၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 16 July 2018

|| "ပြန်လည်ပြုပြင်သော ကမ္ဘာ နှင့် အသက်ထာဝရ ||

"ပြန်လည်ပြုပြင်သော ကမ္ဘာ နှင့် အသက်ထာဝရ" ထာဝရ အတိတ် ကာလ ကတည်းက ရှိခဲ့သော ဘုရားသည် အရာခပ်သိမ်း ကို ဖန်ဆင်းသည့် ဘုရားဖြစ်သည်။ ကောင်းကင်များနှင့် မြေကြီး ကို မဖန်ဆင်းခင် ကတည်းက ရှိနှင့်သော ဘုရားသည် နာမ်ဝိညာဉ် ဖြစ်သည်။ လူ ဖန်ဆင်းခြင်း မတိုင်မှီ မူလ ဖန်ဆင်းခြင်း ကို ကမ္ဘာဦးကျမ်း ၁:၁ ၌ တကြောင်းတည်းသာ ဖေါ်ပြထားသည်။ ကမ္ဘာဦးကျမ်း ၁:၂ မှ စတင်ပြီး ပြုပြင်သော ကမ္ဘာ အကြောင်း စတင်ဖေါ်ပြသည်။ မူလ ကမ္ဘာသည် နတ်ဆိုး၏ ဖျက်စီး မှုကြောင့် ပျက်စီးသွားပြီး စီရင်ခြင်း အားဖြင့် ရေလွှမ်းမိုး ပြီး မှောင်မိုက် အတိ ဖြစ်နေခဲ့ရသည်။ ထို မှောင်မိုက် အတိ ဖြစ်တဲ့ ရေလွှမ်းမိုးသော အရပ်၌ 🔺 "ဘုရား၏ ဝိညာဉ်" God, The Spirit လှုပ်ရှား မှ အသက်ရှင်ခြင်းကို အစပြု ခဲ့တာ ဖြစ်တယ်။ ဒီနောက်မှ 🔺"နှုတ်ကပတ်တော်စကား" Word အားဖြင့် 🔺"အလင်း" Light ကို စတင် ဖြစ်စေ ခဲ့ပြီး အလင်းနဲ့ အမှောင် ကို ခွဲခြားထားခဲ့တယ်။ ပြီးမှ "ရေ" ကို နှစ်ပိုင်း ခွဲလိုက်တယ်။ အထက် "ရေ" ကိုတော့ မိုးကောက်းကင် (ကမ္ဘာမြေ အထက် လေထု)ဟု ခေါ်ပြီး အောက်မှ "ရေ" ကတော့ ပင်လယ်ရေ အဖြစ် ရှိခဲ့တယ်။ သေခြင်းရေ ဖုံးလွှမ်း နေခဲ့တဲ့ ဖန်ဆင်းခြင်း အဟောင်း ကမ္ဘာရေ မျက်မှာ ပြင် အထက်သို့ ကုန်းမြေ ပေါ်ထွန်းစေလိုက် တယ်။ အထက်ပါ ဖန်ဆင်းခြင်း ကို ကြည့်ရင်။ ဘုရား၏ ဝိညာဉ် အားဖြင့် သေခြင်း မှောင်မိုက် ထဲမှ "အသက်" ကို အစပြုခဲ့တယ်။ အစပြုရာတွင် " နှုတ်တော်ထွက် စကား" ၊ နှုတ်ကပတ်တော် အားဖြင့် "အလင်း" ကို စတင်ခဲ့တယ်။ ထို့ကြောင့် 🚩"အသက်ရှင်ခြင်း ကို ဖြစ်စေတဲ့ ဝိညာဉ်တော်" 
🚩"နှုတ်ကပတ်တော်" 
🚩"အလင်း" တို့ဖြင့် အစပြုခဲ့သည်ကို သိမြင်နိုင်သည်။ 
🚩အလင်းနဲ့အမှောင် ကို ခွဲခြားထားပြီး 
