၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Wednesday 4 September 2019

|| သင့်စိတ်သဘောကို ပြောင်းလဲချိန်တန်ပြီ ||

 ရောမ ၁၂:၂ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်
 ပြောင်းလဲ ခြင်းသို့ ရောက်ကြလော့။ သာ၍ကြီးမားသောဘုရား 
ဘုန်းတော်ကို ခံစားဖို့၊ ရာသီသစ်ထဲသို့ ဝင်ရောက်၍ မြင့်သောအဆင့်သို့ တက်လှမ်းချင်ရင် မိမိရဲ့အားနည်းချက်တွေကိုပြုပြင်ရမယ်။ ဟောင်းနွမ်းတဲ့စိတ်ဓာတ်တွေကို ဖယ်ရှားရမယ်။

 ထိုအားနည်းချက်များဘာလဲဆိုတာ ကိုယ်တော့်ကို
 မေးလျှောက်လျက် ကိုယ်တော်နဲ့အတု ပြုပြင်ပါ။ 
ဒီအားနည်းချက်တွေက နတ်ဆိုးကို ခြေကုပ်ရစေပြီး 
သင့်အသက်တာကို ခိုးယုစေတယ်။ 

ဒါတွေကို အပြီးအပြတ်ချေမှုန်းရှင်းလင်းပြီး ရာသီဟောင်းမှာ 
အတိတ်မှာ ထားရစ်ခဲ့ပါ။ တရားသူကြီး ၄:၁၄ "ထလော့။ 
ယနေ့ကား ထာဝရဘုရားသည် သိသရကို သင့်လက်၌ 
အပ်တော်မူသောနေ့ ဖြစ်၏။ 

ထာဝရဘုရားသည် သငိ့ရှေ့မှာကြွတော်မူပြီ" ထိုအားနည်းချက်များကို 
သင်ယနေ့ အောင်မြင်ရလိမ့်မယ်။ သင့် ရန်သူကို ဘုရားသခင်က 
သင့်လက်ထဲ အပ်ပြီဆိုတာ ယုံကြည်ပါ။ 

ဘုရားသခင် သင့်ကို ဒီကနေ့ အသုံးပြုချင်တယ်။ 
မိမိကိုယ်ကို အားငယ်တဲ့စိတ် သိမ်ငယ်တဲ့စိတ်တွေ အပြီးတိုင် 
ဖယ်ရှားလိုက်ပါ။ ငါအဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ 
အတွေးတွေကို မောင်းထုတ် လိုက်ပါ။ 
ငါတန်ဖိုးမရှိဘူးဆိုတဲ့ အတွေးတွေကို နေရာ မပေးပါနဲ့။ 

သင့်ရဲ့တန်ဖိုးကို သင့်ကို ဖန်ဆင်းသူက ဆုံးဖြတ်တယ်။ 
သင်ဟာ ကောင်းကင်ဘုံမှာ ထုတ်လုပ်သုဖြစ်တယ်။ 
You are made in heaven, made by Father God. 
ပစ္စည်းတစ်ခုရဲ့တန်ဖိုးဟာ ဝယ်သူက ပေးလိုတဲ့ဈေး 
အပေါ်မှာ မူတည်တယ်။ ဘုရားသခင်ဟာ သင့်ကိုရွေးဝယ်ဖို့ 
မိမိသားတော်ရဲ့အသက်နဲ့ အသွေးကို ပေးဆပ်ခဲ့တယ်။ 

ဒါကြောင့် သင်ဟာ ယေရှုခရစ်ရဲ့အသွေးလောက် တန်ဖိုးရှိသူ ထိုက်တန်သူဖြစ်တယ်။ ဒီကနေ့မှစ၍ ရဲ့ရင့်စွာ ဘုရားအတွက် အသက်ရှင်ပါ။ဘုန်းတန်ခိုးနဲ့ လျှောက်လှမ်းပါ။ ရဲ့ရင့်စွာ ဟောပြောပါ။ လူနာကိုဆုတောင်း ပေးပါ။ ယောရှု ၃:၄ ဤလမ်းသို့ သင်တို့သည် 
တခါမျှ မလိုက်ကြသေး။ သင်မသွားဖူးတဲ့လမ်းနဲ့ ဘုရားသခင် 
သင့်ကို ပို့ဆောင်မယ်။ ယုံ ကြည်ခြင်းနဲ့ ခြေလှမ်းလှမ်းပါ။ 
ဘုန်းတော်ကို သင်မြင်တွေ့ရမယ်။ 
ဘုရားသခင် ကောင်းကြီးပေးပါစေ။

No comments:

Post a Comment