၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Saturday, 20 July 2019

"အထက်တန်းစားစိတ် VS အောက်တန်းစားစိတ် "

ရေ၏ ပင်ကိုသဘောသည် ဖြူစင်၏။ သန့်ရှင်း ၏။ 
ထိုရေအတွင်းသို့ နို့ဆီနို့မှုန့်များ ထည့်လိုက်သော အခါ နို့ရေဖြစ်သွားသည်။
 သောက်သုံးသူကို ခွန်အား ဖြစ်စေ၏။ နို့ဆီနို့မှုန့် များလျှင် 
များသလောက် ခွန်အားကို ဖြစ်စေနိုင်ပေသည်။ 

တစ်ဖန် ထိုရေအတွင်း သို့ နို့ဆီနို့မှုန့် မထည့်ဘဲ အဆိပ်ဆီ 
အဆိပ်မှုန့်များ ထည့်လိုက်သောအခါ အဆိပ်ရေဖြစ်သွား၏။
 သောက် သုံးမိသူကို ဒုက္ခရောက်စေသည်။ အဆိပ်ဆီ အဆိပ် မှုန့်များလျှင် များသလောက် ဒုက္ခဆိုး ကျိုးများရရှိစေ ပြီး နောက်ဆုံး အသက်ပင် ဆုံးရှုံးစေနိုင်၏။

 ဤဥပမာကဲ့သို့ပင် . . .ဆန်းကြယ်သောအရာဟု အဓိပ္ပာယ်ရသော စိတ်သည် ပင်ကိုသဘောအားဖြင့် ဖြူစင်သန့်ရှင်း၏။ ရေနှင့်တူသော ထိုစိတ်၏အတွင်းသို့
 နို့ဆီ နို့မှုန့်နှင့် တူသော အလောဘ အဒေါသ အမောဟ စသော ကုသိုလ်စေတသိက်များ ရော ထည့်လိုက်သောအခါ အလောဘစိတ် 
အဒေါသစိတ် အမောဟစိတ် စသော ကုသိုလ်စိတ်များ ဖြစ်သွား၏။ 
ထိုစိတ်တို့ကို လက်ခံမွေးမြူသူတို့သည် လူ နတ် နိဗ္ဗာန် 
သုံးတန်သောချမ်းသာကို ရရှိ၏။ ထိုစိတ်တွေ အားကောင်းလျှင် အားကောင်းသလောက် ကုသိုလ်တွေ များများရစေသည်။ 
နိဗ္ဗာန်ကို မြန်မြန်ရောက်စေသည်။ 

ဤစိတ်ကိုပင် အထက်တန်းစားစိတ်ဟုခေါ်၏။
 ရေနှင့်တူသော ထိုစိတ်၏အတွင်းသို့ အဆိပ်ဆီ အဆိပ်မှုန့်နှင့်
တူသော လောဘ, ဒေါသ, မောဟ, မာန စသော 
အကုသိုလ်စေတသိက်များ ရောထည့် လိုက်သောအခါ လောဘစိတ်,
 ဒေါသစိတ်, မောဟစိတ်, မာနစိတ်စသော အကုသိုလ်စိတ်များ ဖြစ်သွား သည်။ 

ထိုစိတ်တို့ကို လက်ခံမွေးမြူသူတို့သည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်လေးပါးသို့ ကျရောက်ရသည်။ 
ဆင်းရဲဒုက္ခမျိုးစုံ ခံစားကြရသည်။ ထိုစိတ်တွေ အားကောင်းလျှင် အားကောင်းသလောက် အကုသိုလ်တွေ များများဖြစ်စေသည်။ 
အဝီစိကို မြန်မြန်ရောက်စေသည်။ ဤစိတ်ကိုပင် အောက်တန်းစား စိတ်ဟုခေါ်၏။

