၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Wednesday 4 September 2019

|| သင့်အမွေမြေကို သိမ်းပိုက်ဖို့ အချိန်တန်ပြီ ||

သင့်ရဲ့အမွေကို သိမ်းပိုက်ဖို့ ယုံကြည်ခြင်းသူရဲကောင်း ကာလက်ရဲ့ 
အသက်တာကို သင်ခန်းစာယူကြပါစို့။ ကာလက်ဟာ ခါနန်ပြည်ကို 
အသက် ၄၅ နှစ်အရွယ်မှာ သွားရောက်စူးစမ်းစဉ် ဟေဗြုန်ပြည်ကို 
မိမိအမွေအတွက် မောရှေထံမှာတောင်းခံခဲ့တယ်။ 

မိမိနဲ့အတူအမွေခံရမဲ့ ဣသရေလလူမျိုးများရဲ့ မယုံကြည်ခြင်း ကြောင့် 
ကာလက်ဟာ နောက်ထပ် နှစ်ပေါင်း ၄၀ တောထဲမှာ စောင့်ခဲ့ရတယ်။ 
သင်လည်းဘဲ ကတိတော်ရတာကြာမြင့်လှပြီ။ ဒါပေမဲ့ တောထဲမှာဘဲ 
လည်နေပြီး အမွေမရသလို ခံစားနေပါသလား။ 

သင့်ရဲ့ အမွေကို သိမ်းပိုက်ဖို့ အချိန်ကျပါပြီ။
 ကာလက်ဟာ စိတ်ပျက်စရာနေ့တိုင်း မြင်ရ၊ ကြားရတဲ့ တောထဲမှာ ဘုရားကတိတော်ကိုစွဲလမ်းခြင်း၊ မိမိကိုယ်တိုင်ဖြေဖြင့်နင်းခဲ့ရတဲ့ 
ခါနန်ပြည်ကို မြင်ယောင်လျက် ယုံကြည်စွဲလမ်းခြင်းကြောင့် 
ယုံကြည်ခြင်း တိုးပွါးလာခဲ့တယ်။ 

 ဒါကို ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်ခြင်းလို့ ခေါ်ပြီး 
အခြေအနေဘယ်လိုဘဲ ရှိရှိ ဘုရားစကားကို သံသယ 
မရှိစိတ်စွဲလမ်းတဲ့အတွက် ထိုဘုရားစကားကဘဲ သူ့ရဲ့ကိုယ်
ခန္ဓာကို ခွန်အားအစွမ်းနဲ့ပြည့်ဝစေတယ်။ 

✅ ဒါကြောင့် သူဟာ အသက် ၈၅ နှစ်မှာ ယခင် တုန်းကလို
 နုပျိုလျက် ခွန်အားအပြည့်နဲ့ စစ်တိုက်နိုင်ခဲ့တယ်။ (ယောရှု ၁၄:၆-၁၄) 
လူု့ဘီလူးကြီးတွေနေပြီး ခိုင်ခံ့တဲ့ မြို့ရိုးတွေကာထားတဲ့၊ တိုက်ရ 
ခက်လှတဲ့ တောင်ကို တိုက်ယူနိုင်ခဲ့တယ်။ 

သင်ဟာ အခက်အခဲနဲ့ စိတ်ပျက်ခဲ့ရတဲ့အတိတ်ကိုဘဲ ကြည့်နေသလား
ဒါမှ မဟုတ် - ဘုရားကတိတော်ကို မလွှတ်တမ်းဆုပ်ကိုင်လျက် 
ယုံကြည် စွဲလမ်းပါသလား? ကာလက်လို ကတိတော်ကို စွဲလမ်းလျက်
 နောက်တော်သို့ လုံးလုံးလိုက်ပါ။ ခွန်အားအစွမ်းနဲ့ ပြည့်ဝလာတာ ခံစားရမယ်။ 
 ဒီကနေ့ ဘုရားရှင်ထံ အော်ဟစ်လျက် "ဤတောင်ကို ကျွန်ုပ်အား ပေးပါ" 
လို့ ရဲရင့်စွာ တောင်းလျှောက်ပါ။ ကိုယ်တော် သင့်ကို အဖြေပေးလိမ့်မယ်။ 

သင်ရှေ့မှာ သင်ရွှေ့ရမဲ့တောင်ရှိတယ်။ သင်ဖယ်ရှားရမဲ့ 
ကန့်သတ်ခြင်းတွေရှိသလို ခြေတော်ရင်းမှာ သင်ချထားရမဲ့ ဝန်ထုပ်တွေ
ရှိတယ်။ သူတပါးအတွက် သင်တောင်းလျှောက် ပေးရမဲ့ ဆု ရှိတယ်။ 

ကာလက်ကဲ့သို့ "ဤတောင်ကို ကျွန်ုပ်အား ပေးပါ" လို့ ဘုရားရှင်ထံ
 တောင်းလျှောက်ရင် သိမ်းပိုက်အောင်နိုင်စေမဲ့ ကျေးဇူးတော်ကို 
ကိုယ်တော် ချပေးလိမ့်မယ်။ သင့်ရဲ့ယုံကြည်ခြင်း မြင့်တက်လာပြီး 
ရပ်တည်မယ်ဆိုရင် ရန်သူ သင့်ရှေ့မှ ထွက်ပြေးသွားလိမ့်မယ်။ 
သင်ဟာ ယုံကြည်ခြင်းနဲ့ သာ၍မြင့်သောကုန်းမြင့်ပေါ်သို့ တက်ပြီး 
သာ၍ကြီးမားသော ယုံကြည်ခြင်း ခြေလှမ်းများ လှမ်းရလိမ့်မယ်။ 
"ဤတောင်ကို ကျွန်ုပ်အား ပေးပါ" လို့ ဘုရားသခင်ထံ တောင်းပါ။ 
သင်ငယ်ရွယ်စဉ်က မလုပ်နိုင်ခဲ့တဲ့အရာ၊ စိတ်ကူး၊ အိပ်မက်ကို 
လုပ်ဆောင်နိုင်လိမ့်မယ်။ သင့်အမွေဖြစ်တဲ့ ထိုတောင်ကို 
သိမ်းပိုက် ရရှိလိမ့်မယ်။ 
ဘုရားသခင် ကောင်းကြီး ပေးပါစေ။

No comments:

Post a Comment