၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Wednesday 4 September 2019

|| မီးဗတ္တိဇံအားဖြင့် နိုးထမှုမီး ကူးစက်စေဖို. ||

📒 ဆာလံ ၁၀၄း၎"မိမိတမန်တို့ကို လေကဲ့သို့၎င်း၊
မိမိအစေအပါတို့ကို-
 🔥 မီးလျှံကဲ့သို့၎င်း ဖြစ်စေတော်မူထသော
📒 ဟေဗြဲ ၁၂း၂၉ "ငါတို့ဘုရားသခင်သည် လောင်သော 
မီး  🔥 ဖြစ်တော်မူ၏" 

✅ ဘုရားသခင်ဟာ မိမိရွေးကောက်ထားတဲ့ မိမိလူတွေကို 
မိမိနာမတော်အတွက် စိတ်အားကြီးပြီး မီးလိုတောက်
 လောင်စေလိုတယ်။ လောကီအရာတွေကို တောင့်တ ပြီး
လောကအတွက် မတောက်လောင်စေလိုဘူး။ 

ဒါကြောင့် ဘုရားသခင်ဟာ မိမိရဲ့ပညာတော်နဲ့ သနား ခြင်း
ဂရုဏာတော်ကြောင့် ကျွန်ုပ်တို့အသက်တာမှာ မီးထဲကို
 ဖြတ်သန်းရသလိုမျိုး အခက်အခဲနဲ့ စစ်ကြော ခြင်း
မီးကို ဖြတ်သန်းခွင့် ပြုတတ်တယ်။ 

👉 အဲဒါ ကျွန်ုပ်တို့ အကျိုးနည်းဖို့ မဟုတ်ဘဲ ရွှေကိုမီးဖြင့် 
သန့်စင်စေသလို ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို ဖြူစင်၊ 
စစ်မှန်စေဖို့သာ ဖြစ်တယ်။ ရလဒ်အနေနဲ့ စစ်ကြော ခြင်းမီးထဲကို
 ဖြတ်သန်းပြီးတဲ့ အခါ ကျွန်ုပ်တို့ရဲ့ ယုံကြည် ခြင်း 
ကြီးထွား၍ ခိုင်မာလာတယ်။ 

🔥 ဘုရားသခင်ဟာ မိမိအထူးအသုံးပြုမဲ့သူတွေကို မီးဖြင့် 
ဗတ္တိဇံပေးတတ်တယ်။ လူတိုင်းကတော့ မခံယူနိုင်ကြဘူး။
 ပြင်းထန်တဲ့မီးဗတ္တိဇံကို ခံယူတဲ့သူကိုလည်း ခံနိုင်မည့် ကျေးဇူးတော်ကို ချပေးလေ့ရှိတယ်။ ဒီမီးဗတ္တိဇံကို ဖြတ် သန်းခြင်းကြောင့် အောက်ပါ အကျိုးရလဒ်များ ထွက်ပေါ် လာစေတယ်။ 

1️/. ရွှေစင်ထက် ပိုတန်ဖိုးရှိတဲ့ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို 
သန့်စင်စေတယ်။ စစ်မှန်စေတယ်။ မှတ်ကျေက်တင် ခံနိုင်တဲ့ ယုံကြည်ခြင်းဖြစ်လာတယ်။ ထိုယုံကြည်ခြင်းက လောကကို
 အောင်နိုင်စေတယ်။ (၁ယော ၅း၎ လောကကို အောင်မြင်ခြင်း 
အကြောင်းမူ ကား ငါတို့၏ယုံကြည်ခြင်း ပေတည်း။) 

2️/ ကျွန်ုပ်တို့ရဲ့ အတွင်းသဘောထားကို သန့်စင်စေပြီး စာရိတ္တကို 
ခိုင်မာစေတယ်။ မိမိနိုင်ငံတော်ရဲ့ တန်ခိုးတော် ကို အပ်နှံထိုက်သူ၊ 
စိတ်ချထိုက်သူ ဖြစ်စေတယ်။ 

3️/.ကျွန်ုပ်တို့ ဘယ်အရာကို ကိုးစားပြီး မည်သူ့အပေါ် 
သစ္စာခံနေတယ်ဆိုတာ ဖေါ်ထုတ်ပေးတယ်။ စစ်ကြော ခြင်းခံ
ရချိန်မှာ ဘုရားကို ဖက်တွယ်ပြီး ဘုရားနည်းလမ်း အတိုင်း 
အဆုံးထိတိုင်သွားမလား၊ အပေးအယူလုပ် 
မလားဆိုတာ ဆုံးဖြတ်ရတော့တယ်။ 

4️/.မိမိရဲ့မြော်လင့်ခြင်းကို ဘယ်အပေါ်မှာ တည်ဆောက် ထားပြီး 
ဘယ်အရာကို ခိုလှုံတယ်ဆိုတာကို ဖေါ်ထုတ် ပေးတယ်။ 

5️/.ကျွန်ုပ်တို့ကို ချုပ်နှောင်ထားတဲ့ အရာများမှ လွတ် မြောက်စေတယ်။ ဟေဗြဲလူငယ်သုံးဦးဟာ မီးထဲကို ဖြတ်သန်းချိန်မှာ သူတို့ကို တုပ်နှောင်ထားတဲ့ကြိုးများ မှ လွတ်မြောက်သွားသလို၊ 
ကျွန်ုပ်တို့ကို ချုပ်နှောင်ထား တဲ့အရာအမျိုးမျိုးမှ 
လွတ်မြောက်စေတယ်။ ဘုရားသခင် ကို လွတ်လပ်စွာ၊ 
ရဲ၇င့်စွာ အဆီးအတား မရှိ အစေခံနိုင် လာစေတယ်။ 

🔑 ဘုရားသခင်အထံတော်မှ လာတဲ့မီးဗတ္တိဇံ့ကို ကိုယ်တော့်
 ပေးတဲ့ခွန်အားနဲ့ ခံယူဖြတ်သန်းတဲ့သူများဟာ ဘုရားသခင် 
အတွက် မီးလိုရဲရဲတောက်သောသူများဖြစ်လာကြလိမ့်မယ်။ 
သူတို့ကို ဘုရားသခင်ဟာ မီးလျှံကဲ့သို့ စေလွှတ်လျက် မြို့များ၊ 
တိုင်းနိုင်ငံများသို့ နိုးထမှုမီး ကူးစက်တောက်လောင်
 စေဖို့ အသုံးပြုလိမ့်မယ်။ 

👉 ဒါကြောင့် မိတ်ဆွေ၊ လောကီမီးနဲ့ မတောက်လောင်ပါနဲ့။ 
🔥 မီးဗတ္တိဇံကို မရှောင်ပါနဲ့။ 
🔥 ဘုရားသခင်အတွက် စိတ်အားကြီးခြင်း 
မီးနဲ့တောက်လောင် ပြီး နိုးထမှုအတွက် 
လက်တော်မှာ အသုံးခံရသောသူ ဖြစ်ပါစေ။ 
ဘုရားသခင် ကောင်းကြီးပေးပါစေ။

No comments:

Post a Comment