၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Sunday 22 July 2018

|| ယုံကြည်သူခရစ်ယန်သည် ကယ်တင်ခြင်း ဆုံးရှုံးနိုင်သလား ||

John Calvin (Calvinism , French theologian , 1509-1564)
1. Total Depravity: အပြစ်၌ကျဆုံးသော လူသည် အပြစ်လွှမ်းသည်.အတွက် ၀ိညဉ်ရေး၌ အသေ၊ အကန်း ဖြစ်သောကြောင်. နောင်တရခြင်း ယုံကြည်ခြင်း နာခံခြင်း မတတ်နိုင်။ ရောမ၊ ၃း၁၀၊ ဆာ ၁၄း၃၊ ၅၃း၃ 
2.ဘုရား၏ ချွင်းချက်မရှိ ရွေးချယ်မှုနှင်. သက်ဆိုင်ပြီး ဘုရားသခင်၏ အထူးကျေးဇူးမေတ္တာ ပြုခြင်းဖြစ်သည်။ 
3. ဘုရားသခင် အသေခံခြင်းနှင်. ကယ်တင်ခြင်း အာမခံချက် သည် အထူး ရွေးချယ်သူ များနှင်.သာ သက်ဆိုင်သည်။ 
4. ကျေးဇူးတော်ကြောင်. ကယ်တင်ခြင်းဖြစ်ပြီး ၀ိညဉ်တော်သည် နှလုံးသား၌ မဆုံးရှုံးနိုင်သော ၀ိညဉ်တော်ကို ပေးကာ အသစ်သော မွေးခြင်း ယုံကြည်ခြင်း နောင်တရခြင်းကို ရွေးချယ်ခွင်.ပေးသည်။ 
5.ဆုံးရှုံးခြင်းမရှိအောင် ရွေးချယ်ခြင်း ယုံကြည် ကိုးစားခြင်း ရှိအောင် ထိန်းပေးသည်။

 Jacobus Arminius( Arminianism , Dutch theologian 1560-1609)  
1. အပြစ်သည် လူကိုမထိန်းချုပ်သလို လူသည် အမြဲတမ်း
အပြစ်ကျူးလွန်သည်. သဘာဝမရှိပါ။ 
2.ဘုရားသခင်၏ ကြိုတင်သိမှတ်ခြင်းဥာဏ်တော်ဖြင်. လူကိုရွေးချယ်ပြီး 
ကယ်တင်ခြင်း ရရှိရန် တူညီသော အခွင်.ရေးပေးထားသည်။ 
၁တိ၊၂း၎၊၂ပေ ၃း၉၊ မာသဲ ၁၈း၁၄ 
3.လူတိုင်းအတွက် ခရစ်တော်အသေခံသလို လူတိုင်းအတွက် 
တူညီသော အဖိုးအခ ပေး သည်။ သို.သော် အာမခံခြင်းသည်
 တဦးချင်းနှင်. သက်ဆိုင်သည်။ 
4. ကျေးဇူးတော်ကြောင်.ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်သည် လူ၏ ရွေးချယ်မှု Free will ကို ထိန်းချုပ်ကာ အတင်းအကြပ်မလုပ်၊ လူသည် ယုံကြည်ခြင်းရပြီးမှ ဒု-မွေးခြင်း ခံသည်။ ယုံကြည်ခြင်းနှင်. နောင်တရခြင်း သည် ဘုရားသခင်၏ အခမဲ.လက်ဆောင် မဟုတ်ပေ။ 
5. ယုံကြည်သူသည် ကျေးဇူးတရား မှ ထွက်သွားနိုင်ပြီး 
ကယ်တင်ခြင်းလည်း ဆုံးရှုံးနိုင်သည်။

 ခရစ်ယန်ယုံကြည်သူများအတွက် 
ကယ်တင်ခြင်း ဆုံးရှုံးနိုင်ပါသလား ?? 
ဤမေးခွန်းသည် ယနေ. ယုံကြည်သူ ခရစ်ယာန်လောက၌ အရေးကြီးဆုံးသော ပုစ္ဆာတွေထဲက တစ်ခုအပါအဝင် ခရစ်ယာန်ဘာသာနှင့် အခြားဘာသာ တို့၏ အဓိကကွာခြားချက်တစ်ခုလည်း ဖြစ်သည်။ လွန်ခဲ.သော AD ( 1560-1609) ခရစ်ယာန်သမိုင်း၌လည်း Jacobus Arminius ( Arminianism ) Dutch theologian နှင် John Calvin (1509-1564 Calvinism French theologian တွေကြား အသောမသတ်၊ မပြီးဆုံးနိုင်သည့် ငြင်းခုန်မှု ဖြစ်ခဲ့သလို၊ Monkey Theory , Cat Theory တို့သည်လည်း ဤပုစ္ဆာ ဆွေးနွေးစရာ Debate 
 အကြောင်းရင်း ဖြစ်လာပါတော့သည်။ 

