၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Tuesday 3 September 2019

"သူတပါးကို မှားယွင်းစွာ တရားမစီရင်မိစေဖို့ သတိပြုကြစို့"

မဿဲ ၇:၁-၅ "သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် 
ကင်းလွတ်ရမည်အကြောင်း သူတပါး၏ အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို 
မပြု ကြနှင့်။ သင်တို့သည် အကြင်တရားအတိုင်း သူတပါးကိုစီရင် ကြ၏။ ထိုတရားအတိုင်း စီရင်ခြင်းကို ခံရကြမည်။" လုကာ ၆:၃၇-၃၈ - မိမိသုံးတဲ့အချိန်တင်း ပမာဏအတိုင်း ပြန်ရမယ်လို့ ဆိုတယ်။

ဒါက သူတပါးကို ဝေဖန်သလို တရားစီရင်သလို
 ပြန်စီရင်ခံရမယ်လို့ ဆိုလိုတယ်။ ဒီမှာ သခင်ယေရှုပြောထားတာက ဝေဖန်ပိုင်းခြားပြီး မှန်ကန်စွာ စီရင်တတ်ခြင်းကိုပြောတာ မဟုတ်ဘူး။ 
သူတပါးကို မမှန်မကန် တရားစီရငိခြင်း ဝေဖန်ခြင်းကိုသာ
 ပြောနေခြင်းဖြစ်တယ်။ 

ဓမ္မဟောင်းကျမ်းမှာ မိမိလူမျိုးတော်ကို မှန်ကန်စွာ 
တရားစီရင် ပေးဖို့ တရားသူကြီးများကို ခန့်ထားတယ်။ ဖြစ်သလိုနေလို့မရဘူးဆိုတာ သိစေတယ်။ 

ဒါပေမယ့် တဦးနှင့်တစ်ဦး ဝေဖန်ခြင်း၊မှားယွင်းစွာ စီရင်ခြင်းများဟာ 
မိသားစု၊ အသင်းတော်၊ လူငယ်အဖွဲ့ စတဲ့ မိဿဟာယတိုင်းကို အမြန်ဆုံးပျက်စီးစေ၊ ကွဲပြားစေတဲ့ အတွက် အထူးသဖြင့် 
သတိပြု ရှောင်ကြည် သင့်ကြတယ်။ 

သတိချပ်ရမှာက မိမိက သူတပါးကို မမှန်မကန်စီရင်ပြီး 
သက်ညှာ ခြင်းမရှိဘဲ ပြင်းထန်စွာဝေဖန်ရင် မိမိလည်းအလားတူ 
ထိုထက်ပို၍ ပြင်းထန်စွာ တိုက်ခတ်ဝေဖန်ခံရတတ်တယ်။

၁- အပေါ်ယံအားဖြင့်ဖြင့် ဝေဖန်ဆုံးဖြတ်ခြင်းတွေဟာ မှားတယ်။ 
ဖါရိရှဲရှိမုန်ဟာ ယေရှုရဲ့ခြေတော်ရင်းမှာငိုကြွေးနေတဲ့ မိန်းမကို 
အဆိုးမြင်လျက် မှားယွင်းစွာ စီရင်ခဲ့တယ်။ လုကာ ၇:၃၆-၅၀ 

၂- လျှိ့ဝှက်တဲ့၊ ဟန်ဆောင်တဲ့ ဝေဖန်ခြင်းတွေဟာ 
မှားတယ်။ မဿဲ ၇:၁-၅ 

၃- ကြမ်းတမ်းတဲ့၊ ခွင့်မလွှတ်တဲ့ ဝေဖန်စီရင်ခြင်းများဟာ 
မှား တယ်။ တိတု ၃:၂, မဿဲ ၇:၂ 

၎- မိမိဖါသာဖြောင့်မတ်တယ်လို့ယူဆတဲ့ စီရင်ခြင်းတွေဟာ 
မှားတယ်။ လုကာ ၁၈:၉-၁၄ မှာ မိမိကိုယ်ကို ဖြောင့်မတ်လှပြီလို့
ထင်တဲ့ ဖါရိရှဲဟာ အပြစ်မပြေဘဲ နှိမ့်ချတဲ့ အခွန်ခံသာ
 ပြစ်ပြေလျက် အိမ်ပြန်သွားတယ်။ 

၅- မမှန်ကန်သောစီရင်ခြင်းများဟာ မှားတယ်။ သုတ္တံ ၁၉:၅ ”မမှန်သောသက်သေခံသည် အပြစ်မလွတ်ရ" ကိုယ်ရဲ့ 
အားနည်းချက်ထက် သူများရဲ့အပြစ်ကြောင့်ပို စိတ်ဆိုးသူ 
မဖြစ်မိပါစေနဲ့။ မိမိ၏အပြစ်ကြောင့် ဝမ်းနည်းတတ်သူ ဖြစ်ပါစေ။

 ပြစ်မှားနေတဲ့ ညီအစ်ကိုအတွက် ဆုတောင်းပေးတတ်သူ ဖြစ်ပါ စေ။ 
သူတပါးရဲ့ အားနည်းချက်ကို သည်းခံတတ်သူဖြစ်ကြပါစေ။ 
ဒီလိုအားဖြင့် ခရစ်တော်ရဲ့ ခွင့်လွှတ်ခြင်းတန်ခိုးဟာ မိမိပါဝင်တဲ့ 
အသင်းတော်နဲ့ မိသားစု၊ မိဿဟာယမှာ စီးဆင်းပါစေ။
(Sayama Van Te) 

No comments:

Post a Comment