၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Saturday, 21 July 2018

|| ´ယေရှုသာလျှင် ကောင်းကင်နိုင်ငံသို့ ပို့ဆောင်နိုင်ရန် လမ်းခရီးဖြစ်၏ ||

“ကျွန်ုပ်သည် အကျင့်စာရိတ္တကောင်းမွန်သောသူဖြစ်သောကြောင့် ကောင်းကင်နိုင်ငံတော်သို့ရောက် ရှိပါလိမ့်မည်။” “ကောင်းပေသည်။ ကျွန်ုပ်သည် ဆိုးသွမ်းသောအမှုတချို့ပြုခဲ့၍ ကောင်းသောအမှုပြုခြင်းသည် ပို၍ များပြား လာသောကြောင့် ကျွန်ုပ်သည် ကောင်းကင်နိုင်ငံသို့ သွားရမည်။” “ကျွန်ုပ်သည်သမ္မာကျမ်းစာအတိုင်း အသက် မရှင်လျှင်လည်း ဘုရားသခင်က ကျွန်ုပ်ကို ငရဲထဲသို့ပို့လိမ့်မည်မဟုတ်ပေ။ ခေတ်ကာလသည် ပြောင်းလဲသွားခဲ့သည်။” 

“ကလေးသူငယ်တို့ကို ညှင်းပန်းနှိပ်စက်သော သူများနှင့် လူသတ်သမားတို့သာလျှင် ငရဲသို့သွားလိမ့်မည်။” ဤခံယူချက်များကို လူမျိုးအများစုထဲတွင် ပေါ်ပေါက်လေ့ရှိသည်။ သို့သော်သမ္မာတရားအရကြည့်လျှင် သူတို့ အားလုံးသည် လိမ်ညာသော သူများဖြစ်ကြသည်။ ဤလောကကို အစိုးရသူ၊ စာတန်သည် ထိုသူတို့၏ ဦးနှောက်အတွေးထဲ၌ ဤမှားယွင်းသောခံယူချက်တို့ကို ထည့်သွင်းပေးခြင်းဖြစ်သည်။ စာတန်နှင့်သူ၏နည်းလမ်းကို လိုက်လျှောက်သော သူတို့သည် ဘုရားသခင်၏ရန်သူများဖြစ်ကြသည် (၁ပေ ၅း၈)။ စာတန်သည်အစဉ်အမြဲ သူတော်ကောင်းယောင် ဆောင်သည် (၂ကော ၁၁း၁၄)။ 

သို့သော် ဘုရားသခင်ထံမှမလာသောဆိုးညစ်သော အတွေးအခေါ်များကို လူတွေ၏ စိတ်နှလုံးထဲသို့ ထည့်သွင်းပေးခြင်းဖြင့် စာတန်က လူတွေကို ထိန်းချုပ်သည်။ “ထိုသို့မယုံကြည်သောသူတို့ကားဘုရားသခင်၏ပုံသဏ္ဌာန်တော်တည်းဟူသောခရစ်တော်၏ဘုန်းအသရေ နှင့်ပြည့်စုံ သော ဧ၀ံဂေလိတရား၏အရောင်သည် အလင်းကိုမပေးစေခြင်းငှာ ၊ ဤလောကကိုအစိုးရသော ဘုရားသည် လူတို့၏ ညာဉ်မျက်စိကို ကွယ်စေ၏ (၂ကော ၄း၎)။ ဘုရားသခင်က သေးငယ်သော အပြစ်ကို ဂရုမစိုက်ဟု ယုံကြည်ခြင်းနှင့် ငရဲမီးအိုင်သည် “ဆိုးသွမ်းသောသူ များ” အတွက်ဖြစ်သည်ဟု ယုံကြည်ခြင်းသည်မုသာ ဖြစ်သည်။ “အနည်းငယ်သော လိမ်ညာမှုအပါအ၀င် အပြစ်တရား အားလုံးက ကျွန်ုပ်တို့ကိုဘုရားသခင်နှင့် ခွဲခွာစေပါသည်။ လူအားလုံးသည် အပြစ်ဒုစရိုက်ကို ပြုကြပြီ။ မိမိကိုယ်ကို ကြိုးပမ်းအားထုတ်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံသို့ရောက်ရန် ကောင်းမှုပြုနိုင်သောသူတစ်စုံတစ်ယောက်မျှမရှိပေ (ရောမ ၃း၂၃)။ 

ကောင်းကင်နိုင်ငံတော်သို့ရောက်ရှိခြင်းသည် ကျွန်ုပ်တို့ပြုသော ကောင်းမှုကုသိုလ်က ကျွန်ုပ်တို့ပြုခဲ့ သော အကုသိုလ်ထက်သာလွန်ခြင်းကြောင့် မဟုတ်ပေ။ ထိုသို့ချိန်ခွင်လို ချိန်ဆလျှင် ကျွန်ုပ်တို့အားလုံးသည် ငရဲမီးအိုင် ထဲသို့သွားရပါလိမ့်မည်ဖြစ်သည်။ “ကျေးဇူးတော်အားဖြင့်ရှိလျှင်ကိုယ်ကျင့်သောအကျင့်အားဖြင့်မရှိ။ ရှိလျှင် ကျေးဇူး သည်ကျေးဇူးမဟုတ်။ ကိုယ့်ကျင့်သောအကျင့်အားဖြင့်ရှိလျှင် ကျေးဇူးအားဖြင့်မရှိ၊ ရှိလျှင်ကျင့်သော အကျင့်သည် အကျင့်မဟုတ်” (ရောမ ၁၁း၆)။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ရောက်ရန် ကောင်းမှုကုသိုလ်တစ်စုံတစ်ခုမှ မပြုနိုင်ပေ (တိတု ၃း၅)။ “ကျဉ်းသောတံခါးကို ၀င်ကြလော့။ ပျက်စီးခြင်းလမ်းသို့ရောက်သောလမ်းနှင့် တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ၀င်သောသူတို့သည် များကြ၏” (မဿဲ ၇း၁၃)။ 

လူတစ်စုံတစ်ယောက်သည်အပြစ်ရှိလျက်ပင် ဘုရားသခင်က ခွင့်လွှတ်လိမ့်မည်ဟု ယူဆတတ်ကြသည်။ ဘုရားသခင်က ခွင့်လွှတ်မည်မဟုတ်ပေ။ “သင်တို့သည် အထက်က လောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏တန်ခိုးကို အစိုးရသောမင်းတည်းဟူသော ငြင်းဆန်သောသူတို့၌ ပြုပြင်သော ၀ိညာဉ်၏အလိုနှင့်အညီ ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူ၏” (ဧဖက် ၂း၂)။ ဘုရားသခင်က ဤလောကကိုဖန်ဆင်းခဲ့သောအချိန်တွင်လိုအပ်မှုမရှိပဲပြည့် စုံအောင်ဖန်ဆင်းခဲ့သည်။ အရာအားလုံးး သည်ကောင်းမွန်သည်။ ထို့နောက် ဘုရားသခင်က လူအာဒံနှင့် ဧ၀ံကို ဖန်ဆင်းခဲ့၍ သူတို့အပေါ်တွင် ရွေးချယ်နိုင်သော အခွင့်အရေးပေးခဲ့သည်။ ထို့ကြောင့်သူတို့သည် ဘုရားသခင်၏ စကားတော်ကိုနာခံမည်လော သို့မဟုတ် ငြင်းပယ်မည် လောဟူသော ရွေးချယ်မှုကို သူတို့၏တာဝန်ဖြစ်သည်။ သို့သော်ဘုရားသခင် ဖန်ဆင်းခဲ့သော ပထမဆုံးသော လူသား အာဒံနှင့် ဧ၀တို့သည် စာတန်၏စုံစမ်းသွေးဆောင်ခြင်းအားဖြင့် ဘုရားသခင်ကို နာမခံခဲ့ပေ။ ထို့ကြောင့်သူတို့သည် အပြစ်ဒုစရိုက်ပြုခဲ့ကြသည်။ ထိုအပြစ်တရားက သူတို့ (ကျွန်ုပ်တို့အပါအ၀င် အာဒံခေတ်နောက်မှလာသော လူသားအားလုံး)သည် ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်စွာ မိတ်သဟာရမဖွဲ့နိုင်တော့ပေ။ ဘုရားသခင်သည် ပြည့်စုံသည်။သန့်ရှင်းသည်။အပြစ်တရားကိုတရားစီရင်သည်။

ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်သောကြောင့် မိမိကိုယ်ကိုကြိုးပမ်းအားထုတ်ခြင်းအားဖြင့် ဘုရားသခင်နှင့် နီးကပ်စွာမိတ်သာဟာရမဖွဲ့နိုင်တော့ပေ။ ထို့ကြောင့် ဘုရားသခင်က ကျွန်ုပ်တို့ သည်ကောင်းကင်နိုင်ငံတော်၌် သူနှင့်အတူ တလုံးတ၀နေထိုင်နိုင်သော နည်းလမ်းကို လမ်းဖွင့်ပေးထားခဲ့သည်။ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသား
တို့ကို ချစ်တော်မူ၏” (ယောဟန် ၃း၁၆)။ အပြစ်တရား၏ အခကားသေခြင်းပေတည်း။
“ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးတော်ကား ငါတို့သခင်ယေရှု ခရစ်အားဖြင့် ထာဝရအသက်ပေတည်း” (ရောမ ၆း၂၃)။ သခင်ယေရှုသည် လူဇာတိကိုခံယူခဲ့သည်။

 သို့မှသာလျှင် သူသည် ထာဝရအသက်လမ်းကိုညွှန်ပြနိုင်၍ ကျွန်ုပ်တို့၏အပြစ်ကြွေးပေးဆပ်နိုင်မည်ဖြစ်သည်။ သူက ကျွန်ုပ်တို့၏အပြစ်ကြွေးအားလုံးပေးဆပ်ခဲ့သောကြောင့် ကျွန်ုပ်တို့ပေးဆပ်ရန်မလိုတော့ပေ။ သူသည် သေပြီးသုံးရက် မြောက်သောနေံတွင်ရှင်ပြန်ထမြောက်ခဲ့၍ (ရောမ ၄း၂၅)၊ သေခြင်းတရားအပေါ်အောင်မြင်ခြင်းကို သူက စီမံ ဆောင်ရွက်ပြီးခဲ့ပါသည်။ ဘုရားသခင်နှင့် လူစပ်ကြားတွင် သခင်ယေရှုက တံတားခင်းပေးခဲ့သည်။ ထို့ကြောင့်ယုံကြည် သောသူတို့သည် ဘုရားသခင်နှင့်အတူ မိတ်သာဟာရဖွဲ့နိုင်ခြင်းဖြစ်သည်။ ထာဝရအသက်ဟူမူကား မှန်သောဘုရား သခင်တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသော သခင်ယေရှုကိုသိကျွမ်းခြင်းတည်း (ယောဟန် ၁၇း၃)။ စာတန်ကဲ့သို့များစွာသော သူတို့သည် ဘုရားသခင်ကိုယုံကြည်ကြသည်။ သို့သော် ကယ်တင်ခြင်း ရရှိနိုင်ရန် ကျွန်ုပ်တို့သည် ဘုရားသခင်ထံ ပြန်လာ၍ သူနှင့်မိတ်သာဟာရဖွဲ့ကာ ကျွန်ုပ်တို့၏ အပြစ်ဒုစရိုက်ကို ကျောခိုင်းလျက်သခင်ယေရှုနောက်တော်သို့ လိုက်ရမည်ဖြစ်သည်။ကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ဖြစ်စေ၊ လုပ်ဆောင် သမျှတို့၌ ဖြစ်စေ သခင်ယေရှုကို ကိုးစားရမည်ဖြစ်သည်။ ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ယုံကြည်သောသူ အပေါင်းတို့အဘို့ဖြစ်၍ ထိုသူအပေါင်းတို့အပေါ်သို့ ရောက်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့ ပြီ။ 

ခြားနားခြင်းအလျင်းမရှိ (ရောမ ၃း၂)။ ခရစ်တော်ကလွှဲ၍ ကယ်တင်ခြင်းလမ်းသို့ ပို့ဆောင်ပေးနိုင်သောလမ်းမရှိ ဟု သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ ယောဟန် ၁၄း၆ ထဲတွင် “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခရစ်တော်ထံသို့မရောက်ရ” ဟုသခင်ယေရှုကမိန့်ဆိုခဲ့သည်။ သခင်ယေရှုတစ်ဦးတည်းသာလျှင် ကျွန်ုပ်တို့၏ အပြစ်ကြွေးအားလုံးပေးဆပ်ပေးနိုင်သော ဘုရားဖြစ်သော ကြောင့် သခင်ယေရှုသာလျှင် ကယ်တင်ခြင်းလမ်းသို့ပို့ဆောင်ပေးနိုင်သောလမ်းသွယ်ဖြစ်သည် (ရော ၆း၂၃)။ ဘာသာ တရားသွန်သင်သူတို့က အပြစ်တရားနှင့် ၄င်း၏အကျိုးသက်ရောက်မှုတို့ကို နက်ရှိုင်းစွာသို့မဟုတ် လေးနက်စွာ သွန်သင်ခြင်းမရှိပေ။ 

သခင်ယေရှုခရစ်တော်ပြင်ဆင်ပေးနိုင်သော အပြစ်ကြွေး အားလုံးပေးဆပ်ကျေအေးခြင်းကိုလည်း ဘာသာတရားတစ်ခုကမှ မစွမ်းဆောင်နိုင်ပေ။ အပြစ်ကြွေးအားလုံးပေးဆပ်ရန် “ဘာသာတရားတည်ထောင်သူ” တစ်ဦးမျှ ဘုရားမှလူဖြစ်လာခဲ့သည်(ယောဟန် ၁း၁၂-၁၄)ဟူ၍မရှိပေ။သခင်ယေရှုသည် ဘုရားသခင်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ အပြစ်ကြွေး အားလုံးပေးဆပ်နိုင်ခြင်းဖြစ်သည်။ သခင်ယေရှုသည် အသေခံနိုင်ရန် လူဇာတိကိုခံယူခဲ့ခြင်း ဖြစ်သည်။ သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်းရရှိနိုင်သည်။ ထိုသခင်၏ 
နာမတော် မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင် မပေါ်မရှိ (တမန် ၊ ၄း၁၂)။..AMEN..!!

