၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Tuesday 3 September 2019

အဆိုးမြင်ခြင်းက သင့်ရဲ့အစွမ်းအစတွေကို ခိုးယူလိမ့်မယ်။

မိမိကိုယ်ကို အဆိုးမြင်ခြင်းက သင့်ရဲ့အစွမ်းအစတွေကို ခိုးယူလိမ့်မယ်။
(Negative Core Beliefs) အရိုးစွဲနေတဲ့ မိမိကိုယ်ကိုအဆိုးမြင်မှုတွေ
(negative core beliefs)ကို မဖယ်ရှားရင် ခရစ်တော်ပေးတဲ့
ဘုန်းတန်ခိုးနဲ့ ပြည့်ဝသော အသက်တာနဲ့ အသက်မရှင်နိုင်ဘူး။
အရိုးစွဲနေတဲ့ အဆိုးမြင်ဝါဒဆိုတာ မိမိကိုယ်ကို၊ သူတပါးနဲ့
မိမိအနာဂတ်ကို အဆိုးဖက်ကနေ သုံးသပ်ခြင်း၊
အကဲဖြတ်ခြင်းမျိုး ဖြစ်တယ်။

ဒီအထဲမှာ မိမိကိုယ်ကို အဆိုးမြင်ခြင်း၊ မိမိအရည် အချင်းကို
အဆိုးမြင်ခြင်း၊မိမိကိုယ်ကို အမြဲအပြစ်မြင်ခြင်းတို့ ပါဝင်တယ်။ မိမိကိုယ်ကိုအဆိုးမြင်တဲ့ယုံကြည်ချက်တွေက စိတ်ခံစားမှု အပေါ်ဆိုးကျိုးသက်ရောက်စေသလို အပြုအမူ အပေါ်
ဆိုးကျိုး သက်ရောက်စေတယ်။

သင့်ကိုယ်သင် အဆိုးဖက်ကဝေဖန်အကဲဖြတ်လိုက်တာနဲ့
ဆိုးတဲ့ စိတ်ခံစားချက် (negative emotions) တွေ
အလိုလို ဖြစ်ပေါ်လာတယ်။

သုသေတနပြုချက်တွေအရ ကျွန်ုပ်တို့၏စိတ်ကူးများ( thoughts) က
စိတ်ခံစားချက် (emotions) ကိုဖြစ်ပေါ်စေပြီး ဒီနှစ်ခုပေါင်း၍ အပြုအမူ
(behavior) ကို ဆုံးဖြတ်ပေးတယ်။ ဒီအဆိုးမြင်တဲ့
ယုံကြည်ချက်ဟာ ကလေးဘဝက အဖြစ်အပျက်
တစ်ခုခုကြောင့် ရလာတာ ဖြစ်တတ်ပြီး
အမှန်လို့ထင်နေတဲ့အရာဖြစ်တယ်။

ဥပမာ တခါလောက် သီချင်းဆိုမှား သွားတာနဲ့ တသက်လုံး ငါသီချင်းမဆိုတတ်ဘူးလို့ ခံယူလိုက်တာမျိုး ဖြစ်တယ်။
 မေဖိဗေါရှက်ဟာ ဘုရင့်အမျိုးအနွယ် ဖြစ်ပေမဲ့ ငယ်စဉ်က
ဒုက္ခိတ ဖြစ်သွားပြီး ပုန်းရှောင်နေတဲ့ဘဝနဲ့ကြီးပြင်းလာတယ်။
သူ့ကိုယ်သူ ဘုရင့်သွေးသားဖြစ်မှန်း မသိတော့ဘဲ
 ခွေးသေကောင်လို အသုံးမကျသူလို့ အခိုင်အမာ
ယုံကြည်နေတော့တယ်။ (၂ရာ ၉:၆-၈)

ဒါဝိဒ်မင်းရဲ့ ကျေးဇူးပြုမှုကြောင့် မိမိအဖြစ်မှန်ကို (identity)
ပြန်တွေ့ရှိပြီး မင်းသားလို အသက်ပြန်ရှင်နိုင်ခဲ့တယ်။
သင့်ဘဝမှာ ဖြစ်ခဲ့ ကြုံခဲ့တဲ့အရာတွေက သင့်အဖြစ်မှန်
(identity) တန်ဖိုး (value) နဲ့ အရည်အချင်း (ability) ကို
မဆုံးဖြတ်ဘဲ ခရစ်တော်ကသာ ဆုံးဖြတ်တယ်။

မိမိအသက်နဲ့သင့်ကို ရွေးဝယ်လျက် သင့်ဟာ
မိမိအသက်လောက်တန်ဖိုးရှိကြောင်း လက်တွေ့ပြသခဲ့တယ်။
သင့်ကိုချစ်၍ အဆီးအတားတောင်မျိုးစုံကို ကျော်ဖြတ်ကာ
သင့်ထံလာခဲ့တယ် (ရှောလမုန် ၂:၈)။ သင့်ကို လှပ၍
အပြစ်ကင်းတယ်လို့ မြင်တော်မူတယ် (ရှောလမုန် ၄:၇)
သင့်မျက်နှာကို ကိုယ်တော် မြင်ချင်ပြီး
သင်.အသံကိုကြားချင်တယ်။

 သင့်မျက်နှာဟာ လှ၍ သင့်အသံလည်း ချိုတယ်လို့ ကိုယ်တော်ပြောတယ်(ရှောလမုန် ၂:၁၄) ဒီကနေ့ သင့်ကိုသင် အဆိုးမြင်တဲ့အတွေးတွေကို ဖယ်ရှား၍ စိတ်နှလုံးကို အသစ်ပြုပြင်ပါ
(ရောမ ၁၂:၂) သင့်ကိုသင် မကောင်းဘူး၊ မလှဘူး၊ မတတ်နိုင်ဘူး၊
တန်ဖိုးမရှိဘူး ဆိုတဲ့ အဆိုးမြင်တဲ့ ယုံကြည်ချက်ကို
 အမြစ်မှ ဆွဲနှုတ်လိုက်ပါ။

ဘုရားသခင် သင့်ကိုမြင်သလိုမြင်ပါ။ ယုံကြည်ပါ။
သင်ဟာ ဘုရားသခင်အတွက် ခရစ်တော်လောက် တန်ဖိုးရှိသူ၊
ချစ်ရသူဖြစ်တယ်။ ကိုယ်တော့် အတွေးနဲ့ အစားထိုးပါ။
ထိုအခါမှသာ သတ္တဝါသစ်အဖြစ် ဘုရားနိုင်ငံတော်ရဲ့
ဘုန်းတန်ခိုးနဲ့ အသက်ရှင် လျှောက်လှမ်းလာနိုင် လိမ့်မယ်။

No comments:

Post a Comment