 အထက်တန်းစားစိတ်ကို လက်ခံမွေးမြူသူသည် ပညာရှိသူတော်ကောင်း ဖြစ်၍ အောက်တန်းစားစိတ် ကို လက်ခံမွေးမြူသူကား ပညာမဲ့ မသူတော် ဖြစ်၏။ ရေနှင့်မီးကို အတူပေါင်းစည်းပြီးထား၍ မရသကဲ့သို့ သူတော်ကောင်းနှင့် မသူတော်သည်လည်း ဘယ်လိုမှ ပေါင်းစည်း၍ မရပေ။ ဆန့်ကျင်ဘက်ပြေးနေသော မြားနှစ်စင်းသည် ကြာလေ ဝေးလေ
 ဝေးသကဲ့သို့ သူတော်ကောင်းနှင့် မသူတော်သည်လည်း ကြာလေ ဝေးလေ ဝေးသွားကြတော့သည်။ ကောင်းကင်နှင့် မြေကြီး၊
 နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်၊ သမုဒ္ဒရာဤ
ဘက်ကမ်းနှင့် ဟိုဘက်ကမ်း။

ဤအရာတွေဝေးကွာတာထက် သူတော်ကောင်း တရားနှင့် မသူတော်တရား(တစ်နည်း)အထက်တန်း စားစိတ်နှင့်အောက်တန်းစား
စိတ်တို့ ဝေးကွာခြင်းက ပို၍ သာလွန်ပေသည်။ မြင်သာအောင် ပုံစံပြရသော် နိဗ္ဗာန်ရောက်သွားသော ဗုဒ္ဓဘုရားရှင်နှင့် အဝီစိကျသွားသော
 ဒေဝဒတ်တို့ကို ကြည့်၍သိနိုင်ပေသည်။ ဗုဒ္ဓသည် ပါရမီဖြည့်ကျင့်သည့် ကာလတစ်လျှောက်လုံး အများ၊ သူတစ်ပါးအတွက် စွန့်လွှတ်၊ ပေးဆပ်၊ အနစ်နာခံရင်း အထက်တန်းစားစိတ်ကို မွေးမြူခဲ့၏။ 

ထိုစိတ်ဓာတ်ဖြင့် တစ်ဆင့်ထက် တစ်ဆင့် မြင့်တက်သွားပြီး နောက်ဆုံး ဘုရားဖြစ်တော်မူကာ အမြင့်ဆုံး အချမ်းသာဆုံး နိဗ္ဗာန်သို့ ရောက်သွားခဲ့သည်။ ဒေဝဒတ်သည်ကား ဖြစ်ရာဘဝတိုင်း မိမိအတွက် ရယူသိမ်းပိုက်၏။ ဘယ်သောအခါမှ အနာမခံ၊ အသာစံ ရခြင်းကိုသာ နှစ်သက်သည်။ 
ဤကား အောက်တန်းစား စိတ်ဓာတ်၏လက်ချက်ပင်တည်း။ 
ဤစိတ်ဓာတ်ကပင် ဒေဝဒတ်ကို မသူတော်ဘဝရောက်စေခဲ့သည်။ 
အဝီစိထိ ကျစေခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘုရားရှင်ကို အထက်တန်းစား စိတ်ဓာတ်ပိုင်ရှင်တို့၏ဖခင်ဟု ဆိုနိုင်သကဲ့သို့ ဒေဝဒတ်ကိုလည်း
 အောက်တန်းစား စိတ်ဓာတ် ပိုင်ရှင်တို့၏ ရှေ့သွား
 ခေါင်းဆောင်ဟု ဆိုနိုင်ပေသည်။ 

ဆန့်ကျင်ဘက်ခြေလှမ်းများ လူတို့သည် အာရုံလမ်းမကြီးပေါ်၌ ကံခြေလှမ်းဖြင့် လျှောက်ကြသူချင်း အတူတူ ဖြစ်သော်လည်းအချင်းချင်းမတူသောအချက်ကား ရှိ၏။ ယင်းအချက်ကား တူရူဖြစ်၏။ အချို့ကား ငါကောင်းစားရေးသို့ 
မျက်နှာမူ၍ လျှောက်ကြ၏။ အချို့ကားလောက
 ကောင်းစားရေးသို့ မျက်နှာမူ၍လျှောက်ကြ၏။ 