|| ခရစ်ယာန်များက သာာသနာပများကို နားလည် သည်းခံသင့်သလား ||

ကျွန်ုပ်တို့၏ "သည်းခံခြင်း"ခေတ်ကာလတွင် နားလည်မှု စိတ်ထားသည် အမြင့်ဆုံးဖြစ်သည်ဟု ပြောကြသည်။ စိတ်အတွေးအခေါ်ပညာ၊ ယူဆချက် နှင့် ယုံကြည်ခြင်းစနစ်အားလုံးမှာ တူညီသော စိတ်ကောင်းရှိကြသည်။ နားလည်မှု စိတ်ထားရှိသူများက အားလုံးကို အချင်းချင်း ရိုသေကြရန် ပြောကြသည်။ အခြားသူများ၏ ယုံကြည်မှုနှင့်မတူသော ယုံကြည်မှုတစ်ခုကို စွဲကိုင်သောသူများ၊ သူတို့၏ယုံကြည်မှုသည် မှားယွင်းသော်လည်း သမ္မာတရားတခုတည်းသာ သိရှိခြင်းသည် အမြင်ကျဉ်းခြင်း၊ အသိပညာနည်းပါးခြင်း၊ တယူသန်ခြင်းဖြစ်သည်ဟု ယူဆကြသည်။ မတူညီသော ဘာသာတရားများက အချုင်းချင်းတိုက်ခိုက်ကြသည်။ နားလည်မှုအပေးအယူပြုခြင်းကို စွဲကိုင်သောသူများက ထိုတိုက်ခိုက်မှုများကို ပြန်လည်သင့်မြတ်စေခြင်း မပြုနိုင်ကြပါ။ 

ဥပမာအားဖြင့်၊ သမ္မာကျမ်းစာက "လူသည် တခါတည်းသေ၍ ထိုနောက်မှ တရားစီရင်တော်မူခြင်းကိုခံရမည်" (ဟေဗြဲ ၉း၂၇)ဟု ဖော်ပြထားသည်။ သို့သော် အချို့ အရှေ့ပိုင်းသာသာတရားများက လူဝင်စားခြင်းအကြောင်းကို သွန်သင်ထားသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် တစ်ကြိမ် တည်းသေမလား။ သို့မဟုတ် အကြိမ်များစွာ သေရမလား။ သင်ကြားမှုနှစ်ခုစလုံးတို့သည် မှားယွင်းနေသည်။ ထိုကြောင့် လူသည် တစ်ကြိမ်တည်းသေရမည်/ လူသည် သေပြီးမှ လူပြန်ဝင်စားရမည်ဟူသော မတူညီသော ယုံကြည်ခြင်းနှစ်ခုကို အတူတူရှိနိုင်ရေးအတွက် နားလည်မှုပေးသော သွန်သင်သူများက သမ္မာတရားတစ်ခုကို တီထွင်ရန် ကြိုးစားကြသည်။ ယေရှုက "ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် ခမည်းတော်ထံသို့ အဘယ်သူမျှမရောက်ရ" (ယောဟန် ၁၄း၆ ) ဟု ဖော်ပြထားသည်။ ခရစ်ယာန်တစ်ယောက်သည် သမ္မာတရားကို လက်ခံ ခဲ့သည်။ အယူဝါဒမဟုတ်ပါ။ လူပုဂ္ဂိုလ်ဖြစ်သည်။ ဤခရစ်ယန်ာများခံယူသော သမ္မာတရားသည် "အမြင်ကျယ်ခြင်း"ဟု ယခုခေါ်ဝေါ်သော အယူဝါဒနှင့် မတူပါ။ ခရစ်ယာန်များက သခင်ယေရှုသည် သေခြင်းမှထမြောက်ခဲ့သည်ဟု လူအများရှေ့ မှာ ၀န်ခံခဲ့ကြသည် (ရောမ ၁၀း၉-၁၀)။ သူသည် ရှင်ပြန်ထမြောက်ခြင်းကို အမှန်ယုံကြည်လျှင် "စိတ်အမြင်ကျယ်"ကာ မယုံကြည်သူများပြောသော သခင်ယေရှုသည် သေခြင်းမှထမြောက်ခြင်းမရှိဟူသော ယုံကြည်မှုကို မည်သို့ လက်ခံနိုင် မည်နည်း။ 

ခရစ်ယာန်တစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်သွန်သင်မှုကို ငြင်းပယ်လျှင် ဘုရားသခင်ကို သစ္စာဖောက်ရောင်းစားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ယုံကြည်မှုသည် မှန်ကန်ကြောင်း ဖော်ပြပေးနိုင်ရန် သာဓကများစွာ ရှိသည်ကို မှတ်ထားပါ။ (ခရစ်တော်သည် ကိုယ်ခန္ဓာဖြင့် ရှင်ပြန်ထမြောက်ခြင်း)ကဲသို့သောအရာများများကို ငြင်းပယ်၍မရပါ။ ဟေဗြဲသြ၀ါဒ စာစောင်ရေးသားသူ သို့မဟုတ် ပေါလု၏ "ကိုယ်ထဲမှာရှိသောဆူး"သဘောသဘာဝအကြောင်းကို ငြင်းဆိုနိုင်သည်။ ဤအရေးမကြီးသော အရာ များငြင်းခုံခြင်းအားဖြင့် အချိန်အလာဟတ ကုန်ဆုံးစေခြင်းကို ကျွန်ုပ်တို့ ရှောင်ကြဉ်ရမည် (၂တိ ၂း၂၃၊ တိတု ၃း၉)။ 

ကျွန်ုပ်တို့သည် အရေးပါသော အယူဝါဒများ ဆွေးနွေးငြင်းခုံသည့်အချိန်၌ပင် စိတ်ရှည်ခြင်း၊ ရိုသေလေးစားခြင်းအားဖြင့် ထိုအရာကို ပြုလုပ်ရမည် ဖြစ်သည်။ စိတ်သဘောထားမတိုက်ဆိုင်သောခံယူချက်လည်းရှိနိုင်သည်။ လူတစ်ယောက်၏ ခံယူချက်နှင့်မတူညီသော အမြင်လည်းရှိနိုင်သည်။ ကျွန်ုပ်တို့သည် မေးခွန်းမေးမြန်းသောသူများအပေါ် ဂရုဏာတရားဖြင့် ပြသကာ သမ္မာတရားကို ခိုင်ခံစွာ ဆုပ်ကိုင်ထားရမည်။ သခင်ယေရှုပမာ၊ ကျွန်ုပ်တို့သည် ကျေးဇူးတော်နှင့် သမ္မာတရားနှစ် ပါးစလုံးဖြင့် ပြည့်ဝရမည် (ယောဟန် ၁း၁၄)။ မေးထားသောမေးခွန်းများကို နှိမ့်ချစွဖြင့် ဖြေကြားရန် ပေတရုက တိုက်တွန်း ထားသည်။ "သင်တို့မြော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သော သဘောနှင့် ပြန်ပြောခြင်းငှါ၊ ကာလအစဉ်မပြတ်အသင့်ရှိနေကြလော့" (၁ပေ ၃း၁၅)

|| Mormon မောလ်မွန်းများက ဘာကို ယုံကြည်သလဲ ||

 မောလ်မွန်းဘာသာတရား၊ ၄င်းနောက်လိုက်သူများကို မောလ်မွန်းယုံကြည်သူများဟု သိရပြီး Later Day Saints (LDS)ဟု သိရသည်။ Joseph Smith ခေါ် လူတစ်ယောက်အားဖြင့် လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာခန့်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ သူက ခမည်းတော်ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်သည် သူ့ထံသို့လာပြီး အသင်းတော်အားလုံးနှင့် ကျင့်သုံးမှုများသည် ယိုယွင်းပျက်စီးခဲ့သည်ဟု ပြောခဲ့သည်။ Joseph Smith က အသစ်သောဘာသာတရားကို ထူထောင်ပြီး ထိုအသင်းတော်တစ်ခုတည်းသာလျှင် "ကမ္ဘာပေါ်မှာ စစ်မှန်သောအသင်တော်" ဖြစ်သည်ဟု ပြောခဲ့သည်။ မောလ်မွန်းတို့၏ပြဿနာမှာ သမ္မာကျမ်းစာကို အကျယ်ချဲ့ပြီး နှုတ်ကပတ်ေတော်နှင့်ဆန့်ကျင်သောအရာများကို ပုံကြီးချဲ့ ပြောကြားခဲ့သည်။ ခရစ်ယာန်များက သမ္မာကျမ်းစာသည်မှားယွင်းကြောင်း မပြည့်စုံကြောင်း ပြောစရာအကြောင်းမရှိပါ။ စစ်မှန်သော ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ကိုးစားခြင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်း၊ နှုတ် ကပတ်တော်အားလုံးသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏မှုတ်သွင်းခြင်းဖြစ်သည်ဟု ယုံကြည်ခြင်း ဖြစ်သည် (၂တိ ၃း၁၆)။ မောလ်မွန်းယုံကြည်သူများက နှုတ်ကပတ်တော်သည် ဘုရားသခင်၏မှုတ်သွင်းတော်မူခြင်းဖြစ်ကြောင်း အောက်ပါ အချက်လေးခုအတိုင်း ယုံကြည်ကြသည်။ 

၁။ သမ္မာကျမ်းစာကို တိကျမှန်ကန်စွာ ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ကျမ်း ပိုဒ်ခွဲခြင်းသည် တိကျမှုမရှိသဖြင့် မှားယွင်းသော ဘာသာပြန်ဆိုခြင်းဖြစ်သည်ဟု ယူဆကြသည်။ 

၂။ မောလ်မွန်စာအုပ် သည် ၁၈၃၀ ခုနှစ်တွင် ထုတ်ဝေခြင်းဖြစ်ပြီး Smith ၏ဘာသာပြန်ဆိုခြင်း ဖြစ်သည်။ Smith က ထိုစာအုပ်သည် ကမ္ဘာပေါ် မှာ အမှန်ကန်ဆုံးသောစာအုပ်ဖြစ်သည်ဟု ပြောခဲ့သည်။ လူတစ်ယောက်သည် အခြားသောစာအုပ်များထက် ထိုစာအုပ်လမ်းညွှန်ချက်အတိုင်း လိုက်လျှောက်လျှင် ဘုရားသခင်နှင့်ပို၍နီးကပ်နိုင်သည်။ 

၃။ ဓမ္မခံယူချက်နှင့် ပဋိညာဉ်များ ထဲတွင် ပြုပြင်ခဲ့ပြီးသော သခင်ယေရှု ခရစ်တော်၏အသင်းတော်အကြောင်းနှင့်ပတ်သက်ပြီး ခေတ်မီသော ဗျာဒိတ်စကားများပါဝင်သည်။ 

၎။ တန်ဖိုးကြီးများသော ရတနာမြတ် ကို မော်လ်မွန်းယုံကြည်သူ
များက ပျောက်ဆုံးသွား ခဲ့သော ကျမ်းစာအုပ်ထဲမှာပါဝင်သည့် ခံယူချက်များနှင့်သွန်သင်မှုများကို အဓိကဖော်ပြထားသောစာအုပ်ဖြစ်ကြောင်းယုံကြည်ပြီး ကမ္ဘာဖန်ဆင်းခြင်းအကြောင်းကို သူတို့ကိုယ်တိုင် ဖြည့်စွက်ထားသည်။ မောလ်မွန်းယုံကြည်သူများက ဘုရားသခင်အကြောင်းကို အောက်ပါတိုင်းယုံကြည်ကြသည်။ သူသည် လောကမှာ အကြီးမြတ်ဆုံးသောသူမဟုတ်ပါ။ သို့သော် ဘုရားသခင်သည် အသက်ရှင်ခြင်းနှင့် ဆက်လက်ကြိုးပမ်းသူအဖြစ် လောကမှာ အမှုပြုသောသူ ဖြစ်သည်။ သူတို့က ခမည်းတော်ဘုရားသခင်က လူသားတစ်ယောက်ကဲ့သို့ ပျက်စီးနိုင်သော ကိုယ်ခန္ဓာ၊ အသွေးအသားရှိသည်ဟု ယုံကြည်ကြသည်။ ယခု မောလ်မွန်းခေါင်းဆောင်များ သွန်သင်မှုနှင့်မတူဘဲ Brigham Young က အာဒံသည် ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်၏ဖခင်ဖြစ်သည်ဟု သွန်သင်ခဲ့သည်။ 

သို့သော် ခရစ်ယာန်များက ဘုရားသခင်အကြောင်းကို ဤသို့ သိထားကြသည်။ ဘုရားသခင်တဆူတည်းရှိသည် (တရားဟောရာ ကျမ်း ၆း၎၊ ဟေရှာယ ၄၃း၁၀၊ ၄၄း၆-၈)။ သူသည် ထာဝရတည်ရှိသည် (တရားဟောရာကျမ်း ၃၃း၂၇၊ ဆာလံ ၉၀း၂၊ ၁တိ ၁း၁၇)။ သူသည် ဖန်ဆင်းခြင်းခံရသောသူမဟုတ်ဘဲ ဖန်ဆင်းရှင်ဖြစ်သည် (ကမ္ဘာဦးကျမ်း ၁၊ ဆာလံ ၂၄း၁၊ ဟေရှာယ ၃၇း၁၆)။ သူသည် ပြည့်စုံသည်။ သူနှင့်တူသောသူတစ်ဦးမျှ မရှိပါ (ဆာလံ ၈၆း၈၊ ဟေရှာယ ၄၀း၂၅)။ ခမည်းတော်ဘုရား သခင်သည် လူမဟုတ်ပါ။ (တောလည်ရာကျမ်း ၂၃း၁၉၊ ၁ရာ ၁၅း၂၉၊ ဟောရှေ ၁၁း၉)။ သူသည် နံဝိညာဉ် ဖြစ်သည် (ယောဟန် ၄း၂၄)။ ၀ိညာဉ်သည် အသွေးအသားမရှိပါ (လုကာ ၂၄း၃၉)။ မောလ်မွန်းယုံကြည်သူများက သေပြီးနောက် ကောင်းကင်နိုင်ငံအမျိုးမျိုးရှိသည်ဟု ယုံကြည်ကြသည်။ ၄င်းတို့မှာ- celestial kingdom (အာကာတ ကောင်းကင်နိုင်ငံ)၊ terrestrial kingdom (ကမ္ဘာနှင်ဆိုင်သော ကောင်းကင်နိုင်ငံ)၊ the telestial kingdom (ဂြိုဟ်နှင့်ဆိုင်သော ကောင်းကင်နိုင်ငံ)နှင့် အမှောင်ထုနိုင်ငံ တို့ ဖြစ်ကြသည်။ လူသားများသည် သူတို့၏ ယုံကြည်မှုနှင့် အသက်ရှင်မှုအပေါ်မူတည်ပြီး နိဂုံးချုပ်လိမ့်မည်။ သို့သော် သမ္မာကျမ်းစာ လူတစ်ယောက်သည် သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်ခြင်းရှိ/မရှိအပေါ်မူတည်ပြီး ကောင်းကင်နိုင်ငံ သို့မဟုတ် ငရဲ သို့သွားရမည်ဟု ဖော်ပြထားသည်။ ယုံကြည်သူများသည် ကိုယ်ခန္ဓာမဟုတ်သော ၀ိညာဉ်အားဖြင့် ဘုရားသခင်နှင့်အတူ နေထိုင်လိမ့်မည် (၂ကော ၅း၆-၈)။ မယုံကြည်သူများသည် ငရဲ (သို့) လူသေနေရာမှာ ပစ်ချခြင်းကို ခံရမည် (လုကာ ၁၆း၂၂-၂၃)။ 

