၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Wednesday 25 July 2018

|| ယုဒရှာခရုတ်သည် ငရဲ မှာရှိနေသလား? ||

ယုဒရှာခရုတ်၊ပိလတ်မင်း၊ဟေရုတ်မင်း၊ရောမစစ်သား တို.သည် ငရဲမှာရှိသလား? ဟု ခဏခဏဆိုသလို အမေးခံဘူးသည်။ ယုဒရှာခရုတ်အား ယေရှုက “လူသားကိုအပ်နှံသောသူသည်အမင်္ဂလာရှိ၏။ ထိုသူသည်ဘွားမြင် ခြင်းကိုမခံရလျှင်အနေသာ၍ ကောင်းသည် ဟု မိန့်တော်မူ၏ ” ဟုအပြစ်တင်၏။ 

ယုဒသည် အလွန်နောင်တရ၍ သူယူသော ငွေဒင်္ဂါး ပြန်ပေးသည်. အပြင် 
ကိုယ်ကိုယ် ကြိုးဆွဲချ သေကြောင်းကြံခဲ.ကြောင်း သိရသည်။ ဤနေရာ၌ သင်ယူစရာတခုကား နောင်တရတိုင်းလည်း မကောင်းပါ၊ စစ်မှန်သော
 နောင်တသည် ခရစ်တော်ထံသို. ပြန်လှည်.ခြင်း ဖြစ်ရမည်။ 

“ယုဒရှခရုတ်သည် ကိုယ်တော်၌ သေပြစ်ကိုစီရင်ကြသည်ကို သိမြင်လျှင်၊ နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲတို့၌ ပြန်ပေး၍၊ အကျွန်ုပ်ပြစ်မှား ပါပြီ။ အပြစ်မရှိသောသူ၏ အသွေးကို အပ်မိပါပြီဟု ဆို၏။ ထိုသူတို့ ကလည်း ငါတို့နှင့် အဘယ်သို့ဆိုင်သနည်း။ ကိုယ်အမှု ကိုကိုယ်ကြည့် လော့ဟု ဆိုကြသော်၊ 
သူသည် ထိုငွေကို ဗိမာန်တော်၌ ပစ်ချခဲ့၍ အခြားသို့သွားပြီးလျှင် 
လည်ကြိုးတပ်၍ သေလေ၏” မာသဲ ၂၇း၃-၅။ 
ထိုသို. Suicide သူမှန်သမျှ သည် ငရဲချက်ချင်းရောက်မလား၊ ကောင်းကင် လား? ယုဒရှာကရုတ် လုပ်ပုံသည် အလွန်ယုတ်မာပြီး ရွံရှာဖွယ် ဖြစ် သော်လဲ 
ဗျာဒိတ် ၂၀း ၄-၁၅ အရ မည်သူမျှ ယ္ခုချက်ချင်းလက်ငင်း ငရဲမီးအိုင် မရောက်ဘူး ပြောသော် အလွန်အံ.သြလေမလား၊ ၁ပေ ၄း၁၇ မှာလည်း အတည်ပြု ထားပါတယ်။ (ဘယ်နေရာရောက်သလဲ ဆိုတာ နောက်မှ ရေးမယ်

 ယေဇကျေ ၁၈း၂၀ ၊ မာသဲ ၁၀း၂၈ တွင် “ကိုယ်ခန္ဓွာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ကြောက်ကြလော့ ” ဟု ပြောပြီး “ရော ၆း၂၃ ၌ 
အပြစ်အခ သေခြင်း” ဖေါ်ပြသည်.အတွက် ဘုရား၏လက်ဆောင် ထာဝရအသက် မရသူသည် “ဗျာဒိတ် ၂၀း၆ - ဒုတိယသေခြင်း” ငရဲ မီးအိုင် Lake of Fire နှင်. ရင်ဆိုင်ရမည်။ ယေရှုကိုယ်တိုင် “မာသဲ ၁၀း၂၈ ၌ ဖေါ်ပြသည်. ငရဲသည် ယနေ. ယေရှုဆလင်အနီး၌ ရှိသော Gehena ” ဖြစ်သည်။ 

ထိုအရပ်သည် ငါတို.နှင်.မထိုက်တန်၊ငါတို.အတွက် မဟုတ် သော်လည်း 
ဘုရားသခင်၏ လမ်းကို မလိုက်သူသည် ယေရှု ဤကမ္ဘာ၌ အနှစ် ၁၀၀၀ အုပ်စိုးပြီးသည်.အခါ တကြိမ်တည်းဖြင်. ထာဝရစံစားမည်. Once for all နေရာ ဖြစ်၏။ တပါးတည်းသော သားတော်ကို စွန်.သည်. တိုင် ငါတို.အပေါ် သနားခြင်း
ဂရုဏာရှိခြင်း အရာကို ကြည်.ခြင်းဖြင်. ဘုရားသခင် ကျွန်ုပ်တို.ဖက်၌ ရပ်တည်ပေးခြင်းကို နားလည်ရပြီး လူအပေါင်းကို ထာဝရအသက်
 ပေးချင်ကြောင်း “ယျေ ၁၈း၃၂၊ ၂ ပေ ၃း၉” အရ သိရသည်။ 

