၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Saturday 11 August 2018

အခန်း (၁၂) အခန်း(၁၃) အခန်း (၁၄) အခန်း (၁၅) တော၊ ၎

အမျိုးသမီးများကဏ္ဍ အခန်း (၁၂) ထွက် ၃၅း၂၅-၂၆
တဲတော်၏ ကန့်လန့်ကာများနှင့် အမိုးမျာကို မည်သူပန်းထိုးယက်လုပ်ခဲ့သနည်း။ ဤမျှအနုစိပ်လှ၍ စိတ်ရှည်စွာ ယက်လုပ်ရမည့် အလုပ်မျိုးသည် အမျိုးသမီးများ၏ ဆက် ကပ် စွမ်းဆောင်မှုမှတစ်ပါး အခြားမဖြစ်နိုင်ရာ၊ အမျိုးသမီးများသည် ယဇ်ပုရောဟိတ်အဖြစ် တဲ တော်အတွင်း၌ အမှုတော်ဆောင်ရွက်ခွင့် မရှိရုံမျှမက လေ၀ိလူတို့၏ အလုပ်မျိုးကိုပင် လုပ်ဆောင် ခွင့်မရှိကြပါ။ သို့သော် ဘုရား သခင်သည် အမျိုးသမီးများ၏ သေးသွယ်နုနယ်လှသည့် လက်ချောင်း ကလေးများဖြင့် တဲတော် ကန့်လန့်ကာများကို ပန်းထိုးယက်လုပ်ရန် အထူးတာဝန်တစ်ရပ် အပ်နှင်း ခဲ့သည်။ ယနေ့ယုံကြည်သူ အမျိုးသမီးများကို အထက်ပါတာဝန်အပ်နှင်းပေးထားလျက် ရှိသည်။ ယနေ့လည်း ဘုရားသခင် ကျိန်းဝပ်တော်မူရာ ဗိမာန်ဖြစ်သည့် ယုံကြည်သူ များအတွက် ၀တ်စားတန်ဆာ ဆင်ယင်မှုနှင့် အသက်တာ သန့်ရှင်းသေသပ်မှုရှိရန် စီမံဆောင်ရွက်ပေးရမည့် အထူးတာဝန်ဝတ္တရားတစ်ရပ်ကို အမျိုးသမီးများအား ဘုရားသခင် အပ်နှင်းထား၏။ ယုံကြည်သူ အမျိုးသမီးတိုင်းသည် မိမိကိုယ်တိုင် ဣနြေ္ဒသိက္ခာရှိရှိ ဂုဏ်အသရေရှိရှိ ၀တ်စားဆင်ယင်တတ်ဖို့ ဂရုစိုက်ရရုံမျှသာမက မိသားစုတစ်ခုလုံးအတွက်လည်း တာဝန်ရှိပေသေးသည်။ သားသမီးများကို ကလေးသူငယ်အရွယ်မှစ၍ အကျင့်စာရိတ္တကောင်းရန်နှင့် ယဉ်ကျေးသိမ်မွေ့စွာ ၀တ်စားဆင်ယင် အသက်ရှင်တတ်ရန် မိခင်ဖြစ်သူက သွန်သင်ပေးရမည်။ ကလေးသူငယ်များ၏ ၀တ်စားဆင်ယင်မှု နှင့် အနေအထိုင် သန့်ရှင်းသပ်ယပ်မှုကို ကြည့်ခြင်းဖြင့် မိခင်ဖြစ်သူ၏ အရည်အချင်းကို သိနိုင်သည်။ ထို့ပြင် ခင်ပွန်းသည် လင်ယောက်ျား၏ သွင်ပြင်လက္ခဏာကို ကြည့်ခြင်းဖြင့် အိမ်ထောင် ရှင်မ၏ အရည်အသွေးကို အကဲဖြတ် ခန့်မှန်းနိုင်ပေမည်။ ယုံကြည်သူ အိမ်ထောင်စုတစ်ခုတွင် ဘုရားသခင်၏ အလိုတော်နှင့်အညီ ၀တ်စားဆင်ယင် တတ်ခြင်းသည် အိမ်ထောင်ရှင်မကောင်း တစ်ဦး၏ အရည်အချင်းပေါ်တွင် လုံးဝမူတည်နေသည်။ ဘုရားသခင်ကျိန်းဝပ်ရာ အိမ်တော် (ယုံကြည်သူ တစ်ဦးစီ) ကို သန့်ရှင်းသေသပ် စွာနှင့် လှပ တင့်တယ်အောင် စီမံဆောင် ရွက်ပေး ရသည့် အခွင့်ထူးသည် အမျိုးသမီး များအတွက် မည်မျှကြီး မြတ်လှသည့် တာဝန်ဖြစ်ကြောင်း ဆင်ခြင်နိုင်ပါသည်။ ဘုရားသခင် နှစ်သက်သည့် သန့်ရှင်း မွန်မြတ်သော အသက်တာမျိုးဖြစ်အောင် မိသားစုကို နေ့စဉ်နေ့တိုင် တန်ဆာဆင် ပြုပြင်ပေးရမည့် တာဝန်သည် အမျိုးသမီးများ၏ အမွန်မြတ်ဆုံး အခွင့် ထုးကြီးပင် မဟုတ်ပါလော။ ဘုန်းတော်၏ ဘုန်းအသရေကိုထင်ရှားစေသည့် အမိုးအထည်မျာကို ဣသရေလ အမျိုးသမီးများ ယက်လုပ်ဆင်ယင်ရသည့်နည်းတူ ယနေ့ခရစ်တော်၌ ရှိသော ယုံကြည်သူအမျိုးသမီးများသည်လည်း မိမိတို့၏ အပြုအမူစိတ်နေသဘောထား နှုတ်ထွက်စကားနှင့် အိမ်မှုရေးရာ ပုံသက် သေများဖြင့် ခရစ်တော်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်သည်။ ခရစ်တော်၌ ချစ်စွာသော ညီမအစ်မအပေါင်းတို့ - ခရစ်တော်၏ ဘုန်းတော်ထင်ရှားစေရန် သင့်အပြုအမူ၊ အကြံအစည်၊ အပြောအဆို၊ အနေ အထိုင်နှင့် သားသမီးစသည်တို့ကို ဆက်ကပ်အပ်နှံပြီးပြီလား။ မအပ်နှံရ သေးလျှင် ယခုအချိန်သည် အပ်နှံဖို့ အကောင်းဆုံး အချိန်ပင်ဖြစ်သည်။

 သန့်ရှင်းရာဌာန အခန်း(၁၃) ထွ ၂၅း၂၃-၄၀ 
 သန့်ရှင်းရာ ဌာနအတွင်းရှိ ပစ္စည်းများမှာ - 
 (က) ရွှေမီးခုံ၊ 
(ခ) ရှေ့တော်မုန့် စားပွဲ၊ 
(ဂ) နံ့သာပေါင်း မီးရှို့ရာ ရွှေယဇ်ပလ္လင် တို့ဖြစ်ကြသည်။ 

 ရွှေမီးခုံ (ထွ ၂၅း၃၀-၄၀) 
သန့်ရှင်းရာ ဌာနအတွင်း၌ ပထမဦးဆုံး တွေ့မြင်ရသည့်အရာမှာ ရွှေမီးခုံမှ ထွန်းလင်း တောက်ပလျက်ရှိသော အလင်းရောင်ဖြစ်သည်။ အကြောင်းမှာ သန့်ရှင်းရာဌာန အတွင်း၌ ပြတင်း ပေါက် လုံးဝမရှိသဖြင့် မှောင်မည်းနေသော်လည်း ရွှေမီးခုံ၏ အလင်းရောင်ကြောင့်အခန်းတစ်ခုလုံး လင်းထိန်နေသည်။ ထာဝရဘုရားသည် မှောင်မိုက်ထဲ၌ နေတော်မူ၏။ (၃ ရာ၊ ၈း၁၂) ခရစ်တော်သည် ဒုစရိုက် အမှောင်ဖုံးလွှမ်းသည့် ဤလောက၏ အလင်းဖြစ်တော်မူ၏ (ယော ၉း၅)။ ရွှေမီးခုံ အလယ်ဗဟိုရှိ ပင်မအခက်ကြီးကို ရွှေမီးခုံတိုင်ဟု ခေါ်သည်။ ရွှေမီးခုံတိုင်ကို ရွှေသားစစ်စစ်ဖြင့် ပြုလုပ်ထားသည်။ အလက်များ၊ ခွက်များ၊ ကြာပွင့်များ၊ ဗူးသီး များကို တစ်ဆက် တည်းဖြစ်အောင် အထူးကျွမ်းကျင်လိမ္မာသည့် ရွှေပန်းတိမ် ဆရာက ရွှေစင်တစ်ပြားတည်းကို အထပ်ထပ်အဖန်ဖန် ထုနှက်၍ ပြုလုပ်ထားသည်။ ထိုနည်းတူ ခရစ်တော်သည် ဘုရားသခင်၏ စီရင်ခြင်းဒဏ်ကို ပြင်းထန်စွာ ခံရသည်။ ရွှေမီးခုံတိုင်မှ ဖြာထွက်နေသော အလက်(၆)လက်လုံးကို တစ်စပ်တည်း ထုလုပ်ထားပြီး အလက်များပေါ်ရှိ ရွှေမီးခွက်ခုနှစ်လုံးတို့က အမှောင်ထုကိုခွင်းပြီး အလင်းရောင်ဆောင်လျက် ရှိ သည်။ ရွှေမီးခုံတိုင်သည် ခရစ်တော်ကို ဆိုလိုပြီး ကျန်အလက်(၆)လက်မှာ ယုံကြည်သူတို့ကို ဆိုလို သည်။ (ယော ၈း၁၂)။ ခရစ်တော်၌တည်သော ယုံကြည်သူများသည် ဤလောက၏ အလင်းဖြစ်ကြ၏။ 
(မ ၅း၁၄)။ မီးခွက်များထဲတွင် သံလွင်ဆီအပြည့် ဖြည့်ထားကာ နေ့ညဥ့်မပြတ် မီးထွန်းညှိထားရသည်။ (ထွ ၂၇း၂၀)။ သံလွင်ဆီမူကား သန့်ရှင်းသော ၀ိညာဉ်တော်ကို ပုံဆောင်သည် (ဇာ ၄း၁-၆)။ ယနေ့လည်း ခရစ်တော်၌တည်၍ ခရစ်တော်နှင့် ဆက်နွယ်လျက်ရှိသော ယုံကြည်သူများသည် သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် လောက အမှောင်ထု ထဲတွင် အလင်းထွန်းလင်းနိုင်စွမ်း ရှိသည် (ဧ ၅း၈)။ ယဇ်ပုရောဟိတ်ဖြစ်သူသည် မီးခွက်တစ်ခုစီကို အမြဲတစေ ဂရုစိုက်ကြည့်ရှု နေရသည်။ မီး လောင်ကျွမ်းသွားသော မီးစာ၌ အလင်းပေးနိုင်စွမ်း မရှိသောကြောင့် ယဇ်ပုရောဟိတ်သည် မီးစာ၌ ကပ်ငြိနေသည့် ချေးညှော်များကို ပထမဦးဆုံး ဖယ်ရှားသန့်စင် ပစ်ရသည်။ ထိုနောက်မှ မီးထွန်းညှိ လျှင် အလင်းရောင်တစ်ဖန် ထွန်းလင်းလာလိမ့်မည်။ ထို့အတူ ယုံကြည်သူတစ်ယောက်စီ၏ အသက်တာသည် မီးစာကဲ့သို့ဖြစ်၏။ မသန့်ရှင်းသည့်အရာများ ပိတ်ဆို့ကပ်ငြိနေလျှင် အလင်း ထွန်းလင်းနိုင်မည် မဟုတ်၍ ဇာတိတပ်မက်မှု အညစ်အကြေးများကို ဖယ်ရှားရပေမည်။ မီးခုံတိုင်နှင့်သက်ဆိုင်သော မီးညှပ်ခံစရာခွက်တို့ကိုလည်း ရွှေဖြင့်ပြုလုပ်ထားသည်။ ရွှေ မီးညှပ်ဖြင့် မီးစာတွင် ကပ်ငြိနေသော ချေးညှော်များကို ဂရုတစိုက် တစ်ခုချင်း ရှင်းလင်းဖယ်ရှားပြီး မှသာ မီးခွက်သည် တစ်ဖန်တောက်ပစွာ ပြန်လည်ထွန်းလင်း လာလေသည်။ မီးထွန်းညှိရာတွင် ရွှေစားပွဲပေါ်သို့ အလင်းရောင် ကျရောက်အောင် ထွန်းညှိဖို့ အထူးသတိပြု ရလိမ့်မည်။ (တော ၈း၃)။ အလင်းရောင်ကို ကျွန်ုပ်တို့အပေါ်သို့ မကျရောက်စေဘဲ ရွှေစားပွဲတည်း ဟူသော အရှင်ယေရှုအပေါ်သို့ ကျရောက် စေရမည်။ ဤအချက်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် အစဉ်မှတ်သား ထားရမည်။ မည်သည့်အရာကို လုပ်သည်ဖြစ်စေ ကိုယ်တော်ရှင်၏ အလင်းနှင့် ကိုယ်တော်ရှင်၏ ဘုန်းတော်ကိုသာ ထင်ရှားစေရမည်။ ကောင်းကင်ဘုံသို့ ကျွန်ုပ်တို့ ရောက်သွားသောအခါတွင်လည်း ကိုယ်တော်သည် အလင်း အဖြစ် ဆက်လက်တည်ရှိနေဦးမည်။ “မြို့လမ်းမသည် ရွှေစင်အစစ်ဖြစ်၏။ ထိုမြို့တွင် နေ၏အလင်း ရောင် လ၏အလင်းရောင်မလို အကြောင်းမူကား ဘုရားသခင်၏ ဘုန်းတော်သည် ထိုမြို့ကို လင်း စေ၏။ သိုးသူငယ်သည် ထိုမြို့၏ ဆီမီးဖြစ်သည်”။ (ဗျာ ၂၁း၂၂-၂၃) 

 ရှေ့တော်မုန့်စားပွဲ (ထွ ၂၅း၂၃-၃၀)
 ရွှေမီးခုံ၏ မျက်နှာချင်းဆိုင် တစ်ဖက်၌ မုန့်(၁၂)လုံးတင်ထားသည့် ရွှေစားပွဲ တစ်လုံးရှိသည်။ အရေအတွက်မှာ ဣသရေလ လူမျိုးစုအနွယ် အရေအတွက်နှင့် ထပ်တူထပ်မျှ ဖြစ်သည်။ ရွှေဖြင့်ကွပ်ထားသည့် သစ်သားစားပွဲမှာ ခရစ်တော်၏ ဘုရားဇာတိနှင့် လူဇာတိကို ပုံဆောင် သည်။ စားပွဲက မုန့်များကို ထမ်းရွက်သယ်ပိုးထားသကဲ့သို့ ဘုရားသခင်ပိုင် ဆိုင်သည့် ယနေ့ ယုံကြည်သူများကို ခရစ်တော်သည် ထမ်းရွက်သယ်ပိုးထား၏။ ယုံကြည်သူများကို ဘုရားသခင် လက်ခံရခြင်းသည် ခရစ်တော်ပေါ်တွင် ရှိနေခြင်း ကြောင့် ဖြစ်သည်။ ဘုရားသခင်သည်လည်း ယုံကြည်သူများအား ကောင်းကင် မီးတိုင်၏ အလင်းရောင်အောက်တွင်မျက်ခြေမပြတ် ဂရုစိုက် ကြည့်ရုနေတော်မူ၏။ ရှေ့တော်မုန့်(၁၂)လုံးသည် ဣသရေလ လူမျိုး တော်တစ်ခုလုံးကို ပုံဆောင် ဖော်ပြ နေခြင်း ဖြစ် သည်။ ဘုရားစကား နားမောထင်၍ ဣသရေလ လူမျိုး(၁၀)နွယ်အား အာရှရိပြည်သို့ ကျွန်အဖြစ် ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ဣသရေလ လူမျိုး(၂)နွယ်သာ နေရင်းမိခင် တိုင်းပြည်တွင် ကျန် ရစ်ခဲ့သော်လည်း ဘုရားသခင်၏ ရှေ့တော်မှောက်၌ မုန့်အရေအတွက် (၁၂)လုံးကို တင်ထားမြဲဖြစ် သည်။ မုန့်အရေအတွက်ကို လျော့ပေါ့တင်ထားခြင်း မရှိပေ။ အကြောင်းမူကား ဘုရားသခင်၏ သားသမီးများသည် နေရာဒေသအသီးသီးတွင် သီးခြား တကွဲတပြား ရှိနေစေကာမူ ဘုရားသခင်ရှေ့တော်မှောက်၌ ခြားနားခြင်း အလျဉ်းမရှိ။ တစ်လုံးတစ်ဝ တည်း တစ်စုတည်းအဖြစ်ရှိနေကြောင်း ဖေါ်ပြ လိုခြင်းဖြစ်သည်။ အကြောင်းမူကား ကျွန်ုပ်၏ ယခုခေတ်တွင် မုန့်(၁၂)လုံး၏ ဆိုလိုရင်း အဓိပ္ပါယ်ကို အမှန် အတိုင်း သိမြင်ခံယူတတ်ဖို့ လိုသည်။ ကျွန်ုပ်တို့ ခံယူရမည့်အချက်မှာ ကျွန်ုပ်တို့၏ စိတ်နှလုံးမှ ချစ် ခြင်းမေတ္တာနှင့် ဆုတောင်းပတ္ထနာဖြင့် ဘုရားသခင်၏ သားသမီး (လူမျိုးတော်) အားလုံးကို အစဉ် ယုယပိုက်ထွေးနေရမည်။ တစ်ဦးနှင့်တစ်ဦး ဆက်နွယ်သက်ဆိုင်နေကြောင်း ၀န်ခံရမည်။ သို့ရာတွင် မျက်မှောက်ခေတ် ခရစ်ယာန်အများမှာ လက်တွေ့၌ စာတန်မာရ်နတ်ဆိုး ၏ သွေး ထိုးမှုကြောင့် ဂိုဏ်းဂဏစွဲ၊ အုပ်စုစွဲ၊ လူမျိုးစွဲဖြင့် အကွဲကွဲအပြားပြား ခြားနားလျက် ရှိကြသည်မှာ ၀မ်းနည်းဖွယ် ကောင်းလှ၏။ ဤရှက်ဖွယ် အဖြစ်ဆိုးကြီးကို ကျွန်ုပ်တို့ အယောက်တိုင်း နောင်တရ လျက် နှိမ့်ချစွာ ၀န်ခံရပေမည်။ သို့ဖြစ်ငြားလည်း ကွဲပြားခြားနားနေသည့် ဂိုဏ်းဂဏ၊ လူမျိုးစု အသီးသီးကြားတွင် လူနည်းစု ဖြစ်သည့် စစ်မျန်သော ဘုရားသား (Born Again Believers) ၀ိညာဉ်အသက်သစ် မွေးဖွားခြင်းခံရ သော ယုံကြည်သူ)များ ရှိပါသည်။ မည်သူတွေမည်သို့ပင် ကွဲပြားနေပါစေ။ စစ်မှန်သော ဘုရား သခင်၏ သားသမီး များမူကား တစ်လုံးတစ်ဝတည်း ရှိကြသည်။ စစ်မှန်သော ယုံကြည်သူ များသည် လူမျိုး၊ ဒေသနှင့် ဂိုဏ်းဂဏ မတူသော်လည်း စိတ်ဝမ်းကွဲ ပြား ခြားနားခြင်း မရှိပေ။ တွေ့ရာနေရာတိုင်းတွင် မိတ်သဟာယဖွဲ့လျက် ပေါင်းသင်း နိုင်သည်။ အတူ လက်တွဲလျက် တစ်ပါးတည်းသော အဘ၊ တစ်ပါးတည်းသော အရှင်သခင် အတွက် အမှု တော်ဆောင်နိုင်ကြသည်။ ညီရင်းအစ်ကိုပမာ စိတ်နှလုံး အကြွင်းမဲ့ ချစ်နိုင်ကြသည်။ ခရစ်တော် ဘုရားကိုယ်တိုင်က ယုံကြည်သူအားလုံး တစ်လုံးတစ်ဝ တည်းရှိရန် အလိုတော်ရှိသောကြောင့် အောက်ပါအတိုင်း ဆုတောင်းခဲ့လေသည်။ “အို အဖ၊ သူတို့အဖို့ အလို့ငှာ ကျွန်ုပ် ဆုတောင်းပါ၏။ ကိုယ်တော်နှင့် ကျွန်ုပ်သည် တစ်လုံးတစ်ဝတည်း ဖြစ်သကဲ့သို့ ကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည့်အကြောင်း တောင်းလျှောက်ပါ၏ ၊ (၁၇း၉-၁၁) စစ်မှန်သော ဘုရားသခင်၏ သားသမီးများသည် ခရစ်တော်၌ တစ်လုံးတစ်ဝတည်း ရှိ ကြောင်း ကျမ်းစာ၌ အကြိမ်ကြိမ် သွန်သင် ဖော်ပြထား၏ (ဧ၊ ၄း၎။ ဂလ၊ ၃း၂၈)။ ရွှေစားပွဲ၏ ပတ်လည်၌ အနံလက်တစ်ဝါးကျယ်သော ရွှေခါးပန်းရှိ၍ ခါးပန်း ပတ်လည်ကို ရွှေ ဖြင့်တန်ဆာဆင်ထား၏။ ရွှေခါးပန်းသည် ရွှေစားပွဲပေါ်ရှိ မုန့်များကို အောက်သို့လျှော့မကျစေရန် ကွယ်ကာပေးထားသည်။ ၎င်းရွှေခါးပန်းသည်လည်း ခရစ်တော်ကိုပင် ပုံဆောင်လျက်ရှိပြီး အဓိပ္ပါယ်မှာ တန်ခိုးကြီးသော အရှင်ယေရှု၏ လက်တော်သည် သူပိုင်ဆိုင်သောသူများကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားရုံမျှမက ဘေးကင်းလုံခြုံစွာ ကာကွယ်ထားကြောင်း ဆိုလိုသည်။ သို့ဖြစ်၍ ခရစ်တော် ပိုင်ဆိုင်သော ကယ်တင်ခြင်းရပြီးသူများသည် ထာဝရ အသက်မပျောက်ပျက် မဆုံးရှုံးနိုင်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။ (ယော၊ ၁၀း၂၈)။ နံ့သာပေါင်း နံ့သာပေါင်းကို ဘုရားသခင် ညွှန်ကြားထားသည့် အမျိုးအမည်၊ အချိုးအဆအလိုက် အတိ အကျ ဖော်စပ်ရသည် (ထွ၊ ၃၀း၃၄-၃၈)။ အရာ လေးမျိုးဖြင့် ရောနှောဖော်စပ်ထားသော နံ့သာပေါင်းကို အဘယ်သူမျှ တုပကူးယူ
