ကျမ်းစာထဲတွင် "ထိမ်းမြားမည့်အိမ်ထောင်ဖက်ရှာဖွေခြင်း" သို့မဟုတ် "လင်၊မယားရှာဖွေခြင်း" စကားလုံးကိုမတွေ့ရသော်လည်း ခရစ်ယာန်များသည် အိမ်ထောင်မပြုမီ မိမိ ထိမ်းမြားရမည့်ကြင်ဖော်ကြင်ဖက်ရွေးချယ်မှုအတွက် သတ်မှတ်ပေးထားသော အခြေခံသဘောတရားအချို့တို့ကို တွေ့ရှိနိုင်သည်။ ပထမအနေဖြင့် ဘုရားသခင်၏ နည်းလမ်းသည် လောကအရာများနှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် မယုံကြည်သူများအမြင်နှင့် မတူသောအိမ်ထောင်ရွေးချယ်မှုကို သိရှိရမည်(၂ပေ ၂း၂၀)။ မယုံကြည်သူများ၏အမြင်သည် ကျွန်ုပ်တို့စိတ်ဆန္ဒအတိုင်း ရွေးချယ်မှုပင် ဖြစ်သည်။ အရေးကြီးသောအရာတစ်ခုမှာ လူတစ်ယောက်သည် ယောက်ျားတစ်ယောက် (သို့) မိန်းမတစ်ယောက်အပေါ် ဆက်ကပ်မှုမပြုမီ သူ၏ကိုယ်ကျင့်တရားကို သိရှိခြင်းပင် ဖြစ်သည်။ ထိုသူသည် ခရစ်တော်၏ ၀ိညာဉ်တော်အားဖြင့် ဒုတိယမွေး ဖွားခြင်းရရှိသလားဟု ကျွန်ုပ်တို့သိရှိသင့်သည် (ယောဟန် ၃း၃-၈)။ သူသည် ခရစ်တော်နှင့်စပ်ဆိုင် သောအရာများကို စိတ်ဝင်စားမှုရှိ/မရှိ သိရှိသင့်သည် (ဖိလိပ္ပိ ၂း၅)။ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးထိမ်းမြားလက်ထပ် ပြီးသောအခါ သူတို့သည် တသွေးတသားဖြစ်ကြသည်။ ခရစ်ယာန်များသည် ခရစ်တော်နှင့် ဆက်သွယ်ရာတွင်ဖြစ်စေ၊ သူတို့၏ကိုယ်ကျင့် တရားများနှင့်စံချိန်စံညွှန်းကို အားနည်း စေနိုင်သဖြင့် ကျွန်ုပ်တို့သည် မယုံကြည်သူများနှင့် အိမ်ထောင်မပြုသင့်ပါ (၂ကော ၆း၁၄-၁၅)။
လူတစ်ယောက်သည် အိမ်ထောင်ပြုရန် ဆုံးဖြတ်သောအခါ သူတို့နှင့်လက်ထပ်မည့်သူများက၊ သူတို့ ရွေးထားသောသူများက အခြားသောအရာများထက် ဘုရားသခင်ကို ချစ်ခြင်းသည် အရေးကြီးသည်ကို မှတ်ထားရမည် (မဿဲ ၁၀း၃၇)။ ယုံကြည်သူတစ်ယောက် (သို့) လူတစ်ယောက်၏ဘ၀တွင် လူပုဂ္ဂိုလ်အားဖြစ်စေ၊ အခြားသောအရာတစုံတခုအားဖြစ်စေ အရေးကြီးဆုံးဖြစ်သည်ဟု တန်ဖိုးထားလျှင် ၄င်းသည် ရုပ်တုကိုးကွယ်သော အပြစ်ဖြစ်သည် (ဂလာတိ ၅း၂၀၊ ဂလာတိ ၃း၅)။ ကျွန်ုပ်တို့သည် အိမ်ထောင်မပြုမီ လိင်ကျူးလွန်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို မညစ်ညမ်းစေ သင့်ပါ (၁ကော ၆း၉၊ ၁၃၊ ၂တိ၊ ၂း၂၂)။ လိင်ဆက်ဆံရေးကျူးလွန်မှုသည် ဘုရားသခင်ကို ဆန့်ကျင် သောအပြစ်ဖြစ်ရုံမျှမဟုတ်ဘဲ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို စော်ကားသောအပြစ်ဖြစ်သည် (၁ကော ၆း၁၈)။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ချစ်သည့်နည်းတူ အခြားသူများကို ချစ်ကာ ရိုသေရမည် (ရောမ ၁၂း၉-၁၀)။ ဤအရာသည် ကြင်ဘော်ကြင်ဖက်ရှာဖွေခြင်းတွင် အလွန်အရေးကြီးသည်။ မည်သို့ပင် ဖြစ်စေကာမူ သမ္မာကျမ်းစာနှင့် ညီညွတ်သော ဤအခြေခံသဘောတရားများသည် အိမ်ထောင်ပြုခြင်းအတွက် စိတ်ချလှုံခြုံမှုပေးသော အကောင်းဆုံးနည်းစနစ်ပင် ဖြစ်သည်။ ၄င်းသည် ကျွန်ုပ်တို့ပြုလုပ်ရမည် အကောင်းဆုံးသော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ အကြောင်းမှာ လူနှစ်ယောက်တို့သည် ထိမ်းမြားအိမ်ထောင်ပြုကြသောအခါ သူတို့သည် ဘုရားသခင်၏ကြံစည်တော်မူသည့်အတိုင်း ထာဝရတည်တံခိုင်မြဲရန်အတွက် သူတို့သည် အချင်းချင်းမှီခိုအားထားကြပြီး တစ်သွေးတစ်သားတည်း ဖြစ်ကြ ပါသည် (ကမ္ဘာ ၂း၂၄၊ မဿဲ ၁၉း၅)
Thursday, 19 July 2018
|| လက်မထပ်မီ အတူ နေထိုင်ခြင်း (living together)သည် မှားယွင်းပါသလား..? ||
ယ္ခုအခါ ယုံကြည်သူခရစ်ယာန် လူငယ်များပင်လျှင်
(living together) အတူနေထိုင်ခြင်းကို ထိမ်းမြားခြင်းမပြုမီ ထမင်းစားရေသောက် အလွယ်တကူ ပြုမူကျင်.ကြံကြသည်ကို တွေ.နေရသည်။ ရှေးဦးစွာ (living together) "အတူတကွ နေထိုင်ခြင်း" အဓိပ္ပါယ်ကို သိရှိရန်လိုအပ်သည်။ အတူတကွ နေထိုင်ခြင်းသည် လိင်ဆက်ဆံမှုဖြစ်လျှင် လုံးဝမှားယွင်းနေသည်။ ထိမ်းမြားခြင်းမပြုမီ ဆက်ဆံခြင်းကို အခြားသော ကိုယ်ကျင့်တ ရားဖောက်ဖြန်မှုအားလုံးကဲ့သို့ သမ္မာကျမ်းစာက တားမြစ်ထားသည် (တမန် ၁၅း၂၀၊ ရောမ ၁း၂၉၊ ၁ကော ၅း၁၊ ၆း၁၃၊ ၁၈၊ ၇း၂၊ ၁၀း၈၊ ၂ကော ၁၂း၂၁၊ ဂလာတိ ၅း၁၉၊ ဧဖက် ၅း၃၊ ကောလောသဲ ၃း၅၊ ၁သက် ၄း၃၊ ယုဒ ၇)။ လင်၊ မယားကလွှဲပြီးအခြားသောသူများနှင့် လိင်ဆက်ဆံမှုမပြုရန် ကျမ်းစာက ဖော်ပြထားပါသည်။ ထိမ်းမြား ခြင်းမပြုမီ လိင်ဆက်ဆံမှုသည် ကာမကျူးလွန်ခြင်းကဲ့သို့ မှားယွင်းမှုသာမဟုတ်ဘဲ၊ ထိမ်းမြားခြင်းမပြုဘဲ ကာမကျူးလွန်ခြင်းဖြစ်သောကြောင့် အခြားသော ကိုယ်ကျင့်တရားပျက်ပြားမှု လိင်ဆက်ဆံရေးကဲ့သို့ မှားယွင်းသည်။ "အတူတကွ နေထိုင်ခြင်း"သည် တစ်အိမ်မှာ အတူတကွနေထိုင်ခြင်းဖြစ်လျှင် အခြားသော ကိစ္စတစ်ခု ဖြစ်သည်။ ထိုသို့ဖြစ်လျှင် ယောင်္ကျားတစ်ယောက်နှင့်မိန်းမတစ်ယောက်သည် တစ်အိမ်ထဲမှာ အတူ တကွနေခြင်းသည် မှားယွင်းမှုမရှိပါ။ သူတို့သည် လိင်ဆက်ဆံမှု လုံးဝမပြုရပါ။ သို့သော် ပေါ်ပေါက်လာနိုင်သောပြဿနာမှာ ကိုယ်ကျင့်တရားပျက်ပြားမှု ဖြစ်သည် (၁သက် ၅း၂၂၊ ဧဖက် ၅း၃)။ အတူတကွနေထိုင်ခြင်းသည် ကိုယ်ကျင့်တရားပျက်ပြားမှုအတွက် စုံစမ်းခြင်းတစ်ခုပင် ဖြစ် သည် (၁ကော ၆း၁၈)။ စုံစမ်းနှောင့်ယှက်ခြင်းကို မလွန်ဆန်နိုင်လျှင် ပြဿနာပေါ်ပေါက်လာသည်။ ယောင်္ကျားတစ်ယောက်နှင့်မိန်းမတစ်ယောက်အတူတကွနေထိုင်လျှင် အတူတကွအိပ်သည်ဟု အထင်လွှဲတတ်ကြသည်။ ထိုသို့အတူတကွအိပ်ခြင်းအားဖြင့် အပြစ်တရားပေါ်ပေါက်လာနိုင်သည်။ အပြစ်တရားဖြစ်လာနိုင်သောအရာများရှောင်ကြဉ်ရန် (၁သက် ၅း၂၂၊ ဧဖက် ၅း၃)၊ ကိုယ်ကျင့်တရား ပျက်ပြားမှုများရှောင်ရှားရန်၊ ခလုတ်တိုက်မိပြီး၊ အထင်လွှဲစရာများရှောင်ကြဉ်ရန် သမ္မာကျမ်းစာက သွန်သင်ထားသည်။ နောက်ဆုံးအနေဖြင့် ထိမ်းမြားခြင်းမပြုဘဲ ယောင်္ကျားတစ်ယောက်နှင့်မိန်းမ တစ်ယောက်အတူတကွ နေထိုင်ခြင်းသည် ဘုရားသခင်ကို မရိုသေ၊ မလေးစားခြင်းပင် ဖြစ်သည်။ >AMEN <

|| လက်မထပ်မီ လိင်ဆက်ဆံခြင်းဆိုတာ ?? ||
