၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Wednesday 25 July 2018

"ကယ်တင်ခြင်း ဆုံးရှုံးခြင်း၊မဆုံးရှုံးခြင်းသည် ၊တဦးချင်းနှင်.ဆိုင်သည်”

ကယ်တင်ခြင်းရ/ရောက်ပြီးသူ Born again ဒုတိယမွေးခြင်းခံသူ 
အပြစ်ကျူးလွန်ပါက ငရဲရောက်၊မရောက်မည်ကို ကျမ်းစာ၌ အတိအကျမဖေါ်ပြပါ။ သို.သော် သွယ်ဝှက်သောနည်းအားဖြင်. လိုရာသို. ဆွဲမည် ဆိုပါက တစ်ပိုဒ်မက ၁၀ ပိုဒ်၊ အပိုဒ် ၁၀၀ မက ဖေါ်ပြနိုင်သည်။ ထို.သို. ကျမ်းစာ၌ အတိအကျ မဖေါ်ပြသော သွန်သင်ချက် အယူဝါဒများသည် အသင်းတော်၏ Doctrine လည်း 
မဟုတ်သလို Biblical လည်း မဟုတ် ကြောင်း တစ်ဦးချင်း၏ Free will ယုံကြည်ခြင်းနှင်.သာ သက်ဆိုင် ပါသည်။ 

ဥပမာ ၂၀၁၇ ဗာတီကန်၌ လူထုအား Pope Francis တရား ဟောချက် တွင် 
 “ ကယ်တင်ခြင်းသည် ကျေးဇူးတော် သက်သက်ကြောင်. ဖြစ်သည်၊ သို.သော် ကယ်တင်ခြင်း ရပြီးသူ၏ အသက်တာ၌ သမ္မာကျမ်းစာ သွန်သင်ချက်အတိုင်း သူတပါးအကျိုးပြုမည်. အကျင်.ကောင်းများ လုံးဝ မလုပ်ခဲ.သော် 
ကိုယ်ရထားသည်. ကယ်တင်ခြင်းလည်း တဖြေးဖြေး မှေးမြိန် 
ပျက်ပြယ်တတ်သည် ” ဟု ပြောကြားခဲ.သည်။ 

 ထိုနည်းတူ နှစ်ခြင်း Senoir Pastor , Dr. များစွာက ကယ်တင်ခြင်းသည် ရထားလမ်းကဲ.သို ဘယ်ညာ ရှိပြီး အသွား၊ အပြန်ရှိကာ စက်ဘီးရှေ.နောက်ဘီး ၂ခု ရှိသကဲ.သို. ကယ်တင်မည်. သူနှင်. အကယ်တင်ခံသူ နှစ်ဦးနှစ်ဖက် ရှိသည်။ ကယ်မည်.သူ ဘုရားဖက်မှ တကြိမ်တည်းဖြင်. ဤအမှုပြီးပြီ နောက်ထပ်လုပ်စရာ မလိုတော.ကြောင်း၊ သို.သော် အကယ်တင်ခံ လူသားဖက်မှ ခရစ်တော်၌ မတည်လျှင် (ဟော ၁၅း၇ ၊ ၁၅း ၄) နောက်ထပ် အပြစ်ပူဇော် ခွင်.မရှိ ကြောင်း (ဟေ ၁၀း၂၆-၂၇)အပေါ် အခိုင်အမာ ရပ်တည်ကြသည်။ 

နှစ်ခြင်း Senior Pastor ၄၅ နှစ်ခန်. လုပ်ခဲ.သူ Dr.C. Stanley ၏ ရေးသားချက်အရ ကယ်တင်ခြင်း ရပြီးသူမှန်သမျှ (သို.) ဗီဇ အပြစ်ဖြစ် သော အာဒံအပြစ်ကြောင်. ကျခံမည်. အငယ်ငရဲမှ လွတ်မည် ၊ သို.သော် ကောင်းကင်ဆုလာဒ် လုံးဝမရတော.ဘူး၊ ဤလောက၌ နေစဉ် သူ. ဆုတောင်းချက်အား ဘုရားသခင် နားမညောင်းရုံမက အမှောင်ကမ္ဘာ၌ ထာဝရနေရမည်၊ ဘုရားသခင် သူ.ကို မျက်နှာလွဲပြီ ဟု ဖေါ်ပြသည်။