သမ္မာကျမ်း၌ ကယ်တင်ခြင်းအကြောင်း သေချာလေ.လာသည့်အခါ 
ဘုရားသခင် View of God (ကယ်တင်သူ၊ ကယ်တင်ရှင်) ဖက်မှ ကယ်တင်ခြင်းသည် လုံးဝမဆုံးရှုံးနိုင်ပါ။ "Once saved, always saved" ဖြစ်သော်လည်း အကယ်တင်ခံ လူသားဖက် View of Man သည် `ယေရှုခရစ်သည် ကယ်တင်ရှင်မဟုတ်၊ ဘုရားသခင်မဟုတ်´ဟု ငြင်းဆန်ကာ ဘုရားထံမှ ထွက်သွားသော် ပျက်ပြယ်သွားနိုင်သည် ဆိုသည်. ယုံကြည်မှုအသံလည်း ကျယ်လောင်စွာ ကြားနေရသည် ။ ဘုရားဖက်မှ ကယ်တင်ခြင်း၏ 
အနက်အဓိပ္ပါယ် ( View Of God side) ကယ်တင်ခြင်းကို
 ဟေဗြဲလို yeshû'âh ဟုခေါ်၍ ကယ်တင်ခြင်း(salvation), ကယ်နုတ်ခြင်း (deliverance), အောင်နိုင်ခြင်း(victory)ဟုသော အဓိပ္ပါယ်သက်ရောက်သည် 
(က ၄၉:၁၈၊ ထွက် ၁၄:၁၃၊ ဆာလံ ၃:၈၊ ၁၈:၃၅၊ ၂၀:၅၊ ၂၁:၁၊ ၃၅:၃)။ 

ဂရိဘာသာဖြင်. sōzō (verb) ဟုခေါ်၍ ကယ်တင်သည်(to save), ဘေးကင်းလုံခြုံ စွာထိန်းသိမ်း ထားသည် (to keep sound and saved), ဘေးအန္တာရာယ်(သို့)ပျက်စီးခြင်းမှ ကယ်ဆယ်သည် 
(to rescue from danger or destruction) 
(၁ကော ၅:၅၊ ၁၀:၃၃၊ ၁၅:၂၊ ၂ကော ၂:၁၅၊ ဧဖက် ၂:၈၊ ၂သက် ၂:၁၀၊ ၁တိ ၂:၄၊ ။ 

လက်တင်ဘာသာဖြင်. salvatio or salvare ဟုခေါ်၍ အန္တာရာယ်မှကယ်တင်ခြင်းကို ဆိုလိုသည်။ ဤမူရင်းစကားလုံးများ လေ့လာခြင်းအားဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းသည် အသက်ဘေးအန္တရာယ်မှ ကယ်နုတ်ခြင်း၊ ကယ်တင်ခြင်းဖြစ်ပါသည်။ အထူးသဖြင့် ကယ်တင်ခြင်း၏ ဆိုလိုရင်းသည် ဓမ္မဟောင်း၌ ခန္ဓာပိုင်းဆိုင်ရာ ဘေးအန္တာရာယ်မှ ကယ်တင်ခြင်းကို ဆိုလိုသည်။ သို.သော် ဘုရားသခင်၏ အမျက်ဒေါသထွက်ခြင်း၊ တရားစီရင်ခြင်းဖြစ်သည်. အပယ်ငရဲမှ ဝိညာဉ်ကယ်တင်ခြင်းကို ဓမ္မသစ်၌ အဓိက ရည်ညွန်းပါသည်။ 

 "ကယ်တင်ခြင်း" ဟူသော စကားလုံးသည် တစ်နည်းအားဖြင့် 
 (၁)ဖြောင့်မတ်ခြင်း(ဂလာတိ ၂:၁၆)၊ 
(၂)အပယ်ငရဲမှ လွတ်မြောက်ခြင်း(ယော ၃:၁၆) 
(၃)နံဝိညာဉ် ကယ်တင်ခြင်း(၁ပေ ၁:၈-၉)၊ 
(၄)ထာဝရအသက်ရခြင်း(ယော ၃:၃၆၊ ၆:၄၇ 
 (၅)ဒုတိယမွေးဖွားခြင်း(ယော ၃:၃-၅)၊ 
 (၆)ဘုရားသခင်၏ သားဖြစ်ခွင့်ရခြင်း(ယော ၁:၁၂)၊ 
(၇)အသက်စာစောင်၌ စာရင်းဝင်ခြင်း(လုကာ ၁၀:၂၀၊ ဗျာဒိတ် ၂၀:၁၅)၊ 
 (၈)ယုံကြည်သူဖြစ်ခြင်း(တမန် ၅:၁၄)စသည်ဖြင့် စကားလုံးမတူညီသော်လည်း အဓိပ္ပါယ် အတူတူပင်ဖြစ်သည်။ ထိုကြောင့် မိမိအပြစ် နောင်တရ၍ ယေရှုခရစ်တော်ကို မိမိကယ်တင်ရှင် ဘုရားသခင်အနေ ဖြင်. ယုံကြည်လက်ခံလျင် ကယ်တင်ခြင်းတည်းဟူသော အထက်ဖော်ပြပါ ရှစ်ချက်ကို အသက်တာ၌ တစ်ကြိမ်တည်း ရရှိထားပြီဖြစ်သောကြောင့် ကျေးဇူးတော်အားဖြင့် သင်ရသည်. ကယ်တင်ခြင်း သည် ထာဝရ စိတ်ချလုံခြုံလျက်ရှိသည်။ သမ္မာကျမ်းအရ ခိုင်လုံသော အထောက်အထား။ ဘာသာတရားတိုင်း၏ တူညီသောသွန်သွင်ချက်သည် ကိုယ်ကျင်.နိုင်မှ (သို့) ကောင်းတာလုပ်နိုင်မှ ကယ်တင်ခြင်း ၊ အပယ်ငရဲမှလွတ်မြောက်ခြင်းရမည်ဟု သွန်သင်သော်လည်း ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာ ဖြစ်သည်.အတွက် ဘယ်သူမှ မိမိကိုယ့်ကောင်းမှု ကုသိုလ်အားဖြင့် ကောင်းကင်နိုင်ငံဝင်နိုင်မည့်သူ မရှိသောကြောင့် ယေရှုခရစ်တော်ကိုယ်တိုင် အပြစ်သားအားလုံးကိုယ်စား အသေခံပေးခြင်းဖြစ်ပါသည်။ အင်္ဂလိပ်ကျမ်းစာ၌ ယေရှုသည် အပြစ်ဖြစ်သွားသည် He become sin (ကိုယ်စားလို. မပြောဘူး၊ ယေရှူသည် အပြစ် လုံးလုံးဖြစ်သွားသည်)ဟု ဆိုထားသည်။ 