ဧဖက် ၅း၃ "မတရားသောမေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည့်အတိုင်း၊ စကားဖြင့်မျှ မဆက်ဆံ ကြနှင့်"ဟု ဖော်ပြထားသည်။ အမျိုးမျိုးသောကိလေသာညစ်ညူးခြင်းသည် ခရစ်ယာန်တစ်ဦးအတွက် မသင့်တော်သောအရာဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် အမျိုးမျိုးသောကိလေသာညစ်ညူးခြင်းများကို စာရင်းပြုစုထားခြင်းမရှိပါ။ လက်ထပ်ထိမ်းမြားခြင်းမပြုမီ လင်မယားတို့ပြုရမည့်အရာများကို တိကျသေချာစွာ ဖော်ပြထားခြင်းလည်းမရှိပေ။ သို့သော်၊ သမ္မာကျမ်းစာထဲတွင် ထိုသို့တိကျစွာဖော်ပြ ထားခြင်းမပြုခြင်းသည် ထိမ်းမြားလက်ထပ်ခြင်းမပြုမိ အတူတူအိပ်နိုင်သည်ဟု ဘုရားသခင်က ထောက်ခံအားပေးခြင်းမဟုတ်ပါ။ လင်မယားနှစ်ယောက်အတွက် ထိမ်းမြားခြင်းမပြုမီ အတူတူအိပ်ခြင်းကို ကျမ်းစာက တားမြစ်ထားသည်။ ထိမ်းမြားလက်ထပ်ခြင်းပြုသည့်ချိန်အထိ သံသယရှိသင့်သော ပေါင်းသင်းဆက်ဆံမှုကို ရှောင်ကြဉ်အပ်သည်။
ထိမ်းမြားလက်ထပ်ခြင်းမပြုသေးသော ယောက်ျားတစ်ယောက်နှင့်မိန်းမတစ်ယောက်တို့သည် သံသယရှိဖွယ်သောအပြုအမူ၊ အနေအထိုင်များကို လုံးဝရှောင်ကြဉ်အပ်သည် (ရောမ ၁၄း၂၃)။ လူပျိုတစ်ယောက်နှင့်အပျိုတစ်ယောက်တို့သည် လက်မထပ်မီ အမျိုးမျိုးသောအပြုအမူများ၊ လိင် ဆက်ဆံမှုများနှင့် အတူတူအိပ်ခြင်းများ ရှောင်ကြဉ်အပ်သည်။ လက်မထပ်သေးသော ယောက်ျားတစ် ယောက်နှင့်မိန်းမတစ်ယောက်တို့သည် လိင်ဆက်ဆံမှုဖြစ်စေသောအရာများကို ရှောင်ကြဉ်ရမည်။ မတရားသောမေထုန်၌မှီဝဲခြင်းဖြစ်စေသောအရာများကိုလည်း ရှောင်ကြဉ်ရမည်။ ကာမဆက်ဆံရေး ဖြစ်စေသောအရာဟူသမျှကိုလည်း ရှောင်ကြဉ်ရမည်။ သင်းအုပ်ဆရာများနှင့် ခရစ်ယာန်အကြံပြုနှီးနှောတိုင်ပင်သူများစွာတို့က အိမ်ထောင်မပြုရသေးသောသူများကို လက်မတွဲရန်၊ မဖက်ယမ်းကြရန်နှင့် မနမ်းကြရန် အကြံပြုထားသည်။ အိမ်ထောင်ပြုပြီးနောက် ဖက်ခြင်း၊ နမ်းခြင်း၊ လက်တွဲခြင်းပြုသင့်သည်။ ၄င်းသည် အိမ်ထောင်ပြုခြင်းထဲတွင် လိင်ဆက်ဆံရေးဖြစ်စေသော အရာများဖြစ်သည်။
|| အဘယ်ကြောင့် ဆုတောင်းရန် လိုသနည်း ||
ဘုရားသခင်သည် နောက်လာမည့် အရာများကိုသိရှိပြီး သူသည်အရာခပ်သိမ်းကို ထိန်းချုပ်သူဖြစ်လျှင် ကျွန်ုပ်တို့သည် ဘာဆု ကိုတောင်းလျှောက်ရဦးမည်နည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်၏စိတ်တော်ကိုမပြောင်းလဲ စေနိုင်လျှင် အဘယ့်ကြောင့်ဆုတောင်းရဦးမည်နည်း။
ခရစ်ယာန်များအတွက်ဆုတောင်းခြင်းသည် အသက်ရှူခြင်းဖြစ်သည်။ ဆုတောင်း ခြင်းသည် မတောင်းခြင်းထက် ပိုလွယ်သည်။ ကျွန်ုပ်တို့သည် အလွန်ကြီးမားသော အရာများအတွက်ဆုတောင်းကြသည်။ ဆုတောင်းခြင်းသည် ဘုရားသခင်ကိုအစေခံခြင်းပုံစံ
(လုကာ ၂း၃၆-၃၈)နှင့်သူ့ကိုနာခံခြင်းပုံစံဖြစ်သည်။ ဘုရားသခင်ကဆုတောင်းရန်ပညတ်ထားသော ကြောင့် ကျွန်ုပ်တို့ဆုတောင်းခြင်းဖြစ်သည်(ဖိလိပ္ပိ ၄း၆-၇)။ ဆုတောင်းခြင်းသည် သခင်ယေရှုနှင့် ကနဦးယုံကြည်သူများချပေးထားသော နမူနာတစ်ခုဖြစ်သည် (မာကု ၁း၃၅၊ တမန် ၁း၁၄၊ ၂း၄၂၊ ၃း၁၊ ၄း၂၃-၃၁၊ ၆း၎၊ ၁၃း၁၃)။ သခင်ယေရှုကိုယ်တိုင်က ဆုတောင်းခြင်းသည် အလွန်ကောင်းသည်ဟုထင်မှတ်ခဲ့လျှင် ကျွန်ုပ်တို့သည်လည်း ထင်မှတ်ရမည်ဖြစ်သည်။ သခင်ယေရှုသည် ခမည်းတော်ဘုရား၏အလိုတော်အတိုင်း ဆုတောင်းလျှင် ကျွန်ုပ်တို့သည်လည်းပို၍တောင်းသင့်သည်မဟုတ်လော။ ဆုတောင်းခြင်းအတွက်အခြားယူဆချက်တစ်ခုသည် ဘုရားသခင်က အခြေအနေများစွာကိုဖြေရှင်းပေးလိုသောခါ ဆုတောင်းခြင်းအားဖြင့်ဖြေရှင်းပေးသည်ဟု အကြံရှိသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် အရေးကြီးသောဆုံးဖြတ်ချက်ချသောအချိန် တွင်ဖြစ်စေ
(လုကာ ၆း၁၂-၁၃)၊ နတ်ဆိုးများကိုအောင်မြင် လိုအသောအချိန်တွင်ဖြစ်စေ (မဿဲ ၁၇း၁၄-၂၁)၊ ၀ိညာဉ်ရိတ်သိမ်းပွဲအတွက် အမှုတော်ဆောင်များစုရုံးနေသောအခါ တွင်ဖြစ်စေ (လုကာ ၁၀း၂)၊ စုံစမ်းနှောက်ယှက်ခြင်း ကိုအောင်မြင်ရန် ခွန်အားလိုအပ်နေ သောအခါတွင်ဖြစ်စေ
(မဿဲ ၂၆း၄၁)၊ အခြားသူများကိုခွန်အားပေးရန် ၀ိညာဉ်ခွန်အားလို အပ်သောအခါတွင်ဖြစ်စေ(ဧဖက် ၆း၁၈-၁၉) ဆုတောင်းတတ်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံ ကျွန်ုပ်တို့တောင်းဆိုသောဆုတောင်းချက်များကို ဘုရားသခင်ထံတော်သို့ပို့ဆောင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ဆုတောင်းချက်များအားလုံး ဘုရားသခင်ကအဖြေမပေးသော်လည်း
(မဿဲ ၆း၆၊ ရောမ ၈း၂၆-၂၇) သူက ကျွန်ုပ်တို့ဆုတောင်းချက် များကိုအချည်းနှီးမဖြစ်စေရဟုကတိတော်ရှိသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီဆုတောင်းလျှင် ဘုရားသခင်က ကျွန်ုပ်တို့တောင်းဆို သောအရာများချပေးမည်ဟု ကတိပြုထားပါသည်။ (၁ယော ၅း၁၄-၁၅)။
တခါတရံ ကျွန်ုပ်တို့ကောင်းမှုအတွက်နှင့်သူသိသော အရာများအတွက်ကြောင့် ကျွန်ုပ်တို့ဆု တောင်းချက်ကို ဘုရားသခင်က နှေးကွေးစွာအဖြေပေးတတ်သည်။ ဤအခြေအနေတွင် ကျွန်ုပ်တို့သည် မရပ်မနားဆုတောင်းရန်လိုအပ်သည်
(မဿဲ ၇း၇၊ လုကာ ၁၈း၁-၈)။
ဆုတောင်းခြင်းသည် လောကတွင်ကျွန်ုပ်တို့လိုအပ်သော အရာများဘုရားသခင်ထံမှရရှိ ရန်အတွက်မဟုတ်ဘဲ ဘုရားသခင်၏အလိုတော်သည် မြေကြီးပေါ်တွင် ပြည့်စုံစေရန်အ တွက်သာဖြစ်သည်။ ဘုရားသခင်၏ညာဏ်ပညာတော်သည် ကျွန်ုပ်ထက်အဆမတန် ထက်မြက်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်ကို တိတိကျကျမသိသောအခြေအနေမျိုး တွင် ဆုတောင်းခြင်းသည် ဘုရားသခင်၏အလိုတော်ကို သိရှိရန်အတွက်ဖြစ်သည်။ ရှမရိအမျိုးသမီးသည် သူမ၏သမီးနတ်ဆိုးစွဲခြင်းအတွက် ခရစ်တော်ထံဆုမတောင်းလျှင် သူမ၏သမီးသည် ကျန်းမာခြင်းရမည်မဟုတ်ပေ
(မာကု ၇း၂၆-၃၀)။