 တချို. နှစ်ခြင်း ဧ၀ံဂေလိ Pastor များမူကား….ဘာပဲ လုပ်လုပ် ကယ်တင်ခြင်း လုံးဝ မဆုံးရှုံးဘူး၊ ကယ်တင်ခြင်းဆိုတာ ပျောက်လိုက် ပြန်ရလိုက် ၊ နောက်တခါ သူများလက်ထဲ ပါသွားလိုက် ဆိုတာမျိုး မဟုတ်ဘူး၊ ထိုသို.ဆိုသော် ကယ်တင်ခြင်း သတင်းသည် Gospel သတင်း ကောင်း မဟုတ်တော.ဘူးပဲ။ ကျမ်းစာ အစဆုံး ကယ်တင်ခြင်း ပျောက်ဆုံး နိုင်သည် ဆိုသည်. ကျမ်းပိုဒ် တခုမှ မတွေ.ဘူး၊ တွေ.ရင် ပြောကြပါ- ဟု ခပ်တည်တည် ပြောလိုက်သေးတယ်။ ဤအယူအဆကြောင်.
“ခရစ်တော် လက်ခံရင်ပြီးပြီ၊ ကယ်တင်ခြင်းရတာနဲ. တသက်စာခိုင်ပြီ၊ 
သူ.မယားကို မုဒိန်းကျင်.မလား၊ သူ.အသက်သတ်မလား၊ ငရဲတံခါးပိတ်ပြီ”
ဆိုသည်. ကျေးဇူးတရားကို အလွန်အကျွံ ဖေါ်ကျူးကာ အလွန်ညံ.ဖျင်းသော 
ဥပမာ ပေးချက်ကြောင်. ခရစ်ယန်အသက်တာ နှင်. ကားတိုင်တရား၊ 
အသွေး တော်တန်ခိုး ဝေဌခြင်းအားနည်းသည်. အကျိုးဆက်သည် 
ဘုရား ကျောင်းသွားဖို.မလို၊ ဟိုဟာဒီဟာ ရှောင်စရာ မလိုဘူး Entertainment 
တခုပဲ ဆိုသည်. အတွေး လွမ်းမိုးကာ Church တွေ လူသံတိတ်၍ ပိတ်မြဲပိတ်နေပြီဖြစ်သည်။ 

ထို.ကြောင်. ဤအယူဝါဒသည် ဂိုဏ်းနှင်.မဆိုင် လူတဦး ချင်းစီနှင်.ဆိုင်သည်။
 ယေရှုနှင်. အတူ ကားတိုင်တင်ခံ အလွန်ဆိုးညစ် ပြီး ကောင်းကွက်တခုမှ ပြောစရာမရှိသူပင်လျှင် ယေရှုအဘယ်သူနည်း သိရှိ ပြီး သူ.အပြစ်နောင်တရသည်. တခဏချင်းတွင် ခရစ်တော် နှင်.အတူ ပါရ ဒိသုဘုံစံခွင်. ရခဲ.သည် မဟုတ်လော.။ 

 ကမ္ဘာနဲ.ချီပြီး ပြောသော် အလှမ်းဝေးလွန်းသည် မြန်မာ ခရစ်ယန်များ၏ ကယ်တင်ခြင်းကို သိမြင်၊လေ.လာ သမျှ ပြောရရင် “သင်သည် ကယ်တင်ခြင်းကို ဘယ်လိုမိတ်ဆက်ခံသလဲ” ဆိုသည်. အရာနှင်. သက်ဆိုင်သည်။ 
ကျွန်တော်သိသမျှ လွန်ခဲ.သော ၁၀စုနှစ် သည်ဖက်ပိုင်း မြန်မာစကားပြောသည်. အောက်ပြည်အောက်ရွာက တရားဟောဆရာ အားလုံးနီးပါးကို 
ကယ်တင် ခြင်း ဆုံးရှုံးနိုင်ပါသလား တိုက်ရိုက်မေးသော် ကြောင်းအမ်းအမ်း ဘာပြန် ပြောရမှန်း ချက်ချင်း မသိကြဘူး၊ Why?... သူတို. စတင် Introduce 
လုပ် ပေးသူထံမှ ၊ စတင်ကြားသည်. သတင်းကောင်းကို ဘယ်လို 
လက်ခံ သနည်း ဆိုသည်. အချက်က အလွန် အရေးကြီးတယ်။ 

