၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Sunday 11 August 2019

|| ကောင်းသော အကျင့် ||

ကောင်းတာလုပ်ရင် ကောင်းရာသို့ ရောက်မည်လော. (No)  
ထာဝရဘုရား၏ သမ္မာကျမ်းစာတော်မြတ်တွင် ယေရှုဘုရား
 ဖြင့်သာ ကောင်းရာသုခဘုံသို့ရောက်ရာ တစ်ခုတည်းသော
လမ်း ဖြစ်သည် ဟုဖေါ်ပြထားသည်။ 
အမြင်ကျဉ်းသော အယူဝါဒဟု ထင်ပါသလား။ 
သမ္မာကျမ်းစာကို မည်သူက မည်သည့်အချိန်တွင် 
အဘယ်ကဲ့သို့ ရေးသားခဲ့ ကြပါသနည်းဆိုသော် 
သမ္မာကျမ်းအား ခရစ်ယာန်တို့၏ ကျမ်းဟုထင်တတ်ကြသည်။ 
သို့သော် သမ္မာကျမ်းကို ဖွင့်လိုက်ပါက မည်သည့်ဘာသာ မည်သည့်
လူမျိုး၏ ကျမ်းဟုမပါဘဲ ဓမ္မသစ်နှင့်ဓမ္မဟောင်းကျမ်းတည်းဟူသော 
ထာဝရဘုရား၏ သမ္မာကျမ်း ဟုသာဖေါ်ပြထားပါသည်။

 ထာဝရဘုရားရှင် ကိုယ်တော်တိုင်က သူ၏ သန့်ရှင်းသူ လူပေါင်း ၄၀ ခန့်ကို အသုံးပြုပြီး ရေးသားသူတို့နှင့် ရေးသားကြသော အချိန်၊နေရာဒေသမတူကြပါ။ တစ်ဦးနှင့် တစ်ဦးတိုင်ပင်မှုလည်းမရှိ၊ အဆင့်အတန်း အလွှာခြင်းလည်း မတူညီကြပေမည့် သူတို့ အားလုံး၏ ရေးသားချက်များမှာ ရည်ရွယ် ချက်၊ ဦးတည်ချက် တစ်ခုတည်းဖြစ်၍ ရှေ့နောက်ညီညွှတ်မှုလည်း ရှိပါသည်။ 

ဓမ္မဟောင်း (၃၉) ကျမ်းကို စာပေစတင်တီထွင် 
အသုံးပြုချိန်ဖြစ်သည့် ဘီစီ (၁၅၀ဝ) ခန့်တွင် စတင်ရေး
သားခဲ့ပြီး နောက်ဆုံး ရေးသားချိန်မှာ ဘီစီ (၄၀ဝ) ဖြစ်သည်။ ဓမ္မသစ်ကျမ်း(၂ရ)ကျမ်းကို အေဒီ(၄၀) နှင့် အေဒီ(၉၀) ကြားတွင်
ရေးသားခဲ့ပြီး မူလလက်ရေးမူများကို အေဒီ(၁၃၀) တွင်ပြန်လည်အက္ခရာတင်ခဲ့ပါသည်။ ထို့ကြောင့် သမ္မာ
ကျမ်းစာကို ရေးသားချိန်မှာ နှစ်ပေါင်း ၁၆၀ဝခန့်ကြာမြင့်သည်။ 

လူပေါင်းလေးဆယ်ခန့်ရေးသားခဲ့သော (၆၆) ကျမ်းပါ 
သမ္မာကျမ်း စာအုပ်သည် ခေတ်အဆက်ဆက် ရောင်းအကောင်း
ဆုံး နှင့်လက်ဆောင်ပေးမှု အများဆုံး ဖြစ်ပါသည်။ လူသားတိုင်း 
ဖတ်သင့်သော စာအုပ်ဖြစ်၍ သမ္မာကျမ်းစာတော်မြတ်ကို
 ဘာသာစကားပေါင်း (၂၅၀ဝ) ခန့်ဖြင့် ဘာသာပြန်
ပုံနှိပ်ဖြန့်ချီခဲ့ပြီး ဖြန့်ချီနေဆဲ ဖြစ်ပါသည်။

 ခောတ်အဆက်ဆက် မလိုလား
သူတို့၏ ဖျက်ဆီးခြင်းကို ခံရသော်လည်း ပျောက်ပျက်
သွားခြင်းမရှိခဲ့ပါ။ အစဉ်အမြဲခေတ်မှီနေပြီး ဘယ်နှစ်ကြိမ်ဖတ်ဖတ် 
မရိုးနိုင်သော စာအုပ်လည်းဖြစ်ပါသည်။ သမ္မာကျမ်းစာတော်မြတ်သည် အသက်ရှင်၍ တန်ခိုးနှင့်ပြည့်စုံတော်မူပြီး လူသားတိုင်း၏ 
အပြစ်ကိုဖေါ်ပြပေးကာ ကောင်းကင်နိုင်ငံတော်
သို့ရောက်ရန် လမ်းညွှန်မှု ကိုပေးသော
စာအုပ်ဖြစ်ပါသည်။

 စာတန်မာရ်နတ်၏ စုံစမ်းနှောက်ယှက်မှုများကို အောင်မြင်
 နိုင်ရန် လမ်းပြသောစာအုပ်ဖြစ်၍ ကမ္ဘာပေါ်တွင် စာတန်မာရ်နတ်
အမုန်းဆုံး စာအုပ်လည်းဖြစ်ပါသည်။ စိတ်ကျန်းမာရေး၊ နိုင်ငံရေး၊ 
စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ အားလုံးတို့ကို လမ်းညွှန်မှုပေးသော
စာအုပ်ဖြစ်ပြီး သိပ္ပံပညာရှင်အများစု ကလည်း သိပ္ပံပညာနှင့် ကိုက်ညီမှုရှိသောစာအုပ် ဖြစ်ကြောင်း မှတ်တမ်း တင်ခဲ့ပါသည်။

 သမိုင်းကို အဓိကထားသောစာအုပ် တစ်အုပ်
မဟုတ်သော်လည်း လူသားတို့ ၏ အစနှင့် ခောတ်
အဆက်ဆက် မည်ကဲ့သို့တိုးပွါးလာပြီး ဘာသာစကားနှင့် 
တိုင်းနိုင်ငံ များမည်ကဲ့သို့ ပေါ်ပေါက်လာခြင်းသာမက 
ကမ္ဘာမြေကြီး သည် အဘယ်ကဲ့သို့ အဆုံး သတ်မည်
ဆိုသည်အထိ စုံလင်စွာရေးသားထားသော 
တစ်ခုတည်းသော စာအုပ်ဖြစ်ပါ သည်။ 

သမ္မာကျမ်းပါ အဖြစ်အပျက်အကြောင်းစုံကို 
သမိုင်းသုတေသီ ပညာရှင် များစွာတို့၏ တူးဖေါ်တွေ့ရှိချက်
များနှင့် သုတေသနပြုချက်များအရ သမ္မာကျမ်းပါ 
သမိုင်းအကြောင်းအရာ များတို့သည် မှန်ကန်ကြောင်း
 ထောက်ခံခဲ့ကြပါသည်။

No comments:

Post a Comment