၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 30 July 2018

||> ပွဲတော်မင်္ဂလာသည် အဘယ်ကြောင့် အရေးကြီး သနည်း <||

ပွဲတော်မင်္ဂလာအကြောင်းကို လေ့လာခြင်းသည် စိတ်ဝိညာဉ်ကို
 နှိုးဆွ၊ နိုးထ စေသောလုပ်ဆောင် မှုတစ်ခုဖြစ်သည်။ 
အဘယ်ကြောင့်ဆိုသော် ပွဲတော်မင်္ဂထဲတွင် 
အလွန်နက်ရှိုင်းသော အဓိပ္ပါယ်ပါဝင်သည်။ 
ထိုနေ့သည် သခင် ယေရှုအသေခံ တော်မမူမှီ 
ပသခါပွဲတော်နေ့တွင် ကျင်းပပြု လုပ်သော ပွဲတော်ကြီးဖြစ်သည်။ 

ထိုနေ့သည် အသစ်သောပဋိညာဉ်တရားနှင့်စပ်ဆိုင်သော ပွဲနေ့ဖြစ်သည်ဟု သခင်ယေရှုက ဖော်ပြထားသောကြောင့် ကျွန်ုပ်တို့သည် ယနေ့
တိုင်အောင် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ထိုနေ့တွင် ခရစ်ယာန် 
များဝတ်ပြု ကိုးကွယ်ခြင်း များလည်းပါဝင်သည်။ 

ထိုနေ့ရက်ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သခင်ယေရှု၏ 
အသေခံခြင်း၊ရှင်ပြန်ထမြောက်ခြင်းနှင့် အနာဂတ်ကာလတွင် 
ဘုန်းတော်ဖြင့် သူပြန်လာမည့်နေ့ရက်ကာလ ကို စောင့်ဆိုင်းခြင်းအဖြစ်သတိရစေသည်။ပသခါပွဲတော်ကြီးသည် ယုဒလူမျိုးများအတွက် နှစ်တိုင်းကျင်းပပြုလုပ်သော 
အလွန်မြင့်မြတ်သည့် ဘာသာ ရေးပွဲလမ်းသဘင်ကြီးဖြစ်သည်။ 
ထိုနေ့သည် ဧဂျစ်လူမျိုးများ၏သားဦးများသေဆုံးသွားခဲ့သောအချိန်တွင် ဣသရေလလူမျိုး များသည် သူတို့၏တံခါးတိုင်များပေါ်တွင် 
သိုးသူငယ်အသွေး တော်သုတ် လိမ်းထားသဖြင့် သူတို့သည် သေခြင်းမှလွှတ်မြောက်သွား ခဲ့သောနေ့ ကုန်လွန်ခဲ့ပြီးနောက် ကျင်းပသောပွဲဖြစ်သည်။ သိုးသူငယ်သည် အခြောက်ကင်၍ တဆေးမပါသောမုန့်ဖြင့် စားခဲ့ကြသည်။

ဘုရားသခင်က ထိုပွဲတော်ကြီးကို နောင်လာလတံ့သော 
မျိုးဆက်သစ်များက ဆက်လက်ကျင်းပလိမ့်မည်ဟု မိန့်ဆိုထားပါသည်။ 
ထိုဖြစ်ရပ် မှန်များကို ထွက်မြောက်ရာကျမ်း ၁၂ ထဲတွင် ဖော်ပြထားပါသည်။ နောက်ဆုံးသောညစာစားပွဲတွင်၊ ပသာခါပွဲတော်ကြီးကျင်းပသည့်အချိန်တွင် သခင်ယေရှုက မုန့်ကိုယူ၍ ဘုရားသခင်ထံကျေးဖူးတော်ကို ချီးမွမ်းခဲ့သည်။ 
သူက မုန့်ကို ဖဲ့၍ သူ၏တပည့်တော်များအားပေးခဲ့သည်။ 
သူက “ထိုအခါမုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကားသင်တို့အဖို့အလိုငှါ စွန့် သောငါ၏ကိုယ်ဖြစ်၏။ ငါ့ကိုအောက်မေ့ဘို့ရာ ဤသို့ပြုကြလော့ဟု မိန့် တော်မူ၏။ 
ထိုနည်းတူညစာ စားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက် ကားသင်တို့
အဘို့အလိုငှါ သွန်းလောင်းသောငါ၏အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏” (လုကာ ၂၂း၁၉-၂၁) ဟုဖော်ပြခဲ့သည်။ 

