၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday, 1 July 2019

ပညာရှိ သတ်ရင် ပိုကြောက်စရာပါ

ပညာရှိ သတ်ရင် ပိုကြောက်စရာပါ 
 ပညာတကယ်တတ်သူက ဘယ်တော့မှ မဆဲဘူး ဒါပေမယ့် စကားလုံးလေးများနဲ့ သေအောင် ရိုက်သတ်တယ်လေ။ 
ပညာရှိက အမျက်ဒေါသကို လူသိအောင် ထုတ်မပြတတ်ဘူး 
ဒါပေမယ့်- လုပ်ရပ်မှန်ကန်မှူ နှင့် သက်သေပြတတ်တယ်လေ။ 
ပညာမဲ့က ဆဲလည်းဆဲတတ်ပြီး ဟောင်ဖွာဟောင်ဖွာ လုပ်တယ်လေ ဒါပေမယ့် သင်္ကြန် အမြောက်လို အသံကျယ်ပြီး လူမလေးစားဘူးလေ။ လူလိမ္မာ အမျက် အပြင်မထုတ်သလို ပညာရှိက အမျက်ကို လူမြင်အောင် မပြတတ်ဘူး။ ဒါပေမယ့်; တုန့်ပြန်မှူတိုင်းက ပညာသားပါပြီး စကားတစ်လုံးက လူတစ်ယောက်၏ဘ၀ကို များစွာ သက်ရောက်မှူရှိတယ်။ ပညာရှိတို့ တွေးကြည့်ရင် ပြေးကြည့်တာထက် မှန်သလို ပညာရှိတို့ တုန့်ပြန်ခံရရင်လည်း လူမိုက်ဆယ်ယောက်ထက် ပိုကြောက်စရာကောင်းတယ်။ 
တကယ်တော့....ပညာရှိ ဆိုတာ အကောင်းအဆိုးကို 
ခွဲခွားသိမြင်သလို တုန့်ပြန်သင့်သည်ကိုလည်း အဆင့်အတန်းရှိစွာ တုန့်ပြန်တတ်ပြီး ဥပက္ခာပြုတော့မယ်ဆိုရင်လည်း ဟောင်ဖွာဟောင်ဖွာမလုပ်ဘဲ ပြတ်သားစွာ လစ်လျူ ရူတတ်သည်။ ပညာမဲ့သူ အယောက်တစ်ရာက သင့် ကိုမုန်းတီးနေတာထက် ပညာရှိ တစ်ယောက်က သင့်ကို လစ်လျူ ရူပြီး ဥပက္ခာပြုသွားမှာကို သတိထားပါ။

IQ နဲ့ EQ ထက် ပိုအေ​ရးကြီးတဲ့ AQ

အကြမ်းအားဖြင့် ဥာဏ်ရည်ကောင်းသူများကို IQ ကောင်းသူများဟု သတ်မှတ်ပြီး ဆက်ဆံရေး အရည်အသွေး မြင့်မားသူများကို EQ ကောင်းတယ်လို့ ပြောစမတ်ပြုကြပါတယ်။ ဒီနေ့ဆွေးနွေးချင်တာ အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်တဲ့ အရည်အသွေး လို့ခေါ်တဲ့ Adversity Quotient ( AQ ) ဖြစ်ပါတယ်။ AQ အကြောင်းမရှင်းခင်မှာ ဥာဏ်ရည်ဥာဏ်သွေး IQ ရဲ့ အဓိပ္ဗါယ်ဖွင့်ဆိုချက်ကို အရင် လေ့လာကြည့်ရအောင်.. 
I Q ( Intellective Quotient ) ဆိုသည်မှာ လူတစ်ဦးတစ်ယောက် ၏ ဥာဏ်ရည်ဥာဏ်သွေး အဆင့်ကို တိုင်းတာရရှိသော အတိုင်းအတာဖြစ်ပြီး အရွယ်တူ သူများ၏ ဥာဏ်ရည်ဥာဏ်သွေးနှင့် နိုင်းယှဉ်ရရှိသော အတိုင်းအတာလည်း ဖြစ်သည်။ အထက်ပါ စာပိုဒ်ကို ဖတ်ကြည့်ရင် IQ ဆိုတာ မျိုးရိုး၊ မွေးရာပါနဲ့ အများကြီးသက်ဆိုင်နေတာကို တွေ့ကြမှာပါ။ ဒါကြောင့်မို့လို့ နောက်ပိုင်းမှာ လူတွေဟာ ကိုယ့်ကိုယ်ကို နိုင်နင်းမူ့၊ စိတ်စွမ်းရည်ပြည့်ဝမူနဲ့သက်ဆိုင်တဲ့ EQ ( Emotional Quotient) ကို အလေးထားလာကြပါတယ်။ ခေတ်ကအလျင်အမြန် တိုးတက်နေပါတယ်။ သုတေသနမှ ထွက်ရှိတဲ့ အဖြေအရ IQ နဲ့ EQ မြင့်မားခြင်းဟာ လူဘ၀တိုးတက်ဖို့အတွက် အလွန်အရေးပါပါတယ်။ ဒါပေမဲ့ အောင်မြင်တဲ့လူတော်တော်များများကို လေ့လာကြည့်တဲ့အခါမှာ အခက်အခဲ ကို ဖြေရှင်းကျော်လွှားနိုင်တဲ့ စိတ်စွမ်းရည် Adversity Quotient ( AQ ) ဟာ အရေးပါ အရာရောက်ဆုံး ဖြစ်နေတာကို တွေ့ရှိထားပါတယ်။ AQ ကို စတင်ဖေါ်ထုတ်သူ အမေရိကန်ပညာရှင် Paul Si Tuoci ရဲ့ အဆိုအရ 
AQ ကောင်းမွန်သူများဟာ အောက်ပါ အချက် ( ၄ )ချက်နဲ့ ကိုက်ညီမူ ရှိတာကို တွေ့ရှိရပါတယ်။ 
က။ AQ မြင့်မားသူများဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မြင့်မားကြတယ်။ အခြေအနေ ဘယ်လောက်ပဲ ဆိုးဝါးဆိုးဝါး၊ AQ မြင့်မားသူများဟာ အဆိုးထဲကနေ ကောင်းတဲ့အကွက်ကို အမြဲ ရှာဖွေတွေ့ရှိတတ်ပါတယ်။ သူတို့ဟာ ကိုယ့်စိတ်ကို နိုင်နင်းကြပြီး အခြေအနေကို ထိန်းချုပ်နိုင်စွမ်း ရှိသူများ ဖြစ်ကြပါတယ်။ 
ခ။ AQ မြင့်မားသူများဟာ ပြသနာရဲ့ အကြောင်းရင်းကို မိမိထံမှ အရင်စရှာဖွေတတ်ပါတယ်။ လူတော်တော်များများဟာ အဆင်ပြေအောင်မြင်နေတဲ့အချိန်မှာ မိမိအရည်အချင်းမြင့်မားတယ်ဟု ယူဆကြပြီး တစ်ခုခုဆုံးရူံးသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ ပြသနာအခက်အခဲ တွေ့ရှိတဲ့အခါမှာပဲ ဖြစ်ဖြစ် ဟိုသူ့ကြောင့်၊ ဒီသူ့ကြောင့် စသည်ဖြင့် ပြင်ပကနေ အကြောင်းအရင်း အမျိုးမျိုး ရှာဖွေတတ်ကြပါတယ်။ AQ မြင့်မားသူများဟာ ပြင်ပမှာ အကြောင်းရင်းရှာဖွေခြင်းထက် မိမိကိုယ်တွင်းကနေ အကြောင်းရင်းနဲ့ ဖြေရှင်းနိုင်တဲ့နည်းလမ်းကို စတင်ရှာဖွေတတ်ကြပါတယ်။ 
ဂ။ AQ မြင့်မားသူများဟာ အခက်အခဲနဲ့ ပြသနာကို ပုံကြီးမချဲ့ တတ်ပါ။ လူဆိုတာ အသက်တစ်ရာမနေရပေမဲ့ အမူတစ်ရာ တွေ့ရတတ်ပါတယ်။ အခက်အခဲကို ပုံကြီးချဲ့ တတ်သူများဟာ နည်းနည်းကြီးတဲ့ အခက်အခဲ ကြုံတွေ့ ရုံနဲ့ နှလန်မထူနိုင်တော့ပါ။ AQ မြင့်မားသူများဟာ အခက်အခဲကို အကျိုးသင့် အကြောင်းသင့် စဉ်းစားဆင်ခြင်တတ်ပြီး ပြသနာကို ဘယ်တော့အခါမှ ပုံကြီးမချဲ့ တတ်ပါ။ 
ဃ။ AQ မြင့်သူများဟာ သီးခံနိုင်စွမ်း မြင့်မားသူများ ဖြစ်ကြပါတယ်။ သမိုင်းဖတ်ရင် သိသာပါတယ်။ အောင်မြင်တဲ့ သူများအားလုံးလိုလို အကြီးအကျယ် ဆုံးရုံးများကို ကြုံတွေ့ခဲ့ရသူများချည်းချည်း ဖြစ်ပါတယ်။ သူတို့ဟာ ဆုံးရူံးမူရဲ့ ဒဏ်ကိုဖြစ်ဖြစ်၊ ကျရောက်လာတဲ့ ဖိစီးမူပေါင်းစုံကိုပဲဖြစ်ဖြစ် အထူးသီးခံ နိုင်စွမ်းရှိသူများ ဖြစ်ကြပါတယ်။ သီးခံနိုင်စွမ်းရှိတဲ့သူများဟာ သာမာန်သူများထက် ပိုမိုငြိမ်သက်ကြပါတယ်။ ပြသနာတစ်ခု ဘယ်လောက်ပဲကြီးကြီး သူတို့ရှေ့ ရောက်လာပြီဆိုရင် သူတို့ဟာ စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်စွမ်းရှိကြပါတယ်။ 
AQ မြင့်မားအောင် ဘယ်လိုလေ့ကျင့်မလဲ /
 အိုင်တီခေတ်နောက်ပိုင်းမှာ ခေတ်က အလျင်အမြန်တိုးတက်လာတော့ လူတွေဟာ AQ ရဲ့ တန်ဖိုးကို ပိုမိုသိမြင်လာကြပါတယ်။ 
AQ မြင့်မားလာအောင် ဘယ်လိုလေ့ကျင့်သင့်ပါသလဲ 
၁။ ဆုံးရူံးမူကို သတ္တိရှိရှိ ရင်ဆိုင်မယ်။ ဆုံးရူံးမူကို ရှောင်ရှားခြင်းထက် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရပါမယ်။ ဆုံးရူံးမူဒဏ် ရင်ထဲမှာ လွမ်းမိုးလာပြီဆိုရင် ရင်တွင်းမှာ ခဏသိမ်းဆည်းထားလိုက်ပါ။ ပြီးရင် ရင်ထဲက ပြန်လည် ထွက်ပေါ်လာတဲ့ မကျေမနပ်သံများကို သေသေချာချာ နားထောင်ပေးပါ။ စဉ်းစားဥာဏ်သုံးပြီး ချေပစရာမလိုပါ။ ရင်ထဲက မကျေနပ်ချက်များ အားလုံး အန်ထွက်ပြီးဆုံးသွားရင် စိတ်လက်ပေါ့ပါးစပြုလာပါမယ် ။ ဆုံးရူံးမူဒဏ် လွမ်းမိုးခြင်းဟာ ရေလွမ်းခြင်းနဲ့တူတတ်ပါတယ်။ တားဆီးပိတ်ပင်လို့ မလွယ်ကူပါ။ ရေများကို လမ်းလွှဲရှာပေးရပါမယ်။ 
၂။ စိတ်ဒုက္ခများကို ချက်ချင်းရေးချလိုက်ပါ။ လူတော်တော်များများက စိတ်ဒုက္ခများ၊ စိတ်သောကများကို မှတ်တမ်းတင်ဖို့ အားမပေးကြပါ။ ဒါပေမဲ့ တကယ်စိတ်ဒုက္ခခံစားရပြီဆိုရင် ရေးချလိုက်ပါက စိတ်သက်သာရာ ရသွားနိုင်ပါတယ်။ ရေးရင်းရေးရင်းနဲ့ ဖြေရှင်းတဲ့ နည်းလမ်းကိုပါ တစ်ပါတည်း တွေ့ရှိသွားနိုင်ပါတယ်။ စိတ်လုပ်ရှားတယ်၊ ဒေါသထွက်တယ်၊ သောကခံစားနေရတယ်၊ စိတ်ညစ်တယ်၊ စသည်တို့ဟာ ယာယီခံစားမူများဖြစ်နေတတ်ပြီး ရေးချထားလိုက်ပါ။ နောက်တစ်နေ့ ပြန်ဖတ်ကြည့်ပါ။ အသေးအဖွဲ ဖြစ်သွားပါလိမ့်မယ်။ 
၃။ အခက်အခဲပြသနာကို ဘောင်ခတ်ပါ။ အလုပ်လုပ်တဲ့ လူတိုင်းနီးပါး မတူတဲ့နေရာမှာ မတူညီတဲ့ ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေရပါတယ်။ ဆိုပါစို့၊ အလုပ်ခွင်မှာ ဒေါသထွက်စေလောက်တဲ့ ပြသနာ တစ်ခုခု ရင်ဆိုင်ခဲ့မိရင် အဆိုပါပြသနာကို အလုပ်ခွင်မှာပဲ ဘောင်ခတ်ထားလိုက်ပါ။ ရုံးဆင်းလို့ အိမ်ပြန်ရောက်ရင် ချစ်စရာကောင်းတဲ့ ခင်ပွန်း၊ လေးစားထိုက်တဲ့ 
ဖခင်နေရာ ပြန်ရောက်သွားပါစေ။ အလုပ်နဲ့ နေအိမ် အပြန်အလှန် စိတ်အနှောက်အယှက် မပေးမိအောင် သူ့နေရာနဲ့ သူ၊ 
သူ့ပြသနာနဲ့ သူ ဘောင်ခတ်တတ်ဖို့ လိုပါတယ်။ 
၎။ ပြီးမြောက်အောင်မြင်ရန် လွယ်ကူစေတဲ့ ရည်မှန်းချက်အငယ်ကလေးများကို များများချမှတ်ထားပါ။ ရည်ရွယ်ချက်ကြီးမားလေ အောင်မြင်မူ ကြီးမားလေ ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ကြီးမားလေ စိန်ခေါ်မူ ကြီးမားလေ ဖြစ်ပါတယ်။ ဘယ်လောက် ဇွဲလုံးလ ၀ီရိယ နဲ့ ပြည့်စုံတဲ့လူ ဖြစ်နေပါစေ၊ ဆုံးရူံးမူရဲ့ ဒဏ်ကို ဆက်တိုက် ခံစားနိုင်စွမ်း မရှိပါဘူး။ ဒါကြောင့်မို့လို့၊ လက်တွေ့ကျတဲ့၊ စွမ်းဆောင်မူ သိပ်မခက်ခဲတဲ့ ရည်မှန်းချက် အငယ်စား များများ အောင်မြင်ခြင်းဖြင့် တစ်ဖြည်းဖြည်း ရည်ရွယ်ချက်ကြီးကြီး 
အကောင်အထည် ဖေါ် ဆောင်နိုင်ဖို့ တက်လှမ်းစေတတ်ပါတယ်။ 
၅။ ၀ါသနာတစ်ခုခု ပျိုးထောင်ထားပါ။ လူတိုင်းလူတိုင်းမှာ ၀ါတနာတစ်ခုစီတော့ ရှိတတ်ကြပါတယ်။ အခက်အခဲကို ရင်ဆိုင်ရတဲ့အခါမျိုးမှာ ၀ါသနာပါရာကို လုပ်ကိုင်ခြင်းအားဖြင့် အာရုံလွှဲပြောင်းစေနိုင်ပါတယ်။ ၀ါသနာပါတဲ့အလုပ်ကို လုပ်နေတဲ့အချိန်မှာပဲ ကိုယ့်ပြသနာကို ရှင်းဖို့ နည်းလမ်းတွေ့ရှိသွားစေနိုင်ပါတယ်။ 
၆။ အပြုသဘောဆောင်တတ်တဲ့၊ အကောင်းမြင်တတ်တဲ့ မိတ်ဆွေ သူငယ်ချင်းများကိုပေါင်းပါ။ တံငါးနားနီး တံငါး၊ မုဆိုးနားနီးမုဆိုး၊ လူဆိုတာ ဓါတ်တူချင်းဆွဲဆောင်တဲ့ သဘောရှိတတ်ပါတယ်။ အနူတ်လက္ခဏာဆောင်တဲ့၊ အဆိုးမြင် အဆိုးပြောတတ်တဲ့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ ပြောစကားတွေဟာ အမိုက်များနဲ့ တူတတ်ပါတယ်။ ကိုယ်က သူတို့နဲ့ ပေါင်းသင်းရင် အမိုက်ပုံးဖြစ်သွားတတ်ပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့၊ အပြုသဘောဆောင်တဲ့ မိတ်ဆွေများနဲ့ နေရင် အရာရာကို အကောင်းဘက်ကနေ စဉ်းစားတတ်ပြီး အောင်မြင်မူနဲ့ ပိုမိုနီးစပ်သွားစေတတ်ပါတယ်။ လူတိုင်းလူတိုင်း မိမိရဲ့ AQ ကို ပျိုးထောင်နိုင်ကြပါစေ (Source - စာပေလွင်ပြင်)