သခင်ယေရှုပြန်လည်ကြွလာသောအခါ ကျွန်ုပ်တို့သည် အသစ်သော ကိုယ်ခန္ဓာ ပိုင်ဆိုင်လိမ့်မည် (၁ကော ၁၅း၅၀-၅၄)။ ယုံကြည်သူများအတွက် ကောင်းကင်သစ်နှင့်မြေကြီးသစ် ရှိလိမ့်မည် (ဗျာဒိတ် ၂၁း၁)။ မယုံကြည်သူများ အတွက် ထာဝရငရဲမီးအိုင်းထဲသို့ ပစ်ချခြင်းခံရမည် (ဗျာဒိတ် ၂၀း၁၁-၁၅)။ သေပြီးနောက် ကယ်တင်ခြင်းအတွက် ဒုတိယ အခွင့်အရေးမရှိတော့ပါ (ဟေဗြဲ ၉း၂၇)။ မောလ်မွန်းခေါင်းဆောင်များက သခင်ယေရှုလူ့ဇာတိခံယူခြင်းသည် ခမည်းတော်ဘုရားသခင်နှင့်မာရိတို့၏ ကိုယ်ခန္ဓာ အသွေးအသားပေါင်းမှုကြောင့် ဖြစ်သည်ဟု သွန်သင်ခဲ့ကြသည်။ သခင်ယေရှုသည် ဘုရားတစ်ပါးဖြစ်သည်ဟု မောလ်မွန်း များက ယုံကြည်ကြသည်။ လူတစ်ယောက်သည်လည်း ဘုရားတစ်ပါးဖြစ်နိုင်သည်။ မောလ်မွန်းဘာသာတရားက ယုံကြည် ခြင်းနှင့် ကောင်းမှုကုသိုလ်ပေါင်းစပ်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိသည်ဟု သွန်သင်ခဲ့သည်။ ခရစ်ယာန်များက သမိုင်းတ လျှောက်တွင် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မှီနိုင်သောသူတစ်ယောက်မျှ မရှိဟု သွန်သင်ခဲ့သည် (၁ရာ ၂း၂)။ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ရှေ့တော်၌ သန့်ရှင်းနိုင်ခြင်း ဖြစ်သည် (၁ကော ၁း၂)။ 

သခင်ယေရှုသည် ဘုရားသခင်၏တပါးတည်းသောသားတော်ဖြစ်သည် (ယောဟန် ၃း၁၆)။ သူတို့တစ်ပါး တည်းသာလျှင် အပြစ်ကင်းမဲ့စွာ၊ အပြစ်ကင်းစင်သော အသက်တာဖြင့် အသက်ရှင်ကာ ယခု ကောင်းကင်နိုင်ငံတော်အမြင့် ဆုံးမှာ နေသောသူဖြစ်သည် (ဟေဗြဲ ၇း၂၆)။ သခင်ယေရှုနှင့် ဘုရားသခင်သည် တလုံးတ၀ဖြစ်သည်။ သခင်ယေရှုသည် ကိုယ်ခန္ဓာဖြင့် မွေးဖွားခြင်းမရှိမီ တည်ရှိသောဘုရားဖြစ်သည် (ယောဟန် ၁း၁-၈၊ ၈း၅၆)။ သခင်ယေရှုသည် မိမိကိုယ်တိုင် ယဇ်ပရောဟိတ်အဖြစ် ပေးအပ်ခဲ့သည်။ ဘုရားသခင်က သူ့ကို သေခြင်းမှ ထမြောက်စေခဲ့သည်။ တစ်နေ့သောအခါ လူအားလုံးက သခင်ယေရှုခရစ်တော်သည် ဘုရားဖြစ်ကြောင်း ၀န်ခံကြလိမ့်မည် (ဖိလိပ္ပိ ၂း၆-၁၁)။ 

သခင်ယေရှုက ကောင်းမှုကုသိုလ်များအားဖြင့် ကောင်းကင်နိုင်ငံတော်သို့မရောက်၊ သူ့ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင် ခြင်းရရှိသည်ဟု ပြောခဲ့သည် (မဿဲ ၁၉း၂၆)။ ကျွန်ုပ်တို့သည် မိမိအပြစ်များအတွက် ထာဝရပြစ်ဒဏ်ခံထိုက်သော သူ များဖြစ်ကြသည်။ သို့သော် ဘုရားသခင်၏ထာဝရမေတ္တာတော်နှင်္င့် ကျေးဇူးတော်က ကျွန်ုပ်တို့အား ထာဝရပြစ်ဒဏ်မှ ကယ်လွတ်ခဲ့သည်။ "အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးသနားတော်မူသော ဆုကျေးဇူးတော် ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း" (ရောမ ၆း၂၃)။ ကယ်တင်ခြင်းရရှိနိုင်သော နည်းလမ်းတစ်ခုမှာ ဘုရားသခင်နှင့်သူ၏သားတော်၊ သခင်ယေရှုကို သိရှိခြင်းဖြစ်သည် (ယောဟန် ၁၇း၃)။ 

ကောင်းမှုကုသိုလ်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ဖြစ်သည် (ရောမ ၁း၁၇၊ ၃း၂၈)။ ကျွန်ုပ်တို့သည် ဆိုးသောသူဖြစ်စေ၊ အပြစ်ပြုသည်ဖြစ်စေ ဤဆုကျေးဇူးကို ရရှိနိုင်သည် (ရောမ ၃း၂၂)။ "ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏" (တမန် ၄း၁၂)။ မောလ်မွန်းယုံကြည်သူများသည် အများအားဖြင့် လူတွေပေါ်များ ခင်မင်မှု၊ ချစ်ခြင်းနှင့်သနားကြင်နာမှုရှိကြသော်လည်း သူတို့သည် ဘုရားသခင်အကြောင်း၊ သခင်ယေရှုခရစ်တော်အကြောင်းနှင့် ကယ်တင်ခြင်းရရှိခြင်းအကြောင်းများကို မှားယွင်းစွာသွန်သင်သော မှားယွင်းသော ဘာသာတရား၏လှည့်ဖြားမှုကို ခံရသော သူများဖြစ်ကြသည်။

|| ယေဟောဝါ သက်သေခံများ၏ ယုံကြည်ခြင်း ||

 ယေဟောဝါသက်သေ ခံများသည်ဟု ယခုသိရသော ဂိုဏ်းများသည် ၁၈၇၀ ခုနှစ် Charles Taze Russell ဦးဆောင်သော ကျမ်းစာသင်တန်းအားဖြင့် Pennsylvania ၌ စတင်ခဲ့သည်။ Russell က သူ၏အဖွဲ့ကို "Millennial Dawn Bible Study" ဟု နာမည်ပေးခဲ့သည်။ Charles T. Russel က "The Millennial Dawn" ခေါ် စာအုပ်ကို volume ခြောက် ခုအထိ သူမသေခင် ရေးသားခဲ့သည်။ ယနေ့ ယေဟောဝါသက်သေခံများစွဲကိုင်သော ဓမ္မခံယူချက်အများစုသည် ထိုစာအုပ်ထဲတွင် ပါဝင်သည်။ ၁၉၁၆ခုနှစ်တွင် Russell သေပြီးနောက်၊ သူ့သူငယ်ချင်းနှင့် သူ့ရာထူးဆက်ခံသူ Judge J.F. Rutherford က "Millennial Dawn" "The Finished Mystery" အပိုင်း ခုနစ်ခုမြောက်နှင့်နောက်ဆုံး volume အား 
1917 ခုနှစ်တွင် ရေးသားခဲ့သည်။ 
ကျမ်းစာမျှော်စင်နှင့် လက်ကမ်းစာစောင်အဖွဲ့ကို ၁၈၈၆ ခုနှစ်တွင် စတင်တည်ထောင်ပြီး "Millennial Dawn" လှုပ်ရှားမှုက အခြားသူများထံ သူတို့၏ယုံကြည်မှုအမြင်များကို ဖြန့်ဝေပေးခဲ့ သော တန်ဆာပလာအဖြစ် တဟုန်ထိုး တိုးတက်လာခဲ့သည်။ ၁၉၃၁ အထိတိုင်း ထိုအဖွဲ့ကို "Russellites" ဟု သိရသည်။ အကြောင်းမှာ အခြားအဖွဲ့အစည်းများနှင့်မပေါင်းဖော်သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် "ယေဟောဝါသက် သေခံများ"ဟု နာမည် ပြန်ပေးခဲ့သည်။ ထိုသို့သီးသန့်ရပ်တည်သောအဖွဲ့ကို "ကျမ်းစာ ကျောင်းသားများ" ဟု သိရသည်။ ယေဟောဝါသက်သေခံများက ဘာကို ယုံကြည်ကြသနည်း။ 

ခရစ်တော်၏ဘုရားဖြစ်ခြင်း၊ ကယ်တင်ခြင်း၊ သုံးပါးတစ်ဆူ၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် လူသားများအတွက် ခရစ်တော်အသေခံခြင်းများကို သူတို့က သံသယ၀င်ပြီး သူတို့က ထိုအကြောင်းအရာများနှင့်ပတ်သက်ပြီး orthodox ခရစ်ယာန်များယုံကြည်မှုကို ကန့်ကွက်သည်။ ယေဟောဝါသက်သေ ခံများက သခင်ယေရှုသည် ကောင်းကင်တမန်ကြီး၊ ဖန်ဆင်းခြင်းခံရသောသူ ဖြစ်သည်ဟု ယုံကြည်ကြသည်။ သမ္မာကျမ်း စာ ဖော်ပြသော သခင်ယေရှုသည် ဘုရားသခင်ဖြစ်ခြင်း (ယောဟန် ၁း၁၊ ၁၄၊ ၈း၅၈၊ ၁၀း၃၀)အကြောင်းကို ဆန့်ကျင် သည်။ 

ယေဟောဝါသက်သေခံများက ယုံကြည်ခြင်း၊ ကောင်းမှုကုသိုလ်များနှင့်နာခံခြင်းအားဖြင့် ရရှိသည်ဟု ယုံကြည် ကြသည်။ သမ္မာကျမ်းစာဖော်ပြသော ကျေးဇူးတော်အားဖြင့် ယုံကြည်ခြင်းကြောင့် ကယ်တင်ခြင်းသို့ရောက်သည် (ယောဟန် ၃း၁၆၊ ဧဖက် ၂း၈-၉၊ တိတု ၃း၅)ဟုသော ဖော်ပြချက်နှင့် ဆန့်ကျင်သည်။ ယေဟောဝါသက်သေခံများက သုံးပါးတစ်ဆူကို ငြင်းပယ်သည်။ သခင်ယေရှုသည် ဖန်ဆင်းခြင်းခံသောသူဖြစ်ကြောင်းနှင့် သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင်၏ တန်ခိုးတော်မဟုတ်ကြောင်း ပြောသည်။ ယေဟောဝါသက်သေခံများက လူသားများကိုယ်စား ခရစ် တော်အသေခံခြင်းခံယူချက်ကို ငြင်းပယ်ပြီး သခင်ယေရှု၏အသေခံခြင်းသည် အာဒံ၏အပြစ်အတွက်သာ ဖြစ်သည် ဟူသော ခံယူချက်ကို စွဲကိုင်ထားသည်။ ယေဟောဝါသက်သေခံများက ဤသမ္မာကျမ်းစာနှင့်မညီညွတ်သော ခံယူချက်ကို ဘယ်လို စွဲကိုင်နိုင်သနည်း။ 

ပထမအနေဖြင့်၊ သမ္မာကျမ်းစာသည် ရာစုပေါင်းများစွာ အသင်းတော်က ပျက်စီးစေခဲ့သည်ဟု သူတို့က ပြောကြသည်။ ထိုကြောင့် သူတို့က သမ္မာကျမ်းစာကို New World Translation အဖြစ် ပြန်လည် ဘာသာပြန်ဆိုကြသည်။ သမ္မာကျမ်းစာ မျှော်စင်နှင့်လက်ကမ်းစာစောင်များထဲတွင် သမ္မာကျမ်းစာသွန်သင်ချက်များကို သူတို့၏မှားယွင်းသောခံယူချက်ဖြင့် ရောထွေးသည်။ သူတို့က သမ္မာကျမ်းစာသွန်သင်ချက်များအပေါ် အခြေမခံပါ။ 
The New World Translation သည် လူပေါင်းများစွာက တည်းဖြတ်ထားသည်။ ယေဟောဝါသက်သေခံများက သမ္မာကျမ်းစာကို သူတို့ခံယူချက်နှင့်ဆန့်ကျင် ဘက်ဖြစ်သောအရာများဖြင့် ဘာသာပြန်ဆိုကြသည်။ ကင်းမျှော်စင်က သူတို့၏ယုံကြည်မှုများနှင့် အယူဝါဒများကို Charles Taze Russell, Judge Joseph Franklin Rtherford, နှင့်သူတို့၏ ရာထူးဆက်ခံသူများ၏ သွန်သင်မှုများပေါ်တွင်သာ အခြေခံထားသည်။ သမ္မာကျမ်းစာကင်းမျှော် စင် နှင့် လက်ကမ်းစာစောင် အဖွဲ့အစည်းများသည် သမ္မာကျမ်းစာကို လွှဲချော်သွားအောင် သွန်သင်သော အဖွဲ့ဖြစ်သည်။ တနည်းအားဖြင့်၊ သမ္မာကျမ်းစာအကြောင်းနှင့်ပတ်သက်ပြီး သူတို့ခေါင်းဆောင်များပြောသောစကား၊ ခံယူချက်ကို နောက် ဆုံးစကားအဖြစ် မြင်ကြသည်။ မိမိကိုယ်ကို တွေးတောဆင်ခြင်းမရှိပေ။ ထိုကြောင့် ရှင်ပေါလုက တိမောသေအား(ကျွန်ုပ်တို့ အပါအ၀င်) နှုတ်ကပတ်တော်ကို ဘုရားသခင်ဖွင့်ပြသည့်အတိုင်းလေ့လာရန် အကြံပြုခြင်း ဖြစ်သည်။ 

