၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 30 July 2018

!~ သမ္မာကျမ်းစာက ပြောသည်. ဆယ်ဘို့တစ်ဘို့ပေးကမ်းခြင်း~||

များစွာသော ခရစ်ယာန်များသည် ဆယ်ဘို့တစ်ဘို့ပေးကမ်းခြင်းနှင့်ပတ်သက်၍ သိရှိရန် ကြိုးပမ်းခဲ့ကြပါသည်။ အချို့သောအသင်းတော်များတွင် ဆယ်ဘို့တစ်ဘို့အကြောင်းကို ပို၍ဦးစားပေး ဟော လေ.ရှိသည်။ သို့သော်အချို့သော အသင်းတော်များတွင် ဘုရားသခင်အား
ပေးကမ်းလှူဒါန်းခြင်း နှင့်ပတ်သက်၍ သမ္မကျမ်းစာ
သွန်သင်ချက်များကို ငြင်းပယ်တတ်ကြသည်။
 
ဆယ်ဘို့တစ်ဘို့ပေးကမ်းခြင်းနှင့် အလှူဒါနပြုခြင်းတို့သည် ၀မ်းမြောက်ခြင်းနှင့်ပျော်ရွှင်ခြင်းများကို ဖြစ်စေတတ်သည်။ 

ဝမ်းနည်းစရာတခုသည် ယနေ့အသင်းတော်တွင် ပေးကမ်းခြင်းက ၀မ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်း ဖြစ်စေကြောင်းကို မသိကြခြင်းဖြစ်သည်။

 ဆယ်ဘို့တစ်ဘို့ပေးကမ်းခြင်းသည် ဓမ္မဟောင်း၏သွန်သင်ချက်ဖြစ်သည်။ ဣသရေလလူ မျိုးများသည် မိမိရရှိသောငွေကြေးများထဲမှ ဆယ်ဘို့
တစ်ဘို့ကို ပေးလှူရန်နှင့် ၎င်းကိုတဲတော် (သို့) ဗိမာန်တော်သို့
ယူဆောင်ရန် ပညတ်တော်ကသွန်သင်ထားပါသည်။
(၀တ်ပြု၊ ၂၇း၃၀၊ တောလည်၊ ၁၈း၂၆၊ တရားဟော၊ ၁၄း၂၄၊ ၂ရာ၊ ၃၁း၅)။ 

တကယ်တန်းကျတော့၊ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်က ဆယ်ဘို့တစ်ဘို့အပြင် တစ်ရာမှာ ၂၃.၃ ပေးလှူရန် တောင်းဆိုထားပါသည်။ ယနေ့ အများအားဖြင့် ဆယ်ဘို့တစ်ဘို့ ပေးလှူရန် ယူဆတတ်ကြသည်။ အချို့သော လူပုဂ္ဂိုလ်များက ဓမ္မဟောင်းထဲ၌ ဆယ်ဘို့တစ်ဘို့
ပေးကမ်းခြင်းသည် ယဇ်ပူဇော်ခြင်း ကဏ္ဍတွင် ယဇ်ပရောဟိတ်များနှင့် လေ၀ိတို့၏လိုအပ်မှုများအတွက် ဆယ်ဘို့တစ်ဘို့ကို အခွန်ကဲ့သို့ ကောက်ယူခြင်းဖြစ်သည်ဟု သိရှိကြပါသည်။ 

ဓမ္မသစ်ကျမ်းစာထဲတွင် ဆယ်ဘိုတစ်ဘို့ပေးလှူရန် တောင်းဆိုမှု(သို့)ပြန်လည်အသိပေးခြင်းကို မတွေ့ရပေ။ 
ယုံကြည်သူတို့သည် အသင်းတော်ကို ထောက်ပံ့ရန် မိမိရရှိထားသောဝင်ငွေမှ မိမိစိတ်စေတနာဆုံးဖြတ်ချက်ရှိသည့်အတိုင်းပေးလှူရန် တမန်တော်ရှင်ပေါလုက ဖော်ပြထားပါသည်။ (၁ကော၊၁၆း၁-၂) ဓမ္မာသစ်ကျမ်းထဲတွင် မိမိရရှိထားသောဝင်ငွေမှ တစ်ရာမှာမည်မျှ ပေးလှူရန်ချန်ထားရမည် ဟူ၍ဖော်ပြထားခြင်းမရှိပေ။ ၀င်ငွေနှင့်အတူချန်ထားရန် အတွက်သာပြောထားပါသည်။ (၁ကော၊ ၁၆း၂)။ 

အချို့သောအသင်းတော်များတွင် ဓမ္မာဟောင်း၏ 
သွန်သင်ချက်ဖြစ်သော ဆယ်ဘို့တစ် ဘို့ကိုစွဲကိုင်ရန်ဆယ်ဘို့ တစ်ဘို့ကိုသာပေးလှူရန်ဖြစ်ကြောင်းနှင့်ခရစ်ယာန်များအလှူဒါနပြုရာတွင်
ဆယ်ဘို့တစ်ဘို့ကိုသာပေးလှူရမည်ဖြစ်ကြောင်းခံယူထားကြသည်။
ထောက်ခံအားပေး၍သွန်သင်တတ်ကြပါသည်။ဓမ္မာသစ်ကျမ်းထဲတွင်
ပေးကမ်းခြင်း၏အရေးပါမှုနှင့်အကျိုးကျေးဇူးများကိုဖော်ပြထားပါသည်။ ကျွန်ူပ်တို့သည်မိမိစိတ်ထဲတွင်ရှိသည့်အတိုင်း ပေးလှူရ မည်ဖြစ်သည်။

 တခါတရံ ဆယ်ဘို့တစ်ဘို့ထက်များသော ပမာဏလည်းဖြစ်နိုင်သည်။ တစ်ခါတရံဆယ်ဘို့တစ်ဘို့ အောက်လည်းလျော့ နည်းနိုင်သည်။ 
၎င်းသည် ခရစ်ယာန်တို့၏ စိတ်ဆန္ဒနှင့် အသင်းတော်၏လို 
အပ်မှုပေါ်မူတည်သည်။ ယုံကြည်သူအယောက်စိတိုင်းက ဆယ်ဘို့တစ်ဘို့ပေးကမ်းခြင်း၌ ပါဝင်ရန် နှင့် မည်သို့ပေးလှူရမည်ကို
သိရှိရန် ဘုရားသခင်၏မျက်နှာတော်ကိုရှာ၍ ဆုတောင်း ရပေမည်။
 (ယာ ကုပ်၊၁း၅)။ ထိုပြင်ဆယ်ဘို့တစ်ဘို့ပေးလှူခြင်း၊ အလှူဒါန ပေးကမ်းခြင်းတို့သည် စိတ်နှလုံးဖြူစင် ခြင်း၊ ဘုရားသခင်ကို 
ကိုးကွယ်ခြင်း နှလုံးသားနှင့် ခရစ်တော်၏ခန္ဓာကိုယ် 
အတွက်ပေးကမ်းခြင်း စသော ရည်ရွယ်ချက်တို့ဖြင့် ပေးလှူရမည်။ 
“လူတိုင်း ကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ။ 

မလှူဘဲ မနေရ ဟု စိတ်ထင်နှင့် အလှူရ။ 
အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသော
သူကိုသာဘုရားသခင် နှစ်သက်တော်မူ၏” 
(၂ကော၊ ၉း၇)။ 


No comments:

Post a Comment