 ထို့ကြောင့် မည်သူမဆှို ဗီဇအပြစ်နှင့် ဒုစရိုက်အပြစ်ကြောင့် ငရဲပြည်ကို သွားစရာ အကြောင်း မရှိတော.ဘူး။ ထိုအပြစ်ကြောင့် ကိုယ်စားပြုအသေခံသည့် ကယ်တင်ရှင် ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ရှင်အနေဖြင်. "မယုံကြည်ခြင်း"ကြောင့်သာလျှင် ငရဲသွားရမည် ဖြစ်သည်။ လူတစ်ဦးတစ်ယောက်၏ ကယ်တင်ခြင်း ရခြင်းမရခြင်းသည်၊ သူကောင်းလား မကောင်းလားဟူသော အပြင်ပန်း အကျင်.နှင့်မဆိုင်တော့ပဲ ယေရှုခရစ်တော်ကို စိန်နှလုံးအကြွေးမဲ့ ယုံကြည်သလား မယုံကြည်ဘူးလားဟူသော အကြောင်းအရာနဲ့သာ သက်ဆိုင်ပေ၏။ သို့ဖြစ်၍ ဘုရားသခင်က အဘယ်သို့ ဆိုထားသည်ကို သမ္မာကျမ်းစာထဲ၌ ကြည့်ရှုလေ့လာ တူးဆွဖော်ထုတ်ကြည့်ကြစို့။ 
| * | ထာဝရ အသက်ဆိုတာ မကုန်ဆုံးနိုင်ပါ(ယော ၃:၃၆၊ ၆:၄၇) ထာဝရအသက်ဆိုသည်မှာ Endless Life ဖြစ်ပြီး Indian Giver ကဲ့သို့ ထာဝရအသက်ကို သင် စကား နားထောင်သည်.အခါ ပေးလိုက်၊ နားမထောင်လျင် ပြန်ရုတ်သိမ်းလိုက်ဟူ၍မလုပ်ပါ။ ထာဝရအသက်သည် ထာဝရအတွက်ပါ၊ တင်္ဒဂ ခဏတာ အတွက် မဟုတ်ဘူး။ 
| * | ဘုရားသားမှ စာတန်သားပြန်ဖြစ်လို့မရတော့ပါ(ယော ၁:၁၂) ဘုရားသခင်နှင့် ယုံကြည်သူအကြား၌ရှိသည့် Fellowship(သားအဖမိတ်ဖွဲ့ခြင်း)သည် ဒုစရိုက်အပြစ် ကျူးလွန်သည်.အခါ၌ ပျက်စီးနိုင်သော်လည်း၊ Relationship(သားအဖ တော်စပ်၊ဆက်နွယ်ခြင်း)သည် ဘယ်လိုနည်းနဲ့မှ မပျက်စီးနိုင်ပါ။ ထို.ကြောင်. ကျွန်တော် စာရေးသည်. အခါတိုင်း ` ယေရှူခရစ်အသွေးတော်ကြောင်. ညီအကို တော်စပ်ခွင်.ရသည်. ယုံကြည်သူများ´ ဆိုသည်. စကားအမြဲ သုံးခြင်းဖြစ်သည်) 
|* | စာတန်လက်ထဲမှ လွတ်မြောက်ကြောင်း ဝိညာဉ်တော်အားဇြင့် လုံခြုံစွာ တံဆိပ်ရိုက်မှတ်သားခြင်း ခံရပြီးပြီ(ဧဖက် ၁:၁၃) "တံဆိပ်ရိုက်မှတ်ခြင်း"ဆိုသည်မှာ ဂရိတ်လို sphragizō ဟုခေါ်၍ လုံခြုံစိတ်ချခြင်း (security), စစ်မှန်ကြောင်း အတည်ပြု ခြင်း(to confirm authenticate), ပိုင်ဆိုင်ခြင်း (possesion or ownership)တို့အတွက် အသုံးပြုသည်။ ယေရှုကို ယုံကြည်လက်ခံသည့်အချိန်၌ ထာဝရလုံခြုံပြီး ဘုရားသခင်၏သား အမှန်ဖြစ်ကြောင်း အတည်ပြုရန်နှင့် ဘုရားသခင်နဲ့သာ သက်ဆိုင်ပြီဖြစ်ကြောင်း သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် တံဆိပ်ရိုက်မှတ်ခြင်း ခံပြီးပြီဖြစ်သည်.အတွက် အမှန်တကယ်လုံခြုံပြီဖြစ်သည်။ ဟာလေလုယား။ 
|*| ဒုတိယမွေးခြင်းခံပြီးသားသူ ကိုပြန်လည်အမွေးမခံပဲ နေလို့မရပါ(ယော ၃:၅၊ ၁ပေ ၁:၂၃) လူတစ်ယောက် မိဘစကားနားမထောင်ချိန်မှာ လောကကြီးထဲ၌ မွေးဖွားခြင်းမခံအောင် အမိဝမ်းဗိုက်ထဲသို့ ပြန်ဝင်လို့မရသလို၊ ယုံကြည်သူ
တစ်ယောက် ဒုစရိုက်ပြုမိသည့်အခါ ဒုတိယမွေးခြင်းတော့ဘူးဆိုတာ မဖြစ်နိုင်ပါ။ 
 |*| ကောင်းမှုကုသိုလ်နှင့် ကျင့်ကြုံခြင်းအားဖြင့် ကယ်တင်ခြင်းရရှိတာမဟုတ်ပဲ၊ မထိုက်တန်လျက် ကျေးဇူးတော်သက်သက်ကြောင့် ရရှိထားသော ကယ်တင်ခြင်းဖြစ်ပါသည် (ဧဖက် ၂:၈-၁၀) လူသည် မိမိကုသိုလ်ကောင်းမှုအားဖြင့်ကယ်တင်ခြင်းရရှိနိုင်တယ်ဆိုခဲ့လျင်...မကောင်းတဲ့
အချိန်၌ သူ့ကယ်တင်ခြင်းပြန်ဆုံးရှုံးနိုင်မည် ဖြစ်ပါသည်။ သို့သော် ကိုယ်ကောင်းမှုအားဖြင့် ကယ်တင်ခြင်းရရှိတာ မဟုတ်သောကြောင့်၊မကောင်း တဲ့အကုသိုလ်ကြောင့် ကယ်တင်ခြင်းကိုမနှောင့်ယှက်နိုင်ပါ။ ဤသို့ဆိုရာတွင် ခရစ်ယာန်အသက်တာ၌ ကြိုက်သလို ဒုစရိုက်အပြစ်ကျူးလွန်ဖို့ရာ Permitပေးခြင်း/တိုက်တွန်းခြင်းမဟုတ်ပဲ၊ ဘုရားသခင်၏ ကြီးမားသော ကျေးဇူးတရားကို သိမြင်ခြင်းအားဖြင့် ဘုရားသခင်၌ ပိုအားကြီးလာစေရန် နိုးဆော်အသိပေးခြင်း ဖြစ်ပါသည်။ 
 |*| ကယ်တင်ခြင်းအကြောင်း၌ ဘုရာသးခင်က အစပြုပေးသည့်နည်းတူ အဆုံးထိသူတာဝန်ယူမည်ဖြစ်ပါသည်(ဖိလိပ္ပို ၁:၆) ကယ်တင်ခြင်းအမူ၌ ဘုရားသခင်ကသာ အစအဆုံးဆောင်ရွက်ပေးသည့်နည်းတူ...ကျနော်တို့ နောင်တ
ရပြီး၊ ယေရှုခရစ်ကို ယုံကြည်လက်ခံသည်နှင်.တစ်ပြိုင်နက် ကယ်တင်ခြင်း လုံခြုံစိတ်ချမှုကိုလည်း ဘုရားကပဲ တာဝန်ယူပေးပါသည်။ သူသာလျင် ယခုဘဝနှင့် နောင်ဘဝအတွက် အာမခံချက်ပေးနိုင်သူ ဖြစ်ပါသည်။ 
|*| "ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်
မပြတ် ကင်းလွတ်လိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ 
မနှုတ်မယူနိုင်။"(ယော ၁၀:၂၇-၂၈) 
"ငါ့သိုးတို့"=ယေရှုခရစ်ကို ယုံကြည်သောသူတိုင်းကို "သိုး"ဟု သမ္မာကျမ်းစာက သုံးထားပါသည်။ "ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့လိုက်ကြ၏" 
စကားသံ = phōnē = a sound , a tone, speech နားထောင်= akouō = hear , 
to comprehend(ကြားနာ နာလည်ခြင်း) 
လိုက်ခြင်း= akoloutheō = to join one as a disciple, to become his disciple သူ့တပည့်ဖြစ်လာခြင်း။ ဘုရားသခင်ပြောထားသည့် သူ့အကြောင်းကို ကြားနာလက်ခံ၍ ယေရှုနောက်တော်သို့ လိုက်ခြင်းဖြစ်ပါသည်။

