၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 30 July 2018

|| ယုံကြည်သူများ Church သွားခြင်းသည်. အဘယ်ကြောင့်အရေးကြီးသနည်း ||

ယုံကြည်သူ ကျွန်ုပ်တို့သည် ဘုရားကျောင်းသို့တက်ရောက်ရန် 
လိုအပ်ကြောင်းသမ္မာ ကျမ်းစာက ဖော်ပြထားပါ သည်။
သို့မှသာ ကျွန်ုပ်တို့သည် အခြားယုံကြည်သူများနှင့် 
ဘုရားသခင်ကို ကိုးကယ်၍ ၀ိညာဉ်ရေးရာ တိုးတက်ရန်အတွက်
 နှုတ်က ပတ်တော်ကိုလည်းနာယူနိုင်မည်ဖြစ်သည် 
(တမန် ၂း၄၂၊ ဟေဗြဲ ၁၀း၂၅)။ 

ဘုရားသခင်သည် ယုံကြည်သူများ အချင်းချင်း
ချစ်ခင်သောနေရာ(၁ယော ၄း၁၂)၊ 
ခွန်အားပေးသောနေရာ (ဟေဗြဲ ၃း၁၃)၊ 
“လှုံ့ဆော်” ပေးသောနေရာ (ဟေဗြဲ ၁၀း၂၄)၊ 
အစေခံသောနေရာ( ဂလာတိ ၅း၁၃)၊ 
လမ်း ပြသောနေရာ (ရောမ ၁၅း၁၄)၊ 
အရိုအသေပြုသောနေရာ (ရောမ ၁၂း၁၀) နှင့် အချင်းချင်း 
သနားကြင်နာ ဂရုဏာသက်ရောက်သောနေရာ (ဧဖက် ၄း၃၂)ဖြစ်သည်။

 လူတစ်ဦးသည် သခင်ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ်
ယုံကြည် လက်ခံသောအခါ သူ/သူမသည် ခရစ်တော်၏ ခန္ဓာကိုယ်ထဲတွင် 
ရှိသော အင်္ဂါတစ်ခုဖြစ်သည် (၁ကော ၁၂း၂၇)။ အသင်းတော်ခန္ဓာကိုယ်တစ်ခု လုံးသည် သင့်လျှော်စွာလှုပ်ရှားနိုင်ရန်အတွက် “ခန္ဓာကိုယ်အစိတ်အပိုင်း” များသည်လည်း ပူးပေါင်းပါဝင်ရ မည်ဖြစ်သည် (၁ကော ၁၂း၁၄-၂၀)။ 
ထိုနည်းတူ၊ ယုံကြည်သူ တစ်ဦးသည် အခြားသောယုံကြည်သူများ၏
ကူညီဖေးမခြင်းနှင့် ခွန်အားပေး တိုင်တွန်းခြင်းမရှိလျှင် ထိုသူသည် ၀ိညာဉ်ရေးရာ၌ရင့်ကျက်မှုရှိနိုင်မည်မဟုတ် ပေ (၁ကော ၁၂း၂၁-၂၆)။

 ထိုကြောင့်၊ ဘုရားကျောင်းတက်ရောက်ခြင်း၊ ပါဝင်ခြင်း၊ 
မိတ်သာဟာရဖွဲ့ခြင်း စသည် တို့သည် ယုံကြည်သူတစ်ဦး၏
အသက်တာတွင် မရှိမဖြစ်လိုအပ်သည်။ အပတ်တိုင်းပုံမှန်ဘုရား ကျောင်းသို့သွားရမည် ဟု “တောင်းဆိုချက်” မရှိပေ။ 
သို့သော် ခရစ်တော်ပိုင်ဆိုင်သောသူများသည် ဘုရား 
သခင်ကိုကိုးကွယ်ရန်၊ သူ၏နှုတ်ကပတ်တော်ရရှိရန်၊ နှင့် 
အခြား သော ယုံကြည် သူများနှင့် မိတ်သဟာ ရဖွဲ့ရန် 
ဆန္ဒရှိရမည်ဖြစ်သည်။

No comments:

Post a Comment