 ထိုပွဲတော်ကြီးကို ဂုဏ်တော်ချီးမွမ်းခြင်း အားဖြင့် ဆုံးသတ်ခဲ့ကြသည် 
(မဿဲ ၂၆း၃၀)။ ထိုနောက်သူတို့သည် သံလွင်တောင်ပေါ်သို့ 
တက်သွားခဲ့ ကြသည်။ ကြိုတင်ပြောကြားချက်အရ ထိုတောင်ပေါ်တွင် ယုဒရှာကာရုတ်က သခင်ယေရှုကို သစ္စာဖောက် ရောင်းခဲ့သည်။ နောက်တနေ့သည် သခင်ယေရှု၏ကားတိုင်တင်သတ်သောနေ့ဖြစ်သည်။ ပွဲတော်မင်္ဂလာကို သတင်းကောင်းစာစောင်များထဲတွင် တွေ့ရှိနိုင်ပါသည် 
(မဿဲ ၂၆း၂၆-၂၉၊ မာကု ၁၄း၁၇-၂၅၊ လုကာ ၂၂း၇-၂၂ နှင့် ယောဟန် ၁၃း၂၁-၃၀)။ တမန်တော်ရှင်ပေါလုက ပွဲတော်မင်္ဂလာအ ကြောင်းကို 
၁ကော ၁၁း၂၃-၂၉ ထဲတွင် ဖော်ပြထားပါသည်။ 

သတင်းကောင်းထဲတွင် မတွေ့ရသော အကြောင်းအရာအားဖြင့် တမန်တော်ရှင်ပေါလု နိဂုံးချုပ်ခဲ့သည်။ “ထိုကြောင့်သခင်ဘုရား၏
မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။ သို့ဖြစ်၍လူတိုင်းကိုယ်ကိုကိုယ်စစ်ကြောပြီးမှ မုန့်ကိုယူစေ။ 

ထိုနည်းတူ ခွက်ကိုလည်း သောက်စေ။ အကြောင်းမူကား၊ မထိုက်မတန်ဘဲသောက်သောသူသည် သခင်ဘုရား၏ကိုယ်တော်ကို 
ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ မပြစ်ရောက်စေခြင်းငှါ စားသောက်သောသူဖြစ်၏” (၁ကော ၁၁း၂၇-၂၉)။ 
ကျွန်ုပ်တို့သည် “မထိုက်တန်သောအပြုအမှုဖြင့်” မုန့်နှင့်ခွက်
သုံးဆောင်ခြင်းသည် မည်သို့ သောအရာဖြစ်သနည်းဟု
မေးမြန်း နိုင်သည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် သခင်ယေရှု
 ပေးအပ်ခဲ့ သော တန်ဖိုးဖြတ်၍မရသောအဖိုးအခကို မေ့လျော့ခြင်း အားဖြင့် မုန့်နှင့်ခွက်တို့၏ စစ်မှန်သောအဓိပ္ပါယ်ကို မသိဘဲသုံးဆောင်ခြင်းကို ဆိုလိုနိုင်သည်။ သို့မဟုတ်၊ အဓိပ္ပါယ်မရှိသော 
ပွဲတော်ကြီးကျင်းပရာရောက်သွား နိုင်သည်။ 

သို့မဟုတ် ပွဲတော်မင်္ဂလာကို အပြစ်ခွင့်လွှတ်ခြင်းမရှိဘဲ 
သုံးဆောင်ခြင်းသို့ရောက် သွားနိုင် သည်။ ပေါလုဖော်ပြထားသည့်
အတိုင်း ကျွန်ုပ်တို့သည် မုန့်နှင့် ခွက်ကို မသုံးဆောင်မှီ 
မိမိကိုယ်ကိုယ် ဆန်းစစ်ရ မည်ဖြစ်သည်။ သတင်းကောင်းစာစောင်များထဲတွင်မပါဝင်သောအခြားသော ရှင်ပေါလုဖော်ပြချက်တစ်ခုသည် “အကြောင်း မူကား၊ 
သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကိုသောက်သောအခါခါ၊ သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာ တော်မမူမှီ
တိုင်အောင်ပြကြ၏။ ထိုကြောင့်သခင်ဘုရား၏ခွက်ကို မထိုက်တန်ဘဲ စားသောက်သော သူမည်သည်ကား၊ ဘုရားသခင်၏ ကိုယ်တော်နှင့်အသွေးတော်ကို ပြစ်မှားရာရောက်၏။ 