သို့မှသာ ကျွန်ုပ်တို့ သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မှန်ကန်စွာ ပိုင်းခြားထားသဖြင့် အရှက်ကွဲမည်မဟုတ်တော့ပါ။ ဤအကြံပြုချက် ကို ၂တိ ၂း၁၅ ထဲတွင် တွေ့ရသည်။ ဘုရားသခင်က သူ၏သားသမီးများအား Berean ခရစ်ယာန်များကဲ့သို့ဖြစ်လာရန် ညွန်ကြားထားခြင်း ဖြစ်သည်။ သူတို့က နှုတ်ကပတ်တော်အား ၄င်း၏သင်ကြားသည့်အတိုင်း သိရှိရန် နေ့တိုင်း ကျမ်း စာလေ့လာကြသည်။ ယေဟောဝါသက်သေခံများကဲ့သို့ သူတို့၏ယုံကြည်ခြင်းကို သစ္စာရှိစွာဖြင့် ဟောပြောသောဘာသာတရား ရှိလိမ့်မည်မဟုတ်ပါ။ သို့သော် သူတို့ဟောကြားချက်များသည် မူရင်းအဓိပ္ပါယ်ပျက်စေသည်။ လိမ်ညာမှုဖြစ်သည်။ မှားယွင်း သောခံယူချက်ဖြစ်သည်။ ဘုရားသခင်က ယေဟောဝါသက်သေခံများအား သတင်းကောင်းသမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်သမ္မာတရားအကြောင်း မြင်တွေ့ရန် သူတို့၏၀ိညာဉ်မျက်စိဖွင့်ပေးပါစေ။

|| မှားယွင်းသောဆရာ၊ မိစ္ဆာပရောဖက်ကို မည်သို့ သိရှိနိုင်မည်နည်း ||

 "အန္တီခရစ်နှင့်မိစ္ဆာပရောဖက်များ"ထွက်ပေါ်လာပြီး ဘုရားသခင်ရွေးကောက်သောသူများကို လှည့်ဖြားလိမ့်မည် ဟု သခင်ယေရှုက သတိပေးထားသည် (မဿဲ ၂၄း၂၃-၂၇၊ ၂ပေ ၃း၃နှင့် ယုဒ ၁၇-၁၈ တို့ကို ကြည့်ပါ)။ မှားယွင်းသော သွန်သင်မှုနှင့်မှားယွင်းသောဆရာများမှ မိမိကိုယ်ကို စောင့်ကြပ်နိုင်သောအကောင်းဆုံးနည်းလမ်းမှာ သမ္မာတရားကို သိရှိ ခြင်း ဖြစ်သည်။ မှားယွင်းသော အယူဝါဒများကို ချက်ခြင်းသိပြီး မှန်ကန်သောအရာများကို လေ့လာရမည်။ "သမ္မာတရားမှန် ကန်စွာ ပိုင်းခြားသိမြင်သော" (၂တိ ၂း၁၅) သူများနှင့် သမ္မာကျမ်းစာကို သတိပြုစွာလေ့လာသောသူများက မှားယွင်းသော အယူဝါဒကို ချက်ခြင်းသိလိမ့်မည်။ ဥပမာအားဖြင့်၊ မဿဲ ၃း၁၆-၁၇ထဲတွင်
 ဖော်ပြထားသော ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့်သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားတို့၏လှုပ်ရှားမှုများကို ဖတ်ရှုသော ယုံကြည်သူတစ်ဦးက သုံးပါးတစ်ဆူအကြောင်းကို ငြင်းပယ်သောသူများကို ချက်ခြင်း မေးခွန်းထုတ်နိုင်ပါလိမ့်မည်။ ထိုကြောင့် ခြေလှမ်းတစ်ခုမှာ သမ္မာကျမ်းစာလေ့လာခြင်းနှင့် နှုတ်ကပတ်တော်ပြောသည့်အတိုင်းစစ်ဆေးခြင်းအားဖြင့် သွန်သင်မှုအားလုံးကို ဆန်းစစ်ခြင်း ဖြစ်သည်။ သခင်ယေရှုက "အသီးကိုအားဖြင့် အပင်ကို သိရှိနိုင်သည်" (မဿဲ ၁၂း၃၃)ဟု ပြောခဲ့သည်။ 

ဤနေရာမှာ "အသီး" ကြည့် သောအခါ ဆရာများ၏ သွန်သင်မှုကို မှန်ကန်သည်ဟု သိရှိနိုင်ရန်အတွက် စမ်းသပ်မှု သုံးခုရှိသည်။ ၄င်းတို့မှာ- 

(၁) ဤဆရာက သခင်ယေရှုအကြောင်းကို မည်သို့ ပြောသနည်း။ မဿဲ ၁၆း၁၅-၁၆ထဲတွင် သခင်ယေရှုက "မင်းတို့ ငါ့ကို ဘယ်လိုထင်ကြသလဲ"ဟု မေးသောအခါ ပေတရုက "ကိုယ်တော်သည် အသက်ရှင်သောဘုရားသခင်၏သားတော်၊ ခရစ် တော်ဖြစ်သည်"ဟု ပြန်ဖြေခဲ့သည်။ ဤအဖြေကြောင့် ပေတရုသည်"ကောင်းချီးခံစားသောသူ" ဟုအခေါ်ခံခဲ့သည်။ ၂ယော ၉ ထဲတွင် "ခရစ်တော်၏ဒေသနာ၌ မတည်ဘဲလွန်ကျူးသောသူမည်သည်ကား၊ ဘုရားသခင်ကိုမသိ၊ ခရစ်တော်၏ ဒေသနာ၌ တည်သောသူသည် ခမည်းတော်နှင့်သားတော်ကိုသိ၏" ဟုဖော်ပြထားသည်။ တနည်းအားဖြင့်၊ သခင်ယေရှုခရစ်တော်နှင့် သူ၏ကယ်တင်ခြင်းလုပ်ဆောင်ချက်သည် အရေးကြီးဆုံး ဖြစ်သည်။ သခင်ယေရှုကို ငြင်းပယ်သောသူများသည် ဘုရားသခင်ကိုငြင်းပယ်ခြင်း ဖြစ်သည်။ သခင်ယေရှုအသေခံခြင်း၊ သခင်ယေရှု၏လူသားဖြစ်ခြင်းကို ငြင်းပယ်ခြင်းသည် လည်း ဘုရားသခင်ကို ငြင်းပယ်ခြင်း ဖြစ်သည်။ ၁ယော ၂း၂၂ထဲတွင် "မုသာကို သုံးသောသူမူကား အဘယ်သူနည်း။ ယေရှုသည် ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူဖြစ်သတည်း။ ခမည်းတော်နှင့်သားတော်ကို ငြင်းပယ်သောသူသည် အန္တီခရစ်ဖြစ်၏" ဟုဖော်ပြထားသည်။ 

(၂) ဤဆရာက သတင်းကောင်းကို ဟောပြောသလား။ သတင်းကောင်းဆိုသည်မှာ နှုတ်ကပတ်တော်အရ သခင်ယေရှုအသေခံခြင်း၊ သင်္ဂြီုဟ် ခံခြင်းနှင့်ထမြောက်ခြင်း တို့ဖြစ်သည် (၁ကော ၁၅း၁-၄)။ "ဘုရားသခင်က သင့်ကို ချစ်သည်" "ဘုရားသခင်က ဆာလောင်မွတ်သိပ်သောသူများကို ကျွေးမွေးချင်သည်" "ဘုရားသခင်သည် သင့်ကို ချမ်းသာ စေချင်သည်"ဟူသောစကားများသည် ပြည့်စုံသော သတင်းကောင်းမဟုတ်ပါ။ ရှင်ပေါလုက ဂလာတိ ၁း၇ထဲတွင် "ထိုဧ၀ံဂေလိတရားသည် ဧ၀ံဂေလိတရားမဟုတ်။ သင်တို့ကို နှောင့်ရှက်၍ ခရစ်တော်၏ဧ၀ံဂေလိတရားကို မှောက်လှန် ချင်သောသူအချို့ရှိကြ၏"ဟု သတိပေးသည်။ မည်သူမျှ၊ နာမည်ကျော်တရားဟောဆရာပင်လျှင် ဘုရားသခင်ပေးထား ခဲ့သောသတင်းစကားကို ပြောင်းလဲပိုင်ခွင့်မရှိပါ။ "တဖန်တုံ၊ သင်တို့ခံယူပြီးသော ဧ၀ံဂေလိတရားမှတပါး အခြားသော ဧ၀ံ ဂေလိတရားကို တစုံတယောက်သောသူဟောပြောလျှင်၊ ထိုသူသည် ကျိန်တော်မူခြင်းကို ခံစေဟု ငါတို့ဆိုခဲ့ပြီးသည် အတိုင်း
ယခုငါထပ်၍ ဆိုသေး၏" (ဂလာတိ ၁း၉)။ 

(၃) ဤဆရာက ဘုရားသခင်ဘုန်းတော်ထင်ရှားစေသော အရည်အချင်းများကို တားမြစ်ပိတ်ပင်ထားသလား။ မှားယွင်း သောဆရာများအား ယုဒ ၁၁ က "သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကာဣနနောက်သို့လိုက်ကြ၏။ အခကိုရခြင်းငှါ ဗာလမ်မှားယွင်းသကဲ့သို့အလွန်မှားယွင်းခြင်းရှိကြ၏။ ကောရ၏ ငြင်းခံခြင်းအပြစ်နှင့် ဖျက်ဆီးခြင်းသို့ ရောက်ကြ၏"ဟု ပြောထားသည်။ တနည်းအားဖြင့်၊ မှားယွင်းသောဆရာတစ်ပါးအား သူ၏မာန်မာနကြီးခြင်း၊ (ကာဣနက ဘုရားသခင်၏အကြံအစည်တော်ကို ငြင်းပယ်ခဲ့သည်)၊ လောဘကြီးခြင်း (ငွေကြေးရရှိရေးအတွက် ဗာလမ်၏ ပရောဖက် ပြုခြင်း)၊ ပုန်ကန်ထကြွခြင်း (ကောရ၏ မောရှေအပေါ် မိမိကိုယ်ချီးမြှောက်ခြင်း)အားဖြင့် သိရှိနိုင်သည်။ 
သခင်ယေရှုက ထိုသို့သောသူများကို သတိပြုရန် ပြောခဲ့သည်။ သူတို့၏အသီးများအားဖြင့် ကျွန်ုပ်တို့ သိရှိလိမ့်မည် (မဿဲ ၇း၁၅-၂၀)။ 
အသင်းတော်မှာ မှားယွင်းသော သွန်သင်ခြင်းကို ပထုတ်နိုင်ရန်အတွက် အထူးသဖြင့် ဂလာတိ၊ ၂ပေ၊ ၁ယော၊ ၂ယော၊ နှင့် ယုဒတို့ကို ဆက်လက်လေ့လာပါ။ မှားယွင်းသောဆရာ/မိစ္ဆာပရောဖက်များကို သိရှိရန် အလွန်ခက်ခဲသည်။ 
စာတန်သည် ကောင်းကင်တမန်အလင်းကဲ့သို့ ဟန်ဆောင်တတ်သည် (၂ကော ၁၁း၁၄)။ သူ၏အမှုတော်ဆောင်များသည်လည်း ဖြောင့်မတ်သောသူ၏အစေခံကဲ့သို့ ဟန်ဆောင်တတ်သည် (၂ကော ၁၁း၁၅)။ ကျွန်ုပ်တို့သည် သမ္မာတရားနှင့် ရင်းနှီးကျွမ်းဝင်မှသာလျှင် အတုအယောင်များကို အသိအမှတ်ပြုနိုင်မည် ဖြစ်သည်။

|| အစွန်းရောက် ဘာသာတရားဆိုတာ အဘယ်နည်း..? ||

"အစွန်းရောက်ဘာသာတရား"ကို ကျွန်ုပ်တို့ကြားသောအခါ စာတန်ကိုကိုးကွယ်သောသူများတိရစ္ဆာန်များဖြင့် ယဇ်ပူဇော်သောသူများဝိညာဉ်ဆိုးများဖြင့်အလုပ်လုပ်သောသူများထူးဆန်းသောအရာလုပ်ဆောင်သောသူများနှင့် ရုပ်တု ကိုကိုးကွယ်၍ ပွဲကျင်းပသောသူများဖြစ်သည်ဟု ကျွန်ုပ်တို့ ထင်တတ်ကြသည်။ 
သို့သော် အမှန်မှာ အစွန်းရောက်ဘာသာ တရားအများစုသည် 
ပိုပြီး အပြစ်ကင်းကြသည်။ ခရစ်ယာန်တစ်ယောက်အစွန်းရောက်ဘာသာတရားကိုးကွယ်ခြင်းအဓိပ္ပါယ် မှာ "နှုတ်ကပတ်တော်သမ္မာတရားအခြေခံမူဝါဒ တစ်ခု သို့မဟုတ် အများကို
 ငြင်းပယ်သော ဘာသာရေးအဖွဲ့များ" ဖြစ်သည်။ ရိုးရိုးလေးဖြင့်ဖော်ပြရလျှင် အစွန်းရောက်ဘာသာတရားကိုးကွယ်ခြင်းဟူသည်မှာ လူတစ်ယောက်သည် ယုံကြည်လျှင် ကယ်တင်ခြင်းစိတ်ချမှုမရရှိရန် သွေးဆောင်သွန်သင်သူအဖွဲ့ ဖြစ်သည်။ ယုံကြည်မှုမတူသော်လည်း အစွန်းရောက်ဘာသာတရားကိုးကွယ်သူများသည် မှန်ကန်သော ဘာသာတရားကိုးကွယ်သောသူများဖြစ်ကြသည်ဟု ပြောကြသည်။

 သို့သော် သူတို့ကို မှန်ကန်သော ဘာသာတရားသွန်သင်သော သမ္မာတရားများကို ငြင်းပယ်ခဲ့ကြသည်။ အစွန်းရောက်ဘာသာတရားကိုးကွယ်သောခရစ်ယာန်သည် ခရစ်ယာန်ဘာသာ၏အခြေခံကျသောသမ္မာတရားများကို တစ်ခု သို့မဟုတ် အများငြင်းပယ်သောသူများဖြစ်ကြသည်။ သူတို့က ခရစ်ယာန်တစ်ဦးအဖြစ် မိမိကိုယ်ကို ပြောကြသည်။ အစွန်းရောက်ဘာသာတရားကိုးကွယ်သူများ၏ အများစု သွန်သင်မှုများမှာ သခင်ယေရှုသည် ဘုရားသခင်မဟုတ်ကြောင်း၊ ယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်းမရနိုင်ကြောင်း စသည်တို့ဖြစ်သည်။ 

ခရစ်တော်၏ဘုရားဖြစ်ခြင်းကို ငြင်းပယ် ခြင်းသည် သူအသေခံခြင်းက ကျွန်ုပ်တို့အပြစ်များ ပေးဆပ်ကျေအေးစေရန် မလုံလောက်ကြောင်းကို ဖော်ပြလိုခြင်း ဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်းမရဟု ငြင်းပယ်ခြင်းသည်လည်း ကောင်းမှုကုသိုလ်အားဖြင့် ကယ်တင်ခြင်းရရှိသည်ဟု ခံယူခြင်း ဖြစ်သည်။ သမ္မာကျမ်းစာဖော်ပြချက်နှင့် ဆန့်ကျင်ဘက် ဖြစ်သည် ။ ဘာသာတရား အစွန်းရောက်သူများအဖြစ် သတ်မှတ်ခြင်းခံရသော နမူနာနှစ်ခုမှာ Jehovah's Witnesses နှင့် Mormons တို့ ဖြစ်ကြသည်။ Jehovah's Witnesses နှင့် Mormons တို့က သမ္မာကျမ်းစာသွန်သင်သောအရာများစွာကို သဘောတူသည်။ ထိုအရာနှင့်တူသောအရာများကိုလည်း ယုံကြည်ကြသည်။ 

