၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Wednesday 4 September 2019

ကိုယ်တော်ဘုရား ရွေးနှုတ်ပေးလိမ့်မယ်

ဘုရားသခင်ဟာ ရွေးနှုတ်သူနဲ့ ကုသပေးသူ ဖြစ်တယ်။
သင့်ရဲ့ အတိတ်ကို ရွေးနှုတ်ပေးနိုင်သူဖြစ်တယ်။
ဒါကြောင့် သင့်အတိတ်ကို ပူဆွေးဝမ်းနည်းပြီး အချိန်မကုန်ပါစေနဲ့။

သင့်ရဲ့အမှားတွေအတွက် ယူကျုံးမရဖြစ်လျက် မျှော်လင့်ချက်
မရှိတော့သလို မခံစားမိပါစေနဲ့။ သင့်ရဲ့အတိတ်ကို သင်မြင်တဲ့ပုံနဲ့ ဘုရားမြင်တဲ့ပုံမတူဘူး။ ဘုရားသခင်ရဲ့နိုင်ငံတော်မှာ
အချည်းနှီးဖြစ်သွားတဲ့အရာ၊ အမှိုက်လို
ပစ်လိုက်ရမဲ့အရာ တခုမှမရှိဘူး။

သင့်ရဲ့အမှားများကိုပင်လျှင် ဘုရားသခင်က ပြန်လည်ရွေးနှုတ်ပေးပြီး လှပတဲ့အရာထွက်ပေါ်စေနိုင်တယ် ဆိုတာ သင်သိပါသလား။
တပည့်တော်များအား တောင်း ၁၂ တောင်းပေးလျက်
အကျိုးအပဲ့များကို ကောက်သိမ်းစေခဲ့တယ်။

တစ်ယောက် တစ်တောင်းစီပေါ့။ ဒီကနေ့ ကိုယ်တော်ဟာ
သင့်ကို တောင်းတစ်တောင်းပေးနေ တယ်။ ဒီတောင်းထဲမှာ သင့်ရဲ့ကျိုးပဲ့နေတဲ့အပိုင်းအစတွေကို ကောက်ထည့်၍
လက်တော်ကို အပ်နှံပါ။ နိုင်ငံတော်မှာ အချည်းနှီး
အလဟဿဖြစ်သွားတာ ဘာမှ မရှိဘူးလို့
ကိုယ်တော်သင့်ကို ပြောနေတယ်။

သင့်ရဲ့အတိတ်ကို ကိုယ်တော်အလုံးစုံပြန်လည်ရွေးနှုတ်ပေးလိမ့် မယ်။ ပြန်လည်ထူထောင်ပေးလျက် နဂိုအတိုင်း ပကတိဖြစ်စေမယ်။
လှပတဲ့အရာကို ထွက်ပေါ်စေလိမ့်မယ်။ သင့်ရဲ့နေ့ရက်တစ်ရက်မှ အလဟဿမဖြစ်ပါဘူး။ သင့်ရဲ့အမှားတစ်ခုမှ
အလဟဿမဖြစ်စေပါဘူး။ သင့်ရဲ့တဒင်္ဂများကို
အလဟဿမဖြစ်စေတဲ့ အရှင် ဖြစ်တယ်။
အမှန်ပင် အလုံးစုံကို ကိုယ်တော် ရွေးနှုတ်ပေးလိမ့်မယ်။
ဘုရားသခင် ကောင်းကြီးပေးပါစေ။

No comments:

Post a Comment