၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Wednesday 4 September 2019

( စိတ်အားကြီးသူများသာလျှင် အမှုတော်ပြီးစီးစေတယ် )

ဘုရားသခင်အတွက် စိတ်အားကြီးသူများကသာ 
အမှုတော်ပြီးစီးစေတယ်။ (The zeal of theLORD) 
 ✅ ဘုရားသခင် ကြီးမားစွာ အသုံးပြုခြင်းခံရသူတွေဟာ 
ဘုရားနာမအတွက် စိတ်အားကြီးသူတွေ ဖြစ်ကြတယ်။ 
သင်ဟာ ဘာမှဖြစ်မလာလဲရပါတယ် ဆိုပြီး သွေးအေးသူလား
ဒါမှမဟုတ် -အမှုတော်မပြီးလို့မဖြစ်ဘူးဆိုပြီး 
ဘုရားသခင် အတွက် စိတ်အားကြီးသူလား

 ကျမ်းစာထဲမှာ ဘုရားသခင်ကို စိတ်အားကြီးသူအဖြစ် ဖေါ်ပြထားတယ်။ မိမိတစ်ခုခုလုပ်ဖို့ စိတ်ပြဌာန်းထားရင် စိတ်အားကြီးစွာနဲ့ 
ပြီးစီးစေတယ်လို့ ဖေါ်ပြတယ်။ 

"ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော် 
အားကြီး၍ ထိုအမှုကို စီရင်တော်မူလိမ့်မည်" (ဟေရှာ ၃၇:၃၂) 
(The zeal of the Lord will do this.) 
ဆိုတဲ့စကားကို အကြိမ်ကြိမ်တွေ့ရတယ်။ 

"ထာဝရဘုရားသည် သူရဲကဲ့သို့ထွက်ကြွ၍ စစ်သူရဲကဲ့သို့ 
ကိုယ်စိတ်ကို ကိုယ် နှိုးဆော်တော်မူမည်။ အော်ဟစ်ကြွေးကြော်၍ ရန်သူတို့တဖက်၌ အားထုတ်တော်မူ လိမ့်မည်။" (ဟေရှာ ၄၂:၁၃) 

"စိတ်အားကြီးခြင်း ဝတ်လုံကို ယူတင်ဝတ်ဆောင်တော်မူ၏"(ဟေရှာ ၅၉:၁၇) သခင်ယေရှုဟာလည်း ဘုရားအိမ်တော်အတွက် စိတ်အား ကြီးသူဖြစ်တယ်။ 
"ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို စားပါ၏" 
(Zeal for your house has consumed me) (ယော ၂:၁၇) 

✅ စိတ်အားကြီးခြင်း (zeal of the Lord) ဆိုတာ ဘုရားသခင်ထံမှလာတဲ့ စွမ်းအားတစ်ခုဖြစ်ပြီး သင့်အသက်တာအတွက် ဘုရားသခင်၏
အလိုတော်ကို လုပ်ဆောင်ဖို့ ခွန်အားပေးတဲ့အရာ ဖြစ်တယ်။

  စိတ်အားကြီးခြင်းနဲ့ ဘုရားထံမှ အခွင့်အာဏာ အမြဲဒွန်တွဲနေတယ်။ 
ဒါကြောင့် သင့်မှာ ဘုရားရဲ့စိတ်အားကြီးခြင်းမျိုး မရှိဘဲနဲ့ ဘုရားထံမှ အခွင့်အာဏာနဲ့ မလှုပ်ရှားနိုင်ဘူး။  ဧလိယဟာ စိတ်အားကြီးသူဖြစ်ပြီး ကရမေလတောင် ပေါ်မှာ ဗာလပရောဖက်တွေကို 
ထိပ်တိုက်ရင်ဆိုင်လျက် အပြီးရှင်းပစ် လိုက်တယ်။ (၃ ရာ ၁၈) 

 ယေဟုဟာ ဘုရားအတွက် စိတ်အားကြီးသူဖြစ်ပြီး ဗာလဘုရား၏
ပရောဖက်များနဲ့ ယဇ်ပုရောဟိတ်များကို သုတ်သင်ဖယ်ရှားခဲ့တယ်။(၄ ရာ ၁၀)  ပေါလုဟာ စိတ်အားကြီးသူ ဖြစ်တယ် (တမန် ၂၂:၃-၄) 
သင်ရော စိတ်အားကြီးခြင်း ဝတ်လုံကို ဝတ်ဆင်ပါသလား။ 

ဘုရားသခင်ခိုင်းတဲ့အမှုကို ပြီးစီးစေဖို့ စိတ်အားကြီးခြင်း 
လိုအပ်တယ်။ (ရောမ ၁၂:၁၁) 
စိတ်အားကြီးခြင်းမရှိဘဲ ဘာမှ ကြီးကြီးမားမား မဖြစ် မြောက်နိုင်ဘူး။  စိတ်အားကြီးခြင်းရှိတဲ့အခါ သင့်ဝိညာဉ်ပိုင်း ကြီးထွားတိုးတက်လာတယ်။  စိတ်အားကြီးခြင်းက လူတွေကို ပြောင်းလဲစေတယ်။

✅ စိတ်အားကြီးခြင်းဟာ ပြင်ပအခြေအနေနဲ့ မဆိုင်ဘူး။ 
အတွင်းထဲကလာပြီး သန့်ရှင်းသောဝိညာဉ်တော် ထံမှ ရရှိတယ်။ 
ဒါကြောင့် အမြဲစိတ်အားကြီးစွာ လုပ်ဆောင်နိုင်ဖို့ ။ သန့်ရှင်းသော 
ဝိညာဉ် နဲ့ အစဉ်ပြည့်ဝပါ။(ဧဖက် ၅:၁၈)  စိတ်အားကြီးသူတွေနဲ့ ပေါင်းဖေါ်ပါ။ စိတ်အားကြီးခြင်းဖြင့် လုပ်ဆောင်တဲ့အခါ ဘုရားထံမှ အခွင့်အာဏာနဲ့ သင်လုပ်ဆောင်နိုင်မယ်။ သင့်အတွက် ဘုရားသခင် ၏အလိုတော်နဲ့ 
ရူပါရုံကို ပြီးစီးစေနိုင်လိမ့်မယ်။ စိတ်အားကြီးခြင်းဝတ်လုံကို အမြဲ 
ဝတ်ဆင်နိုင်ဖို့ ဘုရားသခင် ကောင်းကြီးပေးပါစေအာမင်း

No comments:

Post a Comment