~ "ထာဝရအသက်ကိုလည်း ပေးထားသည်" ထာဝရဆိုတဲ့ အဓိပ္ပါယ်က ဂရိတ်လို "aiōnios = endless, without end, never to cease" ဟုခေါ်၍၊ ဗမာလို "အဆုံးမရှိ၊ ဘယ်တော့မှ မကုန်ဆုံးနိုင်သော"ဟူ၍ အနက်အဓိပ္ပါယ်သက်ရောက်ပါသည်။ ဘုရားသခင်ပေးထားသော အသက်သည် ဘယ်တော့မှ မကုန်ဆုံးနိုင်သည့် အဆုံးမရှိသော အသက်ဖြစ်ပါသည်။ 
~ "ပျက်စီးခြင်း" ဆိုသည်မှာ ဂရိတ်လို "apollumi" ဟုခေါ်၍၊ အဓိပ္ပါယ်က "to destroy or perish, to declear that one must be put to death" ပျက်စီးသည်၊ သေစေဖို့အလို့ငှါ ကြော်ငြာသည် ဆိုလိုထားပါသည်။ ထပ်မံရှင်းပြထားသည်မှာ "metaphorically to devout or give over to eternal misery in hell" ငရဲထဲ၌ ထာဝရပြင်းပြသောဝေဒနာ ခံစားစေခြင်းကို ဆိုလိုပါသည်။ ထို့ကြောင့် ယေရှုခရစ်ကို ယုံကြည်သောသူက ထိုကဲ့သို့ ပျက်စီးခြင်းနှင့် "အစဉ်မပြတ် ကင်းလွတ် လိမ့်မည်"ဖြစ်သည်။ အင်္ဂလိပ်လို never ဟုသုံးထားပြီး မူရင်းဘာသာ ဂရိတ်မှာ 
ou mē ဟူသော "ဘယ်တော့မှ (never), ဧကန် အမှန်မကြုံရဘူး (certainly not), လုံးဝ (not at all), ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး(by no means)" ဟူ၍ အနက်အဓိပ္ပါယ်သက်ရောက်ပါ၏။ 


