၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 12 August 2019

|| တန်တယ် || သိပ် - တန်ပါတယ် ||

*တခါတခါ~ သူတစ်ပါးရဲ့ရောဂါဝေဒနာကို စာနာ 
သနားတတ်ရန် ကိုယ့်မှာ ရောဂါဝေဒနာတွေ ကြိတ်မြိတ်ခံစားနေရတာလည်း||တန်ပါတယ်||

*တခါတခါ မရှိဆင်းရဲသားကို သနားကြင်
နာတတ်ရန် ရှုံးနှိမ့်ကျဆင်းမှုတွေ 
ကြုံတွေ့နေတာလည်း|| တန်ပါတယ်||

*တခါတခါ ပြဿနာအခက်အခဲကို ရင်ဆိုင်နေသူတွေ 
ကိုယ်ချင်းစာတတ်ရန် ပြဿနာအခက်အခဲ
ထဲ၌ နှစ်မြုပ်နေရတာလည်း|| တန်ပါတယ်||

*တခါတခါ နှိမ့်ချသော စိတ်နှလုံးရှိလာဖို့ရန် 
ကိုယ့်မှာမစုံလင်မှုနှင့် အားနည်းချက်တွေ
ရှိနေတာလည်း|| တန်ပါတယ်||

*တခါတခါ ဘုရားသခင်ကိုသာ မျှော်လင့်
အားကိုးတတ်ရန် လူတွေရဲ့လျစ်ရှု ကျောခိုင်းမှုဒဏ် ခံနေရတာလည်း||တန်ပါတယ်||

 တခါတခါ သည်းခံတတ်သော စိတ်ထားလေးတွေ 
ရှိလာနိုင်ရန် ဆင်းရဲ ဒုက္ခလှိုင်းတံပိုးဒဏ်
ခံနေရတာလည်း|| တန်ပါတယ် ||

*တခါတခါ ဘုရားသခင်နှင့် နီးကပ်လာပြီး
သူနှင့်အတူ နေ့စဉ်အသက်ရှင်တတ်ရန် သင်ခန်းစာ
သင်ယူခွင်.ရတာတွေလည်း|| တန်ပါတယ် ||

*တခါတခါ နောင်တမလွန်ဘဝ ထာဝရအိမ်တော်မှာ
 ကြည်နူးစွာရယ်မောနိုင်ရန် ယခုဘဝ သိင်္ခါရနေအိမ်မှာ ငိုကြွေးမြည်တမ်းနေရတာလည်း|| တန်ပါတယ်||

 *တခါတခါ သူတပါးကို ချစ်ခင်မြတ်နိုးပြီး
အကြင်နာတရားထားတတ်ရန်
အမုန်းခံရတာလည်း|| တန်ပါတယ်||

 *တခါတခါ ကောင်းကင်အဖ၏ ရင်ခုန်သံများ
 ကြားတတ်စေရန် ဆိတ်ငြိမ်သော အချိန်နာရီများကို ဖြတ်သန်းရတာလည်း||တန်တယ်||အလွန်တန်ပါတယ်||

 တန်ဖိုးဖြတ်လို့မရတဲ့. ဘဝသင်ခန်းစာတွေပါ-  
ဘုရားသခင်ကိုချစ်သော သူတည်းဟူသော
 ကြံစည်တော်မူခြင်း အတိုင်း ခေါ်တော်မူသော သူတို့၏ 
အကျိုးကိုခပ်သိမ်းသော အရာတို့သည် တညီတညွတ်တည်း
 ပြုစုကြသည်ကို ငါတို့သိကြ၏။ (ရောမ ၈:၂၈) အာမင်း

No comments:

Post a Comment