၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Wednesday 4 September 2019

ကိုယ်တော့် အသံတော်ကို ကြား တတ်ပါစေ။

"ဘယ်လိုဘဲ အဖိုးအခပေးရပေးရ သင်ငါ့ကို ဆာငတ်တောင့်တပါသလား"။ 
"ငါဟာ သင့်ကို နောင်လာမည့်နေ့ရက်တွေအတွက် ပြင်ဆင်ပေး နေတယ်။ သင့်ရဲ့ခေါ်ခြင်းဟာသူများနဲ့ မတူသလို သင့်ကို ငါပြင်ဆင် ပေးတာလည်း
သူတပါးနဲ့ မတူဘူး။ အခြားသူတွေ ကောက်တဲ့လမ်းကိုလိုက်တဲ့အခါ ငါ့ကိုချစ်တဲ့အတွက် သင်ဟာ ငါ့ရဲ့ လမ်းခရီးကနေ မသွေဖည်ခဲ့ဘူး။ 

သင့်အတွက်ငါ ပြင်ဆင်ထားတဲ့အရာတွေကို ဘယ်အရာကမျှ 
မဆီးတား နိုင်ဘူး။ ငါ့တန်ခိုးထင်ရှားတဲ့နေ့ ရောက်လာတဲ့အခါ 
သင့်အတွက်ငါ ပြင်ဆင်ထားသမျှကို သင်ခံစားရလိမ့်မယ်။ 
ငါ့တန်ခိုးတော်ကို သင့် အပေါ်မှာ ထင်ရှားစေမယ်။ 

မကြာခင်မှာ သင့်အသက်တာမှာကြုံ လာရမဲ့ပြောင်းလဲမှုတွေ ကြောင့် သင်အံ့သြရလိမ့်မယ်။ ကန့်လန့်ကာနောက်ကွယ်ကနေ အလင်းထဲသို့ 
သင့်ကို ငါ ပို့ဆောင်မယ်။ ရှုပ်ထွေးတဲ့အရာတွေ မရှိတော့ဘဲ့ ငါ့ရဲ့ အသက်ရှင်ခြင်းနှင့် သင်ပြည့်ဝလာမယ်။ 
သင့်ကို တမူထူးခြားတဲ့ ခေါ်ခြင်းနဲ့ ငါခေါ်ထားတယ်။

 ယောသပ်ဟာလည်း တမူထူးခြားတဲ့ခေါ်ခြင်းကြောင့် တမူထူးခြားစွာ ပြင်ဆင်ပေးခံရတယ်။ သင့်အားဖြင့် လူမြောက် မြားစွာကို ငါတို့ထိမယ်။ 
ဒါကြောင့် လက်ရှိသင့် ပတ်ဝန်းကျင် အခြေအနေတွေ ကြောင့် 
ငါ့ အစီအစဉ်ကို သံသယမရှိပါနဲ့။ မောရှေကို တောထဲမှာ
 ပြင်ဆင်ပေးခဲ့သလို ဒါဝိဒ်ကို သိုးကျောင်း စဉ် စစ်သူရဲအဖြစ် 
ငါ ပြင်ဆင် ပေးခဲ့တယ်။ ပေါလုကိုလည်း အာရေဗျတောထဲမှာ 
ငါပြင်ဆင် ပေးခဲ့တယ်။ သင့်ရဲ့ပန်းတုံးတိုင်သို့ ဝင်ရောက်ဖို့အချိန် အလွန်နီးကပ်လာပြီ။ ဘယ်လိုဘဲ အဖိုးအခ ပေးရပေးရ 
သင်ငါ့ကို ဆာငတ်တောင့်တပါသလား။ 

အမှောင်ထဲမှာရှိနေစဉ် ငါ့ရဲ့ အကြံအစည်ကို သံသယမဝင်ပါလေနဲ့။ နှောင့်နှေးကြန့်ကြာမှုတွေ ကြောင့် မညည်းညူပါနဲ့။
 ခြေလှမ်းတိုင်းမှာ ကိုယ်တော်ရှိရင် လုံလောက်ပါပြီလ်ို့ 
ဝန်ခံတတ်ပါစေ။ ငါ့ရဲ့ ဘုန်းတော်အလင်းကို 
သင်ဧကန်အမှန် မြင်တွေ့ရလိမ့်မယ်။အာမင်း

No comments:

Post a Comment