ယေရိခေါ်မြို့ပြင်တွင် ရှိသောမျက်စိကန်းသောလူတစ်ဦးသည် ခရစ်တော်ကိုမခေါ်ခဲ့လျှင် သူသည် မျက်စိမြင်နိုင် မည်မဟုတ်ပေ (လုကာ ၁၈း၃-၄၃)။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ မတောင်းလျှောက်သော အရာများကိုတောင်ရရှိကြသည်ဟု ဘုရားသခင်ကပြောခဲ့သည်(ယာကုပ် ၄း၂)။ တဘက်တွင် ဆုတောင်းခြင်းသည် လူတွေနှင့်သတင်းကောင်းဝေငှခြင်းနှင့် တူပါသည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်း သတင်းကောင်းမဝေငှလျှင် မည်သူတွေကကယ်တင်ခြင်း ယုံကြည်မည်ကိုမသိခဲ့ကြပေ။ ထိုနည်းတူ၊ ကျွန်ုပ်တို့သည် ဆုမတောင်းလျှင် ဆုတောင်းချက် မည်မျှအဖြေပေးမည်ကို ကျွန်ုပ်တို့မသိနိုင်ကြပေ။ ဆုတောင်းခြင်း၌နားနည်းခြင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်ယုံကြည်ခြင်း နှင့်ကိုးစားခြင်း၌အားနည်းခြင်းကိုပြသသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုယုံကြည် ကြောင်းဆုတောင်းခြင်း အားဖြင့်ထင်ရှားစေပါသည်။ ဘုရားသခင်သည်သူ၏ကတိတော် အတိုင်းအမှုပြုပြီး၊ ကျွန်ုပ်တို့တောင်းလျှောက်နိုင်သောအရာ၊ မျှော်လင့်ချက်များထက် ဘုရားသခင်က ကျွန်ုပ်တို့အသက်တာတွင် ကောင်းချီးကြွယ်ဝစွာပေးမည်ဖြစ်သည် (ဧဖက် ၃း၂၀)။ ဆုတောင်းခြင်းသည် အခြားသောသူများအသက်တာတွင် ဘုရားသခင်ပြုသောအ မှုများတွေ့မြင်စေသောအရာ တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်၏တန်ခိုးတော် “ထုတ်လွင့်”သောအခါ စာတန်နှင့်သူ၏ရဲဘော်ရဲဘက်များ ရှုံးနှိမ့်ခဲ့ကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည်နတ်ဆိုးများပေါ်တွင်အနိုင်ယူနိုင်ရန်တန်ခိုးမရှိ ကြပေ။ ထိုကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အားသူ၏ပလ္လင်တော်ရှေ့တွင် မြင်တွေ့ကြ ပါစေ။ အကြောင်းမှာ ကျွန်ုပ်တို့သည်/ ကောင်းကင်နိုင်ငံတော်နှင့်ကျွန်ုပ်တို့နှင့်အတူဆု တောင်းနေသော ယဇ်ပုရောဟိတ်ကြီးရှိသောကြောင့်ဖြစ်သည် (ဟေဗြဲ ၄း၁၅-၁၆)။ အရပ် မနားစိတ်အားထက်သန်စွာဖြင့် ဆုတောင်းသောဖြောင့်မတ်သူ များကိုအဖြေရရှိကြ လိမ့်မည်ဟူသော ဂတိတော် ကျွန်ုပ်တို့မှာရှိသည်။
(ယာကုပ် ၅း၁၆-၁၈) ကျွန်ုပ်တို့သည် ဆုတောင်းခြင်းအားဖြင့် ဘုရားသခင် ထံတော်သို့ယုံကြည်ခြင်းအပြည့် အ၀ဖြင့်ချဉ်းကပ် သည့်နည်းတူ ဘုရားသခင်သည် ကျွန်ုပ်တို့အသက်တာ
များအားဖြင့် ဘုန်းကြီးခြင်း ရှိပါစေသော။..AMEN..

|| တူညီသော ဆုတောင်းချက်ကိုကြိမ်ဖန်များစွာတောင်းသင်. သလား ||
လုကာ ၁၈း၇-၉ ထဲတွင် ဆုတောင်းသောအခါ စိတ်ရှည်ခြင်းရှိခြင်း၏အရေးပါမှုပုံဥပ မာကို သခင်ယေရှုကပြောခဲ့သည်။ မုဆိုးမတစ်ဦးသည် တရားမျှတမှုမရှိသောတရားသူကြီးထံ သူမ၏အမှုကိုတရားစီရင်ပေးရန်တောင်းဆိုသည့်အကြောင်းကို သခင်ယေရှုကပြောသည်။ သူမ၏ မရပ်တမ်းတောင်းဆိုမှုကြောင့် သူမကို လိုက်လျော့ပေးခဲ့သည်။ သခင်ယေရှုပြောကြား လိုသော အချက်သည် တရားမျှတမှုမရှိသောတရားသူကြီးတောင်မှ မရပ်မနားတောင်းဆိုသော လူတစ်ဦး၏အမှုကိုစီရင်ပေးရင် ကျွန်ုပ်တို့ကို “သူရွေးကောက်သောသူများ”(အခန်းငယ် ၇) ချစ်တော်မူသော ဘုရားသခင်သည် ကျွန်ုပ်တို့တောင်းဆိုသောအရာများကိုပိုပြီး လိုက်လျော့ မည်မဟုတ်လော။ ကျွန်ုပ်တို့ဆုတောင်းသံကို နားမညောင်းဘဲနေမည်လော။ ဤပုံပြင်ထဲတွင် မကြာခဏတောင်းလျှောက်ခြင်းသည် မှားယွင်းခြင်းရှိသည်ဟု မဖော်ပြထားပေ။ ကျွန်ုပ်တို့ အားပေးဖို့ရန် ဘုရားသခင်မှာတာဝန်ရှိသည်။ ဘုရားသခင်သူရွေးကောက်ထားသောသူများကို ဒဏ်ခံရန်၊ မှားကြောင်းသက်သေထူရန်၊ သူတို့ပြုသောအမှားများပြုပြင်ပေးရန်၊ တရားသောအ မှုပြုရန်၊ သူတို့၏ရန်သူများမှသူတို့ကိုကယ်တင်ရန် ဘုရားသခင်က ကတိပေးခဲ့သည်။ ဘုရားသခင်ဤသို့ပြုရခြင်းအကြောင်းမှာ သူ၏တရားမျှတမှု၊ သန့်ရှင်းမှုနှင့်အပြစ်တရားကို မုန်း တီးမှုများကြောင့်ဖြစ်သည်။ ဘုရားသခင်သည် အဖြေပေးရာတွင် သူ၏ကတိတော်များနှင့်ကို စောင့်ထိန်းပြီး၊ သူ၏တန်ခိုးကိုလည်းပြသသည်။
လုကာ ၁၁း၅-၁၂ ထဲတွင် သခင်ယေရှုက ဆုတောင်းခြင်းနှင့် ပတ်သက်ပြီးအခြားသော ဥပမာတစ်ခုကိုပေးခဲ့သည်။ ထိုဥပမာသည် တရားမျှတမှုမရှိသောတရားသူကြီးပုံပြင်နှင့်ဆင် တူသည်။သခင်ယေရှုပြောကြားချက်မှာ လူတစ်ယောက်သည် သူ့သူငယ်ချင်းတစ်ယောက် ၏လိုအပ်မှုများကို အဆင်မပြေသည့်ကြားထဲမှာဖြည့်ဆည်းပေးနိုင်လျှင် ဘုရားသခင်သည် စိတ်ရှည်လက်ရှည်တောင်းလျှောက်သော သူများကိုပို၍ကောင်းချီးပေးမည့်အကြောင်းဖြစ် သည်။ ဤနေရာတွင်ကျွန်ုပ်တို့သည် မရပ်မနားတောင်းသမျှ ဘုရားသခင်ကချပေးမည်ဟူ သောဂတိတော်ကိုမဆိုလိုပေ။ ဘုရားသခင်၏သားသမီးများအပေါ်ဘုရားသခင်ကတိတော် သည် ကျွန်ုပ်တို့လိုချင်သောအရာများပေးအပ်ရန်အတွက်မဟုတ်ဘဲ ကျွန်ုပ်တို့လိုအပ်မှုများ ဖြည့်ဆည်းပေးရန်အတွက်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့လိုအပ်မှုများကို ကျွန်ုပ်တို့ထက်ပိုသိသည်။ တူညီသောဂတိတော်ကို မဿဲ ၇း၇-၁၁ နှင့်လုကာ ၁၁း၁၃ ထဲတွင် တွေ့ရှိနိုင်သည်။ ထိုနေရာတွင် “ကောင်းသောဆုကျေးဇူး”သည် သန့်ရှင်းသောဝိညာဉ်တော် ဖြစ်သည်ဟုဖော်ပြထားပါသည်။
ဤကျမ်းပိုဒ်နှစ်ခုတို့သည် ဆုတောင်းရန်နှင့်မရပ်မနားတောင်းလျှောက်ရန်အတွက် တိုက်တွန်းထားပါသည်။ တူညီသောအချက်ကို မကြာခဏတောင်းလျှောက်ခြင်း၌မှားယွင်း မှုမရှိပေ။ မိတ်ဆွေဆုတောင်းငြခ်းသည် ဘုရားသခင်၏အလိုတော်နှင့်ညီညွတ်ရန် (၁ယော ၅း၎-၁၅) လိုအပ်သည်။ မိတ်ဆွေတောင်းလျှောက်သော အရာများဘုရားပေးသည့်အထိတောင်း ရမည်ဖြစ်သည်။ မိတ်ဆွေနှလုံးသားဆန္ဒများကိုဖယ်ထုတ်ရမည်ဖြစ်သည်။ တခါတရံ ကျွန်ုပ်တို့ တောင်းလျှောက်သောအရာများပေးအပ်ရန် ဘုရားသခင်၏အချိန်မရောက်သေးသောကြောင့် ဘုရားသခင်က ကျွန်ုပ်တို့အားအဖြေရရှိသည့်အထိစောင့်ခိုင်းထားခြင်းဖြစ်သည်။ တခါတရံ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလိုတော်နှင့်မညီညွတ်ပေ။ ထိုအချိန်တွင်ဘုရားသခင်က “မလိုဘူး”ဟုပြောခြင်းဖြစ်သည်။ ဆုတောင်းခြင်းသည် မိတ်ဆွေလိုအပ်သောအရာများကို ဘုရားသခင်ထံတောင်းလျှောက်ခြင်းဖြစ်သည်။
ဘုရားသခင်က ကျွန်ုပ်တို့နှလုံးသားထဲတွင် သူ၏အလိုတော်များကိုဖွင့်ဟမည်ဖြစ်သည်။ မိတ်ဆွေတောင်းလျှောက်သော အရာများမရမချင်း ဘုရားသခင်ထံဆက်လက်ဆုတောင်းပါ။ ဆက်လက်တံခါးခေါက်လိုက်ပါ။ ဘုရားသခင်၏အလိုတော်နှင့်အညီဆုတောင်းတတ်ရန် အတွက် လည်းဘုရားသခင် ထံတောင်းလျှောက်လိုက်ပါ။ AMEN

|| သခင်ယေရှုနာမအားဖြင့် ဆုတောင်းခြင်းသည် အဘယ်အရာကိုဆိုလိုသနည်း ||
John- ၁၄း၁၃-၁၄ ထဲတွင် သခင်ယေရှုနာမအားဖြင့်ဆုတောင်းရန် ဖော်ပြထားပါသည်။ “သင်တို့သည်ငါ၏နာမကို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြု မည်။ အကြောင်းမူကား၊ ခမည်းတော်သည်သားတော်အားဖြင့်၊ ဘုန်းထင်ရှားတော်မူခြင်း ရှိမည်အကြောင်းတည်း။ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစုံတခုသောဆုကိုတောင်း လျှင်တောင်းသည့်အတိုင်းငါပြုမည်။” အချို့သောသူများက ဆုတောင်းသောအခါ “သခင်ယေရှုနာမတော်အားဖြင့်”ဟုပြောလျှင် ကျွန်ုပ်တို့တောင်းသမျှ ဘုရားသခင်က ပေးမည်ဟု လွှဲမှားစွာအသုံးချတတ်ကြသည်။ ထိုသို့ယူဆခြင်းသည် “သခင်ယေရှု၏ နာမ တော်ကို” အံ့သြဖွယ်တစ်ခုအဖြစ် ခံယူခြင်းဖြစ်သည်။ ၄င်းသည်
