၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Tuesday 17 July 2018

|| ခရစ်တော်၏ ရနံ့ ||

In spirit, "ဝိညာဉ် အထဲ၌" ဆိုသော စကားလုံးကို 
သိသော်ငြားလည်း အဘယ် အရာကို ပြောဆို သည်ကို မူကား သေခြာစွာ သိရှိသူ နည်းပါးသည်။ တဖန် "ဝိညာဉ်၌" ဆိုသည့် ဆိုလိုရင်းကို သိငြားလည်း ဝိညာဉ်၌ အသက်ရှင်သူ သာ၍ နည်းပါးသည် ဖြစ်၍ အသင်းတော် အသက်တာဟု ဆိုနေငြားလည်း အကယ်စင်စစ် အသင်းတော် အသက်တာ ဖြစ်မနေသည်ကို ပင် သတိမမူမိရခြင်းမှာ လူသည် ဇာတိ နှင့် ဝိညာဉ် ဟု ပြောဆို ငြင်းခုံ နေလင့် ကစား မိမိ၏ နေ့စဉ် အသက်ရှင်ခြင်းကို အစဉ် စမ်းစစ်ပြီး အလေးအနက်ထား အသက်ရှင်ခြင်း မရှိခြင်း ကြောင့်ပင် ဖြစ်သည်။ သို့ဖြစ်၍ အသင်းတော် အသက်တာထဲ၌ ရနံ့  ဆိုးနေရခြင်း ဖြစ်သည်။ အသက်ရှင်သော နှုတ်ကပတ်တော် ကို ခံယူလျက် ယုံကြည် ခံယူထားသည့် အတိုင်း အသက်တာ၌ ဖြစ်မလာရခြင်း အဓိက အချက်မှာ လူဟောင်းကို အသက် ပေးရှင် နေသောကြောင့် ဖြစ်သည်။ မိမိ အသိက လူဟောင်းကို ငြင်းပယ်ရမယ်၊ ဒါမှ လူသစ် ရှင်မယ် ဆိုတာ သိပြီး ဘာကြောင့် အဖန် တလဲလဲ အသက်ရှင်သော နှုတ်ကပတ်တော်ကို နားထောင်သော်လည်း လူသစ်ဖြစ်ခြင်း ရဲ့ ရလဒ် အသက်တာမှ ထွက်ပေါ် မလာသလဲ။ မိမိစိတ်နှလုံးသည် နိုကြားနေခြင်း မရှိဘဲ နှုတ်ကပတ်တော် ကို နားထောင် သည့်အခါ ထိုနှုတ်ကပတ်တော် အထဲပါရှိသည့် ဝိညာဉ် အရာများကို နှလုံးသွင်းယူမိခြင်း မရှိ သည်ကို သတိချပ်သင့်သည်။ နှလုံးသွင်း ခံယူ ထားပြီး သူသည်လည်း မိမိ "ဝိညာဉ်၌" အသက်မရှင်လျှင် လူဟောင်း အသက်တာ သာ ဖြစ်နေပေဦးမည်။ ယုံကြည်သူ သည် မိမိ "ဝိညာဉ်၌" အသက်ရှင်နေမှသာ "ခရစ်တော်၌" အသက်ရှင်သူ ဖြစ်ပေမည်။ အဘယ်ကြောင့် ဆိုသော် ခရစ်တော် ၏ ဝိညာဉ်သည် ကျွန်ုပ်တို့၏ "ဝိညာဉ်၌" တည်နေ၊ ရှိနေ သောကြောင့် ကျွန်ုပ်တို့ ဝိညာဉ်သက် နှင့် ရှင်နေမှသာ စစ်မှန်သော အသင်းတော် အသက်တာ ဖြစ်မည်ကို သတိမူမိစေလိုသည်။ မိမိကိုယ် မိမိ "ဝိညာဉ်၌" ရှိ မရှိ ဘယ်လို စမ်းစစ် သိရှိနိုင်မည်နည်း။ ၁။ စိတ်နဲ့ ဝိညာဉ်ကို ပိုင်းခြား နားလည်သူ ဖြစ်ဖို့ ဦးစွာ လိုသည်။ ၂။ မိမိ အသက်တာ မှ ထွက်ရှိနေသော အနံ့ အသက် အားဖြင့် မိမိကိုယ် မိမိ ဇာတိလူ နဲ့ ဝိညာဉ်လူ ကို သိမြင် နိုင်သည်။ ဇာတိလူ၏ အနံ့ အသက် ဥပမာ တခုမှာ- ဇာတိလူသည် သွန်သင်ခြင်းကို မခံမယူလို၊ မိမိသည် တပါးသူထက် သာ၍ သိမြင်သည်ဟု ခံယူလျက် တပါးသူကို ဆုံးမ လိုသည်၊ ကိုယ်တိုင် မခံယူလိုပေ။ ဇာတိလူသည် တပါးသူ၏ ဂရုစိုက်ခြင်းကို ခံယူလိုခြင်း၊ တပါးသူ၏ အထင်ကြီး လေးစားမှုကို ခံယူလိုခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ ဝါကြွားခြင်း၊ အစရှိသည် တို့သည် ဇာတိလူ၏ အနံ့  အသက် ဖြစ်သည်။ ထိုသို့ သော အနံ့  အသက်ဆိုး မှ ကင်းစင် လိုလျှင် "ဝိညာဉ်၌" အသက်ရှင် ခြင်းမှ တပါး အခြား လမ်း မရှိပေ။ လောက၌ ခရစ်တော်၏ ရနံ့  မှ တပါး အခြားသော အရာများဖြင့် မိမိဂုဏ်သတင်း မွှေးကြိုင်စေဖို့ မဖြစ်နိုင်ရာ။ ထို့ကြောင့် ခရစ်တော်၏ သင်းပြန့်သော ရနံ့  မိမိအထဲမှ ထွက်ရှိလိုလျှင် မိမိ၏ "ဝိညာဉ်၌" အသက်ရှင်နေသောသူ ဖြစ်မှသာ ခရစ်တော်၏ ရနံ့  ကို ရရှိ ပိုင်ဆိုင်သူ ဖြစ်ပေမည်။

No comments:

Post a Comment