လမ်းကတော့ ဒီလမ်း၊ ခြေလှမ်းများကလည်း ဒီခြေလှမ်းများပင်။ 
သို့ရာတွင် မျက်နှာမူရာ ဘက်ချင်း ကား မတူပါချေ။ တစ်ဦးက တောင်ဘက်သို့မျက်နှာမူလျှင် အခြား တစ်ဦးက မြောက်ဘက်သို့ မျက်နှာမူသည့်သဖွယ်ဖြစ် ပေ၏ ဟူ၍ ဦးရွှေအောင်က ‘အမြင်များ
 ပြောင်း လဲခြင်း’စာအုပ်တွင် ရေးသားထား၏။ လူ့လောကတွင် တချို့က အသာစံခြင်း၌ ပျော်မွေ့၏။ တချို့က အနာခံခြင်း၌ ပျော်မွေ့၏။ 
တချို့ က ရယူခြင်း၌ ကျေနပ်၏။ တချို့က ပေးဆပ်ခြင်း၌ ကျေနပ်၏။ 
တချို့က လောကကို မိမိအတွက် အသုံးချ၏။ 

တချို့က မိမိကို လောကအတွက် အသုံးချ၏။ 
တချို့က ဘယ်သူသေသေ ငတေမာလျှင် ပြီးရောဟု သဘောထား၏။ 
တချို့က ငါသေလျှင် သေပါစေ၊ အများချမ်းသာလျှင် ပြီးရောဟု သဘောထား၏။ ထို့ကြောင့် လျှောက်လှမ်းပုံခြေလှမ်းချင်းတူသော်လည်း 
မျက်နှာမူရာ အရပ်မျက်နှာချင်း မတူဟု ဆိုခြင်း ဖြစ်၏။ 
ဗာရာဏသီပြည်မှ ကုဋေလေးဆယ် ကြွယ်ဝ ချမ်းသာသော စည်းစိမ်ရှိသူ သူဌေးသားလေးဦးတို့၏ အောက်တန်းစားစိတ်ဓာတ်ကို ရှုပါ။ 

တစ်နေ့ ထိုသူဌေးသား လေးဦးတို့သည် ငါတို့ ပိုင်ဆိုင်ထားတဲ့ စည်းစိမ်တွေကို ဘယ်လိုအသုံးချကြမလဲ တိုင်ပင်ကြသောအခါ ‘လှူဒါန်း ပေးကမ်းမယ်၊ လိုအပ်သည့်နေရာတွေမှာ ထောက်ပံ့ကူညီမယ်’ ဤ သို့ တစ်ဦးမှ 
မပြောဘဲ မူးရူးပျော်ပါး သောက်စားကြဖို့ ပြောဆိုကြ၏။
 နောက်ဆုံးသူဌေးသားကား သူ တစ်ပါးသားမယားများကို 
ပစ္စည်းဥစ္စာပေး၍ ပျော်ပါး ကြအံ့ဟု တိုင်ပင်သည်ရှိသော် ထိုအဆိုကို 
အားလုံးက သဘောတူလက်ခံလိုက်ကြသည်။ 
ထိုအချိန်မှစ၍ သူတစ်ပါးတို့၏သမီးပျိုများ၊ လင်ရှိ မယားများကို 
ပစ္စည်းပေး၍ ပျော်ပါးကြတော့သည်။ 
ကိုယ် ပျော်ရလျှင် ပြီးရော၊
 ပျော်ပါးခံရသူ မိသားစု ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ကြ။ 

ဒူးနှင့်မျက်ရည် သုတ်ရတာတွေ လာမပြောနှင့်။ အိမ်ထောင်ရေးပြိုကွဲ ဒုက္ခရောက်တာတွေ လာငိုမပြနှင့်။ သူတို့ စိတ်မဝင်စား။ 
သူတို့ တကယ် စိတ်ဝင်စားသည်ကား ပျော်ဖို့ပါးဖို့။ ဤ စိတ်ဓာတ်ကိုမှ အောက်တန်းစားစိတ်ဟု မပြောလျှင် အဘယ်စိတ်ဓာတ်ကို ပြောဦးမည်နည်း။ အောက်တန်းစား စိတ်သည် အောက်တန်းကျ သောအကျိုးကိုပေး၏။ အနှစ်နှစ်သောင်းတိုင်တိုင် သူ တစ်ပါးသားမယားများနှင့်ပျော်ပါးနေခဲ့သော 
သူဌေး သားလေးဦးသည် ထိုဘဝမှစုတေသည်ရှိသော် မဟာ 
အဝီစိငရဲကြီး၌ ဘုရားနှစ်ဆူတို့၏တစ်ခုသောအကြား 
ကာလပတ်လုံး ခံကြရသည်။ 