သမ္မာကျမ်းစာ ဖော်ပြချက်နှင့်ညီညွှတ်မှုမရှိပေ။ သခင်ယေရှု၏နာမတော်အားဖြင့်ဆုတောင်းခြင်းအဓိပ္ပါယ်သည် ကျွန်ုပ်တို့သည် သားတော်သခင်ယေရှု၏ နာမတော်အားဖြင့်
ဘုရားသခင်ထံလာသောကြောင့် ကျွန်ုပ်တို့ ဆုတောင်းခြင်းကိုဘုရားသခင်က အဖြေပေးရန် သခင်ယေရှုအမိန့်တော်အားဖြင့်တောင်း လျှောက်ခြင်းဖြစ်သည်။ သခင်ယေရှု၏နာမအားဖြင့် ဆုတောင်းခြင်းသည် ဘုရားသခင်၏ အလိုတော်အတိုင်းဆုတောင်းခြင်းအဓိပ္ပါယ်ရသည်။ “ငါတို့သည် ဘုရားသခင့်အထံတော် ၌ ရဲရင့်ခြင်းအကြောင်းဟူမူကား၊ ငါတို့သည်အလိုတော်နှင့်အညီ တစုံတခုသောဆုကိုတောင်း လျှင် ဘုရားသခင်သည်နားတော်မူ၏။ ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူ သည်ကို ငါတို့သိလျှင်၊ အထံတော် ၌တောင်းသော ဆုတို့ကိုရမည်ဟုသိကြ၏။” (၁ယောဟန် ၅း၁၄-၁၅)။ သခင်ယေရှု၏နာမတော်အားဖြင့်ဆုတောင်းခြင်းသည် သခင်ယေရှုကို ဂုဏ်ပြုသော၊ သူ၏ဘုန်းတော်ထင်ရှားစေသော ဆုတောင်းခြင်းမျိုးဖြစ်သည်။ ဆုတောင်းခြင်းအဆုံးတွင် “သခင်ယေရှုနာမတော်အားဖြင့်” ဆုတောင်းခြင်းဟု ပြော ခြင်းသည် အလွန်ကောင်းသော နိယာမတစ်ခုမဟုတ်ပေ။ ကျွန်ုပ်တို့သည်ဘုရားသခင်၏ ဘုန်းတော်ထင်ရှားဖို့ရန်မဟုတ်၊ သူ၏အလိုတော်အတိုင်းလည်းမဟုတ်ဘဲဆုတောင်းပြီး၊ “သခင်ယေရှု၏နာမတော်”ဟုပြောခြင်းသည်အဓိပ္ပါယ်မရှိပေ။ သခင်ယေရှုနာမတော်အား ဖြင့်မှန်ကန်စွာဆုတောင်းခြင်းနှင့် သူ၏ဘုန်းတော်အတွက်ဆုတောင်းခြင်းသည်အလွန်အ ရေးကြီးသည်။ ဆုတောင်းခြင်းအဆုံးတွင် အခြားသောစကားလုံးများထည့်သွင်းရန်မလို အပ်ပေ။ ဆုတောင်းသောအခါ ကျွန်ုပ်တို့မြွက်ဆိုသောစကားလုံးသည် အရေးမကြီးပေ။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်သည် ပို၍အရေးကြီးသည်။ ဘုရားသခင်၏အလိုတော်နှင့်ဆု တောင်းခြင်းသည် သခင်ယေရှုနာမတော်အားဖြင့် ဆုတောင်းခြင်း၏ အနှစ်သာရဖြစ်သည်။ AMEN

|| ပဌနာတော် အတိုင်း ဆုတောင်းသင့်သလား ||
ပဌနာတော်သည် တပည့်တော်များအပေါ် သခင်ယေရှုသွန်သင်သော
ဆုတောင်း ခြင်းဖြစ်သည်။ မဿဲ ၆း၉-၁၃နှင့်
လုကာ ၁၁း၂-၄ထဲတွင်တွေ့ရသည်။ မဿဲ ၆း၉-၁၃ ထဲတွင် “သင်တို့ဆုတောင်းရမည်မှာ ဤသို့ဖြစ်သည်။ ‘ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့၏ အဘ၊ ကိုယ်တော်၏နာမတော်အားရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော်တည် ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသ ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသော။ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အားယနေ့ပေးသနားတော်မူပါ။ သူတပါးသည်အကျွန်ုပ်တို့ကိုပြစ်မှား သောအပြစ်များကို အကျွန်ုပ်တို့သည်လွတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များ ကိုလွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲ မကောင်းသောအမှုအရာ မှလည်းကယ်နှုတ်တော်မူပါ။’“ ပဌနာတော်ဆုတောင်းခြင်းကို ကျွန်ုပ်တို့သည် ၄င်းစကားလုံးအတိုင်း တိတိကျကျတောင်းလျှောက်ရမည်ဟု မှားယွင်းစွာ ခံယူတတ်ကြသည်။ အချို့သောသူများက ပဌနာတော်ဆုတောင်းခြင်းကို အလွန်ကောင်း သောနိယာမတစ်ခုအဖြစ်ထင်မှတ်ကြသည်။ ထိုစကားလုံးများသည် တန်ခိုးရှိပြီး ဘုရားသခင်ကိုလွှမ်းမိုးစေနိုင်သည်ဟု ယုံကြည်ကြသည်။ သမ္မာကျမ်းစာက ထိုသို့မဖော်ပြထားပေ။ ဘုရားသခင်သည်ကျွန်ုပ်တို့နှလုံးသားထဲ တွင်ရှိသောစကားလုံးများထက် ကျွန်ုပ်တို့ဆုတောင်းသောအခါ ကျွန်ုပ်တို့၏နှလုံးသားများ ကိုပို၍စိတ်ဝင်စားသည်။ “သင်တို့ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍
တံခါးကို ပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ရှိတော်မူသော
သင်၏အဘကိုဆုတောင်းလော့။ မထင်ရှား သောအရာကိုမြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာပေးတော်မူလတံ့။ သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူတို့နည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ်မမြွက်ကြနှင့်။ ထိုသူတို့သည်များစွာသောစကားအားဖြင့် မိမိအလိုပြည့်စုံမည် ဟုထင်မှတ်ကြ၏” (မဿဲ ၆း၆-၇)။ ဆုတောင်းသောအခါ ဘုရားသခင်ထံ ကျွန်ုပ်တို့၏နှလုံး သားများဖွင့်ပြောရမည်ဖြစ်သည်။ (ဖိလိပ္ပိ ၄း၆-၇) ဘုရားသခင်ထံ အလွတ်ကျက်ထားသော အရာများရွတ်ဆိုခြင်းမျိုးမဟုတ်ပေ။ ပဌနာတော်သည် ဥပမာ၊ နည်းစနစ်၊ ဆုတောင်းနည်းအဖြစ်နားလည်ရမည်ဖြစ်သည်။ ၄င်းထဲတွင် ကျွန်ုပ်တို့ဆုတောင်းသောအခါပါဝင်ရမည့်
“အချက်အလက်များ” ပါဝင် ထားသည်။ “ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏အဘ”သည် ဆုတောင်းသောအခါ ခမည်းတော်ဘုရားသခင်ခံတောင်းလျှောက်
ရမည်ကိုပြသသည်။ “နာမတော်အားရိုသေ လေးမြတ်ခြင်းရှိပါစေသော”က ဘုရားသခင်ကိုကိုးကွယ်ရန် နှင့်သူဖြစ်သည့်အတိုင်းချီးမွမ်း ရန်ဖြစ်သည်ကိုဖော်ပြထားပါသည်။ “နိုင်ငံတော်တည်ထောင်ပါစေသော။အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့မြေကြီးပေါ်မှာလည်းပြည့်စုံ
ပါစေသော”စကားစုသည် ကျွန်ုပ်တို့အသက်တာအတွက်ဖြစ်စေ၊ လောကအရာများအတွက်ဖြစ်စေ ဘုရားသခင်၏ အကြံအစည်တော်အတိုင်းဆုတောင်းရမည်ကို ဖော်ပြခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏အကြံအ စည်အတိုင်းဆုမတောင်းသင့်ပေ။ ကျွန်ုပ်တို့၏ဆန္ဒပြည့်စုံရန်အတွက် မဟုတ်ဘဲဘုရားသ ခင်၏အလိုတော်ပြည့်စုံရန်အတွက် ဆုတောင်းရမည်ဖြစ်သည်။ ကျွန်ုပ် တို့လိုအပ်သော အရာများ တောင်းလျှောက်နိုင်ရန်အတွက် “အသက်မွေးလောက်သောအ စာကို အကျွန်ုပ်အားယနေ့ပေးသနားတော်မူပါ”ဟုဆုတောင်း
