၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Tuesday 3 September 2019

သင့်လက်ထဲမှာ ဘာရှိသလဲ။

အသုံးပြုခြင်း နိယာမ (The Law of Use)
========================= 
ဘုရားသခင်ရဲ့နိုင်ငံတော်ဟာ နိုင်ငံတော်ရဲ့နိယာမများအတိုင်း 
လည်ပတ်နေတယ်။ အသီးများစွာသီးချင်တယ်၊ ကြီးမားစွာ အသုံးတော်ခံချင်တယ်ဆိုရင် အသုံးပြုခြင်းနိယာမအတိုင်း 
ကျင့်သုံးရလိမ့်မယ်။ -
 ✅ မေးခွန်းကတော့... ❓"
ယနေ့ သင့်လက်ထဲမှာ ဘာရှိသလဲ။" ❓"

ထိုရှိတဲ့အရာကို သင် အသုံးပြုပါရဲ့လား။" အများကြီးသိမှ၊ 
အများကြီးတတ်မှ၊ အများကြီးရှိမှ ကိုယ်တော့်အတွက် တစ်ခုခု
လုပ်မယ်ဆိုရင် ဘယ်တော့မှ မလုပ်ဖြစ်ဖို့ များတယ်။ 
ဆုကျေးဇူးကို မြေမြှပ်ပစ်သူ ဖြစ်သွားဖို့ များတယ်။ 
- ဘုရားသခင်ဟာ သာမန်လူတွေကို အလွန်တရာထူးခြားတဲ့ 
အမှုတွေပြုလုပ်ဖို့ အသုံးပြုလေ့ရှိတယ်။ 

ဒါမှလည်း သူ့ဘုန်း တော်ထင်ရှားတယ်။ 
ဘယ်သူမျှ ဝါကြွားစရာအခွင့် မရတော့ ဘူး။ - 
🗝 ဒီသော့ချက်ဟာ ရွှေလိုတန်ဖိုးရှိတယ်။
 🗝 ၁-သင်အသုံးပြုတဲ့အရာဟာ တိုးပွါးလာပြီး၊ 
 🗝 ၂- မသုံးဘဲထားတဲ့အရာဆုတ်ယုတ်သွားတယ်။ 

✅ ဒါဟာ နိုင်ငံတော်ရဲ့နိယာမဘဲ။ အရေးကြီးတာက 
မိမိလက်ထဲမှာရှိတဲ့ သာမန်အရာ၊ သေးငယ် တယ်လို့
သင်ထင်နေတဲ့အရာကို ဘုရားသခင်လက်ထဲ အပ်ရင် 
သာမန်ထက်ထူးခြားစွာ အသုံးပြုနိုင်ကြောင်း 
သဘော ပေါက်ဖို့ ဖြစ်တယ်။ 

- ဘုရားသခင်ဟာ ကျွန်ုပ်တို့လက်ထဲမှာ ရှိတဲ့အရာကို 
အသုံးပြူ ချင်တယ်။ မောရှေလက်ထဲမှာ ရှိတဲ့တောင်ဝှေးကို 
ဘုရားသခင် အသုံးပြုပြီး ပင်လယ်နီကို နှစ်ခြမ်းကွဲစေတယ်။ 
သာမန်သိုးထိန်း တောင်ဝှေးဟာ ဘုရားသခင်ရဲ့တောင်ဝှေးဖြစ်လာပြီး နိမိတ်လက္ခဏာများစွာလုပ်ဖို့ အသုံးတော်ခံရတယ်။ 

- ဘုရားသခင်ဟာ ရှံဆုန်လက်ထဲက မြည်းမေးရိုးကို သုံးပြီး 
ရန်သူ ၁၀၀၀ ကို လုပ်ကြံစေခဲ့တယ်။ ဒါဝိဒ်ရဲ့ 
လက်ထဲကကျောက်ခဲကလေးကို အသုံးပြုပြီး
 ဂေါလျတ် ကို အနိုင်ယူခဲ့တယ်။ မုဆိုးမရဲ့နောက်ဆုံး
တစ်နပ်စာကို ပရောဖက်ဧလိယထံ ပေးတဲ့ အခါ 
အစာခေါင်းပါးတဲ့ကာလ တလျှောက်လုံး ကျွေးမွေးခဲ့တယ်။ 

ကလေးငယ်ရဲ့နေ့လည်စာကို ယေရှုထံအပ်နှံတဲ့အခါ 
လူ ၅၀၀၀  ကျော်ကို ကျွေးမွေးဖို့ အသုံးပြုခဲ့တယ်။ 
ယနေ့သင့်လက်ထဲမှာ ဘာရှိသလဲ။  

 ကိုယ်တော့်ထံအပ်နှံလျက် ရှိသည့်အတိုင်း အသုံးတော်ခံမယ်ဆိုရင် ကိုယ်တော်ကပွါးများစေလျက် အလွန်ထူးခြားစွာ အသုံးပြုလိမ့်မယ်။ 
သင့်အားဖြင့် လူမြောက်များစွာ ကောင်းကြီးခံစားရလျက် နိုင်ငံတော် ကျယ်ပြန့်လာလိမ့်မယ်။ ဘုရားသခင် ကောင်းကြီးပေးပါစေ။

No comments:

Post a Comment