ထိုအဝီစိငရဲမှလွတ်လာ ပြန်သော် မကောင်းမှုကြွံကင်း၏
အစွမ်းဖြင့် လောဟ ကုမ္ဘီငရဲအိုး၌ အနှစ်သုံးသောင်းကြာမှ 
အိုး၏အောက် အပြင်သို့ ရောက်၏။ အနှစ်သုံးသောင်းကြာမှ 
ငရဲအိုး၏ အထက်မျက်နှာပြင်သို့ ရောက်၏။ ထိုမျက်နှာပြင်သို့ ရောက်သည့်အခါတိုင်း ဒု၊ သ၊ န၊ သော ဟူ၍ နောင်တကြီးစွာ တစ်ယောက်တစ်မျိုးစီ အော်ဟစ်နေကြတော့သည်။

 အထက်တန်းစားစိတ်ဓာတ်ပိုင်ရှင်ကား မိမိတည်း ဟူသော 
အကြောင်းကြောင့် သူတစ်ပါးကို ဒုက္ခမဖြစ်စေချင်။ သူတစ်ပါးတွေ ဆင်းရဲဒုက္ခဖြစ်နေပြီဆိုလျှင်လည်း မိမိကိုယ်ကျိုးကိုစွန့်လွှတ်ဖို့ ဝန်မလေးတတ်ကြပေ။ နောက်ဆုံး မိမိ၏အသက်ကိုပင် စွန့်လွှတ်ရဲကြ၏။ ရွဲထွင်းသမားအိမ်သို့ နေ့စဉ် ဆွမ်းခြွံကသော တိဿမထေရ်၏အဖြစ်ကို ရှုပါလော့။

 ထိုနေ့၌ ကောသလမင်းသည် တစ်ခုသော ပတ္တမြားရတနာကို ရွဲထွင်းသမားအိမ် ပို့စေ၍ ဤ ပတ္တမြားကို သွေး၍ ထွင်းပြီးလျှင် ပို့လိုက်ရမည်ဟု စေလွှတ်လိုက်၏။ ရွဲထွင်းသမားလည်း ဟင်းမျိုး အမဲသားကို စဉ်းခုတ်လှီးဖြတ်နေချိန်ဖြစ်သဖြင့် သွေးပေနေသော လက်ဖြင့်သာ ပတ္တမြားကိုယူ၍ ပခြုပ်၏ အထက်၌ တင်ထားပြီးလျှင် လက်ရေဆေးဖို့ အိမ်ထဲ ဝင်သွား၏။ 
ထိုအချိန် အိမ်တွင် မွေးစားထားသော ကြိုးကြာငှက်သည်
 သွေးအနံ့ကြောင့် ပတ္တမြားကို သားတစ်မှတ်၍ ကောက်မျိုလိုက်၏။ ဤအခြင်းအရာကို အိမ်သို့ရောက်နေသော တိဿမထေရ်က မြင်၏။ 
ရွဲထွင်းသမား ပြန်ထွက်လာ၍ ပတ္တမြားကို မမြင် လေသော်
 “ဘယ်သူယူသနည်း”ဟု မယားကို လည်းကောင်း၊ 
သားကိုလည်းကောင်း မေး၏။ အားလုံးက မယူကြကုန်ဟုဆို၏။ 