ရမည်ဖြစ်သည်။ “သူတစ်ပါး သည်ကျွန်ုပ်တို့ကိုပြစ်မှားသော အပြစ်များကိုအကျွန်ုပ်သည်ခွင့်လွှတ်သကဲ့သို့အကျွန်ုပ်အပြစ် ကိုခွင့်လွှတ်တော်မူပါ”ဟုတောင်းခြင်းသည် ဘုရားသခင်ထံကျွန်ုပ်အပြစ်များဝန်ချတောင်း ပန်ရန်နှင့် အပြစ်တရားကိုစွန့်ပစ်ရန်ဖော်ပြလိုခြင်းဖ်ြသည်။ ၄င်းအပြင် ဘုရားသခင်က ကျွန်ုပ်တို့ကိုခွင့်လွှတ်သည့်နည်းတူ ကျွန်ုပ်တို့သည်လည်းအခြားသူများကိုခွင့်လွှတ်ရမည် ဖြစ်သည်။ “အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲမကောင်းသော
အမှုအရာမှလည်း ကယ်နှုတ်တော်မူပါ”ဆုတောင်းခြင်းသည် အပြစ်တရားအပေါ်အောင်မြင်ခြင်းရရှိရန် တောင်းဆိုးခြင်းဖြစ်ပြီး နတ်ဆိုးဝိညာဉ်ဆိုးများ၏တိုက်ခိုက်မှုမှ ကာကွယ်ရန်တောင်း လျှောက်ခြင်းဖြစ်သည်။ ထိုကြောင့် ပဌနာတော်ကို အလွတ်ကျက်ကာ ဘုရားသခင်ထံရွတ်ရန်အတွက်မ ဟုတ်ပေ။ ကျွန်ုပ်တို့သည်မည်ကဲ့သို့ဆုတောင်းရမည်ကိုလမ်းပြပေးသောဥပမာဖြစ်သည်။ ပဌနာတော်ကိုအလွတ်ကျက်ခြင်း၌မှားယွင်းမှုရှိသလား။ မရှိပေ။ ပဌနာတော်အားဖြင့် ဘုရားသခင်ထံတော်သို့ဆုတောင်းလျှင် မှားယွင်းခြင်းရှိမည်လား။မရှိပေ။ သို့သော် မိတ်ဆွေစိတ်ထဲတွင်ရှိသောစကားလုံးများသည် တကယ်အစစ်အမှန်ဖြစ်ဖို့လိုအပ်သည်။ မှတ်သားစရာတစ်ခုသည် ဘုရားသခင်သည် လှပသောစကားလုံးများမြွက်ဆိုကာဆု တောင်းခြင်းထက် သူနှင့်ဆက်သွယ်ခြင်း၊ ကျွန်ုပ်တို့နှလုံးသားထဲတွင်ရှိသောအရာများ မြွက်ဆိုခြင်းကို ပို၍စိတ်ဝင်စားခြင်းဖြစ်သည်။
ဖိလိပ္ပိ ၄း၆-၇ ထဲတွင် “အဘယ်အမှုကိုမျှ စိုး ရိမ်ခြင်းမရှိဘဲ အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာပြုသောအား ဖြင့် သင်တို့တောင်းပန် လိုသောအရာတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမှီနိုင်သော ဘုရားသင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ် အားဖြင့်သင်တို့၏စိတ်နှလုံးတို့ကို စောင်မလိမ့်မည်”ဟုဖော်ပြထားပါသည်။ AMEN..

||စုပေါင်းဆုတောင်းခြင်းသည် ပို၍တန်ခိုးရှိသလား ||
အဖွဲ့လိုက် စုပေါင်းဆုတောင်းခြင်းသည် အသင်းတော်၏ရှင်သန်ခြင်းတွင် အရေးကြီး သောအစိတ်အပိုင်းတစ်ခုဖြစ်သည်။ဆုတောင်းခြင်းသည် ကိုးကွယ်ခြင်းနှင့်ဒွန်တွဲသည်။ ကောင်းသောခံယူချက်ဖြစ်သည်။ တလုံးတ၀ဖြစ်စေသည်။ မိတ်သာဟာရဖွဲ့စေသည်။ ကနဦးယုံကြည်သူများသည် တမန်တော်များ၊ မုန့်ဖဲ့ခြင်း နှင့်အတူတကွဆုတောင်းခြင်း များ၏ခံယူချက်သင်ယူနိုင်ရန် ပုံမှန်တွေ့ဆုံခဲ့ကြသည် (တမန် ၂း၄၂)။ ယုံကြည်သူများ အတူတကွဆုတောင်းသောအချိန်တွင် များစွာအကျိုးတက်ရောက်မှုရှိသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌စိတ်တလုံးတ၀ရှိသည်နည်းတူ အဖွဲ့လိုက်စုပေါင်းဆုတောင်းခြင်းက အသိအ မှတ်ပြုစေကာစည်းလုံးမှုဖြစ်စေသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်အရှင်သခင် ကိုချီးမွမ်းပြီး၊ အခြားသောနေရာများတွင်မတွေ့ရသော မိတ်သာဟာရ၌ အတူတကွစိတ်တ လုံးတ၀စုရုးသည့်နည်းတူ အအယုံကြည်သူများအယောက်စီတိုင်း၌ ကိန်းဝပ်သော တူညီသောသန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏နှလုံးသားထဲတွင် ပျော်ရွှင်မှုများပေးခဲ့သည်။
အထီးကျန်ဘ၀ခံစားနေရသောသူများနှင့် ၀န်ပိုးဝန်ထုတ်ထမ်းကာဘ၀ရုန်းကန်သော သူများက ကျေးဇူးတော်ပလ္လင်တော်နားတွင် အခြားသူများပြုသောဆုတောင်းသံကိုသူတို့ကြား သောအခါ သူတို့သည် အလွန်အမင်းစိတ်နှစ်သိမ့်မှုရရှိကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်အခြား သူများအတွက်ဆုတောင်းပေးသည့်နည်းတူ သူတပါးအပါ် ချစ်ခြင်းမေတ္တာရှိစေပြီးအခြား သူများအတွက်စဉ်းစားပေးတတ်သောညာဉ်ဖြစ်ထွန်းစေသည်။ ထိုနည်းတူ၊ အဖွဲ့လိုက်စုပေါင်း ဆုတောင်းခြင်းသည် ပါဝင်သောသူများ၏နှလုံးသားထဲတွင်ရှိသောအရာများထင်ရှားစေသည်။ ကျွန်ုပ်တို့သည် နှိမ့်ချခြင်း (ယာကုပ် ၄း၁၀)၊ သမ္မာတရား (ဆာလံ ၁၄၅း၁၈)၊ နာခံခြင်း (၁ယော ၃း၂၁-၂၂)၊ ကျေးဇူးတော်ချီးမွမ်းခြင်း( ဖိလိပ္ပိ ၄း၆)နှင့် ရဲရင့်မှု (ဟေဗြဲ ၄း၁၆) တို့ဖြင့် ဘုရားသခင်ထံသို့သွားရမည်ဖြစ်သည်။ ၀မ်းနည်းစရာတစ်ခုမှာ အဖွဲ့လိုက်စုပေါင်းဆု တောင်းခြင်းသည် စင်မြင့်ပေါ်မှဘုရားသခင်ထံ သို့မရောက်သောဆုတောင်းခြင်း၊ ကြားနာသောသူများအတွက်သာဆုတောင်းခြင်းမျိုးဖြစ်နိုင်သည်။ ရှင်မဿဲ ၅း၆-၈ ထဲတွင် သခင်ယေရှုက ဤကဲ့သို့သောအပြုအမှုများအသုံးမပြုရန်သတိပေးထားခဲ့သည်။ ကျွန်ုပ်တို့သည် ဆုတောင်းသောအခါ အခြားသူများမြင်သာသောနေရာ၊ ကျယ်လောင်သော အသံနှင့် မတရားသောအမှုအရာစိတ်ထားများဖြင့်ဆုမတောင်းရပေ။ သို့သော် မတရားသော အပြုအမူများအသုံးပြုခြင်းအားဖြင့် စုံစမ်းနှောင့်ယှက်ခြင်းဖြစ်စေနိုင်သောအရာများရှောင်ရှား နိုင်ရန် ကျွန်ုပ်တို့၏အခန်းထဲတွင် တိတ်ဆိတ်စွာဆုတောင်းရမည်ဖြစ်သည်။
ဘုရားသခင်၏လက်တော်များလှုပ်ရှားခြင်းတွင် တစ်ဦးတည်းဆုတောင်းခြင်းထက် လူအများ ပူးပေါင်းဆုတောင်းခြင်းက “ပို၍တန်ခိုး”ရှိသည်ဟု သမ္မာကျမ်းစာထဲတွင် ဖော်ပြထားခြင်းမရှိ ပေ။ ထို့ပြင် ခရစ်ယာန်များစွာတို့သည် ဆုတောင်းခြင်းကို “ဘုရားသခင်ထံမှကောင်းချီးခံစား ခြင်း”ဖြစ်သည်ဟု ယူဆတတ်ကြသည်။ အဖွဲ့လိုက်ဆုတောင်းခြင်းသည်လည်း ကျွန်ုပ်တို့ လို ချင်သောအရာများ ထပ်ခါတလဲလဲတင်ပြခြင်းဖြစ်သည်ဟုလည်းယုံကြည်ကြသည်။ သို့သော် သမ္မာကျမ်းစာထဲတွင်ဖော်ပြထားသော ဆုတောင်းခြင်းသည် သန့်ရှင်းသော၊ပြည့်စုံသော၊ ဖြောင့် မတ်သောကျွန်ုပ်တို့ဘုရားသခင်ရှိသောနေရာတွင် သူနှင့်ရင်းနှီးစွာစကားပြောရန်အတွက် စိတ် နှလုံးအကြွင်းမဲ့သူရှိသောနေရာသို့တိုးဝင်ချဉ်းကပ်ခြင်းဖြစ်သည်။ သူဖန်ဆင်းထားသောသူများ တောင်းလျှောက်သောစကားသံများကိုနားညောင်း
အဖြေပေးခြင်းသည် ကြွယ်ဝခြင်း (ဆာလံ ၂၇း၎၊ ၆၃း၁-၈)၊ အပြစ်နောင်တရခြင်း (ဆာလံ ၅၁၊ လုကာ ၁၈း၉-၁၄)၊ ကျေးဇူးတင်စကား ပြောခြင်း (ဖိလိပ္ပိ ၄း၆၊ ကောလောသဲ ၁း၁၂) နှင့် အခြားသူများအတွက် ရိုးသားဖြူစင်စွာ ကိုယ်စားပြု ဆုတောင်းခြင်းများ (၂သက် ၁း၁၁၊ ၂း၁၆) ဖြစ်စေတတ်သည်။ ထိုကြောင့်ဆုတောင်းခြင်းသည် ဘုရားသခင်၏အကြံအစည်တော်များအကောင်အထည်ဖော် ရန် သူနှင့်အတူပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့လိုအင်ဆန္ဒတစ်ခုတည်းပေးရန် တောင်းဆိုခြင်းမဟုတ်ပေ။ ကျွန်ုပ်တို့၏အခြေအနေကို သိရှိပြီး၊ “မိတ်ဆွေမတောင်းလျှောက်မီ သိရှိသောဘုရားသခင်” (မဿဲ ၆း၈)ထံ ကျွန်ုပ်တို့၏လိုအပ်မှုများပုံအပ်သောအခါ