 ဖော်စပ်ခွင့်မရှိ။ ရှုရှိုက်သုံးစွဲခွင့်လည်း မရှိချေ။ ဘုရားသခင် တစ်ပါးတည်းအတွက်သာ သီးသန့်လျှို့ဝှက် ဖော်စပ်ထားခြင်းကြောင့် 
နံ့သာ ပေါင်း၏ နှစ်သက်မြတ်နိုးဖွယ်ရာ အကြောင်းကို ကိုယ်တော်ရှင် တစ်ပါးတည်းသာ သိကျွမ်းတော်မူ ၏။ အဓိပ္ပါယ်မှာ ခမည်းတော်ဘုရားသာ တစ်ပါးတည်းသော သားတော်၏ နှစ်သက်မြတ်နိုးဖွယ်ရာ အကြောင်းစုံကို သိကျွမ်းတော်မူ၏။ ခမည်းတော်သာလျှင် သားတော်၌ရှိသော ဘုန်းစည်းစိမ် အားလုံးကို သိမြင်ခံစားနိုင်စွမ်းရှိတော်မူ၏။ ခမည်းတော်က “ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း” ဟု မြွက်ဆိုလျက် သားတော်အပေါ် ချစ်ခြင်းမေတ္တာ ပြည့်လျှမ်းသည့်အကြည့် ဖြင့် ထာဝစဉ် စိုက်ကြည့်လျှက် ရှိသည်။ မီးရှို့ရာယဇ်အကြောင်းကို စဉ်းစား ဆင်ခြင်ကြည့် သည့်အခါ ခရစ်တော် လုပ်ဆောင်ခဲ့ပြီးသော ရွေးနှုတ်ခြင်းအမှုကို ကျွန်ုပ်တို့တွေ့မြင် ရပေမည်။ ယခုနံ့သာပေါင်းအကြောင်းကို ဆက်လက် ဆင်ခြင်ကြည့်သော အခါ ခရစ်တော်၌ရှိသည့် “ဂုဏ်တော်” အပေါင်းကို ကျွန်ုပ်တို့ တွေ့မြင်လာ ရသည်။ ခရစ်တော် ဘာတွေ လုပ်ဆောင်ပြီးစီးခဲ့သလဲ။ ခရစ်တော် လုပ်ဆောင်ခဲ့သော အလုပ်မည်မျှ ကြီးမားသလဲဟု မိတ်ဆွေအား မမေးလိုပါ။ ကိုယ်တော်ရှင်၏ ဂုဏ်တော်ကို သင်မည်မျှ သိပါသလဲ ဟုသာ မေးလိုပါသည်။ အကြောင်းမူကား လူပုဂ္ဂိုလ်တစ်ဦး လုပ်ဆောင်ခဲ့သော အမူအရာအားလုံးထက် ထိုပုဂ္ဂိုလ် ကိုယ်တိုင်က ပိုမိုကြီးမြတ်သည့်နည်းတူ ခရစ်တော်၏ လုပ်ဆောင်ချက် ထက် ခရစ်တော်၏ ကြီး မြတ်ခြင်း၊ ကောင်းမြတ်ခြင်း၊ အံ့သြဖွယ်မေတ္တာတော်နှင့် အခြားဘုန်းအသရေများက ပိုမိုအရေးကြီး ပါသည်။ သို့ဖြစ်၍ ယုံကြည်သူတို့သည် ခရစ် တော်၏ ဂုဏ်တော်အပေါင်းကို “ဆင်ခြင် ချီးမွမ်းခြင်း” ဟူသည့် ယဇ်ကို ဘုရားသခင် အထံတော်သို့ အမြဲပူဇော် ဆက်သနေရမည်။ သားတော်၌ ကျွန်ုပ်တို့ တွေ့မြင်ခံစားရသော မြတ်နိုးဖွယ် အံ့သြဖွယ် အချက်များကို စဉ်းစား ဆင်ခြင်လျက် ကျေးဇူးတင် ချီးမွမ်းခြင်း အားဖြင့် ခမည်းတောင်ထံသို့ ချဉ်းကပ် ကိုးကွယ်နိုင်သည်။ ကျွန်ုပ်တို့ တစ်ဦးစီ၌လည်းယေရှုခရစ်တွင်ရှိသော နှစ်သက်မြတ်နိုးဖွယ် ကောင်းသော အရာများ ဖြင့် ပြည့်ဝစုံလင်စေရမည်။ ကိုယ်တော်ရှင်၌ 