🚩ရေ ၂ မျိုး ကိုလဲ ခွဲ ခြားထား တယ်။ "အထက်မှ ရေ" ဖြစ်သော ဝိညာဉ်တော် ရေ၊ နှုတ်ကပတ်တော် ရေ တို့သည် အသက်ရှင်ခြင်း ကို ဖြစ်စေသည်။ အောက်မှ ရေသည် စီရင်ခြင်း ၌ သုံးပြီး သေခြင်း ကို ဖြစ်စေသည်။ သေခြင်း ပင်လယ်နီထဲ ဘုရား၏ ရန်သူများအား နစ်မြုပ်သေဆုံးစေခြင်း။ နောင်တ နှင့် ဆိုင်သော ရေ နှစ်ခြင်း။ ပြန်လည် ပြုပြင်သော ကမ္ဘာကိုလည်း နတ်ဆိုးက တဖန် ပျက်စီးစေဖို့ သေခြင်းကို ထပ်မံ ပြုလုပ်သောကြောင့် အလင်း ကမ္ဘာက ယခု အဝိဇ္ဇာ အမှောက် လောက ပြန်ဖြစ်သွားလို့ ဘုရားက တဖန် လွန်ခဲ့တဲ့ အနှစ် ၄၀၀၀ က ကမ္ဘာကို ရေလွှမ်း မိုးခြင်း အားဖြင့် နောဧ လက်ထက်၌ တကြိမ် ထပ်မံ စီရင် ခဲ့ပြီး ကယ်တင်ခြင်းကို ဘုရားပြောသော နောဧ သင်္ဘောထဲ ဝင်နေသော သူများသာ အသက်ရှင် ခဲ့ရပြီး ကယ်တင်ခြင်း သင်္ဘေထဲ မဝင်သောသူ အားလုံး ပျက်စီး ခဲ့ရတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ က လက်ဝါးကားတိုင် အားဖြင့် စီရင်ခြင်း နောက်တကြိမ် ပြုလုပ်ပြန်သည်။ ယုံကြည်သူများ ယေရှု ခရစ်အားဖြင့် ကယ်တင်ခံခဲ့ရပြီ ဖြစ်တယ်။ နောဧ သင်္ဘောက တောင်ပေါ်မှာ ဘုရားက နောဧ ကို တည်ဆောက်စေပြီး လူတို့သည် ဘုရားစကားကို မယုံဘဲ ပျက်ရယ်ပြု ခဲ့လို့ သေဆုံးခံကြရသည်။ လက်ဝါးကားတိုင် ကိုလည်း ဘုရားက ကရာနီ တောက်ထိပ်မှာ စိုက်ထူပြီး လူတို့ ဘုရားစကား ကို မယုံလျှင် ထပ်မံ ပျက်စီး လိမ့်မည်။ ယနေ့ သည် ဘုရားက လူတို့ နောင်တရဖို့ အချိန် ပေးထားပြီး ကျေးဇူးပြု နေတာ ဖြစ်တယ်။ များမကြာမီ တဖန် ဘုရား၏ စီရင်ခြင်းကို ခံရအုံးမှာ ဖြစ်တယ်။ ဒါကြောင့် လူတိုင်း အသွေးသုပ် ထားသော ခရစ်တော်ထဲ ဝင်နေဖို့ လိုပြီ။ ခရစ်တော် ဆိုသည့် အိမ်အထဲ ရှိနေသူ သည် အသွေးသုတ် ထားသော တံခါး ဖြစ်သောကြောင့် စီရင်ခြင်း ဘေးမှ လွတ်မြောက် မည်ဟု ကျမ်းစာ အားဖြင့် ဘုရားက သတိပေး စကားပြောကြား နေသည်။ ခရစ်တော် အထဲ မနေသော သူများသည် ဘေးဒါဏ်ကြီး ကာလ ဟု ဆိုသော စီရင်ခြင်း၌ ခံရမည်ဖြစ်ပြီး ခရစ်တော် အထဲ၌ ရှိနေသူများ ဘုရား၏ ချီဆောင်ခြင်း အားဖြင့် ထိုစီရင်ခြင်း ဘေးဒါဏ်မှ လွတ်မည် ဖြစ်သည်။ ဒါကြောင့် ယုံကြည်သူတိုင်း ချီဆောင် မခံရဘဲ ခရစ်တော် အထဲ၊ ခရစ်တော်၌ ရှိနေသော သူများသာ အထက်သို့ ဆောင်ယူခြင်း ခံရကြမှာ ဖြစ်တယ်။

No comments:

Post a Comment