ထိုအခါ ရွဲထွင်းသမား ၏ သံသယက မထေရ်မြတ်အပေါ်ကျရောက်လာ၏။ မထေရ်ကို မေး၏။ မထေရ်မြတ်ကလည်း ငါမယူဆို၏။ သို့သော် ရွဲထွင်းသမားက မယုံကြည်။ မထေရ်မြတ်ကို အတင်းအကြပ် စွပ်စွဲလေတော့သည်။ ထို့နောက် စစ်မေး၍ မရသည့်အဆုံးတွင် ‘မထေရ်မြတ်ကို နှိပ်စက် ညှဉ်းပန်း၍ မေးအံ့’ဟု သူ၏ဇနီးဖြစ်သူ အတန်တန် တောင်းပန်သည့်ကြားမှ မထေရ်မြတ်၏ ဦးခေါင်းကို ကြိုးဖြင့် ရစ်ပတ်၍ ရိုက်နှက်လေသည်။ 
မထေရ်မြတ်၏ ဦးခေါင်းတော်မှလည်းကောင်း၊ 
နားရွက်တို့မှလည်းကောင်း သွေးများ ယိုစီးကျလာ၏။ 
မျက်စိတို့လည်း ပြုတ်ထွက်လုမတတ် ဖြစ်ကုန်၏။
 ပြင်းစွာသော ဆင်းရဲဝေဒနာနှိပ်စက်လျက် မထေရ်မြတ်
 မြေသို့လဲကျသွား၏။ 

ဤမျှ ရိုက်နှက်နှိပ်စက်နေသော်လည်း မထေရ်မြတ်သည် ပတ္တမြားကို ကြိုးကြာ မျိုသည် ဟု လုံးဝ မပြောပေ။ အဘယ်ကြောင့်နည်း။ ဤသို့ပြောလျှင်
 ကြိုးကြာ အသတ်ခံရမည် စိုးသောကြောင့် ဖြစ်သည်။ 
တစ်နည်း မိမိတည်းဟူသော အကြောင်းကြောင့် 
သူတစ်ပါးကို ဒုက္ခမရောက်စေလိုသော အထက်တန်းစားစိတ်ဓာတ်ကြောင့်ဖြစ်သည်။ 
သို့သော် ကံဆိုးရှာသော ကြိုးကြာက သွေးအနံ့ ကြောင့် လဲကျနေသော မထေရ်မြတ်အနီး လာလတ် ၍ သွေးကို သောက်၏။ 
ထိုအခါ ဒေါသပေါက်ကွဲနေ ဆဲဖြစ်သော ရွဲထွင်းသမားက
 ကြိုးကြာငှက်ကို ခြေထောက်ဖြင့် အားကုန်ကန်ကျောက်ပစ်လေသည်။ 
ထို ဒဏ်ချက်ဖြင့် ကြိုးကြာငှက် သေ၍ ပက်လက်ဖြစ်နေလေသည်။ ထိုအခြင်းအရာကို မြင်ရသော မထေရ်မြတ်က – “ဒါယကာ၊ ဦးခေါင်း၌ရစ်၍ချည်ထားသောကြိုးကို ငါ့အား ဖြည်ပေးပါ၊ ပြီးတော့
 ကြိုးကြာငှက် သေသလော၊ မသေသလော ကြည့်ပေးပါ”ဟုဆိုလေ၏။

ထိုအခါ ဒေါသပေါက်ကွဲဆဲ ရွဲထွင်းသမားက “ကြိုးကြာ သေပြီ၊ အရှင်
ဘုရားလည်း ဤကဲ့သို့ သေရလတ္တံ့”ဟု ကြိမ်းမောင်းလေ၏။ ထိုအခါကျမှ မထေရ်မြတ်က -“ဒါယကာ၊ ဤကြိုးကြာငှက်သည် ပတ္တမြားကို မျို၏။ 
ထို့ကြောင့် ဤကြိုးကြာငှက်သည် အကယ်၍ မသေသည် ဖြစ်အံ့၊ 
ငါသည် သေသော်လည်း သင့်အား မပြော၊ ကြိုးကြာငှက်သေ၍သာ 
သင့်အား ပြော၏”ဟု ဆိုလိုက်ရာ ရွဲထွင်းသမားလည်း ကြိုးကြာ ငှက်သေကောင်၏ဝမ်းကို အလျင်စလို ဖောက်ခွဲကြည့် 
သည်ရှိသော် ပတ္တမြားကိုမြင်ရ၍ အံ့ဩထိတ်လန့်ခြင်း
 ဖြစ်ရလေတော့သည်။ 