ဂျွန်မက်စ်ဝဲလ်ပေးခဲ့သော အသိသုတများ"-

"မြန်မာတွေအတွက် 2019 ခုနှစ် ဇွန်လ 23 ရက်နေ့ ရန်ကုန်မြို့က Yangon Convention Center ထဲမှာ အမေရိကန်နိုင်ငံသား ခေါင်းဆောင်မှုပညာ ဂရုကြီးဖြစ်သူ ဂျွန် မက်စ် ဝဲလ် ( John C. Maxwell) တစ်ယောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာလူမျိုးတွေကို စင်မြင့်ထက်ကနေ မျက်နှာချင်းဆိုင်ပြီး ခေါင်းဆောင်မှုပညာတွေဟောပြောပို့ချပေးနေခဲ့ပါတယ်။ သူ့ဟောပြောမှုတွေမှာ စိတ်အားတက်ကြွစွာနားထောင် လေ့လာမှတ်သားနေကြတာကိုကြည့်ပြီး ကျွန်တော်ဘာ့ကြောင့် ဒီနိုင်ငံကို ဒီထက်စောစော မရောက်ခဲ့ရတာလဲဆိုပြီး သူ့ကိုယ်သူ 2 ခါ 3 ခါ ထပ်မေးခဲ့ပါသေးတယ်။ ဂျွန်မက်စ်ဝဲလ် ကို ကျွန်တော့်အနေနဲ့ သူရဲ့စာအုပ်တွေ၊ Audio Book တွေ၊ Youtube က Seminar Video တွေကနေတစ်ဆင့် ရင်းနှီးနေခဲ့တာတော့ကြာပါပြီ။ ဒီနေ့ Myanmar Leadership Conference 2019 မှာလည်း သူ့ရဲ့ပင်ကိုယ် ပုံစံအတိုင်း အသက် 72 နှစ်ရှိပြီဖြစ်ပေမယ့် အင်အားအပြည့်နဲ့ ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာတွေကို မျှဝေပေးခဲ့ပါတယ်။ ဒီဟောပြောပွဲမှာ ဂျွန် ပြောပြခဲ့တဲ့ ခေါင်းဆောင်မှုနဲ့ ဘဝအောင်မြင်ရေးဆိုင်ရာ အသိသုတတွေထဲက ကျွန်တော်သဘောကျလို့ မှတ်သားလာခဲ့တာလေးကို ပြန်ပြီးမျှဝေပေးပါ့မယ်။ ကျွန်တော်ဒီနေ့မျှဝေပေးမှာကတော့ ဂျွန်ပြောသွားတဲ့ "The Rule of 5” ဆိုတဲ့ ဥပဒေသ 5 ခုအကြောင်းဖြစ်ပါတယ်။ သစ်ပင်တစ်ပင်ကို တစ်ရက်မှာ ဓားတစ်ချောင်းနဲ့ ငါးချက်ခုတ်သွားမယ်၊ အဲ့ဒီတစ်ပင်ထဲကိုပဲနေ့စဉ်ရက်ဆက် တစ်ရက်မှမပြတ်ပဲ ဆက်တိုက် တစ်ရက်ကို 5 ချက်ခုတ်သွားမယ်ဆိုရင် တစ်နေ့မှာ အဲ့ဒီသစ်ပင်ဘာဖြစ်သွားမယ်ထင်ပါသလဲ?။ ရှင်းရှင်းလေးပါ အဲ့ဒီ သစ်ပင် လဲကျသွားပါလိမ့်မယ်။ သစ်ပင်အကြီး အသေးပေါ်မူတည်ပြီးအချိန်သာ အနှေးအမြန်ကွာချင်ကွာပါလိမ့်မယ်။ ပုံမှန်ခုတ်သွားရင် တစ်နေ့မှာတော့ ထိုသစ်ပင်လဲသွားပါလိမ့်မယ်။ ထိုသစ်ပင်ဥပမာလိုပါပဲ။ ပညာရပ်တစ်ခုကို သင်တာပဲဖြစ်စေ၊ လုပ်ငန်းတစ်ခုကိုလုပ်တာပဲဖြစ် တစ်ရက်ကို 1 နာရီလောက်အချိန်ပေးပြီး 5 နှစ်လောက် စဉ်ဆက်မပြတ်ဆက်လုပ်သွားရင် ထိုပညာရပ်ကိုတတ်ကျွမ်းသွားမှာဖြစ်သလို အလုပ်တစ်ခုဆိုရင်လည်း ထမြောက်အောင်မြင်သွားပါလိမ့်မယ်။ သို့သော် " The Rule Of 5 " ကို အသုံးချပြီး အောင်မြင်ဖို့ဆိုရင် အောက်ပါ အချက် 5 ချက်ကိုလည်း သိထားဖို့လိုပါတယ်။ ဒါတွေကတော့.... 1) မိမိဘာကိုရရှိအောင်မြင်ချင်တယ်ဆိုတာကို အရင်သိအောင်လုပ်ပါ။ အကယ်၍ အိမ်ပတ်လည်မှာ သစ်ပင်ဆယ်ပင်ရှိတယ်ဆိုပါစို့။မိတ်ဆွေက ဘယ်သစ်ပင်ကိုခုတ်ချင်တယ်ဆိုတာ တိတိကျကျမသိရင် ဘယ်သစ်ပင်ကိုမှလဲအောင်ခုတ်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုပါပဲ။ မိတ်ဆွေအနေနဲ့ မိမိဘာလုပ်ချင်သလဲ၊ ဘာဖြစ်ချင်သလဲဆိုတာကို တိတိကျကျ သိအောင်အရင်မလုပ်သေးဘူးဆိုရင် မိတ်ဆွေဘာကိုမှ အောင်မြင်ဖြစ်ထွန်းအောင်လုပ်နိုင်ဦးမှာမဟုတ်ပါဘူး။ ဒါကသိပ်ကိုရိုးရှင်းပါတယ်။ ဒီတော့ မိမိဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာကို သိအောင်အရင်လုပ်ဖို့လိုပါတယ်။ 2)မိတ်ဆွေမှာ သင့်တင့်လျှောက်ပတ်တဲ့ လက်နက်ကိရိယာ တန်ဆာပလာတွေလည်းရှိဖို့လိုပါတယ်။ မိတ်ဆွေကဘယ်သစ်ပင်ကိုခုတ်ရမယ်ဆိုတာကို သိပြီဆိုပေမယ့် မိတ်ဆွေလက်ထဲမှာ သံချေးတက်ပြီးတုံးနေတဲ့ဓားပဲရှိမယ်ဆိုရင်လည်း သစ်ပင်ကိုခုတ်လှဲဖို့ အတော်ခက်ခဲမှာဖြစ်ပါတယ်။ ဒီလိုပါပဲ။ မိတ်ဆွေမှာရည်မှန်းချက် ရည်ရွယ်ချက်ရှိထားပြီးပြီဆိုရင် ထိုရည်မှန်းချက်ကိုဖော်ဆောင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ပညာတွေ တစ်ခြားအထောက်အကူပြုပစ္စည်းတွေလည်း ရှိနေဖို့လိုပါတယ်။ 3)မိတ်ဆွေရဲ့ ရည်မှန်းချက်အပေါ် အပြည့်အဝအာရုံစိုက်ထားပါ။ မိတ်ဆွေက ပထမတစ်ရက် သစ်ပင်တစ်ပင်ကိုခုတ်နေတယ်။ နောက်နေ့ကျတော့ စိတ်ပြောင်းသွားပြီးနောက်တစ်ပင်ပြောင်းခုတ်တယ်။ နောက်နေ့ကျတော့ တစ်ခါတစ်ပင်ထပ်ပြောင်းခုတ်တယ်ဆိုရင် မိတ်ဆွေ ဘယ်သစ်ပင်ကိုမှ လဲသွားအောင်ခုတ်လှဲနိုင်မှာမဟုတ်ပါဘူး။ ပညာရပ်တစ်ခုကိုသင်ယူသည်ဖြစ်စေ၊ အလုပ်တစ်ခုကိုလုပ်သည်ဖြစ်စေ ထိုတစ်ခုထဲကို အပြည့်အဝအာရုံစိုက်မထားဘူးဆိုရင် ပြီးမြောက်တဲ့အထိလုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အမှတ် 3 ဥပဒေသကတော့ မိမိရည်မှန်းချက်အပေါ်မှာအပြည့်အဝအာရုံစိုက်ထားပါ။ 4)စဉ်ဆက်မပြတ်လုပ်ပါ။ မိတ်ဆွေမှာက ရည်မှန်းချက်လည်းရှိပြီ။ ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ပညာတွေနဲ့ အထောက်အကူတွေလည်းရှိပြီ။ သူ့အပေါ်အရာရုံလည်းစူးစိုက်ထားတယ်။ သို့သော် ထိုရည်မှန်းချက်အကောင်အထည်ဖော်ခြင်းကို ဒီနေ့စိတ်ပါရင်ဒီနေ့လုပ်တယ်။ မနက်ဖြန် စိတ်မပါရင်မလုပ်ဖူး။ သဘက်ခါစိတ်ပါမှ တစ်ခါပြန်လုပ်တယ်ဆိုရင်တော့ ထိုရည်မှန်းချက်ကိုဘယ်တော့မှအောင်မြင်အောင်အကောင်အထည်ဖော်နိုင်မှာမဟုတ်ပါဘူး။ မျက်လုံးထဲမြင်ယောင်ကြည့်ပါ။ သစ်ပင်တစ်ပင်ကို ဒီနေ့ 5 ချက်ခုတ်တယ်။ နောက် 2 ရက်ခြားတော့တစ်ခါ 5 ချက်ခုတ်တယ်။ နောက် တစ်ပတ်ခြားတဲ့အခါ 5 ချက်ခုတ်တယ်။ အဲ့လိုပုံအတိုင်းသွားရင် ထိုသစ်ပင်ကို လဲတဲ့အထိခုတ်နိုင်မယ်ထင်ပါသလား။ အကယ်၍ အင်မတန်သေးတဲ့ သစ်ပင်တစ်ပင်ဖြစ်နေခဲ့ရင်တောင် အချိန်တော့တော်တော်ပေးရမှာပါ။ ဒါကြောင့် နေ့စဉ်ရက်ဆက်စွဲစွဲမြဲမြဲလုပ်ဖို့က အင်မတန်အရေးကြီးပါတယ်။ တစ်ရက်ချင်းမှာမသိသာပေမယ့် နေ့စဉ်ရက်ဆက်စွဲပြီးလုပ်သွားရင်တော့ စုပေါင်းအင်အားကြောင့် သိပ်မကြာခင်အချိန်မှာပဲ ရည်ရွယ်ချက်ပေါက်မြောက်ပါလိမ့်မယ်။ 5)မအောင်မြင်မချင်း ဆက်လုပ်ပါ။ ရည်ရွယ်ချက်ကောင်းတစ်ခုချမှတ်ပြီးပြီဆိုရင် ထိုရည်ရွယ်ချက်မရောက်မချင်းဆက်လုပ်နေဖို့လိုပါတယ်။ ဥပမာ မိတ်ဆွေက 'ဝ' တဲ့သူတစ်ယောက်မို့ ကိုယ်အလေးချိန် ကျချင်တယ်။ ဒီတော့ အစားအသောက်ဆင်ခြင်ပြီး လေ့ကျင့်ခန်းလည်းလုပ်တယ်။ မိတ်ဆွေမျှော်မှန်းတာက 10 ပေါင်ကျသွားဖို့။ သို့သော် အကြောင်းအမျိုးမျိုးတွေကြောင့် 5 ပေါင်လောက်ကျသွားချိန်မှာ လေ့ကျင့်ခန်းဆက်မလုပ်တော့ဘူး။ အစားလည်းမဆင်ခြင်ဖြစ်တော့ဘူး။ နောက်မှပဲ ပြန်လုပ်တော့မယ်လို့တွေးရင် မိတ်ဆွေဘယ်တော့မှ မျှော်မှန်းတဲ့ ခန္ဓာကိုယ်အနေအထားကိုရမှာမဟုတ်ပါဘူး။ ဒီတော့ အမှားတွေရှိခဲ့ရင်တောင်သင်ခန်းစာယူ။ မိမိကိုယ်ကိုပိုပြီး improve ဖြစ်အောင်လုပ်ရင်းနဲ့ နောက်ဆုံးပန်းတိုင်ကိုရောက်အောင်ဆက်သွားပါ။ ဒါမှသာ မိတ်ဆွေရည်မှန်းချက်ပေါက်မြောက်အောင်မြင်ပါလိမ့်မယ်။ Myanmar leadership Conference 2019 မှာ Dr.John C Maxwell ပြောပြသွားသော Rule of 5 ကို အနှစ်ချုပ်ပြီးပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။ အခြားကောင်းနိုးရာရာ ကောက်နုတ်ချက်လေးတွေကိုလည်း Video အနေနဲ့သော်၎င်း၊ ဆောင်းပါး အနေနဲ့သော်၎င်း အလျဉ်းသင့်သလို ပြန်လည်မျှဝေပေးသွားပါ့မယ်။ အကယ်၍ ဒီ Post လေးက မိတ်ဆွေအတွက် တစ်စုံတစ်ရာအကျိုးဖြစ်စေတယ်ဆိုရင် မိတ်ဆွေရဲ့ အခြားသူငယ်ချင်းများလည်း အသိတိုးအောင် တစ်ဆင့်ပြန်လည်ပြီးမျှဝေပေးလိုက်ပါ။ Credit to Yar Zar

Tuesday, 4 September 2018

|| JESUS Said I AM...ယေရှုအဘယ်သူနည်း?

I AM GOD’S... 
• possession -Genesis 17:8/ 1Cor 6:20 
• child - John 1:12 
• workmanship - Ephesians 2:10 
• friend -James 2:23 
• temple -1 Cor 3:16/ 6:16 
• vessel- 2 Timothy 2:2 
• co-laborer1 - Timothy 5:18 
• witness-Acts 1:8 
• soldier-2 Timothy 2:3 
• ambassador -2 Cor 5:20 
• building-1 Cor 3:9 
• husbandry 1 -Cor 3:9 
• minister/instrument -Acts 26:16 / 1 Tim 4:6 
• chosen -Ephesians 1:4 
• beloved -Romans 1:7/ 2 Thess 2:13 
• precious jewel -Malachi 3:17 
• heritage -1 Peter 5:3 
 I HAVE BEEN... 
• redeemed by the blood -Rev 5:9 
• set free from sin /condemnation -Rom 8:1-2 
• set free from Satan’s control -Col 1:13 
• set free from Satan’s kingdom -Eph 2 
• chosen before foundation of world -Eph 1:4 
• predestined to be like Jesus -Ephesians 1:11 
• forgiven of all my trespasses-Col 2:13 
• washed in the blood of the Lamb-Rev 1:5 
• given a sound mind-2 Timothy 1:7 
• given the Holy Spirit -2 Cor 1:22 
• adopted into God’s family-Romans 8:15 
• justified freely by his grace-Romans 3:24 
• given all things pertaining to life -2 Pet 1:3 
• given great and precious promises -2 Pet 1:4 
• given ministry of reconciliation 2 Cor 1:22
• authority over the power of enemy-Lk 10:19 
• access to God -Ephesians 3:12 
• been given wisdom-Ephesians 1:8 
 I AM... 
• complete in him -Colossians 2:10 
• free forever from sin’s power -Romans 6:14 
• sanctified -1 Cor 6:11 
• meet for the Master’s use-2 Timothy 2:21 
• loved eternally -1 Peter 1:5 / 
• eternally kept in the palm of his hand -Jn 10:29 
• kept from falling -Jude 1:24 
• kept by the power of God-1 Peter 1:5 
• not condemned Romans 8:1-2 
• one with the Lord -1 Cor 6:17 
• on my way to heaven John 14:6 
• quickened by his mighty power -Eph 2:1 
• seated in heavenly places -Eph 1:3 
• the head and not the tail -Deut 28:13 
• light in the darkness -Matthew 5:14 
• candle in a dark place -Matthew 5:15 
• city set on a hill -Matthew 5:14 
• salt of the earth -Matthew 5:13 
• his sheep Ps 23 / Psalms 100:3/ John 10:14 
• a citizen of heaven -1 Peter 2:11 
• hidden with Christ in God -Psalms 32:7 
• protected from the evil one -1 John 5:18 
• kept by the power of God -1 Peter 1:5 
• secure in Christ Jn 10:28-29 
• set on a Rock -Psalms 40:2 
• more-than-a-conqueror -Romans 8:37 
• born again -1 Peter 1:23 
• a victor -1 John 5:4 
• healed by his strips Is 53:6 
• covered by blood of Jesus -Rev12:11,1 Pet 1:19 
• sheltered under his wing -Psalms 91:4 
• hidden in secret place of the Almighty -Ps 91:1 
I HAVE... 
• access to the Father -Romans 5:2 
• a home in heaven waiting for me -Jn 14:1-2 
• all things in Christ -2 Cor 5:17 
• a living hope -1 Peter 1:3 
• an anchor to my soul -Hebrews 6:19 
• a hope that is sure and steadfast -Heb 6:19 
• authority to tread on serpents -Luke 10:19 
• power to witness -Acts 1:8 
• the tongue of the learned -Isaiah 50:4 
• the mind of Christ -1 Cor 2:16 
• boldness and access -Hebrews 10:19 
• peace with God -Romans 5:1
• faith as a grain of mustard seed -Luke 17:6 
I CAN... 
• do all things through Christ -Philp 4:13 
• find mercy and grace to help -Heb 4:16 
• come boldly to the throne of grace -Heb 4:16 
• quench all the firey darts -Eph 6:16 
• tread on the serpent -Luke 10:19 
• declare liberty to captives -Isaiah 61:1 
• pray always and everywhere -Luke 21:36 
• chase a thousand -Joshua 23:10 
• defeat (overcome) the enemy -Rev 12:11 
• tread Satan under foot -Rom 16:20 
I CANNOT... 
• be separated from God’s love -Rom 8:35-39 
• be perish or be lost -John 10:28, John 3:16 
• be moved -Psalms 16:8 
• be taken out of my Father’s hand -John 10:29 
• be charged or accused -Romans 8:33 
• be condemned 1 -Cor 11:32

