၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Wednesday 4 September 2019

|| အသက်တာ၏ ရလဒ်ကို ဆုံးဖြတ်ပေးတဲ့ စိတ်သဘော ||

အသက်တာရဲ့ရလဒ်ကိုဆုံးဖြတ်ပေးတဲ့ စိတ်သဘော 
(Your attitude determines the outcome of your life.) 
သင့်ဘဝမှာ အောင်မြင်မလား/ကျရှုံးမလားဆိုတာကို သင့်ရဲ့ စိတ်နေသဘောထားက ဆုံးဖြတ်ပေးနေတယ်။ 
တချို့က စစ်မရောက်ခင် မြှားကုန်ကြတယ်။

 ပြဿနာ/ စိန်ခေါ်မှုကိုကြည့်ပြီး ကြောက်စိတ်ဝင်လာတယ်။ 
တိုက်တောင် မတိုက် ကြတော့ဘူး။ ဒါကြောင့်ဘုရားသခင်က 
မကြောက်နဲ့လို့ အကြိမ်ကြိမ်ပြောရခြင်း ဖြစ်တယ်။ 
ဘုရားရဲ့တတ်စွမ်းနိုင်ခြင်းကို စေ့စေ့ကြည့်ရင် 
ယုံ ကြည်ကိုးစားတဲ့ စိတ်သဘောနဲ့ အရာရာကို 
ရင်ဆိုင်အောင်မြင်နိုင် လိမ့်မယ်။

 ခြင်္သေ့ကို တောဘုရင်လို့ ခေါ်ကြတယ်။
 ခြင်္သေ့ဟာ တော တိရိစ္ဆာန်တွေထဲမှာ အလှဆုံး၊ အတော်ဆုံး၊ 
အလျင်မြန်ဆုံး၊ အကြီးဆုံး၊ ခွန်အားအကြီးဆုံး မဟုတ်ပါဘူး။ 
သူ့ရဲ့စိတ်သဘော ကြောင့်သာ တောဘုရင်ဖြစ်ရတယ်။ 
တိရိစ္ဆာန်တွေက ခြင်္သေ့ကိုမြင်ရင် လေးစားကြ၊ ကြောက်ရွံ့ကြ တယ်။

 သူဟာကြောက်စိတ်မရှိတဲ့အတွက်၊ ရဲရင့်တဲ့ စိတ်သဘောရှိတဲ့အတွက်သာ ဖြစ်တယ်။ ဆင်ဟာ ခြင်္သေ့ထက် ၁၀ ဆ ကြီးမားပြီး အလေးချိန် အဆ ၃၀ ပိုလေးတယ်။ ဆင်က ခြေနဲ့တချက်နင်းချေလိုက်ရင် ခြင်္သေ့ပြားသွားနိုင်ပေမဲ့ ဆင်ဟာ ခြင်္သေ့ကို ကြောက်တယ်။ ခြင်္သေ့ကိုမြင်တာနဲ့ ငါ့ကိုစားမဲ့အကောင်၊ အသားစားသတ္တဝါလို့မြင်တဲ့အတွက် ကြောက်တယ်။

 ခြင်္သေ့ကတော့ သူ့ထက်အကောင်ကြီးတဲ့ဆင်ကို ငါ့အတွက် နေ့လည်စာလို့ မြင်တယ်။ မကြောက်ဘူး။ ဒါကြောင့် ခြင်္သေ့ဟာ သူ့ရဲ့စိတ်သဘောကြောင့် တောဘုရင် ဖြစ်လာတယ်။ ကျားဟာ တနာရီမိုင် ၃၀ ပြေးနိုင်ပြီး သမင်နဲ့တုတဲ့ gazelle တို့ antelope တို့ဟာ တနာရီ မိုင် ၇၀ အထိပြေးနိုင်ကြတယ်။ 

ဒါပေမဲ့သူတို့ဟာ ကျားအလိုက်ခံရတဲ့အခါ ပြေးလိုက်၊ နောက်လှည့်
 ကြည့်ပြီး ကျားမှီလာပြီလားဆိုပြီးကြည့်လိုက် ပြေးလိုက်လုပ်တယ်။
 ကြောက်စိတ်ကြောင့်ဘဲ ဒီလိုလုပ်ပြီး ကျားစာဖြစ်ကြရတယ်။ 
တကယ်တော့ မိမိအစွမ်းကို သိပြီး တောက်လျှောက်ပြေးမယ် 
ဆိုရင် ကျားကမမှီဘဲ ကျားရန်က လွတ်မြောက်နိုင်တယ်။ 

သူတို့ဟာကြောက်စိတ်ကြောင့် မိမိအစွမ်းကို မမြင်ဘဲ ကျဆုံးကြရတယ်။ တောလည် ၁၃ မှ သူလျှို ၁၀ ယောက်ဟာ ရန်သူကိုကြောက်တဲ့အတွက် ဣသရေလတမျိုးလုံး ခါနန်ပြည်မဝင်ရဘဲ တောထဲမှာ နှစ် ၄၀ 
လည်နေရတယ်။ ရန်သူရှေ့မှာ မိမိကိုယ်ကို နှံကောင်လို့ 
ထင်ကြတယ်။ ရန်သူကမပြောပါဘူး။ 

သူတို့ရဲ့ကြောက်စိတ်က သုတို့ကို သိမ်ငယ်စေတယ်၊ အစွမ်းအစတွေပျောက်ဆုံးစေတယ်။ ယုံကြည်ခြင်းရှိတဲ့ ယောရှုနဲ
့ကာလက်က ရန်သူကို သူတို့ရဲ့စားစရာလို့ မြင်တယ်။ 
သူတို့ ၂ ဖွဲ့မှာ ကွာတာ စိတ်သဘောဘဲ။ ဘုရားကိုယုံကြည်သူမှာ 
ရဲရင့်တဲ့စိတ်ရှိပြီး ပြဿနာကိုဘဲ ကြည့်သူမှာ ကြောက်စိတ်ရှိတယ်။ 

ဒီကနေ့ သင့်ရဲ့စိတ်သဘောကို ဂရုပြုပါ။ ရန်သူ၊ ပြဿနာကို 
အာရုံမစိုက်ဘဲ ဘုရားကိုစေ့စေ့ကြည့်ပါ။ ကတိတော်ကို အာရုံစိုက်ပါ။ 
ဒါဆိုရင် ယုံကြည်တဲ့စိတ်သဘောနဲ့ လုပ်ဆောင်နိုင်မယ်။ 
ဒါဟာ သင့်ဘဝအောင်မြင်ခြင်းရဲ့ သော့ချက်ဘဲ။ 
နှုတ်ကပတ်တော်ကို နေ့ညမပြတ်ဆင်ခြင်ခြင်းဖြင့် 
ယုံကြည်ခြင်း စိတ်သဘောနဲ့ အစဉ်လျှောက်လှမ်းနိုင်ပါစေ။

No comments:

Post a Comment