သို့သော် သူတို့က ခရစ်တော်၏ဘုရားဖြစ် ခြင်းနှင့် ကယ်တင်ခြင်းသည် ကောင်းမှုကုသိုလ်အားဖြင့်ရရှိသည်ဟု သွန်သင်သဖြင့် သူတို့သည် အစွန်းရောက် ဘာသာတရားကိုးကွယ်သောသူများဖြစ်ကြသည်။ Jehovah's Witnesses, Mormons နှင့် ဘာသာရေးအစွန်းရောက် သူများသည် လူကောင်းများဖြစ်ကြကာ သမ္မာတရားကို ယုံကြည်သော သူများဖြစ်ကြသည်။ ခရစ်ယာန်များအနေဖြင့်၊ ကျွန်ုပ်တို့၏မျှော်လင့်ခြင်းနှင့် ဆုတောင်းခြင်းသည် အစွန်းရောက်ဘာသာတရား၌ပါဝင်သောသူများက သခင်ယေရှုခရစ် တော်ကိုသာ ယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်းရရှိသည်ဟူသော သမ္မာတရားကို ယုံကြည်ခြင်း၌ အုတ်မြစ်ချခြင်း ဖြစ်သည်။

|| သမ္မာကျမ်း ဖော်ပြချက်အရ လူသေဆုံးပြီး လုံးဝပျောက်ကွယ်ပါသလား ||

လူတွေသေဆုံးပြီးနောက် လုံးဝပျောက်ကွယ်ခြင်းယုံကြည်မှုသည် မယုံကြည်သူများက ထာဝရငရဲမီးအိုင်ထဲ၌ တစ်သက်လုံးဆင်းရဲဒုက္ခမခံစားရဟူသော ယုံကြည်ခြင်း ဖြစ်သည်။ သို့သော် သူတို့သည် သေဆုံးခဲ့ပြီးနောက် "လုံးဝ ပျောက်ကွယ်သွားသည်" 
ဟု ယုံကြည်ကြသည်။ ငရဲမီးအိုင်ထဲ၌ လူတွေ ထာဝရနေထိုင်ခြင်းသည် အလွန်ကြောက်စရာ ကောင်းသော ခံယူချက်ဖြစ်သဖြင့် လူတွေသေဆုံးပြီးနောက် လုံးဝပျောက်ကွယ်သွားခြင်းခံယူချက်သည် လူများစွာတို့၏ ကြိုက်နှစ်သက်သောယုံကြည်မှု ဖြစ်သည်။ လူတွေသေဆုံးပြီးနောက်လုံးဝပျောက်ကွယ်မှုခံယူချက်သည် မှားကြောင်း ကွန့်ကွက်သော ကျမ်းချက်အချို့ရှိသည်။ မယုံကြည်သူများ၏ ကံကြမ္မာသည် ငရဲမီးအိုင်ထဲသို့ ထာဝရခံစားရမည်ဖြစ် ကြောင်း သမ္မာကျမ်းစာက ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည်။ လူတွေသေဆုံးပြီးနောက် လုံးဝပျောက်ကွယ်ခြင်း ယုံကြည်မှုသည် အောက်တွင် ဖော်ပြထားသော ဓမ္မခံယူချက်တစ်ခု (သို့)ခံယူချက်များအပေါ် နားလည်မှုလွှဲချော်မှုကြောင့် ဖြစ်သည်။ - 
(၁) အပြစ်၏ကွင်းဆက် (၂) ဘုရားသခင်၏ဖြောင့်မတ်ခြင်း 
(၃) ငရဲမီးအိုင်၏သဘောသဘ၀။ 
ငရဲမီးအိုင်၏သဘောသဘ၀နှင့်ပတ်သက်ပြီး လူတွေသေဆုံးခဲ့ပြီးနောက် လုံးဝပျောက်ကွယ်ခြင်းခံယူချက်စွဲကိုင်သူများက ငရဲမီးအိုင်၏အနက်ဓိပ္ပါယ်ကို နားမလည်ကြသောကြောင့် ဖြစ်သည်။ လူတစ်ယောက်သည် ကန့်နှင့်ရောသော ငရဲမီးအိုင်ထဲမှာ ပစ်ချသောအခါ သူတို့သည် လောင်ကျွမ်းသွားကြမည်ဟု ခံယူကြသည်။ သို့သော် ငရဲမီးအိုင်သည် ကိုယ်ကာယနှင့်ဝိညာဉ်ရေးရာ ရောက်မည့်နေရာ ဖြစ်သည်။ လူ၏ကိုယ်ခန္ဓာတစ်ခုတည်းသာ ငရဲမီးအိုင်ထဲသို့ ပစ်ချခြင်း မဟုတ်ဘဲ လူ၏ကိုယ်ခန္ဓာ၊ စိတ် ၀ိညာဉ်များကို ပစ်ချခြင်း ဖြစ်သည်။ ၀ိညာဉ်ကို မီးအိုင်က မလောင်ကျွမ်းစေနိုင်ပါ။ ကယ်တင်ခြင်းမရသေးသောသူများသည်လည်း ကယ်တင်ခြင်းရရှိသောသူများကဲ့သို့ ထာဝရအတွက် ပြင်ဆင်ထားသော ကိုယ်ခန္ဓာဖြင့် ထမြောက်လိမ့်မည် 
(ဗျာဒိတ် ၂၀း၁၃၊ တမန် ၂၄း၁၅)။ 
ဤကိုယ်ခန္ဓာများသည် ထာဝရအတွက် ပြင်ဆင် ပေးထားခြင်း ဖြစ်သည်။ ထာဝရဟူသည်မှာ လူတွေသေဆုံးပြီးနောက် လုံးဝပျောက်ကွယ်သွားခြင်းသည် မှားယွင်းကြောင်း ဖော်ပြပေးသော အခြား ခံယူချက်တစ်ခုပင် ဖြစ်သည်။ ဂရိစကားလုံး aionion သည် "ထာဝရကာလ"ဟု ဘာသာပြန်ဆိုထားသော်လည်း "ထာဝရ" ကာလကို ရည်ညွှန်းလိုခြင်းမဟုတ်သောကြောင့် လူတွေသေဆုံးသွားပြီးနောက် လုံးဝပျောက်ကွယ်ခြင်းသည် မှန်ကန်သည်။ ထိုစကားလုံးသည် အချိန်တစ်ခုအတောအတွင်း "နှစ်" (သို့) "အလွန်ရှည်လျားသောကာလတစ်ခု"ကို ရည်ညွှန်းလိုခြင်း ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲတွင် aionion ကို ထာဝရကာလကို ရည်ညွှန်းပေးသော စကားလုံးအဖြစ် တခါတရံအသုံးပြုကြောင်း တွေ့ရသည်။ ဗျာဒိတ် ၂၀း၁၀ ထဲတွင် စာတန်၊ သားရဲနှင့် မိစ္ဆာပရောဖက်များကို ငရဲမီးအိုင်ထဲ၌ ပစ်ချခြင်းခံရပြီး သူတို့သည် "နေ့ညမပြတ်၊ ထာဝရ" ငရဲမီးအိုင်မှာ တစ်သက်လုံး ဆင်းရဲဒုက္ခခံရမည်ဟု ဖော်ပြထားသည်။ သူတို့သုံးယောက်တို့သည် ငရဲမီးအိုင်ထဲမှာ လောင်ကျွမ်းပျောက်ကွယ်ခြင်းအရှိဟု သေချာစွာ သိရှိနိုင်သည်။ ကယ်တင်ခြင်း မရသေူသောသူများ၏ကံကြမ္မာသည် အဘယ်ကြောင့် ကယ်တင်ခြင်းရရှိသောသူများနှင့်မတူသနည်း (ဗျာဒိတ် ၂၀း၁၄-၁၅)။ ငရဲအစစ်အမှန်တည်ရှိကြောင်းကို မဿဲ ၂၅း၄၆ ထဲတွင် တိကျစွာ ဖော်ပြထားသည်။ "ထိုသူတို့သည် ထာဝရအပြစ် ဒဏ်ခံရာသို့၎င်း၊ ဖြောင့်မတ်သောသူတို့မူကား၊ ထာဝရအသက်ရှင်ရာသို့၎င်း၊ သွားရကြလတံ့ဟု မိန့်တော်မူ၏။"ဤကျမ်း ပိုဒ်ထဲတွင် အထက်ကဖော်ပြထားသော ဂရိစကားလုံးကို ဆိုးသွမ်းသောသူများနှင့် ဖြောင့်မတ်သောသူများတို့၏ ကံကြမ္မာ ကိုရည်ညွှန်းရန်အတွက် အသုံးပြုထားသည်။ ဆိုးသောသူများသည် ငရဲမီးအိုင်ထဲမှာ "အချိန်ကာလတစ်ခုအတောအတွင်း" သာနေလျှင် ဖြောင့်မတ်သောသူများသည် ကောင်းကင်နိုင်ငံတော်မှာ "အချိန်ကာလတစ်ခုအတောအတွင်း" ရှိကြမည် ဖြစ်သည်။ ယုံကြည်သူများသည် ကောင်းကင်နိုင်ငံတော်မှာ အသက်လုံးနေလျှင် မယုံကြည်သူများသည်လည်း 
ငရဲထဲမှာ ထာဝရနေရမည် ဖြစ်သည်။ လူတွေသေဆုံးပြီးနောက်လုံးဝပျောက်ကွယ်သွားသည်ဟူသောခံယူချက်စွဲကိုင်သူများက အကန့်အသန့်ရှိသော အပြစ်ကြောင့် ငရဲမီးအိုင်၌ မယုံကြည်သူများအား ထာဝရပြစ်ဒဏ်ပေးခြင်းသည် မတရားဘူဟု ပြောတတ်ကြသည်။ နှစ်ပေါင်း ၇၀အတွင်း အပြစ်တရားဖြင့် အသက်ရှင်သောသူတစ်ဦးကို ဘုရားသခင်က ထိုအပြစ်ကြောင့် ထာဝရပြစ်ဒဏ်ခံစေခြင်းသည် တရားမျှတမှုမရှိမလား။ ကျွန်ုပ်တို့အပြစ်များသည် ဘုရားသခင်ကို ဆန့်ကျင်သောအပြစ် ဖြစ်သောကြောင့် ထိုအပြစ်တရားသည် ထာဝရပြစ်ဒဏ်ခံထိုက်သည်ဟု ဖြေကြားနိုင်သည်။ ဒါဝိဒ်ရှင်ဘုရင်သည် ကာမဆက်ဆံရေးအပြစ်နှင့်လူသတ်မှုအပြစ်ကို ကျူးလွန်မိသောအခါ သူက "ကိုယ်တော်ကို ပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မျှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ။ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်တော်မူချက်သည် အပြစ်လွတ်ပါ၏" (ဆာလံ ၅၁း၎)ဟု ပြောခဲ့သည်။ ဒါဝိဒ်က ဗာသရှေဘနှင့် ဥရိယကို ပြစ်မှားခဲ့သည်။ ဘာကြောင့် ဒါဝိဒ်က ဘုရားသခင်ကိုသာ ပြစ်မှားပါပြီး ဟု ပြောခဲ့သနည်း။ ဒါဝိဒ်က အပြစ်အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောအပြစ်ဖြစ်သည်ဟု သိရှိခဲ့သည်။ ဘုရားသခင်သည် ထာဝရဘုရားသ ခင်ဖြစ်သည်။ ထိုကြောင့် သူ့ကို ဆန့်ကျင်သောအပြစ်အားလုံးသည် ထာဝရပြစ်ဒဏ်ခံထိုက်သည်။ ကျွန်ုပ်တို့အပြစ်ပြုသော အချိန်ကာလသည် မည်သို့ပင် များနေပါစေ၊ နည်းနေပါစေ ကျွန်ုပ်တို့ပြုသောအပြစ်သည် ဘုရားသခင်၏ဂုဏ်သိက္ခာကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံသို့ရောက်သော်လည်း ကျွန်ုပ်တို့ချစ်သူများသည် ငရဲမီးအိုင်၌ထာဝရ ဆင်းရဲဒုက္ခခံစား လျှင် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ပျော်ရွှင်နိုင်မည်ဟုတ်ဟူသောခံယူချက်သည် လူတွေသေဆုံးခဲ့ပြီးနောက် လုံးဝပျောက်ကွယ်သွားခြင်းကို ယုံကြည်သောသူများ၏ ထင်မြင်ယူဆချက် ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ကောင်း ကင်နိုင်ငံသို့ရောက်ကြသောအခါ စောဒကတက်ခြင်း၊ ၀မ်းနည်းခြင်းတစုံတခုမျှ ရှိတော့မည် မဟုတ်ပါ။ ဗျာဒိတ် ၂၁း၎ က "ဘုရားသခင်သည် သူတို့၏မျက်စီ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေးမရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဘူးသောအရာတို့သည် ရွေ့သွားကြပြီ" ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့ချစ်သောသူများသည် ကောင်းကင်နိုင်ငံတော်သို့မရောက်လျှင် သူတို့ကို ကျွန်ုပ်တို့ လိုချင် တောင့်တတော့မည်မဟုတ်ဘဲ သူတို့သည် သခင်ယေရှုခရစ်တော်ကို သူတို့၏ကယ်တင်ရှင်အဖြစ် ငြင်းဆိုကြသောကြောင့် ပြစ်ဒဏ်ခံထိုက်သည်ဟု ကျွန်ုပ်တို့ လုံးဝ သဘောတူကြမည်ဖြစ်သည် (ယောဟန် ၃း၁၆၊ ၁၄း၆)။ ဤအရာကို နားလည်ရန် ခက်ခဲသော်လည်း သူတို့၏ငရဲမီးအိုင်ထဲရောက်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ၀မ်းနည်းမှုကို ခံစားကြမည်မဟုတ်ပါ။ ကျွန်ုပ်တို့ချစ်သောသူများအရှိရင်လည်း ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်မှာ ပျော်ရွှင်ကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်ကိုယုံကြည်သော ကျွန်ုပ်တို့ချစ်သောသူများနှင့်အတူရှိမည်ဖြစ်သောကြောင့် ကောင်းကင်နိုင်ငံမှာ ပျော်ရွှင်ကြမည် ဖြစ်သည်။ ငရဲမီးအိုင်ရှိသောကြောင့် သခင်ယေရှုက သခင်ယေရှုခရစ်တော်အား ကျွန်ုပ်တို့၏အပြစ်၏အခကို ပေးဆပ်ရန် စေလွှတ်ခြင်း၏အဓိကအကြောင်းရင်း ဖြစ်သည်။ သေပြီးနောက် "လုံးဝပျောက်ကွယ်ခြင်း"သည် မှားယွင်းသောခံယူချက် ဖြစ်သည်။ သို့သော် ငရဲမီးအိုင်၌ထာဝရဒုက္ခခံရခြင်းသည် တိကျသေခြာသည်။ သခင်ယေရှုအသေခံခြင်းသည် ထာဝရ သေခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ငရဲမီးအိုင်၌ ထာဝရပြစ်ဒဏ်ခံခြင်းမှ လွတ်မြောက်အောင် ပြစ်ကြွေးများအားလုံးကို ထာဝရလုံလောက်ရန် သခင်ယေရှုက ပေးဆပ်ခဲ့ပြီး ဖြစ်သည် (၂ကော ၅း၂၁)။ ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည် သောအခါ ကယ်တင်ခြင်းရရှိသည်။ အပြစ်လွတ်ခြင်းအခွင့်ရရှိသည်။ သန့်ရှင်းခြင်းရရှိသည်။ ကောင်းကင်နိုင်ငံမှာ ထာဝရ နေရမည်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ထာဝရအသက်ဆုကျေးဇူးကို ငြင်းပယ်လျှင် 
ထိုဆုံးဖြတ်ချက် ကြောင့် ထာဝရ ပြစ်ဒဏ်ခံရမည် ဖြစ်သည်။အာမင်း