ကျွန်ုပ်တို့၏ ဆုတောင်းခြင်းများသည် အမြင့်ဆုံးသောနေရာသို့ရောက်ရှိပါလိမ့်မည်။ ထိုကြောင့် ဘုရားသခင်၏အလိုတော်နှင့်အညီဆုတောင်းခြင်းကို လူတစ်ယောက်ကတောင်းသည်ဖြစ်စေ၊ အယောက်တစ်ထောင်ကတောင်းသည်ဖြစ်စေ ဘုရားသခင်ကအမြဲတမ်းနားညောင်းသည်။ လူအများအဖွဲ့လိုက်ဆုတောင်းခြင်းသည် ဘုရားသခင်၏လက်တော်ပို၍လှုပ်ရှားစေ သည်ဟုမှားယွင်းစွာအဓိပ္ပါယ်ပြန်ဆိုခြင်း( ရှင်မဿဲ ၁၈း၁၉-၂၀)ကို မှားယွင်းစွာခံယူခြင်းဖြစ် သည်။ “တဖန်ငါဆိုသည်ကား၊ မြေကြီးအပေါ်မှာသင်တို့တွင် နှစ်ယောက်တို့သည်
သဘော ချင်းတူ၍ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကိုကောင်းကင်ဘုံ၌ရှိတော်မူသော
ခမည်း တော်သည် ပေးတော်မူလတံ့။ အကြောင်းမူကား၊ အကြင်အရပ်၌လူနှစ်ဦးသုံးဦးတို့သည် ငါ ၏နာမကိုထောက်၍စည်းဝေးကြ၏။ထိုအရပ်၌သူတို့အလယ်မှာ ငါရှိသည်ဟုမိန့်တော်မူ၏။” ဤ ကျမ်းပိုဒ်များသည် အပြစ်ပြုသူများပါဝင်သောအသင်းတော်စည်းမျဉ်းစည်းကမ်းကိစ္စများတွင် လိုက်နာရမည့်အစီအစဉ်များကို ရည်ညွှန်းဖော်ပြလိုခြင်းဖြစ်သည်။ သူတို့သည် တစ်စုံတစ်ခုကို စိတ်သဘောထားညီညွတ်စွာတောင်းလျှောက်လျှင် သူတို့သည်အပြစ်ဘယ်လောက်ဘဲရှိရှိ၊ ဘယ်လောက်ဘဲအအ၊ အသင်းတော်စည်းကမ်းချက်များကိုဘယ်လောက်ဘဲချိုးဖောက်ချိုး ဖောက် ဘုရားသခင်က သူတို့၏ဆုတောင်းချက်များချပေးမည်ဟုဂတိတော်ဖြစ်ကြောင်း ၄င်းတို့ကိုအနက်ဖွင့်ရမည်ဖြစ်သည်။ သို့သော် အထူးသဖြင့်ဘုရားသခင်၏အုပ်စိုးမှုဖြစ်သော
အ ခြားကျမ်းပိုဒ်များတွင် ထိုသို့သောဆုတောင်းခြင်းမျိုးကိုတားမြစ်ထားသည်။
၎င်းအပြင်၊ “နှစ်ဦးသုံးဦးတို့စုရုံး”ဆုတောင်းခြင်းပြုသောအခါ အံ့သြဖွယ်နိမိတ်လက္ခဏာများ ဖြစ်ထွန်းသည်ဟုယုံကြည်ခြင်းက ကျွန်ုပ်တို့ဆုတောင်းခြင်းသည် သမ္မာကျမ်းစာဖော်ပြချက်နှင့် မညီညွတ်သည်ကို ချက်ချင်းဖော်ပြထားသည်။ သခင်ယေရှုသည် နှစ်ဦးသုံးဦးတို့အတူတကွစု ရုံးသောနေရာတွင် ရှိသည်။ ထိုနည်းတူ၊ သူသည် အခြားသောသူများနှင့်မိုင်ပေါင်း ထောင်ကျော်ဝေးလံသောနေရာတွင်ရှိသော လူတစ်နှင့်နှင့်လည်းအတူရှိသည်။ အဖွဲ့လိုက်စုပေါင်းဆုတောင်းခြင်းသည် စည်းလုံးမှုကိုဖြစ်စေသောကြောင့်အရေးကြီးသည် (ယောဟန် ၁၇း၂၂-၂၃)။ ၄င်းသည် ယုံကြည်သူများအချင်းချင်း ခွန်အားပေးနိုင်သောသော့ချက်လည်းဖြစ်သည်။ (၁သက် ၅း၁၁)။ အချင်းချင်းမေတ္တာတိုးပွါးစေ ပြီးကောင်းသော အရာများပြုလုပ်စေသည် (ဟောဗြဲ ၁၀း၂၄)..AMEN..

|| အစာရှောင်ခြင်းနှင့် ပတ်သက်၍ သမ္မာကျမ်းစာဖ်ာပြချက် ||
ခရစ်ယန်များ အစာရှောင်ရန်သမ္မာကျမ်းစာက ပညတ်မထားပေ။ ခရစ်ယန်များ အစာရှောင်ရန် ဘုရားသခင်က မတောင်းဆိုပေ။ ပညတ်ထားခြင်းလည်းမရှိပေ။ ထိုနည်းတူ သမ္မာကျမ်းစာထဲတွင် အစာရှောင်ခြင်းသည် ကောင်းသောအရာ၊ သင့်တော်သောအရာနှင့် အကျိုးရှိသောအရာဖြစ်သည်ဟု ဖော်ပြထားသည်။ တမန်တော်ဝတ္ထုထဲတွင် ယုံကြည်သူများသည် တစ်စုံတစ်ခု မဆုံးဖြတ်ခင်မှာအစာရှောင့်လေ့ရှိသည် (တမန် ၁၃း၂၊ ၁၄း၂၃)။ အစာရှောင်ခြင်းနှင့်ဆုတောင်းခြင်းတို့သည် အမြဲတမ်းဒွန်တွဲလျက်ရှိသည် (လုကာ ၂း၃၇၊ ၅း၃၃) အစာရှောင်ခြင်းအဓိကဖော်ပြချက်သည် စားစာရာမရှိ ခြင်းကြောင့်ဖြစ်သည်။ သို့သော်အစောရှောင်ခြင်း၏ရည်ရွယ်ချက်သည် လောကအရာများကို လုံးဝပပျောက်စေကာ ဘုရားသခင်ကိုသာအာရုံပြုခြင်းဖြစ် သည်။ အစာရှောင်ခြင်းသည် ဘုရားသခင်နှင့်မိတ်သာဟာရပြုနိုင်ရန်အတွက် ဘုရား သခင်အပေါ်တွင်ဖြစ်စေ၊ မိမိကိုယ်ကိုကိုယ်ဖြစ်စေ ဆန္ဒပြခြင်းနည်းလမ်းဖြစ်သည်။ အစာရှောင်ခြင်းက အသစ်သောအမြင်ကိုပေး၍ဘုရားသခင်အပေါ်တွင်မှီခိုအားထားရန် တဖန်နှိုးဆော်ပေးသည်။
သမ္မာကျမ်းစာထဲတွင် အစာရှောင်ခြင်းသည် အစာမစားခြင်းဖြစ်သည်။ သို့သော်အစာ ရှောင်ခြင်းနည်းလမ်းများစွာရှိသည်။ ခဏအတွင်စိတ်ထဲတွင် ဖြစ်ပေါ်သောလောကအရာ များထားခဲ့ကာ ဘုရားသခင်ကို မျက်မှောက်ပြုခြင်းသည် အစာရှောင်ခြင်းဖြစ်သည်။ (၁ကော ၇း၁-၅)။ အစာရှောင်သောအခါ အစာရှောင်ရမည့်အချိန်ကို ကန့်သတ်ထားရမည်ဖြစ်သည်။ ဘာမျှမစားဘဲ အစာရှောင်ရမည့်အချိန်ကို တိုးချဲ့ခြင်းသည် ခန္ဓာကိုယ် အတွက်အန္တရာယ်ရှိသည်။ အစာရှောင်ခြင်းသည် ခန္ဓာကိုယ်ညှဉ်းဆဲခြင်းမဟုတ်ဘဲ ဘုရားသခင်ကို အာရုံပြုခြင်းသာဖြစ်သည်။အစာရှောင်ခြင်းကို “ကျန်းမာရေး”အဖြစ် မထင်မှတ်သင့်ပေ။ သမ္မာကျမ်းစာတွင်ဖော်ပြထားသော အစာရှောင်ခြင်းသည် ကိုယ်အလေးချိန်လျှော့ချရန်အတွက်မဟုတ်ဘဲ ဘုရားသခင်နှင့်သာ၍ နက်နဲစွာမိတ်သာဟာရ ဖွဲ့ရန်အတွက်သာဖြစ်သည်။ လူတိုင်းအစာရှောင်နိုင်သည်။ သို့သော် လူအချို့တို့သည် အစာရှောင်နိုင်မည်မဟုတ်ပေ။ (ဥပမာအားဖြင့် ဆီးချိုရောဂါရှိသောသူများ) လူတိုင်းသည် ဘုရားသခင်နှင့် နီးကပ်စွာအသက်ရှင်နိုင်ရန်ခေတ္တဖြစ်ပျက်သောအရာများ ထားခဲ့နိုင်သည်။
ကျွန်ုပ်တို့သည် ဤလောကအရာများကို ဖယ်ထုတ်နိုင်ခြင်းအားဖြင့် ခရစ်တော်ကို အာရုံစိုက်ရာတွင် ပို၍အောင်မြင်သော သူများဖြစ်လာနိုင်ပါသည်။ အစာရှောင်ခြင်းသည် ကျွန်ုပ်တို့လိုအပ်သော အရာများရရှိရန်အတွက် ဘုရားသခင်ထံ ဆန္ဒပြခြင်းမျိုးမဟုတ်ပေ။ အစာရှောင်ခြင်းက ကျွန်ုပ်တို့ကိုပြောင်းလဲစေနိုင်သည်။ သို့သော်ဘုရားသခင်ကို မပြောင်းလဲပေးနိုင်ပါ။ အစာရှောင်ခြင်းက အခြားသူများထက် ၀ိညာဉ်ရေးရာတွင်ပို၍ရင့် ကျက်သည်ကိုလည်းမဆိုလိုပါ။ အစာရှောင်ခြင်းကို စိတ်ဝိညာဉ်နှိမ့်ချခြင်းနှင့်ပျော်ရွှင် သောစိတ်နေသဘောထားအားဖြင့်ပြုလုပ်ရမည်ဖြစ်သည်။
မဿဲ ၆း၁၆-၁၈ထဲတွင် ဤသို့ဖော်ပြထားပါသည်။ “သင်တို့သည်အစာရှောင်ခြင်း အကျင့်ကိုကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ်ခြင်းမရှိကြနှင့်။ ထိုသူတို့သည်မိမိတို့အစာ ရှောင်သည်ကို လူအများရှေ့မှာထင်ရှားစေခြင်းငှါ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။ ငါအမှန် ဆိုသည်ကား၊ ထိုသူတို့သည်မိမိတို့အကျိုးကိုခံရကြ၏။ သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကို လူများတို့ရှေ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်တို့အဘရှေ့တော် ၌သာထင်ရှားစေခြင်းငှါ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်းသစ် လော့။ မထင်ရှားသော အရာကိုမြင်တော်မူသောသင်တို့အဘသည် အကျိုးကိုထင်ရှားစွာပေး တော်မူလတံ့။”

