၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 23 July 2018

|| ကယ်တင်ခြင်းရပြီးသူ ခရစ်ယန်သည် ယေရှုငြင်းပယ်လျှင် ||

တကြိမ် ကယ်တင်ခြင်းရခြင်းသည် ထာဝရအတွက် လုံလောက်သည်
` One Saved Always Saved” ဆိုသည် အတွေးခေါ်သည်
ကျမ်းစာသွန်သင်ချက် Biblical မဟုတ်ဘူး၊ ၁၆ ရာစု နာမယ်ကြီး
 ပြင်သစ် သီအိုလော်ဂျီ John Calvin တို.မတိုင်ခင် ကနဦး 
Protestant Reform Pastor များ၏ အယူဝါဒ Doctine တခု ဖြစ်ပြီး 
ဘုရား သခင်သည် မမွေးခင်ကတည်းက ကယ်တင်ခြင်းရမည်.သူများကို
 ကြိုတင် ခွဲခန်. ရွေးချယ်သကဲ.သို. ကယ်တင်ခြင်သို. မရောက်မည်.
သူများကိုလည်း ဘုရားသခင်၏ ကြိုတင်အစီအမံဖြစ်ကြောင်း 
လူသားများ၌ ကိုယ်ပိုင်ရွေးချယ်ခွင်. မရှိကြောင်း 
T U L I P အမှတ်သားကို အသုံးပြုခဲ.သည်။ 
T = Total Depravity (Romans 1:18-32, Ezekiel 18) 
U = Unconditional Election (Mat 7:13-14, 2Peter 1:2-12) 
L =Limited Atonement (Jn 3:16, 1John 2:1-2)
 I=Irresistable Grace (Luke 7:30, Matthew 23:37) 
P = Perseverance of the Saints (Heb 10:10,19-29, 1Peter 2:20-22) ထို.ကြောင်. ကယ်တင်ခြင်းသည် ဘုရားသခင်အပိုင်းမှ ယေရှုခရစ် တကြိမ်အသေခံခြင်းကို တကြိမ်လက်ခံပြီးသည်.နောက်ပိုင်း မုဒိန်းမှု လူသတ်မှု အပါဝင် မည်သည်.အပြစ် ကျူးလွန်ပါစေ၊ ယေရှုခရစ်ကို ပင်လျှင် ကယ်တင်ရှင်အဖြစ် မယုံကြည်ခြင်း အပြစ်ကျူးလွန်စေကာမူ မိမိနဂိုရသည်. ကယ်တင်ခြင်း မဆုံးရှုံးနိုင်ဘူး ဆိုသည်. တရားဟောချက် သည် မျက်မှောက်ခေတ် ခရစ်ယာန်များအကြိုက် နားဝင်ချိုသော သတင်း ဖြစ်သော်လည်း သမ္မာတရားသွန်သင်ချက် မဟုတ်ပေ။ သူတို.အဓိက ရွှေကျမ်းချက်အနက် `ခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ငါတို့ကို အဘယ်သူကွာစေမည်နည်း။
 ရောမ ၈း၃၅ ´ သည် ကယ်တင်ခြင်း နှင်. မသက်ဆိုင်ပဲ ကောင်းကင်အဖ၏ ချစ်ခြင်းမေတ္တာ လေးနက်မှုကို ဖေါ်ကျူး ခြင်းဖြစ်ကြောင်း၊ 
အခြားကျမ်းချက် အနည်းငယ်ကို ဖေါ်ပြသော်… 

(၁) ဂလာတိ ၅း ၄ ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ 
 ရောက်သမျှသော သင်တို့သည် ခရစ်တော်နှင့် 
ကွာ၍ ကျေးဇူးတရား၌မတည်၊ ရွေ့လျော့ကြပြီ။ 

(၂) ဟေဗြဲ ၃း၁၂ ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်
 တော်မူသော ဘုရားသခင့်ထံ တော်မှ ထွက်သွားသောအားဖြင့် 
မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံး မရှိစေခြင်းငှါ သတိပြုကြလော့။

(3) ဟေဗြဲ ၂၀း၂၆ အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ 
ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ် ဖြေသောယဇ်ကို ပူဇော်ရာအခွင့်မရှိဘဲ၊ ၂၇ ဒဏ်စီရင်ခြင်းကို ခံရမည်ဟု ကြောက်မက်ဘွယ်သော မြော်လင့်ရသော အကြောင်း၊ ငြင်းဆန်သောသူတို့ကို ဖျက်ဆီးဘို့ရာ အမျက်တော်မီးလောင်ခြင်းကို ခံရသော အကြောင်းရှိ၏။ 

(၄) ရှင်ယောဟန် ၁၅း၅ ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် 
အခက်များ ဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏၊ ထိုသူသည် များစွာသောအသီးကို သီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှမတတ်နိုင်ကြ။ ၆ ငါ၌မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကို ခံရ၏။ ထိုသို့သောအခက်များကို လူတို့သည် စုသိမ်း၍ မီးထဲသို့ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ရောက်ကြ၏။ Abide= remain. Not apart from. 
 ဗျာ ၃း၅ ထိုသူ၏ နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမချေ။ ငါ့ခမည်းတော်ရှေ့၌၎င်း၊ ကောင်းကင်တမန်တော်
တို့ရှေ့၌၎င်း၊ သူ၏ နာမကို ငါ ဝန် ခံမည်။ 
ဗျာ ၂၀း၁၅ အသက်စာစောင်၌ စာရင်းမဝင်သောသူ 
ရှိသမျှတို့ကိုလည်း မီးအိုင် ထဲသို့ ချပစ်လေ၏ ။