ခံစားရသော ၀မ်းမြောက် ရွှင်လန်းခြင်းများကို ခမည်း တော်အား ပြောပြတတ်ရမည်။ ကျေးဇူးလည်း တင်တတ် ရမည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် ခမည်းတော်နှင့်လည်းကောင်း၊ သားတော်နှင့်လည်းကောင်း၊ မိတ်သဟာယဖွဲ့၍ အတူဆက်ဆံ နိုင်ပါသည်။ သတိပြုရမည်မှာ ထိုသို့ ကျေးဇူးတင် ချီးမွမ်းလင့်ကစား ခရစ်တော် ဆောင်ရွက် ခဲ့သော ရွေး နှုတ်ခြင်းအမှုနှင့် ကျွန်ုပ်တို့ တစ်ယောက်စီ ခံစားရသော ကောင်းချီး မင်္ဂလာအပေါင်းကို ကုန်စင်ပြည့် စုံအောင် ကျေးဇူးတင် ချီးမွမ်းနိုင်လိမ့်မည် မဟုတ်ပါ။ အမှန်စင်စစ် နံ့သာပေါင်းပူဇော်ခြင်း (၀ါ) ကိုးကွယ်ဝတ်ပြုခြင်းသည် ကျေးဇူးတော် ချီးမွမ်း ခြင်းထက်သာ၍ နက်နဲကျယ်ပြန့်ပြီး အရေးကြီးလှသည်။ အဘယ့်ကြောင့်ဆိုသော် ကိုးကွယ်ဝတ်ပြု ခြင်းဆိုသည်မှာ ခရစ်တော်၌ရျိသော တင့်တယ်မြတ်နိုးဖွယ်ကောင်းသည့် အရာများချစ်ခြင်းမေတ္တာ နှင့် ဘုန်းစည်းစိမ် ရှိသမျှကို နှစ်ထောင်းအားရဖြစ်လျက် ဘုရားသခင်ထံ ၀မ်းမြောက်ဝမ်းသာစွာ ကျေးဇူးတင် ချီးမွမ်းခြင်းပင်ဖြစ်သည်။ ဤသို့ကိုးကွယ် ၀တ်ပြုခြင်းသည် အလွန်မွှေးကြိုင်သော ရနံ့ အဖြစ် ဘုရားသခင် အထံတော်သို့ တက်ကြွသွားကာ ကိုယ်တော်ရှင်အား နှစ်သက်ရွှင်လန်း စေ သည်။

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတိုအရှင်ယေရှုကို သင်ချစ်ပါသလား။ အကယ်၍ အရှင်ယေရှု၏ ကြီးမြတ်ခြင်း၊ ကောင်းမြတ်ခြင်း၊ ကရုဏာသဘော ရှိခြင်းနှင့် ထာဝရ မေတ္တာတော်အကြောင်းကို သင်စေ့စေ့ ဆင်ခြင် အောက်မေ့လျှင် ယခုချက်ချင်း ဘုရား သခင်ထံသို့ ချဉ်းကပ်ပြီး ကျေးဇူးတင်ကြောင်း ပြောပြလို စိတ်များ ချီးမွမ်းလိုစိတ်များ တားဆီးမရ နိုင်လောက်အောင် တဖွားဖွား ဖြစ်ပေါ်လာလိမ့်မည်။ ဤအရာသည် စစ်မှန်သော ကိုးကွယ်ဝတ်ပြု ခြင်းဖြစ်သည်။ အရှင်ယေရှု၏ ခြေတော်ကို ဗေသနိရွာမှ မာရိက ဆီမွှေးလောင်း၍ လိမ်းကျံပေးသည့်အခါ တွင် တစ်အိမ်လုံး သင်းပျံ့ထုံလှိုင်သွားသကဲ့သို့ ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်ထဲမှ ဂုဏ်တော်ချီးမွမ်းခြင်း ဟူသည့် နံ့သာဆီမွှေးကို သွန်းလောင်း ဆက်သဖို့ လိုသည်။ ဤအရာသည် ကိုးကွယ်ဝတ်ပြုခြင်း ဖြစ်သည်။ တစ်နည်း အားဖြင့် သင်းပျံ့မွှေးကြိုင်သော နံ့သာပေါင်းကို ဆက်သပူဇော်ခြင်းပင် ဖြစ်သည်။

 အောက်ခံ ကြမ်းပြင် အခန်း (၁၄)
 ရွှေအိမ်တော်၏ အောက်ခံကြမ်းပြင်ကို အဘယ်အရာဖြင့် ပြုလုပ်ထားသနည်း။ ရွှေ(သို့မဟုတ်) သစ်သားခင်းထားလိမ့်မည်ဟု သင်ထင်ကောင်း ထင်ပေလိမ့်မည်။ ဤသို့ ထင်လျှင် မှားသွားပေမည်။ အကြောင်းမှာ ရွှေအိမ်တော်၏ ကြမ်းပြင်သည် သဲပြင်အတိ ဖြစ်နေခြင်း ကြောင့်ပေတည်း။ အမြင့်မြတ်ဆုံးသော ဘုရားသခင် အတွက် အထူးသီးသန့် ဆောက်လုပ်ထားပြီး အလွန်လှပ ဆန်းကြယ်၍ တင့်တယ် မြတ်နိုးဖွယ်ရာ ကောင်းသော ရွှေအိမ်တော်၏ ကြမ်းပြင်သည် အဘယ် ကြောင့် သဲမြေဖြစ်နေသနည်းဟု မေးစရာရှိသည်။ မှန်ပါသည်။ ရွှေသားအသုံး အဆောင် ပစ္စည်းအားလုံးနှင့် ဘုရားသခင်၏ အိမ်တော်တစ်ခုလုံး သည် သဲမြေကြမ်းပြင်ပေါ်၌ တည်ရှိနေခြင်းမှာ တစ်မျိုးတစ်ဖုံ ထူခြားနေလေသည်။ ဤအကြောင်း အရာက ကျွန်ုပ်တို့အတွက် အဓိပ္ပါယ်ရှိသော သင်ခန်းစာတစ်ခု သွန်သင်လျက်ရှိသည်။ ကန္တာရနှင့် အလားသဏ္ဍာန်တူသော