Thursday, 23 August 2018

||< တမန်တော် (၁၂) ပါး >||

(၁) ပေတရု (မ ၁၀း၂၊ ယော ၁း၄၂) ယောန၏သားဖြစ်သည်။ အနြေ္ဒ၏ အစ်ကိုလည်းဖြစ်သည်။ တံငါ သည်ဖြစ်၍ အိမ်ထောင်သည် တစ်ဦးဖြစ်သည်။ ဂါလိလဲပြည်၊ ကပေရနောင်မြို့၌ နေထိုင်သည်။ ရှိမုန်ပေတရု (သို့) ကေဖ ဟု အမည်ရသည်။ ကေဖ၏ အ ဓိပ္ပာယ်မှာ ကျောက် ဖြစ်သည်။ တမန်တော်တို့၏ ခေါင်းဆောင်ဖြစ်သည်။ နာဇရက်မြို့သား ယေရှုသည် အဘယ်သူဖြစ်သည်ကို ပထမဦးဆုံး သိမြင်သူဖြစ်သည်။ အဂြိပ္ပမင်း ၏ မောင်းမလေးဦးနှင့် 
ဧကရာဇ်ဘုရာင် အယ်ဘိန မြတ်နိုးသော မိဖုရား ဇန်သစ်ပီသည် ပြောင်းလဲ၍ ခရစ်ယာန်ဖြစ်လာသည်။ ထိုကြောင့် ပေတရုကို သတ်ရန် ဆုံးဖြတ် ကြသည်။ ထိုကြောင့် ရောမမြို့မှ ထွက်ခွာ တိမ်ရှောင်ရန် လာစဉ် သခင်ယေရှု ရောမမြို့ထဲ ဝင်လာသည်ကို ရူပါရုံဖြစ်သောကြောင့် သူတိမ်ရှောင်သော ကားတိုင်ကို ထမ်းရွက်ရန် ပြန်လာခဲ့သည်။ သူ၏ ဇနီးအား သူ့ရှေ့တွင် ကွက်မျက် ခဲ့သည်။ မိမိ၏ အရှင်သခင်ကဲ့သို့ လက်ဝါးကပ်တိုင်၌ ရိုက်ခြင်းငှာ မထိုက်တန်သောကြောင့် ဇောက်ထိုးထား၍ ကွပ်မျက်ရန် တောင်းဆိုလေသည်။
(၂) အနြေ္ဒ (မ ၁၀း၂၊ ယော ၁း၄၀) ပေတရု၏ ညီဖြစ်သည်။ 
အစဦး၌ အနြေ္ဒသည် နှစ်ခြင်းဆရာယောဟန်၏ တပည့်ဖြစ်သည်။ သူ၏ အစ်ကိုနှင့်အတူ နေထိုင်ပြီး ပေတရုအား သခင်ယေရှုထံ ပို့ဆောင်ပေးပြန်သည်။ (ယော ၁း၄၀-၄၂)။ ထို့အပြင် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ပါသောကလေးငယ် (ယော ၆း၈-၉) ဟေလသလူ (ယော ၂း၂၀-၂၂) အချို့တို့ကို ယေရှုထံသို့ ပို့ဆောင်ပေးသောသူ ဖြစ်သည်။ အနြေ္ဒသည် အေဂျီရ၏ ဇနီး မက်စီမီလာ ၏
 ရောဂါ ပျောက်စေခဲ့သည်။ ထို့ပြင် အေဂျီးရ၏ညီ စတာရတိုခဲ၏ အစေအပါး၏ ရောဂို ပျောက်စေခဲ့သည်။ ထိုကြောင့် အေဂျီရဇနီးနှင့် ညီတို့သည် ခရစ်ယာန်ဖြစ်လာသည်။ ထိုကြောင့် အနြေ္ဒကို ကွပ်မျက်လိုက်ရန် အမိန့်ချသည်။ လက်ဝါးကပ်တိုင်၌ သံမှိုမစွဲဘဲ ကြိုးဖြစ်သာတုပ်နှောင်ပြီး အစာငတ်၊ ရေငတ်၊ လေထဲ၊ မိုးထဲ၌ ပစ်ထားစေသည်။ သူ၏ အရှင်သခင်ကဲ့သို့ လက်ဝါးကပ်တိုင်၌ အသေ သတ်ခြင်း ကို မခံဘဲ အမြှောက်လက္ခဏာ ကြက်ခြေခတ်သဏ္ဍာန်ရှိ ကားတိုင်တွင် သတ်ပါဟု တောင်းဆိုခဲ့သည်။
(၃) ယာကုပ် (မ ၃း၁၇၊ လုကာ ၈း၅၁)  
 ဇေဗေဒဲ၏သား ယောဟန်၏အစ်ကို ဖြစ်သည်။ တံငါသည်ဖြစ်၍ 
အတော်အသင့် ကြွယ်ဝသည်။ ထင်ပေါ်ကျော်ကြားလိုစိတ် ရှိသည်။ ဟေရုဒ် မင်းကြီးသည် သင်းဝင်သူအချို့တို့ကို ညှင်းဆဲသောအခါ ယာကုပ်ကို 
ဓားဖြင့် ကွပ်မျက် ခဲ့သည်။ (တ ၁၂း၁-၂)။ တမန်တော်များထဲတွင် 
မာတုရသရဖူကို ပထမဆုံး ရရှိသူ ဖြစ်သည်။ 
(၄) ယောဟန် (မ ၃း၁၇၊ ယော ၂၁း၂၀) ယောဟန်သည် ဇေဗေဒဲ၏သား ယာကုပ်၏ညီ ဖြစ်သည်။ ဗတ္တိဇံဆရာ ယောဟန်၏ တပည့် ဖြစ်သည်။ သခင်ယေရှုနှင့် အနီးကပ်ဆုံး ဆက်ဆံသူ တပည့်ဖြစ်သည်။ 
အလွန် ဒေါသကြီး သူ ဖြစ်သည်။ စိတ်ခက်ထန်သော ပုဂ္ဂိုလ် 
တစ်ဦးဖြစ်သည်။ သခင်ယေရှု၏ လက်တော်အောက် ၌ မေတ္တာရှင်တစ်ပါး
 ဖြစ်လာ သည်။ မယ်တော်မာရိကို ကြည့်ရှုစောင့်ထိန်းရန် သခင် ယေရှု၏ မှာကြားခြင်း ခံရသည်။ မယ်တော်မာရိ သေဆုံးသည်အထိ သားအရင်း
အချာကဲ့သို့ စောင့် ရှောက် ခဲ့သည်။ မယ်တော် မာရိ သေဆုံးပြီးနောက်
 ရောမမြို့သို့ သွား ရောက်ကာ အမှုဆောင်သည်။ 
ဧဖက်မြို့၌ အိုမင်းသည်အထိ အမှုဆောင် ခဲ့သည်။ ယောဟန်
 သေဆုံးသောအခါ မြေမြှပ်သဂြိုလ်ကြသည်။ ယောဟန်သည်
င်္သချိုင်း မှာပင် အသက်ရှင်လျက် ရှိသည်ဟု ပြောစမှတ်ရှိသည်။ 
 (၅) ဖိလိပ္ပု (မ ၁၀း၃၊ ယော ၆း၅) သခင်ယေရှု၏ ပထမဆုံး အခေါ်ခံရသော ပုဂ္ဂိုလ်ဖြစ်သည်။ ဗက်ဇဲဒမြို့သားဖြစ်ပြီး၊ တံငါသည် ဖြစ်သည်။ 
ဖိလိပ္ပုက “မဖြစ်နိုင်ဘူးဟူသောစိတ်ဓာတ်” က ပိုမိုအားအားကြီးစွာ 
ခိုအောင်းလျက် ရှိသည်။ မြွေကြီးတစ်ကောင်ကို ကိုးကွယ်သော 
“ဟေရပေါလိ” ၌ ဧဝံဂေလိတရားတော် ကို ဟောပြောသောကြောင့် 
မြို့ဝန်သည် အမျက်ထွက်၍ ဖိလိပ္ပု၏ အဝတ်အထည်များကို ချွတ်၍ခြေမျက်စိ
 နှင့် ပေါင်များကို သံချွန်ဖြင့် ထိုးဖောက်ပြီး ဇောက်ထိုးဆွဲချိတ်ကာ နှိပ်စက်ညှင်းပန်း ခဲ့သည်။ ဖိလိပ္ပုသည် မခံနိုင်သောကြောင့်မြေကြီးကို အမိန့်ပေးသဖြင့် မြို့သူမြို့သား လူပေါင်း ခုနှစ်ထောင် ကို မြေမျိုလေသည်။ ထိုအခါ သခင်ယေရှုပေါ်လာပြီး ဖိလိပ္ပုကို ဆုံးမပြီး မြေမျိုသူများ ကို ပြန်လည် အသက်ရှင်စေခဲ့သည်။ သူမှားကြောင်း ဝန်ခံပြီး သူသေဆုံးသောအခါ 
လူ၏ အလောင်းကို ပိတ်ထည်နှင့် မရစ်ဘဲ ကျူပင်မှ ပြုလုပ်သော စက္ကုဖြင့် ရစ်ပတ်ပြီး သဂြိုလ်ရန် မှာကြားသည်။ သူမှာကြားသည့်အတိုင်း 
သူ့ကို မြှပ်နှံကြသောအခါ ဖိလိပ္ပု အသက်သရဖူကိုရပြီ ဟု
 ကောင်းကင်မှ ကြွေးကြော်သံ ကြားရသည်။
 (၆) ဗာသောလမဲ သို့မဟုတ် နာသနေလ (မ ၁၀း၃၊ ယော ၂၁း၂)
တမန်တော် ၁၂ပါးမှ တစ်ပါးဖြစ်သည်မှ လွဲ၍ မှတ်တမ်းတင်ထားခြင်း မရှိပါ။ ဖိလိပ္ပုနှင့် တွဲ၍ ဖော်ပြခြင်း ခံရသည်။ ဗာသောလမဲသည် မျိုးရိုးအမည်
 ဖြစ်ပြီး (ဗာ= ၏သား)၊ နာသနေလသည် ကိုယ်ပိုင် အမည်ဖြစ်သည်။ 
(၇) သောမအမြွာပူး (ဒိဒုမု) (မ ၁၀း၃၊ ယော ၂၁း၂) သောမသည် အမြွာညီအစ်ကို နှစ်ဦးမှ တစ်ဦးဖြစ်ဟန်တူသည်။ သောမနှင့် ဒိဒုမု
ဟူသော အမည်မှာ အာရမိနှင့် ဂရိဘာသာစကား၌ “အမြွာ” ဟူသော 
စကားလုံးမှ လာသည့်အမည် ဖြစ်သည်။ သောမသည် ခံစားချက်များကို 
ပွင့်လင်းစွာ ဖော်ပြ တတ်သူဖြစ်သည်။ ယုဒလူများ သတ်မည့်ဘေးမှ လွတ်မြောက်ရန် ယုဒပြည်မှ ထွက်ခွာပြီးမှ ပြန်လည်သွားရောက်ရန် ယေရှုဆုံးဖြတ်စဉ် ယေရှုနှင့်အတူ သူုတို့အားလုံး အသေခံကြရန် သောမ
အဆိုပြု ခဲ့သည်။ ယေရှုသွားရမည့် ခရီးကို မသိကြောင်း ပြောဆို သည်။
 နောက် ဆုံး ယေရှုရှင်ပြန်ထမြောက်ကြောင်းကို မယုံခဲ့ပေ။ ယေရှုနှင့်
 တွေ့ဆုံပြီးမှ ယုံကြည်ခဲ့သည်။ ဧဝံဂေလိတရားတော် ကို အိန္ဒိယပြည်၌
 ဟောစဉ် ထိုအရပ်၌ နေသော သူတို့က မနာ လိုသောကြောင့် ကျောက်ခဲနှင့် ပစ်သတ်ရန် လှုပ်ဆော်ခဲ့သည်။ နောက်ဆုံး လှံရှည်ဖြင့် ထိုးသတ် လေသည်။
(၈) မဿဲ သို့မဟုတ် လေဝိ (မ ၁၀း၃၊ လု ၅း၂၇)  
လူတိုင်း စက်ဆုပ်ရွံရှာခြင်း ခံရသောသူဖြစ်သည်။ အခွန်ခံဖြစ်သောကြောင့် ဖြစ်သည်။ ယေရှုကို စတင်တွေ့ရှိချိန်က ဂါလိလဲအိုင်နားရှိ ကပေရနောင်မြို့တွင် မဿဲ ထိုင်နေသည်။ ဝင်ငွေကောင်းခဲ့ပြီး အိမ်ကြီး တစ်ဆောင် ကိုလည်းပိုင်ဆိုင်သည်။ ယေရှုနှင့် တွေ့ခဲ့ပြီး မိမိပိုင်ဆိုင်သမျှကို
 စွန့်ကာ ယေရှုနောက် သို့လိုက် ခဲ့သည်။ ယေရှုရှင်ပြန်ထမြောက်ပြီးနောက် အသင်းတော် တည်ဆောက်ရာတွင် ပါဝင်လှုပ်ရှား ခဲ့သည်။ 
ရှင်မဿဲ ခရစ်ဝင်ကျမ်းကိုလည်း ရေးသားခဲ့သည်။
(၉) ယာကုပ် (မ ၁၀း၃၊ တ ၁း၁၃) သမ္မာကျမ်းစာ၌ အာလဖဲ၏သား 
ယာကုပ်ဟူ၍ ပါရှိသည် သူ့အကြောင်းကို ဘာမျှ ဖော်ပြခြင်း မရှိချေ။ 
 (၁၀) သဒ္ဒဲ (မ ၁၀း၃၊ လု ၁၆း၆) သဒ္ဒဲမှာ ယာကုပ်၏သားဖြစ်ပြီး၊ 
ယုဒမှာ အခြားအမည်သာဖြစ်သည်။ ထိုအပြင် လေဗဲဟူ၍လည်း ခေါ်သည်။ 
 (၁၁) ရှိမုန် ဇေလုတ် (မ ၁၀း၎၊ လု ၆း၁၅) ရှိမုန်ဇေလုတ်၏ အခြား
အမည်များမှာ အာရမစ် ဘာသာစကားအရ “ကာနနိတ်လူ” ၊ ဂရိ ဘာသာစကားအရာ “ဇေလုတ်” ဟူ၍ လည်းကောင်း သိကြသည်။ သူ၏ 
အမည်မှာ စိတ်အားထက်သန် သည့်ဘဝကို ဖော်ပြသည်။ ရောမအစိုးရကို ဆန့်ကျင်သည့် ဇေလုတ်အဖွဲ့ဝင် ဖြစ်သည်။ ရှိမုန်သည် ရောမ လူမျိုး၊ 
ထိုသူတို့နှင့် ပတ်သက်သူများကိ လိုက်သတ်နေသူ ဖြစ်သည်။နောက်ဆုံး ပါရှားပြည်၌ မှော် ဆရာ နှစ်ဦးကြောင့် အလွန်ကြီးမားသော ကျောင်းဆောင်ပြိုကျပြီး ကွယ်လွန်သွားခဲ့သည်။ အစဦး၌ မုန်းစိတ်ထားသော
 ပုဂ္ဂိုလ်သည် မေတ္တာစိတ်နှင့် အဆုံးသတ်သွားသည်။
 (၁၂) ယုဒရှကာရုတ် (မ ၁၀း၎၊ လု ၂၂း၄၈) ကိုယ်တော်ကို အပ်နှံသူဖြစ်သည်။ ဘဏ္ဍာထိန်းဖြစ်ပြီး ဆင်းရဲသူများအတွက် လှူ ဒန်းသည့် ငွေများကို တာဝန်ယူရသည်။ ထိုငွေထဲမှ အချို့ကို မိမိကိုယ်ကျိုးအတွက် ခိုးယူခဲ့သည်။ ယေရှုအား မာရိက ဆီဖြင့် လိမ်းကျံခြင်းကို ကဲ့ရဲ့အပြစ်တင်သည်။ 
မိမိအမှားကို ပြင်ရန်မကြိုးစားဘဲ သတ်သေခဲ့သည်။ ယုဒသည် လယ်တောထဲသို့သွားကာ မိမိကိုယ်ကို ဆွဲကြိုးချသည်။ ဝမ်းဗိုက်ပေါက်ပွဲပြီး သေဆုံးသွားသည်ဟု ထင်၏။ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိသောအခါ ယုဒပြန်ပေးသည့်ငွေဖြင့် အိုးထိန်းသမား၏ မြေကွက် တစ်ကွက်ကို 
ဝယ်ပြီး သဂြိုလ်သည်။ ထိုမြေကို သွေးမြေဟု ခေါ်ပြီး တစ်ပါး
အမျိုးသားတို့အတွက် သုသာန် ဖြစ်လာသည်။