|| Agnosticism ဘုရားသခင်ကို မယုံကြည်သောဝါဒ ဟူသည်မှာ အဘယ်နည်း ||

ဘုရားသခင်ကို မယုံကြည်သောဝါဒဟူသည်မှာ ဘုရားသခင်တည်ရှိခြင်းကို မသိနိုင်/သက်သေမပြနိုင်ဟု ယုံကြည်ခြင်း ဖြစ်သည်။ "agnostic" စကားလုံး၏အနက်အဓိပ္ပါယ်မှာ "ဥာဏ်ပညာကင်းမဲ့ခြင်း" ဖြစ်သည်။ ဘုရားသခင်ကို မယုံကြည် ခြင်းသည် ဘုရားသခင်မရှိဟု ယုံကြည်မှုထက် ပိုဆိုးသည်။ "What is agnosticism?" Agnosticism is a more intellectually honest form of atheism. ဘုရားသခင်မရှိဟု ယုံကြည်သူများက ဘုရားသခင်ရှိခြင်း၊ မရှိခြင်းအကြောင်းကိုလည်း သက်သေမပြနိုင်ဟု ဆိုကြသည်။ ဘုရားသခင်ကို မယုံကြည်သောသူများက ဘုရားသခင်တည်ရှိ ခြင်းကို သက်သေမပြနိုင်/သက်သေပြ၍မရ ဟု ငြင်းဆိုကြသည်။ ဘုရားသခင်ရှိသည်ကို၎င်း၊ မရှိသည်ကို၎င်း သက်သေမပြနိုင်ဟု ဆိုကြသည်။ ဤအကြောင်းမှာ ဘုရားသခင်ကိုမယုံကြည်သောဝါဒသည် မှန်ကန်သည်။ ဘုရားသခင် တည်ရှိခြင်းကို မျက်ဝါးထင်ထင် သက်သေမပြနိုင်ပါ။ သက်သေပြလို့လည်းမရပါ။ ဘုရားသခင်တည်ရှိခြင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ လက်ခံရမည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ ဟေဗြဲ ၁၁း၆ ထဲမှာ "ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးသည်ကို၎င်း၊ ယုံကြည်ရမည်" ဟု ဖော်ပြထားသည်။ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူသောကြောင့် (ယောဟန် ၄း၂၄) သူ့ကို မျက်စိဖြင့်မမြင်နိုင်၊ လက်ဖြင့်မထိတွေ့နိုင်ပါ။ ဘုရားသခင်က မိမိကိုယ်ကို မပြသလျှင် သူ့ကို မျက်စိဖြင့်မြင်တွေ့၍မရပါ (ရောမ ၁း၂၀)။ ဘုရားသခင်ရှိကြောင်းကို စကြာဝဋ္ဌာတည်ရှိခြင်း (ဆာလံ ၁၉း၁-၄)အားဖြင့်၎င်း၊ ဖန်ဆင်းထားသောအရာ များ (ရောမ ၁း၁၈-၂၂)အားဖြင့်၎င်း၊ ကျွန်ုပ်တို့နှလုံးသားထဲမှာ အသိအမှတ်ပြုခြင်း(ဒေသနာကျမ်း ၃း၁၁)အားဖြင့်၎င်း သိ နိုင်သည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ ဘုရားသခင်ကိုမယုံကြည်သောသူများက ဘုရားသခင်ရှိခြင်းကို လက်ခံရန်၎င်း၊ ငြင်းပယ်ရန်၎င်း ဆုံးဖြတ်ချက်မချ ချင်ကြပါ။ ထိုသို့ခံယူခြင်းသည် ဟိုမရောက် ဒီမရောက်ခံယူချက်ဖြစ်သည်။ ဘုရားသခင်ကိုယုံကြည်သူများက ဘုရား သခင်ရှိခြင်းကို ယုံကြည်ကြသည်။ ဘုရားမဲ့ဝါဒီများက ဘုရားသခင်ရှိခြင်းကို မယုံကြည်ကြပါ။ ဘုရားသခင်ကို မယုံကြည်သောသူများက ဘုရားသခင်ရှိခြင်းကိုဖြစ်စေ၊ မရှိခြင်းကို ဖြစ်စေ သက်သေမပြနိုင်သောကြောင့် ဘုရား သခင်တည်ရှိခြင်းကို မယုံကြည်သင့်၊ စဉ်းစားရန်အတွက်လည်းမကောင်းဟု ယုံကြည်ကြသည်။ ငြင်းခုံနေမည့်အစား၊ ဘုရားသခင်တည်ရှိခြင်းနှင့်ပတ်သက်၍ စေ့စပ်သေချာပြီး မငြင်းဆိုနိုင်သောသက်သေအထောက် အထားများကို ကောက်ယူကြပါစို့။ ဘုရားမဲ့ဝါဒနှင့်ဘုရားသခင်မယုံကြည်သောဝါဒကို အခြေခံလျှင် သေပြီးနောင်တမလွန် ဘ၀နှင့်ပတ်သက်ပြီး အဘယ်အရာကို "မြင်တွေ့" နိုင်ကြမည်နည်း။ ဘုရားသခင်မရှိလျှင် ဘုရားမဲ့ဝါဒီများနှင့် ဘုရားသခင် ကိုမယုံကြည်သောဝါဒီများသည် သေဆုံးသွားခဲ့ပြီးနောက် လုံးဝရပ်တန့်တော့မည် ဖြစ်သည်။ ဤရှုထောင့်မှကြည့်လျှင် ဘုရားမဲ့ဝါဒီများသည် ဘုရားသခင်ကိုမယုံကြည်သောဝါဒီများထက် ပိုပြီး "အဓိပ္ပါယ်" ရှိသည်။ အခြေအနေကို သက်သေ ပြနိုင်သည်ဖြစ်စေ၊ မပြနိုင်သည်ဖြစ်စေ၊ ထာဝရကာလအတွက်၊ နောက်ဆုံးသော အကျိုးသက်ရောက်မှုများကို သေချာ စဉ်းစားပြီး ကြိုးစား ဆန်းစစ်မှုသည် အကောင်းဆုံးဖြစ်သည်။ သံသယဖြစ်ခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသောအရာတစ်ခုဖြစ်သည်။ လောကမှာ ကျွန်ုပ်တို့ နားမလည်သောအရာများစွာ ရှိသည်။ လူတွေက ဘုရားသခင်ပြုသော အမှုအရာများနှင့်ခွင့်ပြုသောအရာများကို နားမလည်ကြသဖြင့် သူတို့က ဘုရား သခင်တည်ရှိခြင်းကို မကြာခဏ သံသယ၀င်တတ်ကြသည်။ သို့သော် အကန့်အသတ်ရှိသော လူသားများ၏ဦးနှောက်ဖြင့် အကန့်အသတ် မရှိသောဘုရားသခင်၏အကြောင်းကို ပြည့်စုံစွာ နားလည်သိရှိနိုင်မည်ဟု ကျွန်ုပ်တို့ မြော်လင့်ချက်မထားသင့်ပါ။ ရောမ ၁၁း၃၃-၃၄ ထဲမှာ "ဘုရားသခင်၏ ပညာနှင့်ဥာဏ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွတကား။ စီရင် တော်မူချက်တို့ကို အဘယ်သူမျှစစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကိုလိုက်၍ ရှာသော်လည်း မတွေ့မမှီနိုင်။ ထာဝရဘု ရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရားနှင့် အဘယ်သူသည် တိုင်ပင်ဘက်ပြုသနည်း"ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကို ယုံကြည်ရမည်။ ယုံကြည်ခြင်းအားဖြင့် သူ၏နည်းလမ်းကို ကိုးစားရမည်။ ဘုရားသခင်က သူ့ကိုယုံကြည်သောသူများအား အံ့သြဖွယ်ကောင်းသောနည်းလမ်း များအားဖြင့် မိမိကိုယ်ကို ပြသထင်ရှားလျက်ရှိသည်။ တရားဟောရာကျမ်း ၄း၂၉ ထဲတွင် " သို့သော်လည်း၊ ထိုအရပ်တို့၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို တဖန်ရှာလိုသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့ရှာလျှင် တွေ့ရကြလိမ့်မည်" ဟု ဖော်ပြထားသည်။Amen!!

|| ATheism ဘုရားမဲ့ဝါဒဟူသည်မှာ အဘယ်နည်း ||

ဘုရားမဲ့ဝါဒီသမားများက ဘုရားသခင်မရှိဟု ယုံကြည်ကြသည်။ ဘုရားမဲ့ဝါဒသည် အသစ်အဆန်းမဟုတ်ပါ။ ဆာလံ ၁၄း၁ ကို ဒါဝိဒ်က ဘီစီ ၁၀၀၀ ခန့်တွင် ရေးသားခဲ့သည်။ ဘုရားမရှိဟု ယုံကြည်သူများကို "ဘုရားသခင်မရှိဟု မိုက် သောသူသည် ထင်တတ်၏"ဟု ဖော်ပြထားသည်။ ယခုကိန်းဂဏာန်းတွက်ချက်အရ ဘုရားသခင်မရှိဟုယုံကြည်သူများ သည် ကမ္ဘာပေါ်မှာ တစ်ရာလျှင် ဆယ်ယောက်အထိ တိုးတက်သည်ဟု ဖော်ပြထားသည်။ ဘာကြောင့် ဘုရားသခင်မရှိ ဟု ယုံကြည်သူများ တိုးတက်လာသနည်း။ ဘုရားမရှိဟု ယုံကြည်သူများဖော်ပြသည့်အတိုင်း ထိုယုံကြည်ခြင်းသည် မှန်ကန် သလား။ ဘာကြောင့် ဘုရားမဲ့ဝါဒ ရှိသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် သူရှိခြင်းကို လူသားများထံ မိမိကိုယ်ကို မဖွင့် ပြသနည်း။ ဘုရားသခင်သည် မိမိကိုယ်ကို ထင်ရှားလျှင် လူတိုင်းက သူ့ကို ယုံကြည်ကြမည်ဖြစ်သည်။ ပြဿနာတစ်ခုမှာ ဘုရားသခင်က သူရှိခြင်းအကြောင်းကို လူသားများထံ ဖွင့်ပြရန် အလိုတော်မရှိခြင်း ဖြစ်သည်။ ဘုရားသခင်၏အလို တော်မှာ ယုံကြည်ခြင်းအားဖြင့် သူ့ကို ယုံကြည်ရန် (၂ပေ ၃း၉)နှင့် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းဆုကျေးဇူးရရှိရန် အတွက် (ယောဟန် ၃း၁၆) ဖြစ်သည်။ ဘုရားသခင်က သူရှိခြင်းအကြောင်းကို ဓမ္မဟောင်းကျမ်းထဲမှာ ကြိမ်ဖန်များ စွာ ဖော်ပြခဲ့သည်
(ကမ္ဘာ ၆-၉၊ ထွက် ၁၄း၂၁-၂၂၊ ၃ရာ ၁၈း၁၉-၃၁)။
လူသားများက ဘုရားသခင်ရှိခြင်းကို ယုံကြည် ခဲ့ကြသလား။ ယုံကြည်ခဲ့ကြသည်။ သူတို့သည် အပြစ်တရားကို စွန့်ပစ်ပြီး ဘုရားသခင်ထံ ပြန်လာခဲ့ကြသလား။ မလာခဲ့ကြ ပါ။ လူတစ်ယောက်သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှိခြင်းကို လက်မခံလျှင် ယုံကြည်ခြင်းအားဖြင့် သခင်ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံရန် အဆင်သင့်မရှိခြင်း ဖြစ်သည် (ဧဖက် ၂း၈-၉)။ ဘုရားသခင်၏ အလိုတော်သည် လူသားများခရစ်ယာန်များဖြစ်လာရန်ဖြစ်သည်။ ဘုရားသခင်မရှိဟု ယုံကြည်သောသူများမဖြစ်သင့်ပါ။ (ဘုရားသခင်ရှိကြောင်းကို ယုံကြည်သူများဖြစ်ရမည်)။ ဘုရားသခင်၏တည်ရှိခြင်းကို ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ ဟေဗြဲ ၁၁း၆ ထဲတွင် "ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးကို ပေးတော်မူသည်ကို ၄င်း၊ ယုံကြည်ရမည်" ဟုဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကို ကိုးစားယုံကြည်သောအ ခါ ကောင်းချီးခံစားသည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ "ယေရှုကလည်း၊ သင်သည် ငါ့ကိုမြင်သောကြောင့် ယုံခြင်း ရှိ၏။ ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏" (ယောဟန် ၂၀း၂၉)။ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှိခြင်းကို လက်ခံရမည်။ သို့သော် ဘုရားသခင်ကို စိတ်အားဖြင့်သာ ယုံကြည်ခြင်းကို မဆိုလိုပါ။ ဘုရားသခင်တည်ရှိခြင်းသက်သေပြရန် များစွာရှိသည်။ ဖန်ဆင်းထားသောအရာများ (ဆာလံ ၁၉း၁-၄)ကို ကြည့်ခြင်း၊ သစ်ပင်ပန်းပင်များကိုကြည်ခြင်း (ရောမ ၁း၁၈-၂၂)၊ နှင့် ကျွန်ုပ်တို့နှလုံးသားအားဖြင့် (ဒေသနာ ၃း၁၁) ဘုရားသခင်တည်ရှိခြင်းကို သိရှိနိုင်သည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ သို့သော် ဘုရားသခင်တည်ရှိခြင်းကို သက်သေမပြနိုင်ပါ။ ယုံကြည်ခြင်းအားဖြင့် လက်ခံရမည် ဖြစ်သည်။ ထိုနည်းတူ၊ ဘုရားမဲ့ဝါဒကို ယုံကြည်ရန် ယုံကြည်ခြင်းများစွာ လိုအပ်သည်။ "ဘုရားသခင်မရှိ"ဟု ရဲဝံ့စွာ ဖော်ပြနိုင်ရန်အ တွက် အရာအားလုံးကို ပိုင်နိုင်ကျွမ်းကျင်စွာ သိရှိကြောင်း၊ ကမ္ဘာပေါ်မှာရှိသောအရာအားလုံးကို သိရှိကြောင်းနှင့် အရာ အားလုံးကို မြင်တွေ့သိရှိကြောင်းသက်ပြသရန်လိုအပ်ကြောင်း ပြောကြားရမည် ဖြစ်သည်။ သို့သော် ဘုရားသခင်မရှိ ကြောင်း သူတို့ဖော်ပြသောအရာသည် သက်သေပြရန် မရှိမဖြစ်လိုအပ်သည်။ ဘုရားမရှိဟု ယုံကြည်သူများက ဘုရားသခင်မရှိဟု သက်သေမပြနိုင်ပါ။ ဥပမားအားဖြင့်၊ နေမင်းကြီးအလယ်မှာနေထိုင်ခြင်း၊ ဂျူပီတာမိုးတိမ်အောက်မှာ နေထိုင်ခြင်း၊ အာကာတနှင့်ဝေးသောတစ်နေရာမှာ နေထိုင်ခြင်း တို့ဖြစ်သည်။ ထိုနေရာများသည် ကျွန်ုပ်တို့ ဦးနှောက်ခြင်းမမီ နိုင်ပါ။ ထိုနည်းတူ ဘုရားသခင်မရှိခြင်းသည်လည်း သက်သေမပြနိုင်ပါ။ ထိုကြောင့် ဘုရားမရှိဟု ယုံကြည်သူဖြစ်လာ နိုင်ရန် ဘုရားမရှိဟု ယုံကြည်သူကဲ့သို့ ယုံကြည်ခြင်းရှိရမည်။ ဘုရားမရှိဟုယုံကြည်မှုကို သက်သေမပြနိုင်ပါ။ ဘုရားသခင်ရှိခြင်းကို ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်။ ခရစ်ယာန် များက ဘုရားသခင်ရှိသည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်တည်ရှိခြင်းကို ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်ဟု ၀န်ခံကြသည်။ သို့သော် ဘုရားသခင်ကို စိတ်အတွေးအားဖြင့်သာ ယုံကြည်မှုဝါဒကို ကျွန်ုပ်တို့ ငြင်းပယ်သည်။ ဘုရားသခင် ရှိခြင်းကို မျက်ဝါးထင်ထင်၊ စိတ်အာရုံဖြင့်ခံစားမှုနှင့် ဒဿနိကဗေဒနှင့် သိပ္ပံပညာများအဖြင့် သက်သေပြသနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ "မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ဘုန်းတော်ကို ကြားပြော၍ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့် လုပ်သောအရာများကို ပြသ၏။ တနေ့ကို တနေ့မြွက်ဆို၍ တညဥ့်ကို တညဥ့်သွန်သင်၏။ နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ၊ သတို့နှုတ်ထွက်သံကို မကြားရသော်လည်း၊ သူတို့၏အသံသည် မြေတပြင်လုံး၌ နှံ့ပြား၍ သူတို့၏စကားသည် မြေကြီးစွန်း တိုင်အောင်ရောက်လေ၏" (ဆာလံ ၁၉း၁-၄)