အပိုဒ်ငယ် - ၂၈ 
 ~အဘယ်သူမျှ = tis = a certain one, whosoever =
 တစ်ယောက်သောသူမှ၊ ဘယ်သူကမှ 
~ငါ့လက်မှ = cheir = figuratively power = တန်ခိုး 
~မနှုတ်မယူနိုင် = harpazō = carry off by force, to snatch out or away = သြဇာအာဏာနဲ့ လုယူလို့မရ၊ ထုတ်ယူသွားလို့မရ။ ထို့ကြောင့် ဘယ်သူမဆို ဘယ်လိုနည်းလမ်းနှင့်မျှ ယုံကြည်သူအား ဘုရားသခင်၏ တန်ခိုးတော်မှ မနှိုက်ယူနိုင်တော့ပါ။ ထာဝရလုံခြုံကြောင်း ထင်းရှားပါသည်။

*|* ကယ်တင်ခြင်း ပြန်လည်မဆုံးရှုံးနိုင်ခြင်း၏ အဓိကသဘောတရားများ*|* အောက်ဖော်ပြပါ စကားလုံးတို့သည် ယာယီခဏအတွက်သာ ဘုရားသခင်က ပြုလုပ်ပေးခြင်း မဟုတ်ပဲ၊ ထာဝရနဲ့သက်ဆိုင်သော ခိုင်လုံမှုဖြစ်ပါသည်။ 