||< ခရစ်ယာန်အသက်တာအစ ဆယ်ဖို့တစ်ဖို့က >||

ခရစ်ယာန်တို့၏ အသက်တာတွင် ပေးလှူ ခြင်းပုံစံ အမျိုးမျိုး ရှိသည့် အနက် ဆယ်ဖို့ တစ်ဖို့ ပေးလှူ ခြင်းနှင့် စပ်လျဉ်း၍ အယူအဆ ကွဲပြား နေတတ်ပါသည်။ စာရေးသူအနေဖြင့် မိမိအတွေ့အကြုံ နှင့် လေ့လာမိသရွေ့ ဝေမျှတင်ပြ လိုပါသည်။ စာရေးသူအနေဖြင့် ဆယ်ဖို့တစ်ဖို့ (T I T H E S) ကို အောက်ပါအတိုင်း အနက် ဖွင့်ဆို ဖော်ပြ လိုပါသည်။ 
T. Thanks offering to God recognizing that the Lord
 God is most high. ဆယ်ဖို့တစ်ဖို့ ပေးလှူ ခြင်းဆိုသည်မှာ
 ဘုရားသခင်သည် အမြင့်ဆုံးသောဘုရား ဟု သိရှိလျက် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်အတူ ၎င်းတို့ ခံစားရသော ကောင်းချီးများမှ ဆယ်ဖို့တစ်ဖို့ကို ပေး လှူ ခြင်းဖြစ်သည်။ ဤပေးလှူ ခြင်းသည် ဣသရေလမျိုး နွယ်ထံသို့ ဘုရားသခင်ထံမှ ပညတ်တစ်ရပ် အနေဖြင့် မရောက်ရှိမီကပင် ပေးလှူ ခြင်းဖြစ်သည်။ အာဗြံသည် သူ၏တူလောတကို ဖမ်းဆီးခေါ်ဆောင် သွားသော ခေဒေါရလောမာမင်းနှင့် အပေါင်းအပါကို တိုက်ခိုက် အောင်မြင်၍ ပြန်လာရာလမ်း၌ ရှာလင်မင်းကြီး မေလခိဇေဒက်ကို ပေးလှူ ခဲ့သည်။ ဤမင်းကြီးသည် အာဗြံအတွက် ဘုရားသခင်ထံမှ ကောင်း ချီး တောင်းခံလျက် ကောင်းချီးပေးခြင်းနှင့်အတူ အမြင့်ဆုံးသောဘုရားသခင်ကို ချီးမွမ်းမြွက်ဆို သောကြောင့် အာဗြံသည် ရှာလင်မင်းကြီးကို တိုက်ပွဲမှ သိမ်းယူ ရရှိသောပစ္စည်းများမှ ဆယ်ဖို့တစ်ဖို့ကို
 ပေးလှူ ခဲ့သည်။ (ကမ္ဘာ ၁၄း၁၇-၂၀)။ ရှာလင်မင်းကြီး မေလခိဇေဒက် ဆယ်ဖို့တစ်ဖို့ ခံယူသောအချိန်၌ ဣသရေလမျိုးနွယ် တို့ထံမှ ဆယ်ဖို့တစ်ဖို့ ခံယူသော ယဇ်ပရောဟိတ်အရာကို ခံယူသော လေ၀ိသားတို့ 
မမွေးဖွားသေးပါ။ (ဟေဗြဲ ၇း၁၀) ။ 
 I.Tithing Law came to the Israelite from God under the Law of Moses. ဘုရားသခင်သည် ဣသရေလမျိုးနွယ်တို့အား ဆယ်ဖို့တစ်ဖို့ ပေးလှူရန် မောရှေမှ တစ်ဆင့် မိန်မြွက်ခဲ့သည်။ ဘုရားသခင်သည် ဣသရေလမျိုးနွယ်ကို ဆယ်ဖို့တစ်ဖို့ပေးလှူ ခြင်း အမှုဆောင်ရွက်ရန် တိကျ ပြတ်သားသော ရည်ရွယ် ချက်များဖြင့် မိန့်မြွက်ခဲ့သည်။ ယဇ်ပရောဟိတ်အရာ ခံသော လေ၀ိအမျိုး အနွယ်တို့သည် ဣသရေလအမျိုးသားတို့၏ နေရာပြည်၌ အမွေခံရာမြေ မရှိဘဲ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ရသည်။ ထိုကြောင့် လေ၀ိ မျိုးနွယ်တို့သည် သက်မွေးဝမ်းကြောင်းအတွက် ကိုယ်ပိုင်နှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် အချိန်မရှိပါ။ သို့ဖြစ်ရာ ဣသရေလအမျိုးအနွယ်တို့ သည် လေ၀ိအမျိုး သားတို့အား သူတို့၏ကောင်းချီးများမှ ဆယ်ဖို့တစ်ဖို့ ပေးလှူ ရသည်။ လေ၀ိသားတို့ သည်လည်း ဆယ်ဖို့တစ်ဖို့ ခံယူသောအခါ ထိုအဖို့ကို ပြန်၍တစ်ဖို့ကို ယဇ်ပရောဟိတ်ကို လှူ ရသည်။ (တော ၁၈း၂၀)။ ထိုအပြင် အပိုစုဆောင်းသော ဆယ်ဖို့တစ်ဖို့ (additional tithes) စနစ်ကိုလည်း တစ်ပါးအမျိုးသား၊ မိဘမရှိသော သူငယ်၊ မုဆိုးမတို့အတွက်လည်း ဥပုသ်နှစ်များအလိုက် (Sabbatical Cycle) ပေးလှူရန် မိန့်မြွက်ခဲ့သည်။ (တရား ၁၄း၂၈-၂၉) 
H. Having received blessings from God by obeying His Command. အချိန်ကြာညောင်းသည်နှင့်အမျှ ဣသရေလမျိုးနွယ်တို့သည် ဆယ်ဖို့ တစ်ဖို့ ပေးလှူခြင်းအမှု၌ လိုက်နာမှု လျော့ရဲလာသည်။ ပရောဖက်မာလခိ ပေါ်ထွန်း သောအချိန် အချို့သော လေ၀ိသားတို့သည် လယ်ယာများသို့ သွားရောက်လုပ်ကိုင် အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြရသည်။ ထိုကြောင့် ဘုရားသခင် သည် ပရောဖက် မာလခိမှတစ်ဆင့် မိန့်ဆိုသည်မှာ “ဤပညတ်ချက်ကို မလိုက်နာသောသူကို ကျိန်ခြင်း အမင်္ဂလာ ရောက်ရှိမည်။ လိုက်နာသောသူများ အပေါ်၌ ကောင်းချီး မိုးရွာမည်။ မြေ၊ အသီးအနှံ တို့ကိုလည်း ပိုးမွှားဘေးမှ ကာကွယ်မည်။ သူတို့၏ စပျစ်သည်လည်း အသီးမသီးဘဲ မနေ” ဟူသော ကတိတော်များ နှင့် အတူ မိန့်ဆိုခဲ့သည်။ (မာလခိ ၃း၉-၁၁) အထူးသတိပြု သင့်သည်မှာ အကြွေစေ့၌ ခေါင်းနှင့်ပန်း မျက်နှာစာနှစ်ခု ဒွန်တွဲပါရှိ သကဲ့သို့ ပညတ်ချက်အောက်တွင် ဆယ်ဖို့တစ်ဖို့ ပေးလှူ ခြင်းအမှု၌ “ကောင်းချီးမင်္ဂလာ” နှင့် “ကျိန်ခြင်းအမင်္ဂလာ” ဒွန်တွဲလျက်နေသည်ကို အထူး သတိပြု သင့်သည်။ (မာလခိ ၃း၉) 
E. Explanation of "curse" and "blessing" “ကျိန်ခြင်း” နှင့် “ကောင်းချီးမင်္ဂလာ” ၏ အနက်အဓိပ္ပာယ်ကို ဆက်လက် လေ့ လာကြပါစို့။ Word Bible Dictionary အရ “ကျိန်ခြင်း” ဆိုသည်မှာ ဘုရား သခင်၏ ပညတ် ချက်များကို မလိုက်နာသောကြောင့် ရရှိသော အပြစ်ပေးခြင်း ပင်ဖြစ်သည်။ 
“ကောင်းချီးမင်္ဂလာ” ဆိုသည်မှာ ဘုရားသခင်၏ ပညတ်ချက်များကို နာခံဆောင်ရွက်သောကြောင့် ရရှိသောဆုလာဘ်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ S. Should Christian give tithes? လေ၀ိမျိုးနွယ် ယဇ်ပရောဟိတ်တို့သည် ယေရုရှလင်မြို့ ဖျက်ဆီး ခံခဲ့ရသည့် အေဒီ ၇၀နှစ် အထိ အပ်နှံခဲ့ကြသော်လည်း အေဒီ ၃၃ မှစ၍ နောက်ပိုင်း ခရစ်ယာန်များတွင် အသစ်သော ၀ိညာဉ်တန်ခိုး အာနုဘော်ရှိသော ယဇ်ပရောဟိတ် သည် ဆယ်ဖို့တစ်ဖို့ ခံယူခြင်း အားဖြင့် မဟုတ်၊ ထာဝရအသက်၏ တန်ခိုး အာနုဘော် အတိုင်း ခန့်ထားလျက်ရှိသည်။
 (ဟေဗြဲ ၇း၁၄-၁၇) ဆယ်ဖို့တစ်ဖို့ဟု တိကျစွာပေးလှူ ထားခြင်း မရှိခဲ့လျှင် ဓမ္မဆရာတို့ အသက်မွေးစေခြင်း၊ ဆင်းရဲသော တပည့်တော်တို့ကို မစခြင်းစသော အသင်း တော်အမှု ဆောင်ရန် အခက်တွေ့နိုင်သည်။ ထိုကြောင့် တမန်တော် ရှင်ပေါလုသည် (၁ကော ၁၆း၂) ၌ မည်သို့လှူ ဒန်းရမည်ကို လမ်းပြခဲ့သည်။ “ရက်သတ္တပတ် တစ်ပတ်အတွင်း အသီးသီးကောင်းစားသည့် အတိုင်း 
မိမိတို့ ဥစ္စာတစ်ဖို့ကို ထုတ်စုထား ကြလော့။” ဟု သွန်သင်ခဲ့သည်။ 
ဤနေရာ၌ မိမိဥစ္စာတစ်ဖို့ဟု ဆိုရာတွင် ဆယ်ဖို့တစ်ဖို့ လည်း ဖြစ်နိုင်သည်။ နှစ်ဆယ်ဖို့တစ်ဖို့ လည်း ဖြစ်နိုင်သည်။ ငါးဖို့တစ်ဖို့လည်း ဖြစ်နိုင်သည်။ ယနေ့ခေတ်၌ လည်း အသင်းတော်တို့ ၀န်ခံကြသော ပဋိညာဉ် ဆယ်ပါးတွင် (၇)ချက်မြောက် ၌ ဓမ္မဆရာတို့ အသက်မွေးစေခြင်း၊ ဆင်းရဲသော တပည့်တော်တို့ကို မစခြင်း အစရှိသော အသင်းတော် အမှုဆောင်ရန် 
(၁) အသီးသီး ကောင်းစားသည့်အတိုင်း (၂) စေတနာစိတ်ရှိသော အလှူကို
 ပေးလှူ ပါမည် ဟု ကတိထားကြသည်။ ကတိထားသည့်အတိုင်း ပေးလှူ နေကြသည်မှာ ၀မ်းမြောက်ဖွယ်ဖြစ် သော်လည်း အချို့သည် အသင်းတော်တို့ ၀န်ခံသော ပဋိညာဉ်ဆယ်ပါး၌ အပိုဒ်(၇)ကို ဆယ်ဖို့တစ်ဖို့ ပေးလှူ ခြင်းဟု 
လွဲမှားစွာ သိမှတ်လျက် ပေးလှူ နေကြသည်။ အသင်းတော်များ ဘက်မှလည်း မိမိတို့ အသင်းသူ၊ အသင်းသားများ နိုင်ငံရပ်ခြား (သို့) တစ်နယ်တစ်ကျေးသို့ တာဝန်ထမ်းဆောင်ခြင်း ဖြင့်လည်းကောင်း၊ စီးပွားရှာခြင်း ဖြင့်လည်းကောင်း 
အဝေး ရောက်ရှိ သဖြင့် ဆယ်ဖို့တစ်ဖို့မ၀င်၍ သာသနာ့အမှု ဆောင်ရန် အားနည်းသည် ဟူသောအတွေးများ တွေးနေကြသည်မှာ ၀မ်းနည်းဖွယ်
 ဖြစ် ပေသည်။ ဆယ်ဖို့တစ်ဖို့သည် မိခင်အသင်းတော်နှင့်သာ သက်ဆိုင်သည်ဟု ခံယူလျက် ပေးလှူ သော အဝေးရောက် အသင်းသူ၊ အသင်းသားများနှင့် ဆယ်ဖို့တစ်ဖို့ကို ခံယူလျက်ရှိသော အသင်း တော်များသည် ထိုကဲ့သို့ မခံယူသင့်ပေ။ ဆယ်ဖို့တစ်ဖို့သည် ဘုရားသခင်၏ ဘဏ္ဍာဖြစ်သည်ဟု (မာလခိ ၃း၈) ၌
ဆို သောကြောင့် ဘုရားသခင်ထံ ပေးလှူ ရမည် ဟူသော သန့်ရှင်းသူတို့အတွေး (godly thought) ဖြင့် ပေးလှူ သူများလည်း ရှိပါသည်။ မပေးလှူ ပါက ကျိန်ခြင်း ခံရမည်။ (မာလခိ ၃း၉) ဟူသော ကြောက်ရွံစိတ်ဖြင့် လည်းကောင်း၊ ကောင်းကင်ပြတင်းဖွင့်၍ ကောင်းချီး မိုးရွာမည် (မာလခိ ၃း၁၀) ဟူသော ကတိတော်ကို မျှော်ကိုး သောစိတ်ဖြင့် လည်းကောင်း၊ ဘုရားသခင်၏ ကွယ်ကာစောင့်ရှောက်မှု ရသည် (မာလခိ ၃း၁၁) ဟူသော ကိုးစားသောစိတ်ဖြင့် လည်းကောင်း၊ ဆယ်ဖို့တစ်ဖို့ကို အသီးသီး ပေးလှူ တတ်ကြသည်။ 
သို့ရာတွင် ဆယ်ဖို့တစ်ဖို့ ပေးလှူ ရာ၌ စိတ်သဘောထား မှန်ကန်ဖြောင့်မတ်ရန် လိုသည်။ စိတ်သဘောထား မမှန်ကန်သော ဆယ်ဖို့တစ်ဖို့ ပေးလှူ ခြင်းကိုလည်း ဘုရားသခင် နှစ်သက်မည် မဟုတ်ပါ။ စာရေးသူ ကိုယ်တိုင်လည်း (မာလခိ ၃း၁၁) ကို ကိုးစားလျက် ကာကွယ် စောင့်ရှောက်မှု ရရန် ဆယ်ဖို့တစ်ဖို့ ကို ဥပုသ်နေ့တစ်ရက်၌ ဘုရားရှိခိုးကျောင်းတွင် လှူ ခဲ့သည်။ မသိစိတ်ထဲတွင် 
ကိုးစားမှု အစွန်းရောက်သွားကြောင်း စာရေးသူ ကိုယ်တိုင်မသိလိုက် သော်လည်း ဘုရားသခင် သိမြင်တော်မူ သည်။ နောက် တစ်နေ့တွင် စာရေးသူ လှူ ခဲ့သောဆယ်ဖို့တစ်ဖို့ထက် နှစ်ဆကျော် တန်ဖိုးရှိ သော မျက်မှန် ကျပျောက်ခဲ့သည်။ အကာအကွယ်ရမည်ဟု ကတိတော်ရှိလျက် ဆယ်ဖို့ တစ်ဖို့ကို လှူ ခါမှ (၂)ဆကျော် အိတ်ထဲက ပြန်ထွက်သွားသည်။ ထိုည၌ ဘုရားသခင် သွန်သင်လိုသော အချက်ကို သိရှိခွင့်ရရန် ဆုတောင်းသည်။ ဆယ်ဖို့တစ်ဖို့ ပေးလှူ ချိန်၌ ထားရှိ သင့်သော စိတ်သဘောထားကို သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားက သွန်သင်ဖွင့်ပြ ခဲ့ပါသည်။ ကျမ်းစာထဲမှာ ဆယ်ဖို့တစ်ဖို့ ပေးလှူ ခဲ့သော ယာကုပ်နှင့် အာဗြံတို့ ဆယ်ဖို့တစ်ဖို့ ပေးလှူ စဉ် ထားရှိသော စိတ်သဘောထားများကို ပြန်လည် ခွန်အား ယူကြည့် ကြပါစို့။ ရှေ့တွင် ဖော်ပြထားသကဲ့သို့ပင် ယာကုပ်သည် ဘုရားသခင်နှင့် ကတိသစ္စာပြု လျက် ပေးလှူ ခဲ့သည်။ ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်အား သစ္စာပြု၍ ပေးလှူ ခြင်းအားဖြင့် သိရှိနိုင် ပါသည်။ ကတိတော် ထားတော်မူသောသူသည် ကတိတော်အတိုင်း တတ်နိုင်တော်မူသဖြင့် ဘုရား သခင်ဖက်မှ ကတိပြည့်စုံစေ သကဲ့သို့ လူတို့ဖက်မှလည်း ကတိတော်ခံစား ရရှိသည့်အခါ ကတိတည်ခြင်းအားဖြင့် သစ္စာဝတ်ကို ဖြေရပါ မည်။ (တမန် ၅း၁-၁၁) တွင် အာနနိနှင့် ရှဖိရေ လင်မယား နှစ်ယောက်သည် ကတိထားပြီးမှ ဖျက်သောကြောင့် အသက်ဆုံးရှုံး ခဲ့သည်။ (တမန် ၅း၎) ၌ ပေတရုက “ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသော အဘို့သည် ကိုယ်ဥစ္စာမဟုတ်လော။ အဘယ်ကြောင့် ဤသို့ (မြေရောင်း၍ ရသော အဖိုးအခကို လှူ မည်ဟု ကတိထားပြီးမှ အဖို့တစ်ဖို့ကို ထိန်ဝှက်) ပြု သနည်း။ လူကိုသာ မုသာ ပြောပြီမဟုတ်၊ ဘုရားကိုလည်း မုသာပြောပြီ” ဟုဆိုသည်။ ထိုကြောင့် ဘုရားသခင်အား ပေးလှူ ရန် ကတိ ထားလျှင် ကတိဝတ်ကို ဖြေရမည်။ ကတိထားသည့်အတိုင်း ပေးလှူ ခြင်းကို ပြု ရမည်။ သက်သေ ခံခြင်း ပြုရမည်။ အာဗြံ၏ ဆယ်ဖို့တစ်ဖို့ ပေးလှူ ခြင်းသည် စာရေးသူကို သန့်ရှင်းသော ၀ိညာဉ်တော် ဖွင့်လှစ် သွန်သင်သော အချက်ဖြစ်သည်။ အာဗြံသည် အမြင့် ဆုံးသောဘုရား ဖြစ်ကြောင်း သိရှိ လျက် ဆယ်ဖို့တစ်ဖို့ ပေးလှူ ခဲ့သည်။ ကမ္ဘာ (၁၄း၁၇-၂၀) ။ စာရေးသူသည် ဆယ်ဖို့တစ်ဖို့ ပေးလှူသည့် အခါတိုင်း ၌ မနေ့၊ ယနေ့၊ နောင်ကာလ ထာဝရငါတို့နှင့်အတူ ရှိသောဘုရားဟု စိတ်စွဲမှတ် ပေးလှူ ခဲ့သည်မှာ သက္ကရာဇ် ၂၀၀၀ ၀န်းကျင်မှ စခဲ့ပါသည်။ လူ့လောက၏ အခက် အခဲ များကြောင့် လည်းကောင်း၊ အခြားသော အကြောင်းအချက် များကြောင့် လည်းကောင်း
 ပေးလှူ ချိန်၌ အစွန်းရောက်သဘောထားကို သန့်ရှင်းသော ၀ိညာဉ်တော်မှ တစ်ဖန်ပြန်လည် သွန်သင်ခြင်း ခံခဲ့ရပါသည်။ ဘုရားသခင်ကို အပြစ် ၀န်ချလျက် ကျေးဇူးတော်ကို ချီးမွမ်းပြီး မျက်မှန်ပျောက်သောည၌ အိပ်ပျော်ခဲ့ပါသည်။ နောက်တစ်နေ့ တွင် မျက်မှန်ကောက်ရသူ ထံမှ ဖုန်းဝင်လာ၍ မျက်မှန်ပြန်လည် ရရှိခဲ့သည်။ စာရေးသူသည် ဤမျက်မှန်လေးအားဖြင့် စက္ခုအမြင်ကို မြင်စေ ရုံမျှမက ၀ိညာဉ်အလင်းကို ရရှိစေပါသည်။ ကျမ်းဟောင်း ပညတ်ချက် အောက်တွင် အသက်ရှင်ခဲ့သော သူများပင်လျှင် ဆယ်ဖို့တစ်ဖို့အား ပေးလှူခဲ့လျှင် သခင် ယေရှု အားဖြင့် ကျိန်ခြင်း အမင်္ဂလာမှ လွတ်၍ ကျေးဇူးတော်ခံစား ရသော ကျွန်ုပ်တို့ ခရစ်ယာန်အသက်တာ၌ သခင့်ကျေးဇူးတော်ကို သိမှတ် ၀န်ခံလျက် သာ၍ ပေးလှူ အပ်နှံ သောအသက်တာ၌ ကျင်လည်သင့်သည် မဟုတ်ပါလား။ သို့ဖြစ်၍ ဆယ်ဖို့တစ်ဖို့ ပေးလှူ ရာ၌ ဘုရားသခင်သည် အမြင့်ဆုံးသောဘုရားဟု ယုံကြည် ကိုးစားလျက် ပေးလှူသူများ၊ ဆယ်ဖို့တစ်ဖို့သည် ဘုရားသခင်ပိုင်ဆိုင်သော ဘဏ္ဍာဟု သိမှတ် လျက် ခံယူသူများ ဖြစ်နိုင်ရန် စက္ခုအမြင် ၀ိညာဉ်အလင်းကို မျှဝေ လိုက်ရပါသည်။( ဂျူဂျူးလေး )

