၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 13 August 2018

|| ဆရာကြီး Kenneth E. Hagin ၏ ပြောစကားများ ||

၁) သင်.နှလုံး၌ ယုံကြည်သည်.အတိုင်း ပါးစပ်ဖြင်.
 ပြောထွက်ခြင်းသည် ယုံကြည်ခြင်း၏ နည်းလမ်းဖြစ်၍ 
ထိုအရာကို သင် ပိုင်ဆိုင်ပြီဖြစ်သည်။  

၂)ခံစားချက်ဆိုတာ ခန္ဒာကိုယ်၏ အသံ၊ အကြောင်းအရာသည် 
စိတ်၏ အသံ၊ နှလုံးသား အသိတရားမူကား ၀ိညဉ်တော်၏ အသံဖြစ်၏။

၃) ၀န်ခံခြင်းဖြင်. လွတ်မြောက်ခြင်း(၀ါ) ချုပ်နှောင်ခြင်း ဖြစ်စေ၏ ။ 
ဝန်ခံခြင်းသည် ယုံကြည်ခြင်း၏ အဖြေဖြစ်ပြီး ငါတို.ယုံကြည်ခြင်းသည် 
ငါတို.၏ မှန်ကန်သော ထင်မြင်ချက်နှင်. မှားယွင်းသော 
ထင်မြင်ချက်၏ အဖြေ ဖြစ်သည်။

၎) သန်.ရှင်းသော ၀ိညဉ်တော် ဦးဆောင်မှု၏ ရလာဒ်သည် 
အစဉ် အောင်မြင်ခြင်းဖြစ်သည်။

၅)သင်.ယုံကြည်ခြင်းကို အစာကျွေးပြီး သံသယကို အငတ်ထားပါ။ 

၆) ယုံကြည်သူမှန်လျှင် နတ်ဆိုး၏ မူးယစ်ဆေး ဖြစ်သော 
သံသယ၊ ကြောက်ခြင်း သံဝေဂနှင်. မဆက်ဆံ မပါတ်သက်ရဘူး။ 

၇) အခြားသောဘာသာဖြင်. ဆုတောင်းခြင်းသည် 
သင်.၀ိညဉ်၏ ဘက်ထရီ အားသွင်းသကဲ.သို. အားပြည်.စေမည်။ 

၈) ဘုရားသခင်သည် အနာငြိမ်းခြင်း၊လွတ်ခြင်းနှင်.
 ပြည်.စုံသော တန်ခိုးရှင်ဖြစ် သည်။ 

၉) သမ္မာကျမ်း အစမှအဆုံးထိ ဘုရားသခင်သည် 
ဆာငတ်၍ ရှာဖွေသောသူ အတွက် ကိုယ်စိတ် ၀ိညဉ် 
ကယ်တင်ခြင်းအပြည်. ပေးထားသည်။ 

၁၀) ဘုရားသခင်အား သင်.ယုံကြည်ခြင်း ပေးကမ်းခြင်း 
၊ကောင်းသော အပြုအမူ ဖြင်. ဂုဏ်ပြုပါ။

၁၁) အချိန်များစွာ၌ ငါတို.အတွေးသည် သမ္မာကျမ်းစာနှင်. 
လွဲမှားသည်.အခါ ထင်မြင်ချက်များ လွဲမှားပြီး 
ယုံကြည်ခြင်းလည်း မှားယွင်းလျှက် အပြောဆိုလည်း 
လွဲမှားသွားတတ်သည်။ 

၁၂) ငွေကြေး ချမ်းသာခြင်းသည် မမှားသော်လည်း
 ငွေကြေးအတွက် သင် အသက်ရှင်ပါက မှားသွားပြီ။

No comments:

Post a Comment