ဤလောကအတွင်းမှ အာဂန္တုခရီးသည်များ ဖြစ်ကြသည့် အစ္စရေးလ် လူမျိုးတော် (ယုံကြည်သူ)၏ အသက်တာသစ်အတွက် ဤလောကသည် ဘာမျှလိုချင် တက်မက် စရာ၊ ခံစားစာ၊ စွဲမက်စရာမရှိကြောင်း ဆိုလိုသည်။ ကန္တာရခရီးသည် တန်းကြီးကာ ရှေ့သို့ရွှေ့လျားနေသည်။ ယုကြည်သူ ကျွန်ုပ်တို့၏ လောက ခရီးတစ်လျှောက်တွင် ပင်ပမ်းခြင်း၊ ၀မ်းနည်းခြင်း၊ စိတ်ပျက်ခြင်း၊ ဖျားနားခြင်းနှင့် သေခြင်း- စသည့် အခက်အခဲပြဿနာ အမျိုးမျိုးတို့ကို ဓမ္မတာအတိုင်း နေ့စဉ်ရင်ဆိုင်တွေ့ကြုံရမည် ဖြစ်သော် လည်း လက်လျော့ အရှုံးပေးစရာ အကြောင်းလုံးဝမရှိပါ။ ကျွန်ုပ်တို့ချည်း အားကိုးရမဲ့ အထီးကျန် လျှောက်လှမ်းနေခြင်း မဟုတ်ပါ။ သဲကန္တာရကဲ့သို့ ခက်ခဲကြမ်းတမ်းသော ဤလောကတွင် ဘုရား သခင်သည် ကျွန်ုပ်တို့နှင့် မကွဲမကွာ နေ့စဉ်အတူ ရှိတော်မူ သဖြင့် စိုးရိမ်စရာမလိုပေ။ ကိုယ်တော် သည် မိမိသားသမီးများကို လျစ်လျူရှုမထားပေ။ ဘုရားသခင် အထံတော်သို့ နေ့စဉ်ရှေ့ရှု ချီတက်ရွေးလျား တိုးတက်နေရမည်။ မည်သည့်အရာကမျှ မိမိ၏ ခရီးစဉ်ကို ရပ်တံ့စေပြီး အမွေခံရာ ကတိတော်ပြည်သို့ သွားသည့် ခရီးစဉ်ကို ရပ်တံ့ဆီးတား မသွာပါစေနှင့်။ ချစ်မိတ်ဆွေ - စိုးရိမ်စရာအမှုများ အခက်အခဲပြဿနာများကို သင်ရင်ဆိုင်နေရချိန်တွင် ကိုယ်တော်ရှင် သည် သင့်အနီးအပါး၌ ရှိတော်မူပြီး ဘေးအန္တရာယ်အမျိုးမျိုးမှ ကွယ်ကာစောင့်ထိန်း ပေးနေ ကြောင်း သတိပြုမိပါရဲ့လား။ ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့နှင့်အတူ ရှိနေသဖြင့် အစဉ်အားယူ၍ ရဲရင့်ခြင်းရှိပါလေ။ ကျန်ရှိသော သင့်အသက်တာကို ဘုရားရှင်အပေါ် အမှီပြုပြီး ရင်ဆိုင် လျှောက် လှမ်းပါ။ “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌ လည်း ကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိ သမျှကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုး တကာတို့ကို ငါ့တပည့်ဖြစ်စေလျှက် ခမည်းတော်၊သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ နာမ၌ဗတ္တိဇံကို ပေးကြလော့-ငါသည် သင်တို့အား ပေးသမျှသော ပညတ်တို့ကို စောင့်ရှောက်မစခြင်းငှာ ဆုံးမသြ၀ါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန် သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိမည်” (မ ၂၈း၁၈-၂၀) ဟု ကတိပေးထားခဲ့သော ခရစ်တော်ကို အားကိုးပါ။ ကျွန်ုပ်တို့၏ ရည်မှန်း ချက်ပန်းတိုင်ဖြစ်သော ခရစ်တော်နှင့်အတူဘုန်း တော်ဝင်စားရမည့် အချိန် ကာလသည် များမကြာမီ ဆိုက်ရောက်လာတော့မည်။ ထမ်းပိုး အခန်း (၁၅) တော၊ ၄ ရှေ့တော်မုန့်စားပွဲနှင့် ပဋိညာဉ်သေတ္တာတို့ကို ထမ်းပိုးဖြင့် သယ်ဆောင် ထမ်းပိုး သွားရသကဲ့ သို့ ဘုရားသခင်၏ အိမ်တော်အတွင်းရှိ အခြားအသုံးအဆောင် ပစ္စည်းများကိုလည်း ခရီးသွားသော အခါတွင် ထမ်းပိုးဖြင့် သယ်ဆောင် ထမ်းသွား ရသည်။ “ထမ်းပိုး” ၏ အနက်အဓိပ္ပါယ်မျာ - ယုံကြည် သူများ ထမ်းဆောင်ရမည့် “တာဝန်ဝတ္တရား” ကို ဆိုလိုသည်။ ပစ္စည်းများကို သယ်ဆောင်သည့်အခါ အသုံးပြုသော ထမ်းပိုးသည် ကျွန်ုပ်တို့ တစ်ယောက် စီ၌ ထမ်းဆောင်ရမည့် တာဝန် များရှိကြောင်း သတိပေးနေပါသည်။ အိမ်တော်အတွင်း၌ အဖိုးထိုက် အသုံးအဆောင် ပစ္စည်းများကို လေ၀ိလူတို့က ထမ်းပိုး သယ်ဆောင်ကြရသည်။ အိမ်တော်အတွင်း မှ အဖိုးတန်းပစ္စည်းများသည် ခရစ်တော်ကို ပုံဆောင်ပြီး လေ၀ိလူမှာ ယုံကြည်သူများကို ပုံဆောင် သည် သာမန်လူတစ်ယောက်အတွက် သဲကန္တာရအတွင်း၌ လေ၀ိလူများ ခရီးသွားနေကြသည် ဟု အပေါ်ယံကြောသာ မြင်မိကြပေမည်။ သို့သော်လည်း သတိနှင့် ဂရုစိုက်ကြည့်သူများသာ အလွန် တန်ဖိုးကြီးမားလှသော ရတနာ ပစ္စည်းများကို လေ၀ိလူတို့ ထမ်းပိုးသယ်ဆောင်လာကြောင်း တွေ့မြင်ရပေမည်။ ထို့အတူ ယုံကြည်သူ ကျွန်ုပ်တို့သည် အလွန်တန်ဖိုးကြီးမားသော အံ့သြထူးဆန်းရာ ပစ္စည်း များကို ထမ်းရွက်သယ်ဆောင် ထားသူများဖြစ်ကြသည်။ အရှင်ယေရ တည်းဟူသော တန်ဖိုးမဖြတ် နိုင်လောက်အောင် အဖိုးထိုက်တန်သည့် ရတနာ သိုက်ကြီးကို ကျွန်ုပ်တို့ ပိုင်ဆိုင်ထားခြင်းကြောင့် ကြွယ်ဝချမ်းသာသူများ ဖြစ်ကြ သည်။ သို့ဖြစ်၍ အရှင်ယေရှုအားဖြင့် ကျွန်ုပ်တို့ခံစားရသော အရာများနှင့် ကိုယ်တော်၏တန်ခိုးကြီး ခြင်း၊ ကောင်းမြတ်ခြင်း၊ ချစ်ခြင်းနှင့် ကယ်မသနားခြင်းတို့ကို အခြား သူများ သိရှိခံစားလာအောင် ကျွန်ုပ်တို့ သက်သေခံရမည့် တာဝန်ရှိသည်။ မေတ္တာကရုဏာဖြင့် ခရစ်တော်ဘုရား၏ ကယ်တင်ခြင်းအကြောင်းကို သင်နှင့်ကျွန်ုပ် သက်သေခံလျှင် အပြစ်ကျွန်ဘ၀ ရောက်နေသော အပြစ်သားများ ကယ်တင်ခြင်း ရလာကြမည်။ ချစ်မိတ်ဆွေ…….. ကယ်တင်ရှင် ခရစ်တော်ဘုရားအကြောင်းကို သင်လက်တွေ့ သက်သေခံ နေပါသလား။ ရိုး သားစွာ ၀န်ခံရလျှင် ယုံကြည်သူအများစုမှာ ယနေ့တိုင်အောင် တစ်ကြိမ်တစ်ခါမျှ သက်သေမခံဖူး ကြပါ။ အကြောင်းရင်းကို ရှာကြည့်သော် ထိုသူတို့တွင် ခရစ်တော်၏ စိတ်သဘော မရှိခြင်းကြောင့် ဖြစ်သည်။ ခရစ်တော်၏ ထမ်းပိုးကို ထမ်းထားသူမှန်လျှင် မိမိတို့ခံစားရသော ခရစ်တော်၏ မေတ္တာ အရှိန်အဟုန်ကြောင့် သူတစ်ပါးကို မဝေငှဘဲ မနေနိုင်ချေ။ ဘုရာသခင်သည် ကယ်တင်ခြင်းခံစားရရှိပြီးသူများကို အသုံးပြု၍ ၀မ်းမြောက်ဖွယ် သတင်း ကောင်း ပျံ့နှံ့စေလိုသည်။ ယနေ့လောကီသားအပေါင်းတို့သည် ကျွန်ုပ်တို့အားဖြင့်သာ ဘုရားသခင် ၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတန်ခိုးကို ခံစားနိုင်မည်။ သို့ဖြစ်ခြင်းကြောင့် ဘုရားသခင်၏ ကောင်းမြတ်ခြင်း၊ ချစ်ခြင်း၊ အပြစ်လွှတ်ခြင်းနှင့် ၀မ်းမြောက်ဖွယ် ကယ်တင်ခြင်း သတင်းစကား ပျံ့နှံ့ ရေးသည် မိတ်ဆွေနှင့် ကျွန်ုပ်အတွက် အကြီးမြတ်ဆုံးသော တာဝန်ဝတ္တရားပင် မဟုတ်လော။ ခရစ်တော်ကို မရသေးသူများအား မေတ္တာကရုဏ)ာထားလျက် ယခုအချိန်မှစ၍ ၀မ်းမြောက် ဖွယ် သတင်းကောင်းကို ဝေငှပြောကြားကြပါစို့။ 

No comments:

Post a Comment