ကျမ်းမာသော အသင်းတော်ဂုဏ်အဂ်ါ (၈)ပါး

 (Eight Essential Characteristics of Healthy Church) အမေရိကန်ပြည်မှ ကမ္ဘာကျော် စာရေးဆရာနှင့် ခရစ်ယာန် 
အသင်းတော် ခေါင်းဆောင်တစ်ဦးဖြစ်သူ (Rick Warren) သည်
သူ၏ “ရည်ရွယ်ချက်က စေ့ဆောင်သော အသင်းတော်” 
(The Purpose Driving Church) စာအုပ်တွင် “၂၀ရာစု၌
ခရစ်ယာန်များသည် တိုးတက်သောအသင်းတော် 
(growing Church) ဖြစ်ဖို့ကြိုးပမ်းကြသည်။ ၂၁ရာစုတွင်မူကား 
တိုးတက်သော အသင်းတော်ဖြစ်ခြင်းထက် ကျန်းမာ သန်စွမ်းသော 
အသင်းတော် (healthy Church) ဖြစ်ဖို့ရန်ပိုမို ကြိုးပမ်းကြလိမ့်မည်” ဟု ဆိုခဲ့သည်။ အကြောင်းမှာတိုးတက်ခြင်းသည် ယုံကြည်သူ အသင်းသူ၊ အသင်းသားများအား လှည့်ဖြားတတ်ပါသည်။ အသင်းသူအသင်းသားများပြားခြင်း အဆောက်အဦ များပြားခြင်း၊ အလှူငွေများစွာရရှိခြင်း အစရှိသော များပြားခြင်း အဖြာဖြာတို့သည် အသင်းသူ၊အသင်းသားများကို ကျေနပ်စေသည်။ ၀င့်ကြွားစေတတ်သည်။ မာန်မာနထောင်လွှားစေတတ်သည်။ ထိုသို့များပြားသော အသင်းတော်တွင် 
၌ကား ကျမ်းစာကညွှန်ပြသော အသင်းတော်ဂုဏ် အင်္ဂါရပ် များမရှိဘဲ အားနည်းတတ်ပါသည်။ အသင်းတော်ကျန်းမာသန်စွမ်းပါက အထက် ဖော်ပြသောများပြားမှုများ တမဟုတ်ချင်းမရှိသော်ငြားလည်း တဖြည်းဖြည်း တစတစနှင့် တိုးတက် လာကာ ဧကန်မုချတိုးတက်လာပါလိမ့်မည်။ သို့ဖြစ်ရာ ဤဆောင်းပါးတွင်ထိုကဲ့သို့သော ကျန်းမာသန်စွမ်းသော အသင်းတော်ရှိရမည့် ဂုဏ်အင်္ဂါရပ်ရှစ်ပါးကို အကျဉ်းချုပ်တင်ပြသွားပါမည်။ 
 ၁။ သူတပါးအားတန်ဆာဆင်ပေးသောခေါင်းဆောင်မှုရှိခြင်း 
(Empowering Leadership) ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသော အမေရိကန်သူဌေးကြီး ဘီ(လ်)ဂိတ်က ၂၁ရာစုတွင် ထိရောက်သော ခေါင်းဆောင်မှု သည် သူတပါးအားတန်ဆာဆင်ပေးနိုင်ခြင်း (Leadership is empowering others) ဖြစ်သည်ဟုဆိုသည်။ 
အသင်းတော်ရှိ သင်းအုပ်ဆရာ၊ဆရာမနှင့် အမှုတော်ဆောင် များတို့သည် သူတို့၏ခေါင်းဆောင်မှုနှင့်သာ မကျေနပ်၊မတင်းတိမ်ဘဲလျက်၊ 
အသင်းတော် အတွင်းရှိအသင်းသူအသင်းသားတို့အား တန်ဆာ
ဆင်ပေးနိုင်ရမည်။ သူတပါးကိုတန်ဆာဆင်ပေးနိုင်ခြင်း 
(empowering) သည်ကောင်းသော ခေါင်း ဆောင်မှုနှင့် စစ်မှန်သောခေါင်းဆောင်မှု၏ အမှတ်အသားသင်္ကေတဖြစ် လေသည်။ 
၂။ ဆုကျေးဇူးကိုအခြေခံသောအမှုတော်ဆောင်ခြင်း (Gift oriented ministry) ဘုရားသခင်သည် ယုံကြည်သူတစ်ဦးစီတို့အား ၀ိညာဉ်တော်ဆုကျေးဇူး 
(Spiritual Gift) တစ်မျိုးစီပေးကြောင်း၊ ကျမ်းစာကအတိ အလင်း ဖော်ပြသည်။
(ဧ ၄း၁၁-၁၃၊၁ကော ၁၂)။ ထိုဝိညာဉ် ဆုကျေးဇူးတို့သည် ရရှိခံစားသူတို့၏ကိုယ်ကျိုးအတွက်မဟုတ်ပါ။ ထင်ပေါ်ကျော်ကြားဖို့နှင့် 
ဂုဏ်ပကာ သန အတွက်လည်း မဟုတ်ချေ။ ခရစ်တော်၏ ကိုယ်ခန္ဓာ
တည်းဟူသော အသင်းတော်၏ ရှင်သန်ကြီးထွားဖို့နှင့် တိုးတက်ရင့်ကျက်ဖို့အတွက်သာ ဖြစ်သည်။ သို့ဖြစ်ရာ ယုံကြည်သူတိုင်း၏ ခံစားရသောဆုကျေးဇူးအားလုံး ကို အသင်းတော်၏ ဦးဆောင်မှု၊ အသင်းတော်၏အစီအစဉ်အဖြစ် အသင်းတော်အတွင်း၌ အသုံးပြုကာ 
ထိုမှတဆင့် လိုအပ်သလို ကမ္ဘာလောကို အကျိုးဆောင်အစေခံရန်ဖြစ်သည်။ အသင်းတော်တွင် တာဝန်မဲ့သော ပွဲကြည့်ပရိသတ်မရှိရပါ။ တစ်ဦးစီတို့သည် မိမိရရှိသော အရည်အချင်း ဆုကျေးဇူးတို့ကို အသင်းတော်၌ အသုံးပြုရပါမည်။ ထိုကဲ့သို့ အသုံးပြုနိုင်ရန်လည်း အသင်းတော်ခေါင်းဆောင်များမှ ယုံကြည်သူ အသင်းသူအသင်းသား အားလုံး ပါဝင်လှုပ်ရှားနိုင်သောအစီအစဉ်နှင့် 
အခွင့်အရေး အရေးကို ဖန်တီးပေး ရမည်။ အသင်းသူ၊အသင်းသားတိုင်း မိမိတို့ခံစားရသော ဆုကျေးဇူးကို အသင်းတော်တွင် ပြန်လည်
အသုံးပြုပါက အသင်းတော်သည် တက်ကြွကာ ရှင်သန်လာပါမည်။ 
 ၃။တောက်လောင်သောဝိညာဉ်တော်အရှိန်အဟုန် (Passionate Spirituality) ခရစ်ယာန်အသင်းတော်နှ်င့်အခြားအဖွဲ့အစည်းများက အဓိကခြားနားခြင်းမှာ အသင်းတော် သည် ဘုရားသခင်ပိုင်သလျက် ၀ိညာဉ်တော် စောင့်ထိန်းသော အဖွဲ့အစည်းဖြစ်လေသည်။ (ဗျာ ၂၊၃)။ သန့်ရှင်းသော ၀ိညာဉ်တော်သည် အသင်းတော်ကို စောင့်ရှောက်သည်။ လမ်းပြသည်။ တွန်းအားပေးသည်။ နွေးေ်ထွးစေသည်။ သို့ဖြစ်ရာ ထိုဝိညာဉ်တော်မီးသည် ယုံကြည်သူတစ်ဦးစီ အသက်တာတွင် အရှိန်အဟုန်နှင့် တောက်လောင်ရပါမည်။ အလားတူပင် ယုံကြည်သူများစုပေါင်းရာ အသင်းတော်၏အစီအစဉ် အသက်ရှင် ခြင်းနှင့် သက်သေခံခြင်းတွင်လည်း ၀ိညာဉ်တော်မီး သည် တောက်လောင်ပါမည်။ ၀ိညာဉ်တော်အရှိန်သည် မီးသဖွယ်မတောက်လောက်ဘဲ ငြိမ်းသွားပါက အသင်းတော်တွင် မညီညွတ်ခြင်း၊ သင်းကွဲခြင်း၊ ဂုဏ်ပြိုင်ခြင်း အစရှိသော တစ်ကိုယ်ကောင်းစိတ်ဆန်သည့် ပဋိပက္ခများ ပေါ်လာပါလိမ့်မည်။ 
ဤကဲ့သို့ဆိုရာ၌ အသင်းတော်သည်ခံစားမှု (emotion) သာရှေ့တန်း တင်ကာ ဆူညံမှုကိုသာဖော်ပြမည်ဟု မဆိုလိုပါ။ ၀ိညာဉ်တော်သည် လူသားတို့၏ သိကျွမ်းခြင်း(cognition) ခံစားခြင်း(emotion) နှင့် ဆုံဖြတ်ခြင်း(volition) သုံးခုစလုံးကို အုပ်စိုးမည်ဖြစ်ရာ သန့်ရှင်းသော ၀ိညာဉ် တော်မီး တောက်လောင် သော နေရာတိုင်းတွင် အစွန်းရောက်ဝါဒရှိနိုင်မည်မဟုတ်ချေ။ ၀ိညာဉ်တော်သည် မီးပမာ တောက်လောင်ကာ အသင်းတော်တစ်ခုလုံးကို နွေးထွေးစေပါလိမ့်မည်။ 
၎။ အသုံးတည့်သော ဖွဲ့စည်းအုပ်ချုပ်ပုံရှိပါမည် (Functional Structure) အထက်တွင်ဖော်ပြသော စာရေးဆရာခရစ်ယာန်ခေါင်းဆောင်ကြီး ရစ်(ခ)၀ါရင်ကပင် “အသင်းတော်သည် အဖွဲ့အစည်းတစ်ခု 
သက်သက်သာ မဟုတ်ပါ။ အသက်ရှင်သော ကိုယ်ခန္ဓာ တစ်ခုဖြစ်သည်။ 
(A Church is not an organization but a living organism)}” ဟုဆိုခဲ့လေသည်။ ဤသို့ဆိုလျှင် အဖွဲ့အစည်း(organization)၊ အုပ်ချုပ်ဖွဲ့စည်းပုံ(structure)၊နှင့် အရာရှိများ (officers) မလိုတော့ဘူးလားဟု မေးစရာအကြောင်းရှိပါသည်။ ထိုကဲ့သို့ကား မဟုတ်ချေ။ အသင်းတော်သည် ဘုရားသခင်နှင့်လူသား များဖက်စပ်လျက် ဖွဲ့စည်းသောအဖွဲ့အစည်း၊ ခရစ်တော်သည်ဦးခေါင်းဖြစ်လျက် ယုံကြည်သူများသည် ကိုယ်ခန္ဓာအဖြစ်ပါဝင်ကာ ဆက်စပ်လှုပ်ရှားသော အဖွဲ့အစည်းဖြစ်သည်။(ဧ ၅း၂၃) သို့ဖြစ်ရာ 
လူသားများဖြင့် ဖွဲ့စည်းသောအသင်းတော်ဖြစ်ပါသဖြင့် အဖွဲ့အစည်း၊ 
ဖွဲ့စည်းပုံ၊ အရာရှိများလိုပါသည်။ လမ်းညွှန်ဖို့ရန်နှင့် လိုက်နာကျင့် သုံးရန် 
အခြေခံ စည်းမျဉ်းစည်းကမ်း (constitution and bylaw) လိုပါသည်။ ဤအရာများပီပီပြင်ပြင်ရှိမှသာ အသင်းတော်သည်ရှုပ်ထွေးခြင်း၊ လိုင်းပူးခြင်း 
မရှိပဲ သူ့တာဝန်၊ ကိုယ့်တာဝန် သဲသဲကွဲကွဲ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အသင်းတော်သည် ရှုပ်ထွေးသော်အသင်းတော် မဖြစ်စေဘဲ၊ လှုပ်ရှားသော အသင်းတော် ဖြစ်စေရန် စနစ်တကျ ဖွဲ့စည်းဖို့ လိုပါသည်။ ဘုရားသခင်သည် ရှုပ်ထွေးသော ဘုရားသခင်မဟုတ်ပါ။(၁ကော ၁၄း၃၃)။ ဤအသုံးတည်သော ဖွဲ့စည်းအုပ်ချုပ်ပုံဆိုသည်မှာ ကမ္ဘာလောကဆိုင်ရာ အဖွဲ့အစည်းများကဲ့သို့ ဖွဲ့စည်းပုံ၊ အုပ်ချုပ်မှုကိုသာ ရှေ့တန်းတင်ကာ ခေါင်းဆောင်များ ကလည်း အာဏာပိုင် အဖွဲ့အစည်း ကဲ့သို့ မဟုတ်ကြောင်းကို ဖော်ထုတ်လိုခြင်းဖြစ်သည်။ အဖွဲ့အစည်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ၊ အခြေခံစည်းမျဉ်း စည်းကမ်းများနှင့် အရာရှိ တို့သည် အသင်း တော်၏အမှုဆောင်ခြင်း(Ministry) နှင့် သာသနာပြုခြင်း 
(Mission) ကို အဟန့်အတား မဖြစ်စေဘဲ အထောက် အကူဖြစ်စေရုံသာမက အောင်မြင်ဖို့ရန် အသုံးတည့် ရမည်ဟုဆိုလိုခြင်းသာဖြစ်သည်။ 
၅။ အားတက်စေသောဝတ်ပြုကိုးကွယ်ခြင်း (Inspiring Worship Service) ခ၇စ်ယာန်ဘာသာဝင်အားလုံးတို့၌ ၀တ်ပြုကိုးကွယ်ခြင်းသည် အောက်ပါ အဓိကရည်ရွယ်ချက် (၄)ရပ် ရှိပါသည်။ ၎င်းတို့မှာ....
 ၁) ဘုရားနှင့် လူသားတို့အားမိသဟာယဖွဲ့စေခြင်း 
၂) လူသားအချင်းချင်းမိသဟာယဖွဲ့စေခြင်း 
၃) ဘုရား၏အလိုတော်ကိုတွေ့မြင်ခံစားခြင်း 
၎) ကမ္ဘာလောကသို့ သက်သေခံရန် ဘုရား၏စေလွှတ်ခြင်းကိုလက်ခံ ဆက်ကပ်ခြင်း အနှစ်သာရရှိသောကိုးကွယ်ခြင်းကို (ဟော ၆း၁-၈) တွင်ပါရှိပါသည်။ ၀တ်ပြုကိုးကွယ်ခြင်းရှိ အစီအစဉ်တစ်ခုစီတို့သည် ညီတူညီမျှအရေးပါ အရာ ရောက်ပါသဖြင့် အပ်နှံခြင်း၊ ပြင်ဆင်ခြင်းနှင့် ရိုသေစွာ ဆောင်ရွက်ရပါမည်။ ပေါ့ပေါ့ တန်တန်မဆောင်ရွက်သင့်ပါ။ ယုံကြည်သူများသည် လောကအတွင်း အသက် ရှင်လျက် စာတန်၏ထိုးနှက်မှု ဒဏ်ကိုခံရာမှ ကုန်ခမ်းသွားသောမိမိတို့၏ ၀ိညာဉ် ခွန်အားကို ပြန်လည်ဖြည့်ဆည်းရာ ဖြစ်သောကြောင့် ၀တ်ပြုကိုးကွယ်ခြင်းသည် အားတက်စေလျက် အနှစ်သာရရှိသော ၀တ်ပြုကိုးကွယ်ခြင်း ဖြစ်ရပါမည်။ 
 ၆။ ဘက်စုံကယ်တင်ခြင်းကို လုပ်ဆောင်သော အဖွဲ့ငယ်များ ဖွဲ့စည်းမှု 
 (Holistic small groups) တနင်္ဂနွေနေ့တိုင်းပြုလုပ်ကျင်းပသော တစ်ပတ်တခါ ပုံမှန်ဝတ်ပြုကိုးကွယ်ခြင်းသည် အဓိက အားဖြင့် အသင်းသူ၊အသင်းသား 
အားလုံး ယုံကြည်သူအားလုံး တို့အတွက် ရည်ရွယ်သော ၀တ်ပြုကိုးကွယ်ခြင်း ပင်ဖြစ်သည်။ အသင်းသားတစ်ဦးစီ၏ ကိုယ်ပိုင်လိုအပ်ချက်ကို လုံလုံလောက်လောက် ဖြည့်ဆည်း ပေးနိုင်မည့် မဟုတ်ချေ။ 
သို့ဖြစ်ရာ ကျန်းမာရှင်သန်သော အသင်းတော် ဖြစ်ဖို့ရန် အဆင်ပြေမှု(convinience) ကိုအခြေခံလျက် အဖွဲ့ငယ်များဖွဲ့စည်း 
ရပါမည်။ ယခု ခေတ်တွင် ရေပန်းစားသော ဟုမ်းဆဲလ်(Home cell) ခေါ် ရက်ကွက်ကိုအခြေခံသော အဖွဲ့ငယ်များ ဖွဲ့စည်းပေးရမည်။ 
ထိုအဖွဲ့ငယ်များ၏ ဆောင်ရွက်ရမည့်အရာမှာ- 
 ၁) သတ်မှတ်ထားသောနေ့များတွင်အတူတကွဝတ်ပြုခြင်း 
၂) အတူတကွ သမ္မာကျမ်းစာလေ့လာခြင်း 
၃) အဖွဲ့ဝင်များ၏ သာရေး၊နာရေး၌ ပါဝင်ကူညီခြင်း 
၎) အတူတကွ သက်သေခံသောအစီအစဉ်များ ပြုလုပ်ပေးခြင်း 
၅) ဘ၀ဆိုင်ရာအကြောင်းအရာများ ဆွေးနွေးခြင်းနှင့် ကိုယ်ခန္ဓာနှင့်ဝိညာဉ်ပိုင်း နှစ်ခုစလုံးအတွက် လိုအပ်သော ပံ့ပိုးကူညီခြင်း 
၆) ပင်မအသင်းတော်နှင့် အမြဲဆက်သွယ်ခြင်း များကိုဆောင်ရွက်ရပါမည်။ 
 ၇။ လိုအပ်မှုကိုအခြေခံသော ဧ၀ံဂေလိလုပ်ငန်းဆောင်ရွက်ခြင်း 
 (Need oriented evangelism) ဧ၀ံဂေလိလုပ်ငန်း(Evangelism) ဆိုသည်မှာ ခရစ်တော်၏ ကယ်တင်ခြင်း တရားကို ဝေငှသက်သေခံခြင်း ဖြစ်သည်။ တစ်နည်းဆိုသော် ခရစ်တော်ကို မသိသေးသောသုများ ခရစ်တော်နှင့်တွေ့ဆုံ လျက် မိသဟာယပြုနိုင်ရန် ခရစ်တော်ထံသို့ခေါ်ဆောင်ခြင်း ပင်ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် နှုတ်အားဖြင့်ကြေညာခြင်း(proclaimation) နှင့်သာမရပါ။ လူသားများ၏ အခြေခံလိုအပ်ချက်ဖြစ်သော စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အစရှိသည့်သူတို့၏ လိုအပ်ချက်များ ကို အခြေခံလျက် ဧ၀ံဂေလိတရားကို ဝေမျှသက်သေခံရပါမည်။ ဤအတွေးအခေါ်၏ နောက်ကြောင်းခံကျမ်းသဘောမှာ ခရစ်တော်သည် လူသားတို့၏ ၀ိညာဉ်ကိုသာမချစ်ပဲ ရုပ်ပိုင်ဆိုင်ရာ ကိုယ်ခန္ဓာကိုလည်း ချစ်သောအရှင်ဖြစ်သောကြောင့် ပင်ဖြစ်သည်။ အသင်းတော် တိုင်းသည် ဤလိုအပ်မှုကို အခြေခံသော ဧ၀ံဂေလိတရားကို လုပ်ကိုင်ဆောင်ရွက် ရပါမည်။ အကြောင်းမှာ အသင်းတော်တည်ထောင်ရခြင်း ရည်ရွယ်ချက်မှာ ဧ၀ံဂေလိလုပ်ဆောင်ရန်နှင့် သက်သေခံ ရန်ပင်ဖြစ်သည်။ အသင်းတော်သည် လုပ်ရမည် မလုပ်ရမည်ဟူ၍ ဆွေးနွေးပိုင်ခွင့်မရှိပါ။ အသင်းတော် မှန်လျှင် လုပ်ကိုလုပ်ရမည့် ဘုရားပေးအဓိကလုပ်ငန်း ဖြစ်သည်။ ထိုသို့လုပ်ကိုင်ရာတွင် လူသားများ၏ လိုအပ်ချက်ကို အခြေခံလျက် လုပ်ကိုင်ရပါမည်။ 
 ၈။ မေတ္တာဖြင့် ပေါင်းဖော်မိသဟာယဖွဲ့ခြင်း (Loving relationship) 
 ကနဦးအသင်းတော်ကို ဝေဖန်ရှုတ်ချသူများက “ကြည့်ကြပါဦး 
သူတို့တတွေ မည်မျှပင် ချစ်ခြင်းမေတ္တာရှိကြသနည်။ 
(See those people how they love one another)” ဟူသော အချက်ပင် ဖြစ်သည်။ မေတ္တာသည် အသင်းတော်ရှိအသင်းသူ၊အသင်းသား အားလုံးတို့အား ချည်နှော်င်သော နှောင်ကြိုး ပင်ဖြစ်သည်။ အေးအတူ၊ပူအမျှရှိစေသည်။ အသင်းတော်တစ်ပါး၏ ကျန်းမာ ရှင်သန်မှုသည် အသင်းတော်ရှိသင်းဝင်များ အားလုံးတို့၏ ခြားနားမှု အမျိုးမျိုး နှင့် ဟန့်တားမှုအဖုံဖုံတို့ကို ကျော်လွှားကာ ချစ်ခြင်းမေတ္တာရှိခြင်း ပင်ဖြစ်သည်။ ချစ်ခြင်းမေတ္တာရှိမှသာ ကျန်းမာ သန်စွမ်းသောအသင်းတော် ဖြစ်နိုင် ပေလိမ့်မည်။ (ဗျာ ၂း၎-၆) လျင်မြန်စွာပြောင်းလဲနေသောကမ္ဘာလောကတွင် ကျန်းမာသန်စွမ်းသော အသင်းတော် ဖြစ်မှသာ အသင်းတော်သည် ရှင်သန်လျက် ကမ္ဘာလောကကို အစေခံနိုင်မည်ဖြစ်သည်။ အသင်းတော်သည် ဘုရားသခင်၏ နိုင်ငံတော်ကို သဏ္ဍာန်ဆောင်လျက်ရုပ်လုံးဖော်ဖို့ဖြစ်ပါသည်။ ဘုရား သခင်နိုင်ငံ တော်အတွက် မိုဒယ်(Model) ဖြစ်ရပါမည်။ ထိုသို့ဖြစ်နိုင်စေခြင်းငှာ အထင်ဖော်ပြပါ ဂုဏ်အင်္ဂါ(၈)ပါး ရှိနိုင်ဖို့ အထူးလိုအပ်ပါသည်။