|| ၀ိညာဉ်ရေးရာကြီးထွားခြင်းဟူသည်အဘယ်နည်း ||
ဝိညာဉ်ရေးရာကြီးထွားခြင်းဟူသည် သခင်ယေရှုခရစ်တော်နှင့်ပို၍တူအောင် အစဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကိုယုံကြည် သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သခင်ယေရှုနှင့်တူအောင်စတင်ပုံသွင်းသည်။ ၀ိညာဉ်ရေးရာကြီးထွားခြင်းနှင့်ပတ်သက်၍ ၂ပေ ၁း၃-၈ထဲတွင် အကောင်းဆုံးဖော်ပြထား သည်။ ၄င်းကျမ်းပိုဒ်တွင် ကျွန်ုပ်တို့သည် ကောင်းမွန်စွာအသက်ရှင်နိုင်ရန် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ကျွန်ုပ်တို့သည် “လိုအပ်သမျှအရာအားလုံး”ရရှိသည်။ ထိုအရာသည် လည်း ၀ိညာဉ်ရေးရာကြီးထွားခြင်း၏ပန်းတိုင်ဖြစ်သည်။ “သူ၏အကြောင်းကိုကျွန်ုပ်တို့သိရှိ” ရန်လိုအပ်ကြောင်းကို သတိချပ်စေလိုသည်။ ၄င်းသည် ကျွန်ုပ်တို့လိုအပ်သမျှရရှိနိုင်သော သော့ချက်ဖြစ်သည်။ သူ့အကြောင်းကျွန်ုပ်တို့သိရှိခြင်းပညာသည် နှုတ်ကပတ်တော်မှ လာသည်။ ကျွန်ုပ်တို့အတွက်အသိအမှတ်ပြုခြင်းနှင့်ကြီးထွားခြင်းဖြစ်စေခဲ့သည်။
ဂလာတိ ၅း၁၉-၂၃ ထဲတွင် စာရင်းနှစ်ခုရှိသည်။ အခန်းငယ် ၁၉-၂၁ ထဲတွင် “ဇာ တိအသွေးအသားလှုပ်ရှားမှုများ”ကိုတွေ့ရှိနိုင်သည်။ ဤအရာများသည် ကယ်တင်ခြင်းရရှိ ရန်အတွက်ခရစ်တော်ထံသို့မလာမှီ ကျွန်ုပ်တို့ဘ၀ကိုအသိအမှတ်ပြုပေးသောအရာများဖြစ် ကြသည်။ ဇာတိအသွေးသားလှုပ်ရှားမှုများသည် ကျွန်ုပ်တို့အပြစ်ဝန်ချရမည့်အရာ၊ နောင်တရမည့်အရာဖြစ်သည်။ ၄င်းကိုအောင်မြင်ကျော်လွှားနိုင်ရန်ဘုရားသခင်ထံအကူ အညီတောင်းရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်ဝိညာဉ်ရေးရာတွင်တိုးတက်ကြီးထွားလျှင် “ဇာတိအသွေးအသားလှုပ်ရှားမှုများ”တဖြည်းဖြည်းလျော့နည်းလာကြောင်း ကျွန်ုပ်တို့ အသက်တာတွင်သက်သေထူရမည်ဖြစ်သည်။ ဒုတိယစာရင်းသည်“၀ိညာဉ်အသီး”ဖြစ် သည် (အခန်းငယ် ၂၂-၂၃)။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်အားဖြင့်ကယ်တင် ခြင်း ရရှိကြောင်းအသက်တာအားဖြင့်ဖော်ပြရမည့်အရာဖြစ်သည်။ ယုံကြည်သူတစ်ဦး၏အသက် တာတွင် ၀ိညာဉ်တော်အသီးများကိုထုတ်လုပ်ခြင်းအားဖြင့် ၀ိညာဉ်ရေးရာကြီးထွားခြင်းကို သက်သေပြရမည်ဖြစ်သည်။
ကယ်တင်ခြင်းပြောင်းလဲမှုဖြစ်ပေါ်လာသောအခါ ၀ိညာဉ်ရေးရာကြီးထွားခြင်းအစပြု လာပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ထဲတွင်ကျိန်းဝပ်သည် (ယောဟန် ၁၄း၁၆-၁၇)။ ကျွန်ုပ်တို့သည်အသစ်သောဖန်ဆင်းခြင်းခံရသူများဖြစ်ကြသည် (၂ကော ၅း၁၇)။ ဘ၀ဟောင်းကိုအသစ်ဖြင့်အစားထိုးသည် (ရောမ ၆-၇)။ ၀ိညာဉ်ရေးရာကြီးထွား ခြင်းသည် အချိန်စောင့်ရမည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။ နှုတ်ကပတ် တော်လေ့လာခြင်းနှင့် အသုံးချခြင်းပေါ်တွင်မူတည်သည်။ (၂တိ ၃း၁၆-၁၇) ၀ိညာဉ်တော် ထဲတွင်လျှောက် လှမ်းမှုပေါ်တွင်လည်းမူတည်သည် (ဂလာတိ ၅း၁၆-၁၇)။ ၀ိညာဉ်ရေးရာတိုးတက်ခြင်းကို ကျွန်ုပ်တို့ရှာဖွေသောအခါ ဘုရားသခင်၏အလိုတော် အတိုင်းကြီးထွားရန် ဘုရားသခင်ထံညာဉ်ပညာတောင်းရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ညာဏ်ပညာကြီးထွားရန်နှင့် ဘုရားသခင်အကြောင်းများများသိရှိရန် ဘုရားသခင်ထံ ဆုတောင်းရမည်ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့အား ၀ိညာဉ်ရေးရာကြီးထွားရန် အလိုတော်ရှိသည်။ ၀ိညာဉ်ရေးရာကြီးထွားနိုင်ရန် ကျွန်ုပ်တို့လိုအပ်သောအရာများ ဘုရားသခင်က ပေးခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်အကူအညီဖြင့်၊ ကျွန်ုပ်တို့သည် အပြစ်တရာကိုအောင်မြင်ကျော်လွှားနိုင်ပြီး၊ သခင်ယေရှုခရစ်တော်နှင့်ပို၍မြန်မြန်ဆန်ဆန် တူလာနိုင်မည်ဖြစ်သည်။
|| ကျွန်ုပ်ကို ဆန့်ကျင်သူအား မည်ကဲ့သို့ခွင့်လွှတ်နိုင်မည်နည်း ||
လူတိုင်းသည် မှားနိုင်သည်။ လူတွေကိုဆန့်ကျင်နိုင်သည်။ အပြစ်လည်းပြုနိုင် သည်။ ထိုသို့သော် ဆန့်ကျင်မှုများဖြစ်လာသောအခါ ခရစ်ယန်များက မည်ကဲ့သို့တုံ့ပြန် ရကြမည်နည်း။ သမ္မာကျမ်းစာအရ ကျွန်ုပ်တို့ခွင့်လွှတ်ရမည်ဖြစ်သည်။ ဧဖက် ၄း၃၂ ထဲ တွင် “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည်ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့”ဟုဖော်ပြ ထားသည်။ ထိုနည်းတူ၊ ကောလောသဲ ၃း၁၃ ထဲတွင် “တယောက်၌တယောက်အပြစ်တင် စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည်သင်တို့၏ အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့” ဟုဖော်ပြထားပါသည်။ အဓိကဖော် ပြလိုသောအချက်သည် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုခွင့်လွှတ်သည့်နည်းတူ ကျွန်ုပ်တို့သည် အချင်းချင်းခွင့်လွှတ်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်အဘယ်ကြောင့် ခွင့်လွှတ် ရမည်နည်း။အကြောင်းမှာ ကျွန်ုပ်တို့သည်ခွင့်လွှတ်ခြင်းခံခဲ့ရကြသောကြောင့် ဖြစ်သည်။ ခရစ်ယန်မဟုတ်သောသူများသည် ဘုရားသခင်ကသူတို့ကိုခွင့်မလွှတ်ခဲ့သော ကြောင့် သူတို့မှာအခြားသူများကိုခွင့်လွှတ်နိုင်သောတန်ခိုးနှင့်ဆန္ဒမရှိကြပေ။
ကျွန်ုပ်တို့အပေါ်ပြစ်မှားသောသူများသည် ၀မ်းနည်းကြေကွဲခြင်းနှင့်နောင်တတ ရားဖြင့်လာသောအခါ သူတို့ကိုခွင့်လွှတ်ရန်လွယ်ကူသည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ အပေါ်ပြစ်မှားသောသူများကို အခြေအနေပေါ်မကြည့်ဘဲခွင့်လွှတ်ရန် ပြောထားသည်။ ခွင့်လွှတ်ခြင်းမရှိသောလူတစ်ဦးသည် ခါးသီးမှု၊ နာကျင်မှုနှင့်အမျက်ဒေါသများကိုပြသ နေလျှင် ထိုသူတို့စစ်မှန်သောခရစ်ယာန်လက္ခဏာကိုထင်ရှားစေနိုင်မည်မဟုတ်ပေ။ ပဌနာ တော်ထဲတွင် သူတပါးသည်ကျွန်ုပ်တို့ကိုပြစ်မှားသောအပြစ်များကို အကျွန်ုပ်သည်လွှတ် ကဲ့သို့အကျွန်ုပ်အပြစ်များခွင့်လွှတ်တော်မူပါဟု ကျွန်ုပ်တို့တောင်းလျှောက်ကြသည် (မဿဲ ၆း၁၂)။ သခင်ယေရှုက မဿဲ ၆း၁၄-၁၅ ထဲတွင် ဤသို့ဖော်ပြထားပါသည်။ “သင်တို့သည် သူတပါးတို့၏အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့အပြစ်ကိုလွှတ်တော်မူမည်။ သင်တို့သည်သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည်သင်တို့၏အပြစ်ကို လွှတ်တော်မမူ”ဟုဖော်ပြထားပါသည်။ မဿဲ ၆း၁၄-၁၅ ထဲတွင် ဖော်ပြချက်အရ အခြားသောသူများကိုခွင့်မလွှတ်တတ်သောသူသည် သတို့ကိုယ်တိုင်ကဘုရားသခင်၏ခွင့်လွှတ်ခြင်းမရသောသူများဖြစ်ကြသည်ကိုထင်ရှား