(၅) ၁ကော ၉း ၂၄-၂၇ မြေတလင်း၌ပြိုင်၍ ပြေးကြသောသူ
အပေါင်းတို့သည် ပြိုင်၍ပြေးကြ သော်လည်း၊ တယောက်တည်းသာလျှင် ဆုကိုရသည်ဟု သင်တို့မသိကြသလော။ ဆုကို ရမည်အကြောင်း ပြေးကြလော့။ ၂၅ ပွဲ၌ပြိုင်၍ အချင်းချင်း တိုက်သောသူမည်သည်ကား၊ အရာရာ၌ 
တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။ ထိုသူတို့သည် ညှိုးနွမ်းပျက်ဆီး
တတ် သော ပန်းဦးရစ်ကို ရခြင်းအလိုငှါပြုကြ၏။ ငါတို့မူကား မညှိုးနွမ်းမပျက်ဆီးနိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါ ပြုကြ၏။ 
၂၆ ထိုကြောင့် ငါပြေးသောအခါ အမှတ်တမဲ့ပြေးသည် မဟုတ်၊ 
လက်ပွေ့ သတ်သောအခါ အာကာသကောင်းကင်ကို သာထိုး၍ 
သတ်သည်မဟုတ်။ ၂၇ သူတပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူ မဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍ နှိပ်စက်လေ့ရှိ၏။ 

 (၆) ၁တိ ၄း ၁-၂ ၀ိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ် ၂ ထားတော်မူသည်ကား၊ နောင်ကာလ၌ သြတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကို ခံပြီးလျှင်၊ မုသာစကားကို ပြောတတ်သောသူတို့၏ လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်၍၊ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌င်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော သြဝါဒတို့၌၎င်း မှီဝဲဆည်းကပ်ကြလိမ့်မည်။ ၁တိ၃း၁၅ သင်သည် ဘုရား သခင်၏
အိမ်တော်၌ အဘယ်သို့ကျင့်ကြံ ပြုမူရမည်ကို သိစေခြင်းငှါ ဤသို့ငါရေး၍ပေးလိုက်၏။ ထိုအိမ်တော်ကား၊ အသက်ရှင်တော်
မူသော ဘုရားသခင်၏ အသင်းတော်ဖြစ်၏၊ ထိုအသင်းတော်ကား၊ 
သမ္မာတရား၏ အမှီတကဲဖြစ်၏။ သမ္မာတရား၏ တည်ရာလည်းဖြစ်၏။ 

(၈) ကောလောသဲ ၁း ၂၁-၂၃ အထက်က ဘုရားသခင်နှင့် ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့် စိတ်နှလုံး၌ ရန်သူဖြစ်သော သင်တို့ကို၊ ကိုယ်ခန္ဓွာတော်၌ အသေခံတော်မူသောအားဖြင့်၊ ယခုမိဿဟာယ ဖွဲ့စေတော်မူ၏။အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျ သတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည် ကိုယ်တိုင် ကြားရပြီးသော ဧဝံဂေလိတရား၏ မြော်လင့်ခြင်းမှ မရွေ့လျော့ဘဲ တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာ ယုံကြည်ကြလျှင်၊ သန့်ရှင်း
စင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက် ရှိသော 
သင်တို့ကို ရှေ့တော်၌ ဆက်သမည်အကြောင်းတည်း။ 
(၉) ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၁၀း ၆ ထိုအခါ ထာဝရဘုရား၏ 
ဝိညာဉ် တော်သည် သင့်အပေါ်မှာ သက်ရောက် သဖြင့်၊ သင်သည် 
သူတို့နှင့်အတူ ပရော ဖက်ပြု၍ ခြားနားသောသူဖြစ်လိမ့်မည်။ 
(၁၀) ထွက်မြောက်ရာ ၃၂း ၃၁ ထာဝရဘုရား အထံတော်သို့ ပြန်သွား၍၊ 
အိုဘုရား သခင်၊ ဤလူ တို့သည် ပြစ်မှားသောအပြစ် ကြီးလှပါ၏။ မိမိတို့အဘို့ ရွှေဘုရား ကို လုပ်ပါပြီ။ ၃၂ သို့သော်လည်း သူတို့အပြစ်ကိုလွှတ်ခြင်းငှါ အလိုတော်ရှိလျင် လွှတ်တော်မူပါ။ သို့မဟုတ်၊ ကိုယ်တော်စီရင် တော်မူသော စာရင်း၌ အကျွန်ုပ်နာမကို ချေတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု
 လျှောက်လျှင် ဟု မိန်.တော်မူ၏။ 
ဖတ်ရှုသူတိုင်း ဘုရားသခင်ဖွင်.ပြပါစေ။...အာမင်း....။

No comments:

Post a Comment