Friday, 17 August 2018

“သခင်ခရစ်တော်၏ ဘုရားဇာတိ ” အပိုင်း (၁)

 ဓမ္မပညာရှင် Gresham Machenခရစ်တော်၏ ဘုရားဇာတိ 
ဆိုသည်. ခရစ်ယာန် အသုံးအနှုန်းသည် အလွန်ရှင်းသည်။ 
ခရစ်ယာန်များ ယုံကြည်ခြင်းသည် ဘုရားသခင်၊ ဖန်ဆင်းရှင်၊စင်္ကြာဝဠာရဲ့ 
အုပ်စိုးသူ အမှန်ရှိ သည်ဟု ယုံကြသည်။ ဘုရားသခင်သည် ထာဝရ 
မပြောင်းမလဲ အနန္တတည်ခြင်းကြောင့် ယေရှုခရစ် တော်အား သခင်ဟု ခရစ်ယာန်များ ပြောဆိုခြင်းသည် ခရစ်တော်ကို 
ဘုရားသခင်-ဟု ယုံ၍ ပြောခြင်းဖြစ်သည်။ နာဇရက်မြို့၌ မမွေးဖွားခင်
ကတည်းက သခင်ယေရှု ရှိခဲ့သည်။ ထာဝရကာလ တလျှောက်လုံး 
ရှိခဲ.ပြီး သုံးပါးတဆူတွင် ဒုတိယပုဂ္ဂိုလ်အဖြစ် ထာဝရ မပြောင်းမလဲပဲရှိမည်”ဟု ဆိုလိုသည်။ ထို.ကြောင့် ဘုရားဇာတိဆိုသည်မှာ နာဇရက်မြို့သား
 ယေရှုခရစ်သည် ဘုရားသခင်ဖြစ်သည်။ မပြောင်းမလဲ ထာဝရ 
ဖန်ဆင်းရှင် စင်္ကြာဝဠာကို အုပ်စိုးသူ - ဘုရားသခင်ဖြစ်သည်။ (ယောဟန် ၁း၁) “ဘုရားသခင်၏ ဇာတိ အဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် 
ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။” (ကောလောသဲ ၂း၉) International Standard Bible Encyclopedia မှာ 
Saxson စကား“Godhead” သည် Latin စကား “Divinity” နှင်. တူသည်။
 “Deity” အား ပိုမို အသုံးများသည်။ အလားတူ အသုံးအနှုန်းများကို ယ္ခုစကားလုံး၌လည်း ရှေ့မှ article “the” ပေါင်းထည်.ပြီး သုံးနှုန်းလာကြသည်။ Charles Hodge ၏ Systematic theology စာအုပ်တွင် 
ဘုရားသခင်သည် ခရစ်တော်ပြောတာ၊ ဂတိပေးတာ၊ လုပ်ဆောင်တာထက် ပိုမပြော၊ ပိုဂတိမပေး၊ ပိုမလုပ်နိုင်ဘူး။ ထို.ကြောင့် ခရစ်တော်သည် အစအဦးမှသည် ခေတ်ကာလတိုင်း နေရာတိုင်းအတွက် ခရစ်ယာန်များ၏ ဘုရားသခင် ဖြစ်သည်။ ထို.ကြောင့် သာမန်အားဖြင့် Deity of Christ 
ခရစ်တော်၏ ဘုရားဇာတိ-ဟု ပြော မည်ဆိုသော် ခရစ်တော်သည် ဘုရားသခင် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၊ ခမည်းတော်ဘုရား ထက်ပိုလည်းမပို။ လျော့လည်းမလျော့။ အနန္တတန်ခိုးရှင် 
ဘုရားသခင်၏ ဂုဏ်တော်အားလုံး
 ပြည့်စုံပြီး ယေရှုခရစ်တော်သည် ဘုရားသခင်ဖြစ်သည်။ 
လူ့ဇာတိကိုအပြည့်အဝ ခံယူသည်။ သို.သော် ဘုရားဇာတိလည်း အပြည့်အဝရှိကြောင်း ငြင်းစရာ မရှိဘူးဟု ဆိုလိုသည်။ 

I. Straight forward claims of Deity ဘုရားဖြစ်ကြောင်း ထင်ရှားစွာမိန့်တော်မူချက်များ။ ကျမ်းစာတအုပ်လုံး၌ 
မငြင်းနိုင်အောင်ပြည့်စုံသည်. ထင်ရှားသော မိန့်တော်မူချက် များ ရှိသည်။ ခရစ်တော်ရဲ့ ဘုရားဇာတိကို ငြင်းပယ်မည် ဆိုသော် ကျမ်းစာကို ပြန်ရေးရင်ရေး၊ ဒါမှမဟုတ် ဂရိအဓိပ္ပါယ်ကို ငြင်းရင်ငြင်း၊ တချို့နေရာ၌ Hebrew ဟေဗြဲ၊ ဂရိ ဘာသာပြန် နည်းစနစ်များအား ငြင်းဆန်ရင် ငြင်းဆန်မှ ဖြစ်ပါလိမ့်မည်။ ထင်ရှားသည်. မိန့်မှာချက်များသည် သူ့ပင်ကိုယ်က ခိုင်မာကြွယ်ဝပြီး ရှင်းလင်းသည်။ အခြားအရည်အချင်း အပိုင်း ၆ ပိုင်းနှင်. 
ဆက်စပ်ပြီးတွေးကြ်.မည် ဆိုလည်း ရပါသည် ။ ဥပမာ-ယောဟန်၁း၁က 
ခရစ်တော် ဘုရားသခင် ဖြစ်ကြောင်း အခိုင်အမာပြောဆို ချက်ဖြစ်သည်။
“အစအဦး၌ နှုတ်ကပတ်တော် ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရား 
သခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” ယေဟောဝါသက်သေခံများ၏ 
ကျမ်းစာ ဖြစ်သော The New World Translation က God
 “ဘုရားသခင်” ရှေ့၌ မတိကျသော article တခုရှိသင့်သည်။ 
agod ဟု ပြောသင့်သည်။ 
သူတို့သည် ကျွန်တော်တို့၏ KJV ကျမ်းစာသည် မှား၏။ 
သခင်ယေရှုသည် ဘုရားတမျိုးဖြစ်သည်။ (a smaller one) 
ပိုသိမ်ငယ်သော ဘုရားဟု ဆိုသည်။ ဤကျမ်းချက်နှင်. ပတ်သက်သော ဂရိစာပေစည်းမျဉ်း စည်းကမ်း များကို သုံးစွဲပုံ အငြင်းပွါးစရာအများများစွာရှိသည်။ ထိုအကြောင်းအား ဤ စာအုပ်၌ မပြောသေးပါ။ တဖက်၌လည်း သူတို့အတွေးအခေါ်ယူဆချက်ကို ပြန်ချေပ တာရှိပါသည်။ 
“the Word was God” နှုတ်ကပတ်တော်သည် ဘုရားသခင် ဖြစ်တော်မူ၏။ ဥပမာ-“a god”“ဘုရားတဆူ” ဟု ပြောရင် တခြားဘုရား အများကြီးရှိသေးသည် ဟု ဆိုနိုင်သည်။ ဂျူးလူမျိုး၊ ခရစ်ယာန်များက ဘုရားသခင်တပါးတည်း ရှိသည်ဟု ခံယူသည်.အတွက် ဤအချက်အား ငြင်းနိုင်သည်။ ယူဆချက်အရပြောရရင် ဘုရားသခင်က အတုမရှိ၊ ဖန်ဆင်းရှင် တပါးတည်းဖြစ်ရင် “ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်းနှင့်ကင်းလွတ်သောအရာ တစုံတခုမျှမရှိ” 
အဘယ်လိုပြောရမည်နည်း။ (ယောဟန်၂၀း၂၈) ၌ သောမတ်(စ်)က“အကျွန်ုပ်၏အရှင် အကျွန်ုပ်၏ 
ဘုရားသခင်ပါတကား။” ဟု အခန်းကြီး၁မှာကဲ.သို. ပြောပါသည်။ သခင်ယေရှုကလည်း ဤစကားကိုအတည်ပြုတဲ့အနေဖြင်. 
“သင်သည်ငါ့ကို မြင်သောကြောင့်ယုံခြင်းရှိ၏။ သောမတ်စ် စကားကိုမပြင်ဘူး။ တမန်တော်20:28 ၌ “သင်တို့သည် ကိုယ်ကိုသတိနှင့် စောင့်ရှောက်ကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသော အသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့ကိုအအုပ်အချုပ်ခန့် ထားတော်မူသော သိုးတော်စု တစုလုံးကိုလည်း သတိနှင့်စောင့်ကြည့်ကြလော့။” ထင်ရှားတဲ့ဓမ္မပညာရှင် John Gill က“ဝယ်သူက ခရစ်တော် ဘုရားသခင်ဖြစ်တယ်။” တခြားထင်ရှားတဲ့ ဓမ္မပညာရှင် Matthew Henry က ဒီအချက်ဟာခရစ်တော် ဘုရားသခင်ဖြစ်ကြောင်း သက်သေပြတယ်။ သူဟာအသင်းတော်ကို ကိုယ့်အသွေးနဲ့ ဝယ်တယ်လို့ပြောထား တယ်။” ဟေဗြဲ၁း၈“သားတော်ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ 
ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည်တရားသဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏။” ၁ယော၅း၂၀မှာ “ဘုရားသခင်၏ သားတော် သည်ကြွလာ၍ မှန်သော ဘုရားသခင်ကို သိသောဥာဏ်ကို ငါတို့အား ပေးတော်မူသည် ကိုလည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌၎င်း၊ သားတော် ယေရှုခရစ်၌ ၎င်းငါတို့သည် တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သော ဘုရားသခင်ဖြစ်တောမူ၏။ ထာဝရအသက်လည်းဖြစ်တော်မူ၏။” သခင်ယေရှုကိုယ်တိုင် ယောဟန်၁၀း၂၇-၂၈မှ၌ “ငါ့သိုးတို့သည် 
ငါ့စကားသံကို နားထောင်၍ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။ ထာဝရအသက်ကိုလည်းငါပေး၏။ ထိုသိုးတို့သည်ပျက်စီးခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ မနှုတ်မယူရ။” ဒါကြောင့်သခင်ယေရှုသည် မှန်သောဘုရားသခင်နှင့် ထာဝရအသက်ဖြစ်၏။ တမန်တော်၇း၅၉မှာ “ကျောက်ခဲနှင့်ပစ်ကြစဉ်သတေဖန်သည် ပဌနာပြုလျက်သခင် ယေရှုအကျွန်ုပ်၏ ဝိညာဉ်ကိုသိမ်းယူတော်မူပါ။” သတေဖန်သည် သခင်ယေရှုအား ဘုရားအဖြစ် ဆုတောင်း၏။
 ဟေရှာယ၇း၁၄မှာ “ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အား ပေးတော်မူမည်။ ကြည့်ရှုလော့။သူတို့သမီးကညာသည် ပဋ္ဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဖွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့” ဤဟီဘရူးစကားကို ဘာသာပြန် ပါက “ငါတို့နှင့် အတူရှိသောဘုရားသခင်” (သို့) “ငါတို့နဲ့အတူရှိတဲ့သူဟာဘုရားသခင်” ဟု ဆိုနိုင်သည်။ မဿဲ၁း၂၃ ၌ သံသယ အားလုံး ပြီးဆုံးသွားအောင် ဘုရားနှုတ်ကပတ်တော်က ဓမ္မသစ်ကျမ်း၌ သခင် ယေရှုခရစ်သည် ဘုရားသခင်အဖြစ် အတည်ပြုထားသည်။
 ဟေရှာယ၉း၆မှာ“တန်ခိုးကြီးသော ဘုရားသင်”။ 
တိတု၂း၁၃မှာ“ကြီးမြတ်သော ဘုရားသခင်”။ တမန်တော် ၁၀း၃၆ 
ဂလာတိ၎း၁ နှင်. ရောမ၁၀း၉- ၁၃၌ “အားလုံးအပေါ်က ဘုရားသခင်၊ အားလုံးရဲ့ဘုရားသခင်” ဟု ဆိုသည်။ နောက်ဆုံး၂ပေ၁း၁ နှင်. တိတု၂း၁၃ ၌ ခရစ်တော်သည် ဘုရား သခင်ဖြစ်ကြောင်းရှင်းရှင်း လင်းလင်းပြထားသည် ။ ပထမကျမ်းပိုဒ်မှာ “ငါတို့ဘုရားသခင်ယေရှုခရစ်”။ နောက်ကျမ်းပိုဒ် ၌မူကား “ကြီးမြတ်သော ဘုရားသခင် တည်းဟူသော ငါတို့ကို ကယ်တင် တော်မူသော အရှင်သခင်ယေရှုခရစ်”။ ဟေရှာယ၄၃း၁၁ ၌ “ငါတပါးတည်းသာ ထာဝရ ဘုရားဖြစ်၍၊ ငါမှတပါးကယ်တင်သောသခင်မရှိ” ဆိုသည်. အချက်အား စဉ်းစားကြည့်သည်.အခါ ဘုရားသခင် ဆိုသည်မှာ ကယ်တင်ရှင်ဖြစ်သည်။
 ယေရှု ခရစ်တော်သည် ဘုရားမဖြစ်ပါက ကယ်တင်ရှင် မဖြစ်နိုင်ချေ။ 
 C. Granville Sharp’s ၏ ဂရိgrammar စည်းမျဉ်းက ဤ အချက်ကို လေးလေးနက်နက် ထောက် ခံနေပါသည်။ 

