၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 13 August 2018

Dr.Billy Graham ၏ မှတ်သားဖွယ်စကားထဲမှတချို.

(၁) ငါ.အိမ်သည် ကောင်းကင်ဘုံ၌ ရှိ၏။
ငါသည် ဤလော၌ ဧည်.သည်မျှသာ ဖြစ်၏။
 (၂) ဆုတောင်းခြင်းသည် နှစ်လမ်းသွား ကဲ.သို. 
ဘုရားသခင်နှင်. သင် အပြန်လှန်စကားပြောခြင်းဖြစ်သည်။

 (၃) ဘုရားသခင်သည် လူတိုင်းအား လက်နှစ်ဖက် ပေးထားသည်။ 
တဖက်သည် ပေးကမ်းဖို.ဖြစ်ပြီး အခြားတဖက်သည် 
လက်ခံဖို.ဖြစ်ကာ ရေတိုင်ကီ၌ရေသိုထားသကဲ.သို.
 လှောင်ထားဖို.မဟုတ်၊ ပေးကမ်းဖို. ဖြစ်သည်။ 

(၄)ဘုရားသခင်သည် ငါတို.အဖို. ပျော်စရာကောင်းသော
 ကောင်းကင်ဘုံအား ပြင်ဆင်ထားသည်။ အကယ်၍များ 
အိမ်ခွေးလေးတောင် ခေါ်သွားမည်ဆိုသော် သူ.အတွက် 
 နေရာရှိမည်ဟု ငါ ယုံကြည်သည်။

 (၅) သုတ္တံကျမ်းအား တနေ.ငါးခန်း ဖတ်တိုင်း 
ဘုရားသခင်နှင်. အတူသွားလာနေသကဲ.သို. ခံစားသည်။ 
 (၆) ကောင်းကင်ဘုံသည် ငါတို.အား ကြီးမားသော 
 မျော်လင်.ခြင်းကို ပေးပြီး လက်ရှိ လောကဓါဏ် ခံနိုင်ရည် ပိုမိုရှိစေသည်။

 (၇)ဘုရားသခင်သာ ငါတို.အား တို.ထိ၊ပြောင်းလဲ 
ကယ်တင်နိုင်သောအရှင် ဖြစ်သည်။ 
 (၈) ဧ၀ံဂေလိ၏ လှို.၀ှက်သော အောင်မြင်ခြင်းသည် 
 လေ.လာခြင်းနှင်. ဆုဆောင်းခြင်းဖြစ်သည်။ 

(၉)ဘယ်လောက် အသက်ကြီးပါစေ၊ နေ.ရက်တိုင်းသည် 
ဘုရားသခင်၏ လက်ဆောင်ဖြစ်သည်။ 
 (၁၀) သမ္မာသစ်၌ မည်သည်. တမန်တော်မဆို 
ပင်စင်ယူပြီး အနားယူသောသူ ဘယ်သူမျှမရှိပါ။

 (၁၁)ကျမ်းစာအရ ဘုရားသခင် ငါတို.အား လောက၌ 
ထားခြင်းသည် ရည်ရွယ်ချက်ရှိသည် ။ မဟုတ်လျှင် ချီဆောင်တာ ကြာပြီ။
  (၁၂) ငါ မသိတာတွေ များစွာ ရှိသေးသည်။

(၁၃) ငါ သာ၍ အသက်ကြီးလေ ပိုပြီး ရင်.မှည်.၍ 
အရသာရှိသော အသီးကဲ.သို. ခွင်.လွတ်ခြင်းနှင်.
 မေတ္တာတရား၌ ကျင်လည်ရ၏။ 

(၁၃) လူတိုင်း ဘုရားထံမှ ကောင်းခြင်း နှင်. နတ်ဆိုးထံမှဆိုးခြင်း
နှစ်ရပ်ကို နေ.စဉ် ကြုံတွေ.နေရသည်။ စာတန်သည်လည်း အသက်ရှင်နေသောကြောင်. ပို၍ အားကြီးပြီး မသိနားမလည်နိုင်သည်. သူ.လျှို.ဝှက်ချက် များစွာ ရှိနေသည်ဟု ယုံကြည်သည်။ 

(14)သိပံနည်းကျကျ လက်တွေ. သက်သေမပြနိုင်သော်လည်း 
ဘုရားအသက် ရှင်ကြောင်း ငါယုံကြည်သည်။
 (15)လူတယောက်နှင်. ငါးမိနစ်မျှ စကားပြောရုံဖြင်. 
သူ.နှလုံးသားကို သိနိုင်သည်။ 

(16) သေခြင်းတဖက်၌ ဘုရားသခင်နှင်. 
မျက်နှာချင်းဆိုင် တွေ.မည် ဆိုသည်. ကြီးမားသော
 မြော်လင်.ခြင်းရှိသည်။ 

(17) အသက်ကြီးရင်.ခြင်းသည် ရိုသား၍ 
စစ်မှန်ခြင်း ဖြစ်သောကြောင်. တန်ဖိုးကြီးလှ၏။ 
(18) လူမည်သည်ကား ဘုရားမဲ.ဖြစ်ဖို. မွေးလာခြင်းမဟုတ်၊ 
ဘုရားကို ယုံကြည်ဖို. မွေးလာခြင်းဖြစ်သည်။

 (19) ငါ.မှာ ဝမ်းနည်းခြင်း သိပ်မရှိခဲ.ဖူးပါ။ 
(20) ခရစ်ယန်များသည် အသင်းတော်၏ ကန်.သတ်မှု၌ မရှိသင်.ပါ။ 
(21) မလိုမုန်းတီးခြင်းနှင်. အာဃာတ တရား ဘယ်တော.မှ မရှိခဲ.ဘူးပါ။

 (22) ကျမ်းစာ၌ Homosexual သည် အပြစ်ဟု သွန်သင်ပြီး 
မာနကြီးခြင်း မုန်းတီးခြင်း သည်လည်း အပြစ်ဟု သိရသည်။ 
ထို.ကြောင်. ထိုအရာ ကျော်လွှားနိုင်ရန် လိင်တူဆက်ဆံခြင်းကို ရွေးချယ်ခြင်းမဟုတ်ဘူး ဟု ယူဆသည်။ 

(23) ကြွယ်ဝခြင်း ဆုံးရှုံးရုံဖြင်. အရာခပ်သိမ်း မဆုံးရှုံးသေးပါ။ 
ကျန်းမာခြင်း ဆုံးရှုံးပါက တစုံတခု ဆုံးရှုံးသွားပြီး အကျင်.သိက္ခာ 
ဆုံးရှုံးပါက အရာရာ ဆုံးရှုံးခြင်းဖြစ်၏။ 

(24)ယုံကြည်ပါ- ခေါင်းမော.ကြည်.လိုက်ပါ- ကောင်းကင်
တမန်များသည် သင် ထင်ထားသည်ထက် သာ၍ အနီးအပါး၌ ရှိ၏။ (25)အကြီးမြတ်ဆုံးသော ဆုတောင်းခြင်းသည် ချီးမွမ်းခြင်းဖြစ်သည်။

No comments:

Post a Comment