@ရွှေးကောက်တော်မူခြင်း (Election) ဤကမ္ဘာမတည်မှီ ငါတို့ကို
ခရစ်တော်၌ ရွှေးကောက်တော်မူခြင်း ခံရပြီ(ဧဖက် ၁:၄)
 @ဖြောင့်မတ်စေတော်မူခြင်း(Justification) ယေရှုခရစ်တော်ကို ယုံကြည်လက်ခံခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ကျနော်တို့ရောက်ရှိပြီ။ ဤဖြောင့်မတ်ခြင်းသည် လူရှေ့၌ ဖြောင့်မတ်ခြင်း မဟုတ်ပဲ၊ ဘုရားသခင်ရှေ့၌ ဖြောင့်မတ်ခြင်းဖြစ်ပါသည်(ရောမ ၃:၂၀-၂၄၊ ဂလာတိ ၂:၁၆) @ရွှေးနုတ်တော်မူခြင်း(Redemption) လောကလူသားအားလုံးကို 
အပယ်ငရဲသို့ ပစ်ချသွားစေသည့် ဗီဇအပြစ်၏အခအတွက် ယေရှုက ကိုယ်စားပြု အသေခံပေးပြီး(ရောမ ၅:၈)၊ ယေရှုခရစ်တော်၏ အသွေးတော်အားဖြင့် အပြစ် ၏ကျေးကျွန် အမှောင်မိုက်တန်ခိုးမှ ရွှေးနုတ်တော် မူ၏(ကောလောသဲ ၁:၁၃-၁၄)။ @ပြန်လည်ဖွားမြင်တော်မူခြင်း(Regeneration) သန့်ရှင်းသော ဝိညာဉ်တော်
အားဖြင့် ကျနော်တို့သည် ပြန်လည်ဖွားမြင်ခြင်း(ဒုတိယမွေးခြင်း)ခံရပြီး၊ 
အသစ်သော ဝိညာဉ်အသက်တာနှင့် အသစ်သော ဝိညာဉ်ပကတိကို
ရရှိထားပါပြီ(ယော ၃:၅၊ ၁၆၊ ၁ပေ ၁:၂၂-၂၃၊ ၁ယော ၃:၉)။ 
@အမွေခံသားဖြစ်ခြင်း(Adoption) ဘုရားသခင်၏ မိသားစုစာရင်းဝင်အဖြစ် ကျနော်တို့သည် ဒုတိယမွေးခြင်းခံပြီးပြီ။ ဘုရားသခင်သည် ကျနော်တို့၏ အဖဘုရားဖြစ်သဖြင့် ကျနော်တို့သည် ဘုရားသခင်၏ သားသမီးများဖြစ်ကြပါသည်(ဂလာတိ ၄:၄-၅၊ ယော ၁:၁၂)။ @သန့်ရှင်းမွန်မြတ်စေခြင်း(Sanctification) ကျနော်တို့သည် ဘုရားသခင်နှင့်
သူ၏ အမူတော်မြတ်အတွက် သန့်ရှင်းသော ဝိညာဉ်တော်က 
သီးသန့် ခွဲခန့်ထားပါသည်။ (၂ကော ၃:၁၈) 
@ယုံကြည်စိတ်ချမှု(Assurance) စစ်မှန်သော ယုံကြည်သူတိုင်းသည် 
မိမိအထဲ၌ ထာဝရအသက်ရှိကြောင်း ကောင်းမွန်သေချာစွာသိရှိပါသဖြင့်၊ 
အမှတ်တမဲ့ သေသွားမည်ဆိုသော်လည်း ဧကန်အမှန် ကောင်းကင်နိုင်ငံ
သွားမည်ဟု ရာနှုန်းပြည့်(၁၀၀%) ယုံကြည်စိတ်ချမှုရှိပါသည်(၁ယော ၅: ၁၀-၁၂)။ ဤကဲ့သို့ ယုံကြည်စိတ်ချမှုရှိခြင်းသည် ခရစ်ယာန်၏အနှစ်သာရဖြစ်ပါသည်။ ယခုချက်ချင်းသေသွားရင် ဘယ်ကို သွားမလဲဆိုတာ သေချာမသိသေးသည့် ခရစ်ယာန်သည် ထမင်းအိုးနားမှာ ထိုင်လျက်ငတ်မွတ်နေသူ၊ လှေစီးရင်း ရေငတ်နေသူကဲ့သို့ ဖြစ်ကာ သနားစရာ အလွန်ကောင်းလှပေ၏။
 @ ဂုဏ်တော်ချီးမွမ်းခြင်း(Gloriifcation) ဘုရားသခင်က ကျနော်တို့ကို 
ကယ်တင်၍ အပြစ်တွေ ခွင့်လွှတ်ထားယုံမျှမက၊ သူ၏ အမွေခံသား 
အနေဖြင့်လက်ခံ၍ သားတော်ယေရှုခရစ်တော်နှင့်အတူ ဘုန်းတော်ဝင်စား(ချီးမြောက်ခြင်းခံ)ရအုံးမည် ဖြစ်သည်(ရောမ ၈:၁၇၊ ၃၀)။ 
ထို့ကြောင့် ကယ်တင်ခြင်းအမှု၌ အစမှ အဆုံးတိုင်အောင် ဘုရားသခင်ကသာ တာဝန်ယူဆောင်ရွက်ပေးသောကြောင့် ယုံကြည်သူများအတွက် အလွန်ပင် စိတ်ချရပါသည်။ ဘုရားသခင် ကိုယ်တိုင်က ကျနော်တို့ကို ရွှေးကောက်သည်၊ ဖြောင့်မတ်စေသည်၊ ရွှေးနုတ်သည်၊ ပြန်လည်မွေးဖွားစေသည်၊ အမွေခံသားအဖြစ်ခန့်အပ်သည်၊ သန့်ရှင်းမွန်မြတ်စေသည်၊ ယုံကြည်စိတ်ချမှုပေးသည်၊ နောက်ဆုံး၌ ချီးမြောက်သည်ဖြစ်၍ အဘယ်သူက ဘုရားသခင်ပေးထားသော ကယ်တင်ခြင်းကို ပျက်စီး ဆုံးရှုံးစေမည်နည်း။ 
* * အပြစ်နှစ်မျိုး(Two Kinds of Sin) **
@ဗီဇအပြစ်(Original Sin) ~ဤဗီဇအပြစ်သည် အာဒံအားဖြင့် ကျနော်တို့ လောကလူသားအားလုံးက ရရှိထားသောအပြစ်ဖြစ်ပါသည်(ဆာလံ ၅၁:၅၊ ရောမ ၅:၁၂)။ မိမိကျူးလွန်သော အပြစ်မဟုတ်ပါ။ 
~ဤအပြစ်သည် ဘုရားသခင် လုံးဝမခွင့်နိုင်သောအပြစ်ဖြစ်သောကြောင့် ခန္ဓာနှင့် ဝိညာဉ်သေဒဏ်(ငရဲဒဏ်)ပေးထားခြင်းဖြစ်ပါသည်(ရောမ ၆:၂၃)။ 
~ဤအပြစ်မှ လွတ်မြောက်ဖို့ရန် မတတ်နိုင်သော 
အပြစ်ဖြစ်ပါသည်(ရောမ ၃:၁၀၊ ၂၃) ~ဤအပြစ်၏အဖိုး
အခသည် ထာဝရသေခြင်းတည်းဟူသော 
ငရဲမီးအိုင်ထဲသို့ ကျရောက်ခြင်းဖြစ်သည်(ရောမ ၆:၂၃) 
~ဤအပြစ်သည် ယေရှူအပေါ်၌ တင်ထားသော 
အပြစ်ဖြစ်ပါသည်(ယော ၁:၂၉)
 ~ဤအပြစ်၏ အဖိုးအခကြောင့် ယေရှုခရစ်တော်သည် ကိုယ်စားပြုအသေခံပေးပြီးဖြစ်သောကြောင့်၊ လူသည်ဤ ဗီဇအပြစ်ကြောင့် ငရဲမသွားရတော့ပဲ၊ ကိုယ်စားပြုအသေခံပေးသည့် ယေရှုခရစ်တော်ကို မယုံကြည်ခြင်းကြောင့်သာ ငရဲသွားရမည်ဖြစ်ပါသည်။ 