 II.Biblical Prophecy: ပရောဖက်ပြုချက်များ  
The Encyclopedia of Biblical Prophecyကကျမ်းစာ၌ 
ပရောဖက်ပြုချက် ၁၈၁၇ ခုရှိသည်ဟုဆိုသည်။ (Encyclopedia1980) ဓမ္မဟောင်း၌ ၁၂၃၉၊ ဓမ္မသစ်တွင် ၅၇၈ခု ရှိသည်။ ထို.အပြင် ဓမ္မသစ်အကြို မေရှိယအကြောင်း ပရောဖက်ပြုချက်၁၉၁ ခုရှိသည်။ ဤ ပရောဖက်ပြုချက် အားလုံးကို ယ္ခု လေ့လာဖို့ မဟုတ်သော်လည်း အရေးကြီးသည်. ပရောဖက်ပြုချက်တချို့ကို ဓမ္မဟောင်းမှ ထုတ်နှုတ်ဆွေးနွေးမည်။ 
ဤအရာသည် ခရစ်တော် မဖွားမြင်မှီ နှစ်ပေါင်းရာချီ အလို၌
 ရေးသားခြင်းဖြစ်သည်။ ရှင်မဿဲခရစ်ဝင်ကျမ်းသည် သခင်ယေရှု၏ ဆွေစဉ်မျိုးဆက် စာရင်းကို ရှင်းလင်းစွာရေးထားသည်။ မယုံကြည်သည်. ဂျူးလူမျိုးများကို ခရစ်တော်သည် သူတို.၏ စောင့်မျှော်နေသည်. မေရှိယ ဣသရေလရှင်ဘုရင်ဖြစ်သည်ဟု ပရောဖက်ပြု ဟောပြောပါသည်။ 
ဥပမာ၊ မဿဲ၁း၂၃ သည် ဟေရှာယ ၇း၁၄ ကို ပြန်ဟောပြောခြင်းဖြစ်သည်။ ခရစ်တော်သည် အပျိုကညာမှ ဖွားမြင်ပြီး “ ငါတို့ နှင်. အတူ ရှိတော်မူသောဘုရားသခင်” ဟု ဆိုလိုသည်. “ ဧမာနွေလ” အမည် 
မှည့်မည်ဟု ပြောထားပါသည်။ ဟေရှာယ ၅၃ ၌ ခရစ်တော်မွေးဖွားခြင်း၊ ဝေဒနာခံခြင်း၊ အပြစ်အတွက် အသေခံပေးခြင်းများကို ဖေါ်ပြသည်။ လောကီသားများ၏ 
အပြစ်အတွက် အသေသတ်ခြင်းခံသည်. 
သိုးသူငယ်အဖြစ် ဒီကျမ်းပိုဒ်တွင် ဖေါ်ပြ သည်။ ( ကျမ်းပြိုင် ယောဟန်၁း၂၉) 
 နှုတ်ကို ဖွင့်ဟခြင်း မရှိဘူး။ (ကျမ်းပြိုင် - မာကု၁၅း၃-၆) ငါတို့ပြစ်မှား 
လွန်ကျူးခြင်း ရှိသမျှအတွက် ဝေဒနာခံစားရသည်. ကယ်တင်ရှင်ဖြစ်သည်။ သူ့ဒဏ်ချက်တွေအားဖြင့် ငါတို့အနာ ပျောက်ခဲ.သည်။ မိက္ခာ ၅း၂ ၌ 
ခရစ်တော်သည် ဗက်လင်မြို့၌ မွေးဖွားမည်ဟု ရေးထားသည်။ 
(ကျမ်းပြိုင် မဿဲ၂း၅) ဇာခရိ၉း၉-ဇာခရိက ခရစ်တော်သည် နှိမ့်ချစွာ ဖြင်. ယေရုရှလင်မြို့ကို မြည်းစီးပြီး ဘုရင်တပါးအဖြစ် အောင်မြင်စွာ ဝင်ရောက်လာမည်။ 
(ကျမ်းပြိုင်မဿဲ၂၁း၂-၅) ဆာလံ၂၂း၆-၈ နှင်.
 ဟေရှာယ ၅၃း၃ ၌ ခရစ်တော်သည် ငြင်းပယ်ခြင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်း၊ နှိပ်စက်ခြင်းကိုခံရမည်။ (မဿဲ၂၇း၃၉၊၄၁-၄၃) 
ဇာခရိ ၁၃း ၆ နှင်. ဆာလံ ၂၂း ၁၄- ၁၆ တွင် ကားတိုင်၌ အသေခံခြင်းကို ပြောသည်။ 
(ကျမ်းပြိုင် ယောဟန် ၁၉း ၁၆-၁၈) ဆာလံ၂၂း၁၆ ၌ 
အသေခံခြင်း၊ ကားတိုင်တွင် အသတ်ခံရခြင်း စသည်. ဝေဒနာများစွာ အကြောင်း ရေးခဲ.သည်။ ဆာလံ ၂၂ ပထမ အပိုဒ်၌ ခရစ်တော်၏ နောက်ဆုံး ကြွေးကြော် စကား“ အကျွန်ုပ်ဘုရား၊ 
အကျွန်ုပ်ဘုရား အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း ” 
ကို ပြန်ရေး ထားသည် ။ (ကျမ်းပြိုင် မဿဲ၂၇း ၆) နှင်. ဆာလံ၂၂း၁၈ တွင် စစ်သားများက သူ့ရဲ့ဝတ်လုံကို မဲချ၍ ယူကြမည်။ 
(ကျမ်းပြိုင် - မဿဲ၂၇း၃၅) ဟေရှာယ ၅၃း၉ တွင် ကယ်တင်ရှင်သည် 
သူဌေး၏ သ ချိုင်းတွင် သင်္ဂြိုလ်ခြင်းခံရမည်။ (ကျမ်းပြိုင် - မဿဲ ၂၇း ၅၇- ၆၀)
 မေရှိယ နှင်. ပတ်သက်သည်. ပရောဖက်ပြုချက်ထဲ၌ ထိရောက်သည်. ဟေရှာယ ၉း၆ တွင်မူ “ ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက် ရှိလိမ့်မည်။ နာမတော်မူကား 
အံ့ဩဘွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင် ထာဝရအဘ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်။”
 ဟေရှာယ ၉း၆ သည် ယေရှုခရစ်တော် ဘုရားသခင်အကြောင်း 
ရှင်းလင်းပြီး မငြင်းနိုင်သည် သက်သေသာဒက ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် မေရှိယ နှင်. ဆိုင်သည်. ပရောဖက်ပြုချက်များစွာ 
ရှိပြီး ခရစ်တော်၌ ပြည့်စုံလာသည်။ ခရစ်ဝင်ကျမ်းတွင် 
ဤပရောဖက်ပြုချက်များကိုမကြာခဏ ပြန်ကိုးကားသည်။
 ပြည့်စုံ၊မှန်ကန်သည်ဟု ထောက်ပြသည် ။ သခင်ယေရှု ခရစ်တော်သည် ဘုရားသခင်၊ ကြွလာသည်. မေရှိယရှင်ဘုရင် ဖြစ်သည်ဆိုသည်. ပရောဖက် ပြုချက်များကို ငြင်းပယ်မည်ဆိုသော် ထိုအရာသည် 
ယုံကြည်ခြင်းတရားမှ စွန့်ခွါသွားသည်ဟု ပြောနိုင်သည်။ 

