်တစ် ဉီးစီအတွက်နှင့်တိုင်းပြည်အေးချမ်း 
သာယာစေဖို့ရန် လည်းကောင်း၊ အမှုတော်ဆောင် 
အသီးသီးအမှု တော်မြတ်၌သာ၍ ထိရောက်စွာပါဝင်ဆောင်ရွက်နိုင်ဖို့ရန် 
လည်းကောင်း၊ ကြိုးစား၍ ဆုတောင်းပါဝင်ကြမည်ဆိုပါက ဆုတောင်း
ပေးခြင်း၏ ကောင်းကျိုးမင်္ဂလာအဖြာဖြာကို ကျွန်ုပ်တို့ကိုယ်တိုင်မြင်တွေ့
ခံစားရလျက်ဘုရားရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းစရာသာ၍
တိုးမွားများပြားလာမည်ဖြစ်ကြောင်း မေတ္တာနှင့်
အသိပေးဝေငှလိုက်ရပါသည်။ 

No comments:

Post a Comment