အကယ်၍ ယုဒရှာခရုတ်သည် ငရဲမီးအိုင် သို. ဖျက်စီးခံရမည်ဟူသည်.
 နောက်ကွယ်၌ ငါတို.သေချာ ပြောနိုင်သည်. အချက်တခုကား ထို “ယေရှုဘုရားသည် ဖြောင်.မတ်၍ သူပြောသည်.အတိုင်း လုပ်သည်.ဂတိတည်ပြီး တရားသဖြင်. ဆုံးဖြတ်သော ဖြောင်.မတ်သည်. ဘုရား” ဖြစ်ကြောင်း 
Our God is a God of justice, as well as grace! ဟု 
ကျွန်တော် အမြဲဝန်ခံခဲ.ခြင်းဖြစ်သည်။ 
 ထို.ကြောင်. တချို.သော ဆရာကြီးများသည် ယုဒရှာခရုတ်လုပ်ရပ် ကို ကြည်.ခြင်းအားဖြင်. ငရဲ ရောက်မည်ဟု ယုံကြည် သုံးသပ်ကြသည် လည်းရှိသည်။ တချို.ကျတော.လည်း ၃နှစ်ခွဲလုံးလုံး ယေရှုနောက်လိုက်ခဲ. သူဖြစ်ခြင်းကြောင်. ကယ်တင်ခြင်း ရကောင်းပါရဲ. လို. သုံးသပ်ကြသည်။ တချို.သီသြလောဂျီများအဆိုအရ ယေရှုသည် သူ.၏ လောကစည်းစိမ် ငွေကို တပ်မက်ခြင်းအားနည်းချက် ကြိုသိပါလျှက်နဲ. နောက်လိုက်အဖြစ် ရွေးချယ်ခြင်းသည် သူ တနေ.နေ.တချိန်ချိန် ပြောင်းလဲဖို. မြော်လင်.ချက် ဖြင်. ရွေးခြင်းဖြစ်သည်ဟု ယုံကြည်သည်. ဆရာကြီးများလည်း မနည်းဘူး ရှိကြသည်။ တချို. ကျမ်းစာကျွမ်းကျင်သူများကလည်း ကောင်းကင်ဘုံ၌ သန်.ရှင်းသူ ထိုင်မည်.နေရာ ဗျာဒိတ် ၁၂း၂၃ ၌ ယုဒရှာခရုတ် အစား တပည်.တော်များ မဲခွဲရွေးချယ်သည်. “မသိ”အမည်ရှိသူ ထိုင်မှာ မဟုတ်၊ ရှင်ပေါလု ထိုင်မည်.နေရာ ဖြစ်သည်ဟု ယုံကြည်ထားသူတွေလည်း ရှိကြ၏။ 

အထက်ပါအတိုင်း မည်သို.မည်ပုံ ပြောဆို ယုံကြည် ခန်.မှန်း ယူဆ၊ရေးသားကြသည် ဖြစ်စေ - ကျွန်တော်.တဦးတည်း အမြင် ကတော. ဖြင်. ယုဒရှာခရုတ်ငရဲကျခြင်း မကျခြင်းသည် “ဘုရားသခင်၏ အငန်းအတာ၊ဘုရားအလုပ်” ဖြစ်သောကြောင်း ကောင်းကင်၌ ယုဒကိုတွေ.ခဲသော် ငါသည် လုံးဝ တွေဝေအံ.သြ မိန်းမောခြင်း 
အလျှဉ်း ရှိမည်မဟုတ်ဘူး လို. အရင်ကတည်းက ပြောပြီးပါပြီ၊ Why? 

ဘုရားသခင်၏ အကြံအစည် နှင်. ဘုရားသခင်၏ ကြီးမားသော မေတ္တာသည် လူ.ဥာဏ်၊လူ.ဦးနှောက် ၊ လူ.အတွေ.အကြုံ၊ ဘ၀ သင်ခန်းစာအသိဖြင်. 
မခန်.မှန်းနိုင်ပါ။ အဆုံးစွန်ဆုံးပြောမည်ဆိုသော် ယေရှုကားတိုင်၌ အသေခံရန် ပထမဆုံး အဖမ်းခံဖို.လိုတယ်ကားတိုင်၌ အသေခံခြင်းအမှု ပြီးမြောက်ဖို. သတ်မည်.သူ လိုတယ်ထို.ကြောင်. ကောင်းကင်အဖ အကြံစည်၌ 
ယုဒရှာခရုတ်လည်း ပါတယ်။ အကယ်၍ သူ မရှိပါက ကယ်တင်ခြင်း စီမံကိန်း အထမြောက် အောင်မြင် ရေးအတွက် အခြားတစုံတယောက်အား ဘုရား အသုံးပြုလိမ်.မည်၊ အဓိက အာရုံပြုရမည်. ဇာတ်လိုက်မင်းသားသည်
 ယေရှုဖြစ်ကြောင်း ၊ ယုဒသည် ဇာတ်ပို.ဇာတ်ရံ လူကြမ်းတဦးမျှသာ ဖြစ်ကြောင်း တထစ်ချ ယုံကြည်ထားပါသည်။ ထို.ကြောင်. ယုဒငရဲ ကျမကျ “အကျွန်ုပ်မသိပါ- သိချင်ရင် အဖိုးအခ ပေးပြီး ဘုရားကိုမေး”ပါ လို.ပဲ ဖြေပါရစေ။ 
အယောက်စီတိုင်းအား ထာဝရဘုရားသခင်၏ အလွန် တန်ဖိုးကြီးမြတ်လှသော ချစ်ခြင်းမေတ္တာ၊ နက်ရှိုင်းလွန်းလှသော သနားခြင်း ဂရုဏာတော်ကို 
ပိုမိုသိရှိ နားလည် လက်ခံနိုင်ဖို. ၀ိညဉ်တော်က မ,စ ပါစေသော်။ အာမင်း။

No comments:

Post a Comment