@ဒုစရိုက်အပြစ်(Habitual Sins) 
~ဤအပြစ်သည် ဒုစရိုက်အပြစ်ဟုခေါ်၍ ကာယကံ၊ဝစီကံနှင့်
မနော်ကံဟူ၍ သုံးမျိုးနဲ့ ပိုင်း လို့ရပါသည်။ 
~ဤအပြစ်သည် အထက်ဖော်ပြသည့် ဗီဇာအပြစ်၏ အသီးအပွင့်ကဲ့သို့ဖြစ်ပါသည် (ဗီဇာအပြစ်သည် မျိုးစေ့ကဲ့သို့ဖြစ်၍ ဒုစရိုက်အပြစ်သည် အသီးအပွင့်ကဲ့သို့ဖြစ်ပါသည်)။ ~ဤအပြစ်အား မလုပ်မိအောင် မိမိကိုယ်ကိုယ်ထိန်းသိမ်း၍ ရှောင်ကျဉ်လို့
ရသလို၊ ပြုလို့ရသော အပြစ်မျိုးလည်းဖြစ်ပါသည်။ ~ဤအပြစ်သည်အစိုးရကသော်လည်းကောင်း၊ ဘာသာရေးကသော်
လည်းကောင်း၊ ပညတ်တရား အားဖြင့်သော်လည်းကောင်း ထိန်းသိမ်းထားပါသည်။ 
~ဤအပြစ်သည် ဝိညာဉ် အပယ်ငရဲကျရောက်ခြင်းနဲ့မဆိုင်ပဲ၊ ခန္ဓာကိုယ်၌ ခံစားရမည်အရာနဲ့သော်လည်းကောင်း၊ ကောင်းကင်နိုင်ငံ၌ 
ရရှိမည့် ဆုလဒ်နဲ့သက်ဆိုင်ပါသည်။ 
~ဤအပြစ်သည် ကယ်တင်ခြင်းအမူ၌ နောင်တရခြင်းနှင်.ဆိုင်၍၊ ခရစ်ယာန်အသက်တာ၌ ပြုမိရင် ဝန်ချတောင်းပန်ခြင်းနဲ့ သက်ဆိုင်သည်။ ~ဤအပြစ်သည် ပြုမိခဲ့သမျှသောအရာအတွက်လည်း ယေရှုခရစ်တော်၏ အသွေးတော်မြတ်အားဖြင့် သန့်ရှင်းစင်ကြယ်စေပြီဖြစ်၍ 
ခွင့်လွတ်ခြင်းလည်း ခံပြီးပြီဖြစ်သည်။

! ! ယုံကြည်သူ အပြစ်ပြုနိုင်သေးသလော.||
ဒုရိုက်အပြစ်ပြုမိလျင် ဘာဖြစ်နိုင်သနည်း။ 
ယုံကြည်သူသည် နေ့စဉ်အသက်တာ၌ အပြစ်ကျူးလွန်နိုင်ပါသည်။ အကြောင်းမူကား ယုံကြည်သူအထဲ၌ ဇာတိပကတိရှိနေသောကြောင့် ဖြစ်ပါသည်။ ယုံကြည်သူတိုင်း၌ ဇာတိပကတိလူ(လူဟောင်း)နှင့် ဝိညာဉ်ပကတိလူ(လူသစ်)၍ နှစ်မျိုးရှိပါသည်။ ဇာတိပကတိလူ၏ အလိုကိုလိုက်ခြင်းသည် ဇာတိလူဟုခေါ်ကာ သူ၏အသက်တာ(ခန္ဓာကိုယ်)၌ ဘုရားသခင်၏ ဆုံးမခြင်းကိုခံရမည်ဖြစ်၍ ကောင်းကင်နိုင်ငံ၌လည်း ဆုလဒ်ရရှိနိုင်မည် မဟုတ်ပါ(၁ကော ၃:၁-၁၅)။ သူရထားသည်. ကယ်တင်ခြင်း မဆုံးရှုံးသော်လည်း၊ခန္ဓာပိုင်း၌ ဘုရားသခင်၏ဆုံးမခြင်းခံရမည် အမှန်ပါ(ဟေဗြဲ ၁၂:၅-၆)။ 

