"အတွင်းလူ" ဟူသော စကားသည် အဘယ် သူနည်း။
အတွင်းလူ ဟူသော စကားရှိလျှင် ဆန့်ကျင်ဘက်
"အပြင်လူ" လည်း ရှိသည်။
အပြင်လူ ဟူသည် မိဘ နှစ်ပါး အားဖြင့်
မွေးဖွားလာသော ဇာတိပကတိ သွေးသား ခန္ဓာနှင့်
စိတ် သက် ဖြင့် အသက်ရှင်နေသူကို အပြင်လူ ဟူ၍ ခေါ်ဆိုသည်။ အတွင်းလူ ဟူမူကား ယေရှု ခရစ်ကို မိမိ၏ ကယ်တင်သော အရှင်၊ သခင် အဖြစ် လက်ခံရယူ ခြင်းကြောင့် ဂတိတော် အားဖြင့် ဘုရားတဖန် မွေးဖွား ပေးလိုက်သော လူ၏ ဝိညာဉ် ဖြစ်ပေသည်။ ခရစ်ယာန် တိုင်းသည် တဖန်မွေးခြင်းကို ခံယူထားသော သူများ ဖြစ်ကြရမည်။ ခရစ်ယာန်တိုင်း သည် မိမိ၌ အပြစ်ရှိကြောင်း ဝန်ခံပြီး၊ ကျွန်ုပ် အပြစ်အတွက် သခင်ယေရှု အသွေးသွန်း အသေခံ ပေးခဲ့ခြင်းကို ယုံကြည်လက်ခံသူ အမှန် ဖြစ်လျှင် ဒုတိယ မွေးခြင်းကို ခံယူပြီးသူဖြစ်သည်။ ထိုအချိန်မှ စပြီး အတွင်းလူ နဲ့ အပြင်လူ နှစ်ဦး သည် မြေကြီးခန္ဓာ အိမ် တလုံးထဲတွင် အတူနေထိုင်လျှက်ရှိသည်။ သာမန် အားဖြင့် အပြင်လူသည် အရင်မွေးဖွားထားပြီး အတွင်းလူသည် နောက်မှ မွေးဖွား လာသည့် အတွက် အပြင်လူက အတွင်းလူကို အမြဲ အနိုင်အထက် ပြုကျင့်လေ့ ရှိသည်။ အပြင်လူ၏ စိတ်သည် ကျရှုံး အာဒံ မျိုး မှ အမွေခံ လာရ၍ နတ်ဆိုး စာတန် ၏ အတ္တ နှင့် မာန ပါရှိထားပြီး ဖြစ်သည်။ သို့ဖြစ်၍ မွေးစ အတွင်းလူသည် ခွန်အားနှင့် ပြည့်စုံ ပြီး သန်စွမ်း ကြီးထွား သန်မာ လာမှ အပြင်လူ၏ ညှင်းပန်း အနိုင်ကျင့်ခြင်းမှ လွတ်မြောက် နိုင်ပေမည်။ အတွင်းလူ ကို သန်စွမ်းကြီးထွား လာစေဖို့ အပြင် အစာ တရားအားဖြင့် ကြီးထွားခြင်း မရနိုင်ပေ။ အတွင်းလူကို အတွင်း အစာ အစာအဟာရ ဖြင့်သာ ကြီးထွား စေနိုင်သည် ဖြစ်၍ ဘုရားက လူ၏ ဝိညာဉ် အတွင်း၌ နေထိုင်လျှက် ဘုရား အသက် နှင့် တကွ ဘုရားသဘာဝ ကို လူအား ကျွေးနေခြင်းကို အတွင်းလူက စားမှသာ အတွင်းလူသည် တစတစ ခိုင်ခန့် မြဲမြန် မည် ဖြစ်သည်။ သို့ဖြစ်၍ အတွင်း တရားဖြစ်သည့် အသက်ရှင်စေသော ဝိညာဉ်တော်၏ တရား လုပ်ဆောင် ပေးနေခြင်းကို သိမြင်နိုင်ဖို့ အပြင်တရားကို ချထားပေးရသည်။ အပြင်တရားသည် ကျရှုံး သော အပြင်လူ အတွက် စောင့်ထိန်းဖို့ ဖြစ်ပြီး အတွင်း လူ အတွက် အတွင်း တရား၏ လုပ်ပေးနေခြင်းကို သိမြင်ဝန်ခံ တတ်လာစေဖို့ ဖြစ်သည်။ သို့ဖြစ်၍ အပြင်တရား ကို ကြိုးစား ကျင့်ကြံ အားထုတ်ခြင်း အောက်မှ လွတ်မြောက်လိုလျှင် အတွင်းတရား ဖြစ်သော အသက်ရှင်စေသော ဝိညာဉ်တော် တရား နှင့် အတူ ဝမ်းမြောက် နေသော အသက်တာ ဖြစ်ဖို့လိုသည်။ ထို တရားသည် ရှင်ပြန်ထမြောက်သော ခရစ်တော်၏ ဝိညာဉ် ဖြစ်ပြီး မိမိ အထဲ စဉ်ဆက်မပျက် အသက်ရှင်စေပေး နေသည့် အတွက် အတွင်း တရား အဖြစ် လူအထဲ ပေါ်ထွန်း နေခြင်းဖြစ်သည်။ ထိုအမှုအရာကို စဉ်းစား ဝမ်းမြောက် ခံယူ နေသောသူသည် ထိုအစာကို စားသုံး နေသည့် အတွက် တစတစ ကြီးထွားလာသည့် အခါ ဝိညာဉ်တော်၏ မစခြင်း အကြောင်းတရားကြောင့် စိတ်သောက ဖိစီးခြင်း၊ စိတ် ဝေဒနာ ခံစားခြင်း၊ စိတ်မသာ ငြီးထွားခြင်း များမှ ကျော်လွန် လွတ်မြောက်လာပေမည်။ (J.Lee)

No comments:
Post a Comment