|| ပရောဖက်စကားများပြည့်စုံပြီဟု ယုံကြည်သူများ အမြင် ||

ပရောဖက်စကားများပြည့်စုံပြီဟု ယုံကြည်သူများက ဗျာဒိတ်ကျမ်းထဲတွင် ဖော်ပြထားသောအရာများသည် ကနဦး အသင်းတော်တိုက်ခိုက်မှု၏ အမှတ်လက္ခဏာဖြစ်သည်ဟု ဘာသာပြန်ဆိုထားကြသည်။ နောက်ဆုံးသော ကာလမှာ ဖြစ် ပျက်မည့်အရာများ ရည်ညွှန်းခြင်းမဟုတ်ပါ။ ပရောဖက်စကားများပြည့်စုံပြီးဟု ယုံကြည်သူများက ဗျာဒိတ်ကျမ်းထဲမှာ ဖော်ပြထားသော အနာဂတ်အကြောင်းအများစုကို ငြင်းပယ်ခဲ့ကြသည်။ ဗျာဒိတ်ကျမ်းထဲတွင် ဖော်ပြထားသော ပုံဥပမာများနှင့် အမှတ်သင်္ကေတများသည် အနာဂတ်အကြောင်းကို ရည်ညွှန်းလိုခြင်းမဟုတ်ကြောင်း ပရောဖက်စကား များပြည့်စုံပြီဟု ယုံကြည်သူများက ခုခံပြောဆိုသည်။ ပရောဖက်စကားများပြည့်စုံပြီဟု ယုံကြည်သောသူများက ရောမ လူမျိုးများက ယေရုရှလင်မြို့နှင့်ဣသရေလလူမျိုးများကို တိုက်ခိုက်ဖျက်ဆီးသောအခါ အေဒီ ၇၀ ခုနှစ်တွင် ဓမ္မသစ်ကျမ်း ပရောဖက်ပြုချက်များအားလုံး ပြည့်စုံသွားခဲ့ပြီဟု အဓိက သွန်သင်ထားကြသည်။ ဗျာဒိတ် ၂နှင့်၃ ထဲတွင် ဖော်ပြထားသော အသင်းတော်များသို့ စာရေးပေးပို့ခြင်းများသည် တစ်ရာစုခုနှစ်တွင် စစ်မှန်သော အသင်းတော်များသို့ ပေးပို့ခြင်းဖြစ်ပြီး ယနေ့အသင်းတော်များအတွက် လက်တွေ့အသုံးပြုရမည့်အရာများပါဝင်သည်။ သို့ သော် အခန်းကြီး ၆-၂၂သည် အဖြစ်ရသေးသောအနာဂတ်အတွက်ရေးထားသောအရာဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသော ပရောဖက်အကြောင်းများကို ထိုအတိုင်းအနက်ဖွင့်လျှင် ဗျာဒိတ်ကျမ်းထဲတွင်ဖော်ပြထားသော ပရောဖက် စကားများ အနက်ဖွင့်ဆိုစရာအကြောင်းမရှိပါ။ ဥပမာအားဖြင့် ဓမ္မဟောင်းထဲမှာ ကြိုတင်ဖော်ပြထားသော ခရစ်တော်ကြွ လာခြင်းအကြောင်းကို သခင်ယေရှုခရစ်တော်အားဖြင့် ပြည့်စုံခဲ့သည်။ ကြိုတင်ဟောကြားချက်အတိုင်း အချိန်စေ့သော အခါ ခရစ်တော်သည် ကြွလာခဲ့သည် (ဟေရှာယ ၉း၂၅-၂၆)။ ခရစ်တော်သည် အပျိုကညာမှ မွေးဖွားခဲ့သည် (ဟေရှာယ ၇း၁၄)။ သူသည် ကျွန်ုပ်တို့အတွက် ဆင်းရဲဒုက္ခခံကာ အသေခံခဲ့သည် (ဟေရှာယ ၅၃း၅-၉)။ ဓမ္မသစ်ကျမ်းထဲတွင် ဘုရားသခင်ဖွင့်ပြထားသော ပရောဖက်စကားရာပေါင်းများစွာတို့သည် ပြည့်စုံခဲ့ပြီဖြစ်ကြောင့် မျက်ဝါးထင်ထင် တွေ့ရှိနိုင် သည်။ သို့သော် ထိုအရာက မပြည့်စုံသေးသော ပရောဖက်စကားများရှိသေးသည်ကို မဆိုလိုပါ။ တနည်းအားဖြင့် မပြည့်စုံရ သေးသော ပရောဖက်စကားများရှိသေးသည်ကို နားလည်ရန်အတွက် မဟုတ်ပါ။ ထို့ပြင် ပရောဖက်စကားများပြည့်စုံခဲ့ပြီဟူသောယုံကြည်မှုသည် ဗျာဒိတ်ကျမ်းတစ်အုပ်လုံးအနက်ဖွင့်ဆိုချက်နှင့် ညီညွတ်မှုမရှိပါ။ နောက်ဆုံးသောကာလများအကြောင်းနှင့်ပတ်သက်ပြီး ပရောဖက်စကားများပြည့်စုံပြီဟု ခံယူချက်အရ ဗျာဒိတ် အခန်းကြီး ၆-၁၈ တို့သည် ပုံဥပမာ၊ သင်္ကေတအမှတ်အသား ဖြစ်သည်။ လက်တွေ့ဖြစ်ပျက်မည့်အရာမဟုတ်ပါ။ သို့သော် သူတို့အမြင်အရ အခန်းကြီး ၁၉ သည် လက်တွေ့ဖြစ်ပျက်မည့်အရာဖြစ်သည်ဟု နားလည်ရမည်။ သခင်ယေရှုသည် ကိုယ်ခန္ဓာဖြင့် ပြန်လည်ကြွလာလိမ့်မည်။ ထိုနောက် အခန်းကြီး ၂၀ ကိုလည်း ပုံဥပမာဖြစ်သည်ဟု ပရောဖက်စကားများပြည့်စုံခဲ့ပြီဟု ခံယူသူများက ပြောကြသည်။ အခန်းကြီး ၂၁-၂၂ တို့သည် လက်တွေ့ဖြစ်ပျက်မည့်အရာ၊ ကောင်းကင်သစ်နှင့်မြေကြီးသစ် အမှန်ဖြစ်လာမည့်အကြောင်း ဖြစ်သည်။ ဗျာဒိတ်ကျမ်းထဲ တွင် အံ့သြဖွယ်ရာအဖြစ်အပျက်များပါဝင်ပြီး တခါတရံ ရူပါရုံဖြစ်သည် ငြင်းဆိုဖွယ်ရှိသည်။ ဗျာဒိတ်ကျမ်းထဲတွင် ဖြစ်ပျက်လာမည့်အရာများ တင်စားဖော်ပြထားခြင်းဖြစ်သည်ဟု မည်သူကမျှ ငြင်းဆို၍မရပါ။ သို့သော် ဗျာဒိတ်ကျမ်းထဲတွင် ဖော်ပြထားသော အနာဂတ်အကြောင်းများတစ်ခုငြင်းပယ်ကာ အချို့ကို အနာဂတ်လက်တွေ့ဖြစ်ပျက်မည့်အရာဖြစ်သည် ဟုယူဆခြင်းသည် ဗျာဒိတ်ကျမ်းကို ဖျက်ဆီးခြင်း ဖြစ်သည်။ တံဆိပ်များ၊ တံပိုးများ၊ ခွက်ဖလားများ၊ သက်သေများ၊ ၁၄၄၀၀၀၊ သားရဲ၊ မှားယွင်းသောပရောဖက်၊ အနှစ်တစ်ထောင်အုပ်စိုးခြင်း စသည်တို့သည် ပုံဥပမာ (သို့)အမှတ်သင်္ကေတ ဖြစ်လျှင် ခရစ်တော်ဒုတိယအကြိမ်ပြန်လည်ကြွလာခြင်းနှင့် မြေကြီးသစ်နှင့်ကောင်းကင်သစ်တို့သည် မျက်ဝါးထင်ထင် ရောက်လာမည်ဟု မည်သည့်အကြောင်းအရာပေါ်မှာ အခြေခံပြီး ပြောဆိုနိုင်မည်နည်း။ ၄င်းသည် ပရောဖက်စကားများ ပြည့်စုံပြီဟု ယုံကြည်သောသူများ၏ အားနည်းချက်ပင် ဖြစ်သည်။ အကြောင်းမှာ သူတို့က ဗျာဒိတ်ကျမ်းကို အနက်ဖွင့် သောအခါ ဘာသာပြန်သူ၏ ထင်မြင်ယူဆချက်များပေါ်မှာ အခြေခံပြီး အနက်ဖွင့်ဆိုထားသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ သည် ဗျာဒိတ်ကျမ်းကို လက်တွေ့တိကျဖြစ်လာမည့်အရာဖြစ်သည်ဟု ဖတ်ပြီး ယုံကြည်ကာ နာခံရမည် ဖြစ်သည်။