လျက်ရှိသည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏အမိန့်တော်ကိုနာခံခြင်းမရှိသောအခါတိုင်းတွင် သူ့ကိုပြစ်မှားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် လူတစ်ဦးပေါ်တွင်အပြစ်ပြုသောအခါတိုင်းတွင် သူတို့အပေါ်၌သာအပြစ်ပြုခြင်းမဟုတ်ဘဲဘုရားသခင်ပေါ်တွင်
လည်းအပြစ်ပြုခြင်းဖြစ် သည်။ ကျွန်ုပ်တို့၏အပြစ်အားလုံးကိုဘုရားသခင်ကခွင့်လွှတ်သည့်
အကြောင်းကိုကျွန်ုပ်တို့ စဉ်းစားသောအခါ ထိုကျေးဇူးတရားကိုအခြားသူများအပေါ်မပြုဘဲနေခြင်းသည်တရားသော အမှုမဟုတ်သည်ကို ကျွန်ုပ်တို့သိရှိနားလည်ကြသည်။ ကျွန်ုပ်တို့ပေါ်တွင် လူတွေပြုသော အပြစ်ထက်ဘုရားသခင်အပေါ်ကျွန်ုပ်တို့ပြုသောအပြစ်ကပို၍ကြီးမားသည်။ ဘုရာသခင်က ကျွန်ုပ်တို့ကြီးမားသောအပြစ်များကိုခွင့်လွှတ်လျှင် ကျွန်ုပ်တို့အပေါ်အနည်းငယ်သာပြစ်မှား သောသူများကို ကျွန်ုပ်တို့အဘယ်ကြောင့်ခွင့်မလွှတနိုင်ဘဲနေရမည်နည်း။ ဤအကြောင်း နှင့်ပတ်သက်ပြီး မဿဲ ၁၈း၂၃-၃၅ ထဲတွင်သခင်ယေရှုဖော်ပြထားသောပုံဥပမာသည် အလွန်ကောင်းသောဥပမာတစ်ခုဖြစ်သည်။ ကျွန်ုတို့သည်ဘုရားသခင်ထံလာသောအခါ ဘုရားသခင်က ခွင့်လွှတ်ပေးသဘ် (၁ယော ၁း၉)။ ကျွန်ုပ်တို့သည် လူတွေအပေါ်အကန့် အသတ်မရှိခွင့်လွှတ်ရမည်ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ခွင့်လွှတ်ခြင်း တရား သည် အကန့်အသတ်မရှိပေ (လုကာ ၁၇း၃-၄)

|| ဘုရားသခင်၏ အသံတော်ကို မည်ကဲ့သို့သိရှိမည်နည်း ||
ဤမေးခွန်းကို အရေးအတွက်နိုင်သော သူများကအချိန်တိုင်းမေးနေသောမေးခွန်းဖြစ်သည်။
ရှမွေလသည် ဘုရားသခင်၏ အသံတော်ကိုကြားသော်လည်း ဧလိညွှန်ကြားသည့်အ ချိန်မှာပဲ ဘုရားသခင်၏အသံတော်ဖြစ်ကြောင်းကိုအသိအမှတ်ပြုခဲ့သည် (၁ဓမ္မ ၃း၁-၁၀)။ ဂိဒေါင်သည် ဘုရားသခင်ထံမှ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဗျာဒိတ်တော်ရရှိခဲ့သည်။ သူကြားသောအသံသူက သံသယရှိသောကြောင့် အံ့သြဖွယ်နိမိတ် လက္ခဏာကိုတောင်းခဲ့ သည်။ တစ်ကြိမ်တည်းမဟုတ်၊ သုံးကြိမ်အထိတောင်းခဲ့သည် (တရားသူကြီး ၆း၁၇-၂၂၊ ၃၆-၄၀)။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အသံတော်ကိုကြားသောအခါ သူပြောဆိုသောအသံတော်ဖြစ်ကြောင်း ကျွန်ုပ်တို့သည် မည်ကဲ့သို့သိရှိနိုင်မည်နည်း။ ပထမအနေဖြင့်၊ ဂိဒေါင်နှင့်ရှမွေလတို့အရှိသောအရာ ကျွန်ုပ်တို့မှာရှိသည်။ ကျွန်ုပ်တို့မှာ လေ့လာရန်၊ အာရုံပြုရန်အတွက် ဘုရားသခင်၏နှုတ်ကပတ်တော် သမ္မာကျမ်းစာရှိသည်။ “ထိုကျမ်းစာရှိသမျှတို့သည် ဘုရားသခင်မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသောအမှု အမျိုးမျိုးတို့ကိုပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ သြ၀ါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကိုပြုတတ်၏။” (၂တိ ၃း၁၆-၁၇) တစုံတခု အကြောင်းအရာ (သို့) ကျွန်ုပ်တို့ဘ၀အတွက် မေးခွန်းများထုတ်သောအခါ သမ္မာကျမ်းစာ ကမည်ကဲ့သို့ဖော်ပြထားသည်ကို ကျွန်ုပ်တို့လေ့လာသင့်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သူသွန်သင်ခဲ့သောအရာ (သို့) သူ၏စကားတော်ထဲတွင်သူဂတိပြုခဲ့သော အရာများနှင့်ဆက်ကျင်ဘက်ဖြစ်သောလမ်းသို့ဦးဆောင်ခြင်းမရှိပေ။ (တိတု ၁း၂) ဒုတိယအနေဖြင့်၊ ဘုရားသခင်၏အသံတော်ကြားနိုင်ရန် ကျွန်ုပ်တို့သည်ထိုအသံ တော်ကိုအသိအမှတ်ပြုရမည်ဖြစ်သည်။ သခင်ယေရှုက “ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ငါ့နောက်သို့လိုက်ကြ၏။ထိုသိုးတို့ကိုငါသိ၏” (ယောဟန် ၁၀း၂၇) ဟုဖော်ပြထား ပါသည်။ ဘုရားသခင်၏အသံတော်ကြားသောသူများသည် ဘုရားသခင်ပိုင်ဆိုင်သောသူ များ၊ သခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် သူ၏ကျေးဇူးတော်ကြောင့် ကယ်တင် ခြင်းရရှိသောသူများဖြစ်သည်။ဤသိုးတို့သည် သူ၏အသံတော်ကိုကြားကာ သိရှိသောသူများဖြစ်ကြသည်။ အကြောင်းမှာ သူတို့က သူ့ကို သူတို့၏သိုးထိန်အဖြစ်သိရှိ ကာသူတို့အသံကိုလည်းသိကြသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အသံ တော်ကိုကြားလိုလျှင် သူပိုင်ဆိုင်သောသူများဖြစ်ရမည်ဖြစ်သည်။ တတိယအနေဖြင့်၊ ကျွန်ုပ်တို့သည် ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းနှင့် သူ၏နှုတ် ကပတ်တော်ကို အာရုံပြုရန်တိတ်ဆိတ်ချိန်ကို ယူသောအခါ သူ၏အသံတော်ကြားကြ သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်သူ၏နှုတ်ကပတ်တော် တို့နှင့်ရင်းနှီးစွာအချိန်ယူလေလေ သူ၏ အသံတော်ကိုသိရှိရန်နှင့်ကျွန်ုပ်တို့ဘ၀အတွက် သူ၏လမ်းပြပို့ဆောင်ခြင်းများကိုသိ ရှိရန်လွယ်ကူလေလေဖြစ်သည်။ ဘဏ်တစ်ခုတွင် ၀န်ထမ်းလုပ်မည့်လူများသည် ငွေအတု အစစ်ကောင်းကောင်းမွန်မွန်ခွဲခြားနိုင်ရန် သင်တန်းတက်ရမည်ဖြစ်သည်။ သို့မှသာငွေအတုများကို ကောင်း မွန်စွာခွဲခြားနိုင်မည်ဖြစ် သည်။ကျွန်ုပ်တို့သည် ဘုရားသခင် ၏နှုတ်ကပတ်တော်နှင့်ရင်းနှီးကျွမ်းဝင်ခြင်းရှိလျှင် ဘုရားသခင်က ကျွန်ုပ်တို့အားစကားပြော သောအခါတွင်ဖြစ်စေ လမ်းပြသောအခါ တွင်ဖြစ်စေ ဘုရားသခင်၏အသံတော်ဖြစ်ကြောင်း ကျွန်ုပ်တို့ကောင်းမွန်စွာသိရှိနိုင်ကြ မည်ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့အားစကားပြော မှသာလျှင် ကျွန်ုပ်တို့သည် သမ္မာတရားကိုသိရှိနိုင်ကြမည်ဖြစ်သည်။ ဘုရားသခင်က
စကား ပြောသောအခါ သူ၏စကားတော်အားဖြင့်အဓိကစကားပြောလေ့ရှိသည်။
တခါတရံ ကျွန်ုပ်တို့စိတ်နှလုံးသားများထဲတွင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်စေ၊ ပတ်ဝန်းကျင်အားဖြင့်ဖြစ်စေ၊ အခြားသောလူတွေများအားဖြင့်ဖြစ်စေ စကားပြောတတ်ပါ သည်။ကျွနု်ပ်တို့သည် နှုတ်ကပတ်တော်သမ္မာတရားကိုကြားခြင်းအားဖြင့် ဘုရားသခင်၏အသိတော်ကိုသိရှိနိုင်မည်ဖြစ်သည်

Subscribe to:
Posts (Atom)