သို့ဖြစ်၍လူတိုင်း ကိုယ်ကိုကိုယ်စစ်ကြောပြီးမှ၊ မုန့်ကိုယူစေ။ ထိုနည်းတူခွက်ကိုလည်းသောက်စေ။ အကြောင်းမူကား၊ မထိုက် မတန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ကိုယ်တော်ကိုပိုင်းခြား၍ မသိ သောကြောင့်၊ မိမိအပေါ် သို့အပြစ်ရောက်စေခြင်းငှါ စားသောက်သောသူဖြစ်၏” (၁ကော ၁၁း၂၇-၂၉)။ ပွဲတော်မင်္ဂလာသုံးဆောင် ခြင်းသည် သခင်ယေရှု တဖန်ပြန်လာသောအချိန်တွင် အဆုံးသတ်သွားမည်ဖြစ်သည်။ 
ထိုအဖြစ်အပျက်များ ထဲတွင် သခင်ယေရှုပုံဆောင်ဖော်ပြထားသော ခန္ဓာကိုယ်နှင့်အသွေးတော်တို့သည် သူအသေခံခြင်း၏ 
အမှတ်တရဖြစ်သည် ကို ကျွန်ုပ်တို့သိရှိနိုင်ပါသည်။ 
၎င်း အမှတ်တရသည် ရွှေ ၊ငွေ ကျောက်မြတ်ရတနာမ ဟုတ်ပေ။ 
သို့သော် မုန့်နှင့်စပျစ်ရည်ဖြစ်သည်။ သခင်ယေရှုက မုန့်သည် သူ၏ချိုးဖဲ့သောခန္ဓာကိုယ်ဖြစ်သည်ဟု ဖော်ပြထားပါသည်။ 

ချိုးဖဲ့သောအရိုးမရှိပေ။ သို့သော်သူ၏ခန္ဓာကိုယ်နာကျင်စွာဖြင့် ရိုက်နက် ထိုးကြိုက်ခြင်း ခံစားရခြင်းသည် အသိအမှတ်ပြုဖွယ် ကောင်းပေသည် 
(ဆာလံ ၂၂း၁၂-၁၇၊ ဟေရှာယ ၅၃း၎-၇)။ စပျစ်ရည်သည် သူမကြာမှီသေသောအခါ သွန်းလောင်းမည့်အသွေးတော်ဖြစ်သည်ဟု သခင်ယေရှုက ဖော်ပြထားပါသည်။ 
သူ၊ ဘုရားသခင်၏သား တော်စစ်သည် သမ္မဟောင်းထဲတွင်
ဖော်ပြထားသော ကယ်တင်ရှင်ကြွလာမည့်ပရောဖက်ပြုချက်များပြည့်စုံ 
ရန်အတွက် ဤလောက သို့ကြွလာခြင်းဖြစ်သည် 
(ကမ္ဘာ ၃း၁၅၊ ဆာလံ ၂၂၊ ဟေရှာယ ၅၃)။ ယေရှုက “ငါ ကို
အောက်မေ့ဘို့ရန် ထိုသို့ပြုကြလော့” ဟုဖော်ပြသောအခါ သူက ထိုပွဲတော်ကြီးသည် အနာဂတ်ကာလ တွင်ဆက်လက်လုပ်ဆောင်ရမည်ဟု
 ဖော်ပြ လိုခြင်းဖြစ်သည်။ ၄င်းက ပသာခါပွဲ၊ သိုးသငယ်၏အသေခံခြင်း နှင့်လောကီသားများ၏အပြစ်များကို ယူဆောင်သွားရန်ကြွလာမည့် 
ဘုရားသခင်၏ သိုးသူငယ်တော်သည် ပွဲတော်မင်္ဂလာအားဖြင့်ပြည့်စုံခဲ့သည် (၁ကော ၅း၇)။ ပသာခါပွဲသိုးသငယ်တော် (၁ကော ၅း၇)၊ 

ခရစ်တော်သည် ကားတိုင်တော်ပေါ်တွင် အသေခံသောအခါ 
(ဟေဗြဲ ၈း၈-၁၃) သူသည် ပဋိညာဉ်ဟောင်းကို ပဋိညာဉ်အသစ်ဖြင့် အစားထိုးခဲ့သည်။ ယဇ်ပူဇော်ခြင်းစနစ်သည် နောက်ထပ်မလို 
အပ်တော့ပေ (ဟေဗြဲ ၉း ၂၅-၂၈)။ ပွဲတော်မင်္ဂလာသည် ကျွန်ုပ်တို့
အတွက် သခင်ယေရှု၏အသေခံခြင်းကို သတိရအောက်မေ့ခြင်းနှင့် သူ၏အသေခံခြင်းအား ဖြင့် ကျွန်ုပ်ရရှိသော ကျေးဇူးတော်အတွက် ပွဲကျင်းပခြင်းဖြစ်သည်။

No comments:

Post a Comment