Friday, 20 July 2018

|| ဘုရားသ္ခင် စိတ်တော်နှင်.တွေ.သူ ဒါဝိတ်မင်း၏ ဆုတောင်း ||

Bathsheba နှင်. ဖေါက်ပြန်ပြီးနောက် ထာဝရဘုရားသည် ပရောဖက် နာသန်အား ဒါဝိတ်မင်းနှင်. ထိတ်တိုက် ရင်ဆိုင်ရန် စေခိုင်းသော် သူသည် 
ဆိုးဆိုးဝါးဝါး အပြစ် ကျူးလွန်ခဲ.ကြောင်း သဘောပေါက်သည်.အခါ 
အဓိက သုံးချက်ကို ထာဝရဘုရားထံ ဖေါ်ပြခဲ.သည်။ 
(၁) သန်.ရှင်းစေတော်မူပါ 
    (၂) ပြန်လည် ပြုပြင်တော်မူပါ 
(၃) အသုံးပြုတော်မူပါ။ 
(၁) သန်.ရှင်းစေတော်မူပါ Cleanse Me (Psalm 51:1-7) 
သူ.အပြစ်ရှိကြောင်း သိလာသည်.အချိန်မှာ သူသည် အပြစ်ကျူးလွန်ခဲ.ပြီး ပြီ။ သို.သော် သူ၏ မှားယွင်းမှုကို ဘုရားသခင်၏ သနားခြင်းဂရုဏာဖြင်. ဖုံးအုပ်ပေးဖို. တောင်းလျောက် တယ်။ သူ.ဖေါက်ပြန်မှုကို အပြစ်ကြွေး ဆပ်ခြင်း အဖြစ် ပြောင်းပေးပြီး( ဆာ ၁၃၀း၃၊ ဟေ ၄၃း၂၅) ညစ်ပေသော သူ.အဖြစ်ကို သန်.ရှင်းခြင်းအ၀တ်ဖြင်. ပတ်စီးပေးဖို.(ဟေ ၁း၁၈-၆၄း ၆) တောင်းလျောက်ခဲ.သည်။ ယနေ.ဂျူးထုံးစံအရ ဘ၀လဲခြင်းကို ဘ၀ ပြန် လည် အစပြုခြင်းဟု မှတ်ယူသည်။(ထမ ၁၉း၁၀) ဒါဝိတ်မင်းသည် သူ၏အတွင်းလူ ညစ်ညူးခြင်း၊ သိသိကြီး နှင်. ထာဝရ ဘုရား၏ အလိုတော် ဆန်.ကျင်ချိုဖေါက်ခြင်းသည် အပြစ်လွတ် စရာ အကြောင်း မရှိကြောင်း (Leviticus 20:10; Numbers 35:31-32) နားလည်သည်။ သူ.အသနားခံစရာ အဖြစ် ဘုရား၏ကျေးဇူးတော် သနား ခြင်း၊မေတ္တာနှင်. ဂရုဏာမှ တပါး (Exodus 34:6-7) အခြားမရှိသည်ကို သဘောပေါက်၏။ ဒါဝိတ်ကဲ. မိမိ မှားခဲ.သော အပြစ်ကျူးလွန်ခြင်း အတွက် ရှောင်ထွက် မနေပဲ ၀န်ခံ ဒူးထောက် ငိုကြွေးခြင်းဖြင်. သူ. သနားခြင်း ဂရုဏာကို မြော်လင်.လျှက် ရင်ဆိုင် ဖြေရှင်းခြင်းသည် စစ်မှန်သော နောင်တရခြင်း“true repentance” ဖြစ်သည်။(တနည်း) စစ်မှန်သော နောင်တရခြင်းသည် ၁၈၀ ဒီဂရီ ဦးတည်ချက် ပြန်လှည်.ခြင်းဖြစ်သည်။ 
True repentance leads a person to acknowledge his sin and prove he’s sorry with a 180-degree change in direction.” 
အကယ်၍ ဘုရားသား စစ်မှန်လျှင် သူ.ရှေ.တော်၌ ခလေးကဲ.သို. ငိုကြွေး လျှက်သူ.သနားခြင်း ဂရုဏာကို တောင်းလျောက်ကာ အပြစ်ဝန်ခံလျှင် သူ.ဂတိတော် ရှိသည် အတိုင်း (1 John 1:9) (John 19:28-30)ကောင်းကင် အဖ၏ ခွင်.လွတ်ခြင်း ရရှိမည် အမှန်ဖြစ်သည်။ 
(2) ပြုပြင်တော်မူပါ Restore me (Psalm 51:8-12) 
ဒါဝိတ်သည် အပြစ်အတွက် ပေးဆပ်ရမည်. အဖိုးအခ အလွန် ကြီးမား သည်ကို နားလည်သည်.အတွက် အပေါ်ယံ ဟိတ်ဟန်လုပ်၍ ၀န်ခံခြင်း မဟုတ်၊ သူ. နား မျက်စိ၊လက် နခမ်း၊ အရိုး- သူ. စိတ် နှလုံး ၀ိညာဉ် အားလုံး သန်.ရှင်းစေဖို. တောင်းလျောက်သည်သာမက ဘုရားကို သမ္မာ တရားနှင်. ပညာ (Truth & wisdom) အား သူ.အတွင်းလူ ခိုင်ခန်.ဖို. ၀ိညာဉ်တော် မသိမ်းမည်.အကြောင်း တောင်းခဲ.သည်။ Psalm 51:10 ဒါဝိတ်သည် အတွင်းလူ(the heart) သည် သူ.ပြသနာ အရင်းမြစ် နှင်. ပျော်ရွှင် ၀မ်းမြောက်ခြင်း မျိုးစေ. ကောင်းချီးမင်္ဂလာ ဖြစ်ကြောင်း သဘော ပေါက် ခဲ.သည်။ သို.သော် သူ.ကိုယ်သူ သူ.နှလုံးသားကို ပြောင်းလဲ နိုင်စွမ်း မရှိကြောင်း ဘုရားသာလျှင် တတ်နိုင်ကြောင်း နားလည်သည်။ 
(Jeremiah 24:7; Ezekiel 11:19; Ezekiel 36:25-27)
 ကိုယ်.အပြစ် ၀န်ခံစဉ် အလွန်လေးလံသော ၀န်ထမ်းသကဲ.သို.
 ခက်ခဲ မောပန်း နွမ်းနယ်ကာ စိတ်ဆင်းရဲလှပေမည်။ သို.သော် ခွင်.လွတ်ခြင်း ရသည်.အခါ ရှိသမျှဝန်ထုပ်အားလုံး ယူပစ်သလို ပေါ.ပါးကာ လွတ်ခြင်း နှင်.အတူ ၀မ်းမြောက်ခြင်း ရောက်လာပါသည်။ ထိုသို.မဟုတ် ငါ ဘာ. ကြောင်. ဤမျှလောက် မိုက်မဲခဲ.သနည်း ဟု ကိုယ်ကိုယ် အပြစ်တင် သည်.အခါ စိတ်ဆင်းရဲခြင်းတွင်း ပိုမို နက်ရှိုင်းခဲ.လေပြီ။ ဘုရား၏ ခွင်.လွတ်ခြင်း ဂရုဏာနှင်. မထိုက်တန်သူ ဟု တွေးထင်သူ ယုံကြည်သူသည် ၀ိညဉ်ရေး၌ ရုန်းကန်လှုပ်ရှားနေသူ ပျော်ရွှင် ၀မ်းမြောက်ခြင်းကို သိုဝှက်နေသူ ဖြစ်သည်။ စစ်မှန်သော နောင်တရသူ မှန်လျှင် ဘုရား၏ ဂရုဏာ နှင်. လွတ်ခြင်းကို တွေ.ကြုံခံစားမည်ဖြစ်သည်။ သမ္မာဟောင်း၌ သန်.ရှင်းသောဝိညဉ်သည် လူနှင်.အတူ `လာလိုက်- ပြန်ထွက်သွားလိုက်“come and go” ဖြင်. အလုပ်လုပ်သည်။ ရှင်ဘုရင် ရှောလ် မှ ၀ိညဉ်ထွက်သွားခြင်း နှင်. ဒါဝိတ်မင်းထံ ၀ိညဉ် သက်ရောက် ခြင်း (1 Samuel 16:13-14). သမ္မာသစ်၌ သန်.ရှင်းသော ၀ိညဉ်သည် ယုံကြည်သူတိုင်း အထဲ၌ ထာဝရ တည်လျှက်(abides) ရှိသည်။(John 14:15-18; John 16:13). 

(3) အသုံးပြုတော်မူပါ Use me (Psalm 51:13-19)
 ဒါဝိတ်သည် ဘုရားသခင်၏ ခွင်.လွတ်ခြင်း ရလာသည်.အခါ သူ.ကို 
အသုံးပြုတော်မူပါ-ဟု ထာဝရ ဘုရား၏ သနားခြင်း ဂရုဏာကို သက်သေ ခံရင်း ချီးမွမ်းကိုးကွယ်ခြင်းဖြင်. ပျောက်ဆုံးနေသူများအား ထာဝရ ဘုရားထံ ပို.ဆောင်ခဲ.သည်။ စည်းစိမ်ဥစ္စာများစွာ ဆက်ကပ်ခြင်းသည် ထာဝရဘုရား၏ စိတ်နှလုံး ရွှင်လန်းခြင်း မဖြစ်စေနိုင်သည်ကို ဒါဝိတ် နားလည်ပြီး ဘုရားကိုစိတ်အားထက်သန်သည်. ဂျူးလူမျိုးများ၏ တရိစ္တန် နှလုံးသား ကျိုးပဲ.စေလျှက် ပူဇော်ခြင်းထက် လူ.နှလုံးသား ကျိုးပဲ.ကြေမွ ခြင်းကို သာ၍ ဘုရားသ္ခင် နှစ်သက်ကြောင်း နားလည်ခဲ.သည်။(Isaiah 57:15). (Malachi 1:6-8) ဘုရားကျောင်း တပတ်တကြိမ်သွားပြီး ချီးမွမ်း ကိုးကွယ်ခြင်းသည် လုံလောက်ပြီ ဟု သင် ခံစားနေသလား?? ကောင်းမြတ်လွန်းသော ဘုရားသခင်အား ကျွန်တော်တို.၏ အကောင်းဆုံးသော နေ.ရက် အချိန်နာရီများကို ပေးတတ်ဖို.သင်ယူသင်.ပါသည်။ ဟာလေလုယား

Thursday, 19 July 2018

|| လက်မထပ်မီ လိင်ဆက်ဆံခြင်းနှင့်ပတ်သက်၍ ||

သမ္မာကျမ်းစာထဲတွင် အိမ်ထောင်မပြုမှီ လိင်ဆက်ဆံခြင်းနှင့် ပတ်သက်၍ ဟေဗြဲဘာ သာစကားအားဖြင့်ဖြစ်စေ၊ ဂရိဘာသာစကားအားဖြင့်ဖြစ်စေ၊ ဖော်ပြထားသော စကားလုံးမရှိပေ။ သမ္မာကျမ်းစာက ပြည့်တန်ဆာမလုပ်ခြင်းနှင့် လိင်အပျော်အပါး လွန်ကျူးခြင်းကို တားမြစ်ထားပါသည်။ သို့ဖြစ်လျှင်သမ္မာကျမ်းစာက အိမ်ထောင်မပြုမှီ လိင်ဆက်ဆံခြင်းနှင့် ပတ်သက်၍ အပြစ်ဖြစ်သည်ဟု ဖော်ပြထားသလား။ ၁ကော၊ ၇း၂ ၌ ဖော်ပြချက်အရ “သတ်မှတ်” ထားပါသည်။ “ကောင်းသော်လည်း မတရားသောမေထုန်နှင့် ကင်းလွတ်မည်အကြောင်း၊ ယောက်ျားတိုင်း မိမိမယားရှိစေလော့။” ဤကျမ်း ပိုဒ်ထဲတွင် ပေါလုက လိင်အပျော်အပါး လွန်ကျူးသူများအတွက် အိမ်ထောင်ပြုခြင်းသည် “ကျိန်ခြင်း” တခုဖြစ်သည် ဟုဖော်ပြလိုခြင်းဖြစ်သည်။ ၁ကော၊ ၇း၂ ၏အဓိကဖော်ပြလိုခြင်းသည် လူတွေက လိင်ဆက်ဆံရေးတွင် အလွန်အမင်းလွန်ကျူးခဲ့သဖြင့် သူတို့သည် အိမ်ထောင်ပြုသင့်ကြောင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ သို့မှသာ သူတို့သည် မိမိလိုအပ်တောင့်တမှုကို သန့်ရှင်းစွာအသုံးပြုနိုင်မည် ဖြစ်ပါသည်။ ၁ကော၊ ၇း၂ တွင် အိမ်ထောင်မပြုမှီ လိင်ဆက်ဆံခြင်းသည် ဒုစရိုက်အပြစ်အဖြစ်သတ်မှတ် ထားကြောင်းသိကျစွာဖော်ပြထားပါသည်။ သမ္မာကျမ်းစာထဲတွင် လိင်အပျော်အပါးလိုက်ခြင်းကို တား မြစ်ထားပါသည်။ ထိုကြောင့် အိမ်ထောင်မပြုမှီလိင်ဆက်ဆံခြင်းကိုလည်း သမ္မာကျမ်းစာက တားမြစ် ထားပါသည်။ အိမ်ထောင်မပြုမှီ လိင်ဆက်ဆံခြင်းသည် သမ္မာကျမ်းစာအရ လိင်အပျော်အပါးလိုက်စား ခြင်းဖြစ်သည်။ အိမ်ထောင်မပြုမှီ လိင်ဆက်ဆံခြင်းသည် အပြစ်ဖြစ်ကြောင်း ကျမ်းပိုဒ်များစွာက ဖော်ပြ ထားပါသည် (တမန်၊ ၁၅း၂၀၊ ၁ကော၊ ၅း၁၊ ၆း၁၃၊ ၁၈၊ ၁၀း၈၊ ၂ကော၊ ၁၂း၂၁၊ ဂလာ၊ ၅း၁၉၊ ဧဖက်၊ ၅း၃၊ ကောလော၊ ၃း၅၊ ၁သက်၊ ၄း၃၊ ယုဒ၊ ၇)။ သမ္မာကျမ်းစာက အိမ်ထောင်မပြုမှီ လိင်ဆက် ဆံခြင်းကို ရွံရှာမုန်းတီးသည်။ လင်မယားဖြစ်ပြီးမှ လိင်ဆက်ဆံခြင်းကိုသာ ဘုရားသခင်က မှန်ကန် သည် ဟု ထောက်ခံထားပါသည် (ဟေဗြဲ၊ ၁၃း၎)။ လူတွေက လိင်ဆက်ဆံရေးကို အပျော်အပါးတစ်ခုအဖြစ်သတ်မှတ်ခဲ့သည်။ မျိုးဆက်ပြန့်ပွါး ရေးအတွက် မသတ်မှန်ကြပေ။ အိမ်ထောင်ကျပြီးနောက် လိင်ဆက်ဆံခြင်းသည် ပျော်ရွှင်မှုရှိ၍ ဘုရားသခင်ကို စီမံချက်လည်းဖြစ်ပါသည်။ အိမ်ထောင်ပြုခဲ့ပြီးနောက် ယောက်ျားနှင့် မိန်းမတို့က လိင် ဆက်ဆံမှု၌ပျော်ရွှင်ခြင်းရှိရန် ဘုရားသခင်သည် အလိုတော်ရှိသည်။ ရှောလမုန်သီချင်းစာအုပ်နှင့် အခြား သောကျမ်းပိုဒ်များ (သုတ္တံ၊ ၅း၁၉) တွင် လိင်ဆက်ဆံရေး၏ပျော်ရွှင်မှုကို ဖော်ပြထားပါသည်။ အိမ်ထောင်ပြုသော ဇနီးမောင်နှံတို့က လိင်ဆက်ဆံခြင်းသည် မျိုးဆက်သစ်ပေါ်ထွန်းရေးအတွက်ဖြစ် ကြောင်းကို နားလည်းထားရမည်။ ထို့ကြောင့်အိမ်ထောင်မပြုမှီလိင်ဆက်ဆံခြင်းသည် သားသမီးထွန်း ကားရန်အတွက်မဟုတ်၊ လိင်ပျော်ရွှင်ခြင်း သက်သက်ဖြစ်သောကြောင့် မှားယွင်းမှုရှိသည်။ သူတို့သည် ဘုရားသခင်စီမံပေးသော သားသမီးထွန်းကားရန် ပေးသောဆုကျေးဇူးကို အလွှဲသုံးစားပြုခြင်း ဖြစ်သည်။ လိင်ဆက်ဆံခြင်းနှင့် ပတ်သက်၍အမှားအမှန်ကို သေချာစွာမသိလျှင်၊ သမ္မာကျမ်းစာသွန်သင် ချက်များကို လိုက်နာရမည်ဖြစ်သည်။ သို့ပြုလျှင်၊ လိင်ဆက်ဆံမှုကြောင့်ဖြစ်တတ်သောရောဂါ၊ ကလေးဖျက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်ဖြစ်ရန် စိုးရိမ်ပူပန်ခြင်း၊ မိဘမရှိသော သားသမီးများထွန်ကား ခြင်း နည်းပါးပျောက်ကွယ် သွားမည်ဖြစ်သည်။ အိမ်ထောင်မပြုမှီလိင်ဆက်ဆံရေးကို ရှောင်ရှားခြင်း သည် ဘုရားသခင်၏အလိုတော်ဖြစ်သည်။ မိမိကိုယ်ကို ထိန်းသိမ်းခြင်း၊ ကလေးသူများကိုတန်ဘိုးထား ကာပြုစုစောင့်ရှောက်ခြင်း၊ လိင်ဆက်ဆံရေးကို တန်ဘိုးရှိစွာအသုံးပြုခြင်းသည် တန်ဖိုးကြီး၍ အရေးကြီးဆုံးဖြစ်ကာ ဘုရားသခင်ကို ဂုဏ်ပြုခြင်းလည်းဖြစ်ပါသည်။