ထိုနည်းအတူတူပါပဲ ပြည်နယ်အချိန်.ရှိ မိတ်ဆွေခရစ်ယန်များ 
သက်သေခံချက်အရ ကယ်တင်ခြင်းဟုသည် ရှုံးဆုံးနိုင်သည် /မဆုံးရှုံးနိုင်ဘူး 
ဆိုသည်. Theology နှစ်ခု Debate ခြင်း ၊ဆွေးနွေးခြင်းသည် 
ယ္ခင် နှစ် ၄၀၊၅၀ မတိုင်ခင် ကတည်းက အထူးခေတ်စားခဲ.ပြီး 
ဟိုဖက်ဒီဖက် ဆွေးနွေးရင်း အဖြေ မှန်မရသည်. အခါ vote ဖြင်. 
ဆုံးဖြတ်ဘူးသည် ဟု ဆရာကြီးတချို. ပြော တာ ကြားဖူးတယ်။ 

သို.သော် ကျွန်တော် ငယ်စဉ်ကတည်းက ကယ်တင်ခြင်းကို မိတ်ဆက်ခံ 
ခဲ.သည်. (MEC) မာရာဧ၀ံဂေလိအသင်းတော်၏ ကယ်တင်ခြင်းကတော. 
ကယ်တင်ခြင်းဆိုတာ ၊လက်ကိုင်ဖုန်း၊ ဘောပင်၊ ခဲတံ ကဲ.သို. သူခိုးခိုခံပြီး 
အကြွေစေ.လို ပျောက်ရှနိုင်သည်. ၀ထ္ထု ပစ္စည်းမျိုး ဟု လုံးဝ မထင်ခဲ.သလို၊ 
အခိုးငွေ.၊ ပန်းရနံ.နဲ. ရေမွှေးပမာ ပျက်ပြယ် သွားနိုင်သည်. အနံ.သက် လိုလဲ 
မထင်ခဲ.ရိုး အမှန်ပါ၊ ရှင်းရှင်း ပြောရရင် နိုင်ငံခြားရောက်မှပဲ ကြားဖုးပါတယ်။ အမှန်စင်စစ် ကိုယ်က ကယ်တင်ခြင်းဆုံးရှုံးမည်ဟု ယုံကြည်လွန်းလို.
ကယ်တင်ခြင်းဆုံးရှုံးသွားမှာ မဟုတ်သလို မယုံလို.လည်း မဆုံးရှုံးပဲ
မနေပါဘူး၊ အရာခပ်သိမ်း ဘုရားအကြံစည်တော်ထဲမှာ
တန်ဆာပလာအဖြစ် ပါဝင်နေကြသူချည်းဖြစ်သည်။

နောက်ဆုံးပြောချင်တာကတော. ဟိုတခါ ပြောပြီးသလို ကျမ်းစာ ၌ 
အတိအကျ မဖေါ်ပြသော “ခလေးငယ် ငရဲရောက်မလားကယ်တင်ခြင်း ရပြီးသူ သေရင်ငရဲရောက်မလား ကောင်းကင်နိုင်ငံနဲ. ဘုရားနိုင်ငံ တူ သလားအာဒံ၌ မိန်းခလေးမမွေးပဲ ရှေသသည် ဘယ်သူ.သမီးနှင်. လက်ထပ်သလဲလူ.သမီးတို့နှင့် ဆက်ဆံ၍ရသော ဘုရားသခင်၏သား ကဘဦး ၆း၎ ၌ ပြောသည်.အတွက် အခြားကမ္ဘာမှာ လူတွေရှိလို.လား” စသည် စသည် ဖြင်. တိုက်ရိုက်
မဖေါ်ပြ လှို.၀ှက်ထားသော အရာများ သည် ဘုရားသခင် 
အငန်းအတာ ဖြစ်ပြီး တည်ဆောက်စရာမဟုတ် သောကြောင်. 
အမှန်တကယ် စပ်စုပြီးသိချင်ပါက အဖိုးအခပေးပြီး 
ဘုရားကိုမေးခြင်းသည်သာ တိကျသော အဖြေဖြစ်သည်။ AMEN

No comments:

Post a Comment