III. His Divine names and titles ဘုရားနာမတော်ဘွဲ့တော်များ ခရစ်တော်ဘုရားဖြစ်ကြောင်း ထောက်ပြခြင်းသည် ဂျူးလူမျိုး
 ခေါင်းဆောင်များကို စိတ်ဆိုးစရာ ဖြစ်စေသည်။ ခရစ်တော် ကိုယ်တိုင် ဘုရားသခင်နှင်. ဆိုင်သော ဓမ္မဟောင်းဘွဲ့နာမများဖြင်. သူ့ကို ခေါ်၍ရကြောင်း သက်သေပြခဲ.သည်။ နာမည်ကြီးဓမ္မပညာရှင် R. A. Torrey က ခရစ်တော်၏ ဘုရားဇာတိနှင်. ပတ်သက်ပြီး ထောက်ပြရန် ပထမအချက်သည် ကျမ်းစာထဲတွင် ယေရှုခရစ်တော်အတွက် သုံးထားသည့် ဘွဲ့အမည်နာမများ ဖြစ်သည်။ 
ဤ နာမများအား ထပ်ခါထပ်ခါသုံးခြင်းကို ရာနှင်.ချီသည်. ကျမ်းပိုဒ်များ၌ တွေ့နိုင်သည်။ ယေရှု Jesus ဆိုသည်. 
နာမသည်ပင်လျှင် ဘုရားသခင်၏ ကောင်းကင်တမန် က အပျိုကညာမာရိမှ မွေးဖွားလာသည်.သားတော်ကို မှည့်ရန် ပေးသည်. နာမည် ဖြစ်သည်။ Jesus ဆိုသည်မှာ Jeshua or Joshua တို့၏ ဂရိနာမည်ဖြစ်သည်။ အဓိပ္ပါယ်က“Jehovah-Saviour” (သို့) “ ထာဝရဘုရား ကယ်တင်တော်မူသည်”။ သခင်ယေရှုက ထာဝရဘုရားသခင်၏ 
နာမတော်များနှင်. သူ့ကို ခေါ်၍ ရသည် ဆိုခြင်းကို ရှင်းလင်းထောက်ပြ
ထားသည်. နာမတော်တချို့ကို ဖေါ်ပြသွားပါမည်။ I AM ငါ ဖြစ်သည် ဂျူးလူမျိုးများ နှုတ်မှ မထွက်ရဲလောက်အောင် ရိုသေကြောက့်ရွံ သည်. 
နာမတော်ကို သခင်ယေရှုက ရွတ်ဆိုသည်။ 
“YHWH” (Yahweh or Jehovah) Septuagint Greek ဘာသာပြန်
ကျမ်းများ၌ ဘာသာပြန်ဆရာများ က I AM ဟု ထွက် ၃း၁၄ တွင် ပြန်ဆိုခဲ့သည် ။ “ego eimi”. Received text ကတော့ သခင်ယေရှု ကိုယ်တိုင်
 ယောဟန် ၈း၅၇- ၅၈ I AM ဟု ပြောဆိုခြင်း ကို “ego eimi”လို့ 
ဘာသာပြန်သည်။ သခင်ယေရှုက I AM ဆိုသည်. နာမည်အား 
သုံးခြင်းသည် ဂျူးလူမျိုးများ၏ ကျောက်ခဲဖြင်.ပေါက်စရာ ဖြစ်လာသည်။ 
သူ့ကိုယ်သူ ထာဝရဘုရားအဖြစ် သုံးနှုန်းခြင်းကြောင်. .ဖြစ်သည်။ ကျောက်ခဲဖြင်. ပေါက်ခြင်းသည် ဓမ္မဟောင်း၌ ဘုရားကို ကဲ့ရဲ့သူမှန်သမျှအား အပြစ်ပေးခြင်း ဖြစ်သည်- ဝတ်၂၄း၁၆ ။ (တနည်း) ခရစ်တော်သည် သူ့ကိုယ်သူ ထာဝရဘုရားအဖြစ် ရည်ညွှန်း သုံးနှုန်းခြင်းကို တွေ.ရသည်။
 The Lord “Lord” ဆိုသည်. နာမတော်အား ဓမ္မသစ်ကျမ်းတွင် 
သခင်ယေရှု အတွက် ရာနဲ့ချီပြီးသုံးခဲ့သည်။ လူကို ရည်ညွှန်းခြင်းအား 
ဓမ္မသစ်၌ ၉ ကြိမ် တွေ့ရ၏။ သို.သော် သခင်ယေရှုအား 
 ရည်ညွှန်းပုံနှင်. မတူ၊ခြားနားသည်။ 
ဓမ္မဟောင်းကျမ်း၌ ပထမဆုံး ကမ္ဘာ ၂း၎ တွင် သုံးထား သည်။ ဤစကားအသုံးနှုန်းသည် ထာဝရဘုရားသခင်အား ရည်ညွှန်းပြီး 
အကြိမ်ရာနှင့်ချီ သုံးထားသည်။ ယေဇကျေလ တွင် ထာဝရအရှင် 
ဘုရားသခင်သည် ထာဝရဘုရားကို ရည်ညွှန်းပြီး ၁၆ ကြိမ်ရေးထားသည်။ ဘုရားသခင် ထာဝရဘုရား နှင်. (Elohim) ဘုရားသခင်အတွက် 
ချိတ်ဆက် သုံးထားသည်။ ယေဇကျေလ ၂း ၄၊၃း၁၁၊ ၃း၂၇ တွင်ကြည့်ပါ။ 
“Lord” ဆိုသည်. အသုံးအနှုန်းသည် သခင်ယေရှုအား ခေါ်ဆိုခြင်းကို
 တွေ့ရသည်။ ဥပမာ ဖိလိတ္တိ၂း၁၁ ၌ “ ခပ်သိမ်းသောသတ္တဝါတို့သည်
 ယေရှု၏ ဘွဲ့နာမတော်ကိဒူးထောက်၍ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်” တမန်တော် ၁၀း၃၆ တွင် “ အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှု”။၁ကော၂း၈ တွင် 
 ခရစ်တော်၏ အသေခံခြင်းကို ရည်ညွှန်းပြီး ရှင်ပေါလုက“ ထိုပညာကို လောကီမင်းတစုံတယောက်မျှမသိ၊ သိလျှင် ဘုန်းကြီးတော်
 မူသော သခင်ကို လက်ဝါးကပ်တိုင်မှာမကွပ်မျက်ကြပြီ။” 
First and the Last အဦးဆုံးသော သူနဲ့နောက်ဆုံးသောသူ
“ အဦးဆုံးသော သူ နှင်. နောက်ဆုံးသောသူ” ဆိုသည်. နာမတော်သည် ထိရောက်သည်. ဥပမာတခုဖြစ်သည်။ ဗျာဒိတ် ၁း ၁၃ မှာ“ ထိုမီးခွက် 
ခုနစ်လုံး အလယ်၌ လူသားတော်နှင့်တူသောသူတဦးကို၎င်း မြင်လေ၏။ ထိုသူသည် ခြေတော် တိုင်အောင် ဝတ်ခြုံလျက် ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။” ဗျာဒိတ် ၁း၁၇-၁၈ တွင် “ထိုသူကို 
ငါမြင်သောအခါသေ မတတ်ဖြစ်၍
 ခြေတော်ရင်း၌ လဲလျက်နေ၏။ ထိုသူသည် လက်ျာလက်တော်ကို 
ငါ့အပေါ်သို့ တင်လျက် ကြောက့်ရွံခြင်းမရှိနှင့်။ ငါသည် အဦးဆုံးသော သူနောက်ဆုံးသော သူဖြစ်၏။ အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင် သေသည်ဖြစ်၍ ကမ္ဘာအဆက်ဆက် အသက်နှင့်ပြည့်စုံ၏။ 
မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။” “အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍ ကမ္ဘာအဆက်ဆက်အသက်နှင့်ပြည့်စုံ၏။” 
ဆိုသည်. စကား အသုံးနှုန်းသည် လူသားကို ဘုရားသခင့် သားတော်အဖြစ် ရည်ညွှန်းကြောင်း ရှင်းလင်းစွာ မြင်ရပါသည်။ သခင်ယေရှုသည် ဗျာဒိတ်ကျမ်း၏ အဓိကအကြောင်းအရာ ဖြစ်သည်။ သုံးရက်မြောက်သည်. နေ့၌ ထမြောက်သည်. သခင်ဖြစ်သည်။ (၁ကော၁၅း၎) ထို.ကြောင့် ဒီကျမ်းပိုဒ်များသည် သခင်ယေရှုအား “ အဦးဆုံးသောသူနဲ့ နောက်ဆုံးသော သူ” အဖြစ်ထောက်ပြသည်။ 
သို့သော်လည်း ဟေရှာယ၄၄း၆ တွင်မူ “ဣသရေလအမျိုး၏ရှင်ဘုရင်
ထာဝရဘုရား၊ ဣသရေလ အမျိုးကိုရွေး နှုတ်သော ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည် အဦးဆုံးသောသူ နောက်ဆုံးသောသူဖြစ်၏။ ငါမှတပါး 
အခြားသော ဘုရားသခင်မရှိ။ 
ထာဝရဘုရား “Lord”သည် ဟေဗြဲစကား Jehovah ဆိုသည်.
 အသုံးနှုန်းကို သုံးထားပါသည်။ ထာဝရဘုရားမှတပါး အခြားသောဘုရားမရှိ။ သူသည်“ အဦး ဆုံးနဲ့နောက်ဆုံးသောသူ” ဖြစ်သည်။ ထို.ကြောင့် ကျမ်းစာက ယေရှုခရစ်တော်သည်“ အဦးဆုံး နှင်. နောက်ဆုံးသူ” ဆိုသည်. ဘွဲ့နာမထိုက်တန်သည်. ထာဝရ ဘုရားသခင်ဖြစ်ကြောင်း ထောက်ပြနေသည်။ Lord of Lords သခင်တို့၏သခင် ဗျာဒိတ် ၁၇း၁၄ တွင် သိုးသူငယ်တော်အား သခင်ယေရှုခရစ်အတွက် ရည်ညွှန်းသည်။ သခင်တို့၏ သခင်၊ဘုရင်တကာတို့၏ ဘုရင်အဖြစ်လည်းခေါ်သည်။ ၁တိ၆း၁၄-၁၅ တွင်လည်း သခင်တို့၏ 
သခင်ဟု သုံး ထားသည်။ ဒါပေမယ့် တရားဟော၁၀း၁၇မှာ ထာဝရဘုရားသခင်ကို“ဘုရားတို့၏ ဘုရား၊သခင်တို့ရဲ့သခင်”ဟု 
ရည်ညွှန်းသည်။ ဒါကြောင့် ခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း သက်သေပြနိုင်သည်။ McDowell နှင်. Larson တို့၏ ၁တိ ကျမ်းချက်သည် ဘုရားသခင်ကို ရည်ညွှန်းသည်။ ဘုရားသခင် နှင်. ခရစ်တော်သည် သခင်တကာတို့၏ သခင်ဆိုသည်. နာမတော်ကို အတူသုံးစွဲ ကြသည်။ သခင်တကာတို့၏သခင်သည် ယေရှုခရစ်တော်ဖြစ်သည်။ သိုးသူငယ်တော်ဖြစ်သည် ဟု ဗျာဒိတ်၁၇း၁၄၌ တွေ့ရသည်။ ထို.ကြောင့် အစဉ်အမြဲအသက်ရှင်၍ ဘယ်တော့မှ မသေနိုင်သော ပုဂ္ဂိုလ်တပါးဖြစ်သည်. ဘုရားသခင်၏ “Who only hath immortality” နှင်.“Only Potentate” “ တန်ခိုးကြီးသော တပါးတည်းသောပုဂ္ဂိုလ်” နာမတော်များကို ဝေမျှ သုံးစွဲ နေခြင်းဖြစ်သည်။ (MaDowell and Larson, 1983) တနည်းဆိုသော် ဤကျမ်းပိုဒ်များသည် ခရစ်တော်၏ ဘုရားဇာတိအား ခိုင်လုံကြောင်း သက်သေပြနေခြင်း ဖြစ်သည်။ Savior and Redeemer ကယ်တင်ရှင် နှင်. ရွေးနှုတ်သောသခင် တိတု၂း ၁၄၊ ဂလာတိ ၄း၅၊ ဧဖက် ၁း၇၊ ဟေဗြဲ ၉း၁၂ တွင် ခရစ်တော်သည် အသွေးသွန်းပြီး ရွေးနှုတ်သည်. သခင်။“ ခပ်သိမ်းသော ဒုစရိုက်မှ ငါတို့ကိုရွေးနှုတ်ခြင်းငှါ ကိုယ်ကိုယ်ကိုစွန့်ကြဲတော်မူ၏။” ဓမ္မဟောင်းတွင် ထာဝရဘုရားသည် ဣသရေလ အမျိုးကို ခပ်သိမ်းသော ဒုစရိုက်အပြစ်တို့မှ ရွေးနှုတ်မူမည်။ ဆာလံ ၇၈း၃၅ တွင် “ ဘုရားသခင်သည် သူတို့ကို ကယ်တင် သောအရှင် Redeemerဖြစ်တော်မူ၏။ ဟေရှာယ ၄၁း၁၄။၄၃း၁၄။၄၇း၎။၄၈း၁၇၌ ဘုရားသခင်သည် ရွေးနှုတ်သည်. သခင်ဖြစ်သည်။“ ဣသရေလအမျိုး၏ သန့်ရှင်းသူ၊ရွေးနှုတ်သောသခင်”။ ယေရှုခရစ်သည် ထာဝရဘုရား သခင်၏ ရွေးနှုတ်ကယ်တင်ရှင်ဆိုသည်. နာမတော်ကို ဝေမျှ သုံးထားသည်။ ကျမ်းစာ၌ သခင်ယေရှုအား“Saviour” ကယ်တင်ရှင်” ဆိုသည်. နာမတော်ကိုသာ သုံးခြင်းသည် ဓမ္မဟောင်းရှိ ဘုရားသခင် အတွက်သာ သုံးရခြင်းဖြစ်သည် ။ ဟေရှာယ ၄၃း၁၁၊၄၅း၂၁၊ဟောရှေ ၁၃း၎၌ ထာဝရဘုရားသည် ငါတို့၏ ကယ်တင်ရှင် နှင်. တပါးတည်းသော ကယ်တင်ရှင်ဖြစ်သည်။ ဟေရှာယ-၄၃း၁၁တွင် “ငါတပါးတည်း ထာဝရဘုရားဖြစ်၍၊ ငါမှတပါး ကယ်တင်သောသခင်မရှိ။” ဟေရှာယ ၄၉း၂၆“ငါထာဝရဘုရားသည် သင့်ကို ကယ်တင်သောအရှင်၊ သင့်ကို ရွေးနှုတ်သောသခင်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရားဖြစ်ကြောင်း” ဟေရှယ ၆၀း၁၆ ၌လည်းတွေ.ရသည်။ သို.သော် လုကာ ၁၉း ၁၀တွင်မူ သခင်ယေရှုက“ ပျောက်သော သူတို့အား ကယ်တင်ခြင်းဌါ ကြွလာသတည်း” လုကာ ၂း ၁၁ ၌ “ ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သော အရှင်သည် သင်တို့အဘို့ အလိုငှါ ဖွားမြင်ခြင်းကိုခံတော်မူပြီ။” ဤအကြောင်းအရာ ကို couplets ကာရံတူ အနေဖြင်. တိတု မှတ်စာတွင် ၃ကြိမ် တွေ့ရသည်။ ပထမ တိတု ၁း၃-“ ငါတို့ကို ကယ်တင်သောအရှင် ဘုရားသခင်” နောက်“ငါတို့ကိုကယ်တင်မူသောအရှင် သခင်ယေရှုခရစ်” ဟု တွေ့ရပြီး ဒုတိယ- အငယ် ၁၀ တွင် “ ငါတို့ကို ကယ်တင်တော်မူသောအရှင် ဘုရားသခင်”နောက်-“ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်”တတိယ- အခန်းကြီး ၃ တွင်တွေ.ရ၏- အငယ် ၄“ ငါတို့ကို ကယ်တင်တော်မူသောအရှင် ဘုရားသခင်၏ စေတနာတော်”။ “ငါတို့ကို ကယ်တင်မူသောအရှင်ယေရှခရစ်” ဟု တွေ့ရသည်။ ကျမ်းစာအနက်ဖွင့် စည်းကမ်းအရ 
ဤကာရံတူ သုံးခုကိုကြည့်သော် 
ဘုရားသခင်က ကယ်တင်ရှင်။ သခင်ယေရှုကလည်း ကယ်တင်ရှင်။ ထို.ကြောင်.သခင်ယေရှု နှင်. ဘုရားသ ခင်သည် အတူတူဖြစ်သည်။ 
ဤအခန်းကြီး ၃ခန်း စလုံးတွင် ဘုရားသခင် အတွက် သုံးထားသည်. ကယ်တင်ရှင်ဆိုသည်. နာမကို သခင်ယေရှုအတွက်လည်း သုံးထားသည်။ ဤအရာသည် သခင်ယေရှုသည် ဘုရားသခင် ဖြစ်ကြောင်း ထင်ရှားသည်. သက်သေဖြစ်သည်။ နောက်ဆုံး တမန်၎း၁၂၌ “ထိုသခင်၏ နာမတော် မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ လူတို့တွင် မပေါ်မရှိ။” ဟု ပြတ်ပြတ်သားသား ဖေါ်ပြထားသည်။ ထို.ကြောင့် သခင်ယေရှု နှင်. 
ထာဝရဘုရား သခင်သည် ဟေရှာယ ၄၃း၁၁၌ ဖေါ်ပြ သကဲ.သို. ထာဝရဘုရားသခင် မှတပါး အခြား ကယ်တင်ရှင်မရှိ။ ဓမ္မသစ်၌ သခင်ယေရှု ခရစ်မှတပါး တခြားကယ်တင်ရှင်မရှိဟု ပြောထားပါသည်။ 
Light အလင်း သခင်ယေရှုခရစ်နှင်. ဘုရားသခင်အတွက် 
တခြားနာမတော် တခုသည် “အလင်း”ဖြစ်သည်။ ယောဟန်၁း၎ တွင်“ ထိုအသက်သည်လည်း လူတို့၏ အလင်းဖြစ်တယ်။” ယောဟန် ၃း၁၉ တွင် “ အလင်းသည် ဤလောကသို့ ဝင်၍” ယောဟန် ၉း၅ မှာ“ ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏ အလင်းဖြစ်၏။” သို.သော် ဆာလံ ၂၇း ၁ တွင် “ ထာဝရဘုရားသည် ငါ၏ အလင်း ငါ့ကို ကယ်တင်တော်မူသော အရှင် ဖြစ်တော်မူ၏။” ဟု တွေ့ရတယ်။ သို.သော် သခင်ယေရှုက ဤနာမ နှစ်ခုလုံးကို သုံးထားသည်။ ဟေရှာယ ၆၀း၂၀ တွင်“ ထာဝရ 
ဘုရားသည် သင်၌ ထာဝရအလင်း ဖြစ်တော်မူ၍” ဒါကြောင့် သခင် ယေရှုသည် အလင်းဆိုသည်. နာမတော်ကို ထာဝရဘုရား သုံးသကဲ.သို. သုံးထားသည်။ 
The Truth သမ္မာတရား ယောဟန် ၁၄း ၆ မှာ“ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။အသက်လည်းဖြစ်၏။” သခင်ယေရှုက သူသည် 
သမ္မာ တရားဟု ပြော၏။ ယောဟန် ၁း၁၇ ၌ “ ပညတ်တရားကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။” သစ္စာတရားဆိုသည်မှာ “Truth” သမ္မာ တရားဖြစ်သည်။ ဗျာဒိတ် ၁၉း၁၁မှာ“သစ္စာဟူသောအမည်ရှိသတည်း” အငယ် ၁၃ မှာ“ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသောအမည်ရှိ၏” လို့ ရှင်းရှင်း လင်းလင်း ဖေါ်ပြသည်။“ သစ္စာရှိသောသမ္မာအမည်” ဟာ နာမတော်ဖြစ်သည်.အတွက် စာလုံးအကြီးဖြင်. “Faithful and True” ဟု ရေးလေ.ရှိသည်။ သို.သော် ဆာလံ ၃၁း၅ ၌ “သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရဘုရားဟု” ဆိုသည်။ 
တရားဟော ၃၂း၎၌ “သစ္စာစောင့်သောဘုရား”။ ဆာ၂၅း၅ ၌ 
“ ကိုယ်တော်၏ သမ္မာတရားကိုပြ၍” “ကိုယ်တော်၏ သမ္မာတရား
“ Thy Truth” လို့ သုံးထားသည် ။ ဆာလံသီချင်းများတွင် ၁၄ကြိမ် တွေ့ရသည်။ ထို.ကြောင့် ဘုရားသခင်သည် သမ္မာတရားဖြစ်သကဲ.သို. သခင်ယေရှုသည်လည်း သမ္မာတရားဖြစ်ကြောင်း ရှင်းလင်းထားပါသည်။ Judge of All အားလုံးကို တရားစီရင်သောသူ ဟေဗြဲ ၁၂း ၂၃ တွင်“ ခပ်သိမ်းသော သူတို့ကို တရားစီရင်တော်မူ သောသူ” “Judge”ကို J အကြီးဖြင်.ရေးသည်။ 
ထာဝရဘုရား၏ ဘွဲ့နာမ ဖြစ်သည်။ ဆာ ၅၀း၎ -၆ တွင် ဘုရားသခင်သည် လူမျိုးတော်ကို တရားစီရင်သည်။ ဆာလံ ၉၆း၁၃ “ ကိုယ်တော်သည် ကြွလာတော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှါကြွ လာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်ခြင်း တရားနှင့်၎င်း၊ 
လူများကို သစ္စာတော်နှင့်၎င်း စီရင်ဆုံးဖြတ်တော်မူလတံ့။ ဤ နာမတော်ကို ခရစ်တော်လည်း သုံးစွဲသည်။ ယောဟန် ၅း၂၂“တရား စီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေး တော်မူ၏။” ရောမ၁၄း၁၀။၂ ကော၅း၁၀ တွင် “ ခရစ်တော်၏ တရားပလ္လင်“ judgement seat of Christ” ဟု တွေ့ရသည်။ မဿဲ ၂၅- ခရစ်တော်သည် ဘုန်းရှိသည်. ပလ္လင်ပေါ်တွင် ထိုင်ပြီး တရားစီရင်သည်။ 
၂တိ ၄း၁ ၌ “ ကိုယ်တော်တိုင် ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသော ကာလ၊ အသက်ရှင်သောသူ သေသောသူတို့ကို စစ်ကြောသောကာလ၊ 
စီရင်တော်မူသော သခင်ယေရှု” ဟု တွေ့ရ်သည်။ Shepherd သိုးထိန်း
 ဓမ္မဟောင်း နှင်. ဓမ္မသစ်တွင် ထာဝရဘုရားသည် သိုးထိန်း ဟု သုံးသကဲ.သို. သခင်ခရစ်တော်ဟုလည်း သုံးသည်။ ဆာလံ၂၃း၁ တွင် “ထာဝရဘုရားသည်
 ငါ၏ သိုးထိန်းဖြစ်တော်မူ၏။ ငါသည်ဆင်းရဲမခံရ။” ဆာလံ ၈၀း၁ တွင် သိုးစုကို ပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလ သိုးထိန်းကြီး” ခရစ်တော်ပြန်ကြွလာမည်ကို ရည်ညွှန်းသည်. အနေဖြင်. 
၁ပေ၅း၎ ၌ “သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ”ယောဟန်၁၀း၁၁နှင်.
 ၁၀း ၁၄ တွင် “ကောင်းသောသိုးထိန်း” ဟု သခင်ယေရှုသည် သူ့ကိုယ်သူ ရည်ညွှန်းသည်။ ဆာလံ ၁၀၀း၃ တွင် “ အထံတော်၌ ကျက်စားသော သိုးစုလည်းဖြစ်ကြ၏” ဟု ဣသရေလလူမျိုးကို ရေးသည် ။ သို.သော် သခင်ယေရှုက ယောဟန် ၁၀း ၂၇ တွင် “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။” သခင်ယေရှုသည် ကောင်းသော သိုးထိန်း။ ထာဝရဘုရား သခင်လည်း ကောင်းသော သိုးထိန်း။ ထို.ကြောင့် သခင်ယေရှုသည် ထာဝရအသက် ပေးပိုင်သော ထာဝရဘုရားသခင်ဖြစ်သည်။ 
Creator ဖန်ဆင်းရှင် သခင်ယေရှုသည် ထာဝရဘုရား ကဲ.သို. ဖန်ဆင်းရှင် 
နာမကို သုံးထားသည်။“ အစအဦီး၌ ဘုရားသခင်သည်
 ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။” (ကမ္ဘာ၁း၁) ဆာ၁၀၂း၂၅၊“ကိုယ်တော်သည် ရှေးဦးစွာ၌ မြေကြီးကို တည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။ ” ဓမ္မသစ်တွင် ဤကျမ်းစကားပင်လျှင် သခင်ယေရှူသည် ဘုရားသခင်၏ သားတော်အဖြစ် ရည်ညွှန်းပြီး ဟေဗြဲ ၁း၁၀ ၌ သုံးထားသည်။ ထို.ကြောင့် ဤစကားကို တဆက်တည်း ပြောသည်. အနေဖြင်. ဟေဗြဲ ၁း၈ တွင် သခင်ယေရှုကို ရည်ညွှန်းကြောင်း တွေ့ရသည် (Gill)။ ယောဟန်၁း၁ မှာ“ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရား သခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ် ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း တော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်သောအရာတစုံတခုမျှမရှိ။” ကောလောသဲ ၁း၁၅-၁၆ ၌ “ ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်ဖြစ် တော်မူ၏။ ဝေနေယျသတ္တဝါ အပေါင်း တို့တွင်လည်း သားဦးဖြစ်တော်မူ၏။ အကြောင်းမုကား ထိုသားတော်သည်ကောင်းကင်ပေါ် မြေကြီးပေါ်မှာ ရှိသမျှသော ရူပအရာ၊အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်း တန်ခိုး ဖြစ်၊အထွဋ်အ မြတ်ဖြစ်စေ ၊အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသော
အရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင် အဖို့အလိုငှါ၎င်း ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။” ထို.ကြောင့်ယေရှုခရစ်သည် ထာဝရဘုရားသခင် ဆိုသည်. နာမတော်ကိုလည်း ရထားခြင်း ဖြစ်သည်။ လူနှင်.စင်္ကြာဝဠာ ကြီးတခုလုံးသညါ သခင်ယေရှု၏ 
လက် ဟု ခေါ်သည်. ဘုရားသခင်၏ 
လက်တော် နှင်. ဖန်ဆင်းထားခြင်း ဖြစ်သည်။