!*! ယုံကြည်သူများ ဒုစရိုက်အပြစ်လွန်ကျူးသောအခါ |*|
သူ့ဝိညာဉ်ကယ်တင်ခြင်းကို လုံးဝမဆုံးရှုံးနိုင်တော့သော်လည်း....... 
 ၁)-မိမိကိုယ်ကိုယ်ထဲ၌ အပြစ်လုပ်မိကြောင်းအသိစိတ် ရှိပါသည်။ 
၂)-ဘုရားသခင်နှင်. မိတ်သဟာယပျက်စီးစေသည်။ 
 ၃)-ဆုတောင်းသံကို ဘုရား နားမညောင်းတော့ပဲ၊ ဆုတောင်းခြင်းအဖြေမရနိုင်ပါ။ 
 ၄)-သန့်ရှင်းသောဝိညာဉ်တော်၏မီးကို ငြိမ်းစေ၍၊ စိတ်နာစေပါသည်။ 
 ၅)-ဝိညာဉ်ရေးရာအသက်တာ ကျဆင်းသဖြင့် ဖြည်းဖြည်းခြင်း သွေ့ခြောက်လာသည်။ ၆)- နုတ်ကပတ်တော်အားဖြင့်၎င်း၊ ဝိညာဉ်လူတစ်ဦးဦးအားဖြင်.၄င်း၊
 နောင်တရရန် သတိပေးတတ်သည်။ 
 ၇)-ဘုရားသခင်က နာကျင်သောဝေဒနာအားဖြင့် ခန္ဓာကိုယ်ပေါ်၊ 
မိသားစု၌၄င်း ဆုံးမတတ်ပါသည်။ 
၈)-ဘုရားသခင်၏ ဘုန်းတော်ဖျက်စီးရှုတ်ချစေ၍၊ နိုင်ငံတော်၌ အတားအဆီးကဲ့သို့ဖြစ်လာသည်။ 
၉)-ခန္ဓာပိုင်းဆိုင်ရာ ခတ္တခဏတော့ကြီးဖွားနိုင်သော်လည်း၊
 ပြန်လည်ပျက်ပြယ် ရုပ်သိမ်းခြင်းခံရသည်။ 
၁၀)-သူတစ်ပါးအတွက် လုံးဝတည်ဆောက်စရာ အသက်တာ မဖြစ်တော့ပါ။ 
 ၁၁) ကောင်းကင်အဖ ပေးမည်. ဆုလဒ်သရဖူများစွာ ရရှိနိုင်တော.မည်မဟုတ်ပါ။ *- ရှင်ပေါလုကိုယ်တိုင်လည်း ဤကဲ့သို့ဆင့်ဆိုခဲ့ပါသည်(ရောမ ၇:၁၅-၂၅) 
ဤကဲ့သို့ ကယ်တင်ခြင်း၏ လုံခြုံခိုင်လုံမှုကို ရေးသားတင်ပြခြင်း၏ အဓိကရည်ရွယ်ချက်သည် ယင်း ကယ်တင်ခြင်း၏ မူပိုင်ဘုရားသခင်၏ 
အနှိုင်းမဲ့သော သူ့ချစ်ခြင်းမေတ္တာနှင့် ကြီးမြတ်လှသော သူ.မဟာကျေးဇူးတော်ကို ပိုမိုသိကျွမ်းခြင်းအားဖြင့် မိမိအသက်တာကို သူ့ထံသို့ပုံအပ်ဆက်ကပ်လာရန်သော်၎င်း၊ ယုံကြည်သူများစွာသည် ဘုရားသခင်ပေးထားသော ကယ်တင်ခြင်း၏ တန်းဖို့ကြီးမားသည့်အကြောင်း သိရှိခြင်းအားဖြင့် စိတ်နှလုံးထဲ၌ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်း အပြည်.အ၀ ခံစားနိုင်စေရန် ဖြစ်ပါသည်။ 
ကယ်တင်ခြင်း ပြန်လည်မဆုံးရှုံးနိုင်တော့ဘူးဆိုပြီး အလွန်ခွန်အားရကာ ဒုစရိုက်အပြစ်ကျူးလွန်ရန်အတွက် Permit ရသကဲ့သို့ အသုံးပြုခြင်းသည် စစ်မှန်သောဘုရားသားမဟုတ်ခြင်း၏ သင်္ကေတဖြစ်ပါသည်။ စစ်မှန်သော ဘုရားသားသမီး (ဒု-မွေးခြင်းခံသောသူ)မူကား ဒုစရိုက်အပြစ်ပြုမိလျင် မီးခဲနင်းမိသကဲ့သို့ ချက်ချင်းတွန်.ဆုတ်ပြီး ဘုရားသခင်ထံ အမြန်နိုင်ဆုံး အပြစ်ဝန်ချ တောင်းပန်၍ ခရစ်တော်ထံ you turn ပြန်လှည်.ကာ အပြစ်ကိုရှောင်ကျဉ်လာတတ်သည်။ ကယ်တင်ခြင်း လုံးဝ မရှုံးဆုံးနိုင်တော.ဘူး 
 "Once saved, always saved" ဆိုသည်. ရှုထောင်.မှ ဝေမျှခြင်း ဖြစ်သည်။ 
@ ဖတ်ရှူသူအယောက်တိုင်း ကြွယ်ဝသော ကောင်းချီးများစွာ ရှိပါစေ

No comments:

Post a Comment