မထေရ်၏ခြေရင်း၌ ဝပ်တွား ဆည်းကပ်လျက် – “အရှင်ဘုရား၊ 
တပည့်တော်အား သည်းခံတော်မူပါ။ မသိခြင်းကြောင့် တပည့်တော်
 ပြုမိပါသည် ဘုရား”ဟု ဝမ်းနည်းစိုးရိမ်စွာ လျှောက်လေသည်။ 
ပညာမဲ့ မသူတော်သည် မိမိ၏ ကြီးမားသော အပြစ်ကို မမြင်၊ 
သူတစ်ပါး၏ အပြစ်သေးသေးငယ်ငယ် ကလေးတွေကို ရှာကြံ၍မြင်တတ်သည်။ ပညာရှိ သူတော်ကောင်းသည်ကား ကြီးမားသော သူတစ်ပါး ၏အပြစ်ကို မမြင်၊ မိမိ၏ အပြစ်သေးသေးငယ်ငယ် ကလေးတွေကိုသာ ရှာကြံ၍ မြင်ပြီး ပြုပြင်နေတတ်သည်။ ယခုလည်း ကြည့်ပါ။ 

တိဿမထေရ်သည် မိမိ အား ရိုက်နှက်ပုတ်ခတ်ခဲ့သော ရွဲထွင်းသမား၏
အပြစ် ကို မမြင်။ ရိုက်နှက်ပုတ်ခတ်ခံရသော မိမိ၏အပြစ်ကိုသာ မြင်လေသည်။ ထို့ကြောင့် – “ဒါယကာ၊ သင့်အား အပြစ်မရှိပါ။ အိမ်အတွင်း သို့ ဝင်သော ငါ့အားသာလျှင် ဤအပြစ်သည် ဖြစ်ရ ပေ၏။ ဤနေ့မှစ၍ ငါသည် သူတစ်ပါးအိမ်အမိုးတွင်း သို့ မဝင်တော့အံ့။ ဤနေ့မှစ၍ ခြေတို့ကို 
သယ်ပိုး နိုင်ကုန်သေးသည်ရှိသော် အိမ်တံခါး၌ ရပ်လျက်သာလျှင် ဆွမ်းကို ခံယူတော့အံ့”ဟု မိန့်တော်မူ၍ ပိဏ္ဍပါတ် ဓုတင် ဆောက်တည်လေသည်။ များမကြာမီ ထို ဒဏ်ချက်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။ 

ဤကဲ့သို့ သူတစ်ပါးအပေါ် အပြစ် မမြင်တတ် သောစိတ်၊ 
ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သောစိတ်၊ စွန့်လွှတ်စွန့်စားရဲသော 
စိတ်များသည် အထက်တန်း စားစိတ်များပင် ဖြစ်ပေသည်။ 
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ (ဗုဒ္ဒစာပေမှ)

(အစွန်းတစ်ပါး)

● လူတစ်ယောက်ကို စိတ်ဆိုးတယ်။ 
အဲ့ဒီလူ မရှိတဲ့နေရာကို ကိုယ်ထွက်သွားမယ်။ 
● ထွက်သွားတာကိုက ဒီနာကျင်မှုက တွန်းထုတ်လိုက်တာ။ 
နာကျင်မှုက တွန်းကန်လိုက်တာ။ 
အဲ့ဒါကြောင့် အဝေးကို ရောက်သွားတာ။ 
● တခြားနေရာကို ရောက်သွားပြီ။ 
မကြိုက်တဲ့သူ မျက်နှာကို
 မတွေ့ရတော့ဘူး။ 

ဒါပေမဲ့ မကြိုက်တဲ့သူ ကိုယ့်စိတ်ထဲမှာ ရှိနေသေးတယ်။ 
● အဲ့ဒီနေရာကို ပြန်သွားမယ်ဆိုရင် မသွားရဲတော့ဘူး။ 
စိတ်ထဲမှာ လန့်နေတယ်။ စိတ်ထဲမှာ 
ဒဏ်ရာဒဏ်ချက်ကျန်နေတယ်။ 
ဒါလည်းပဲ နာကျင်မှု။ အဲ့ဒီနာကျင်မှုက 
ပိုပြီးတော့ နက်ရှိုင်းတယ်။ 

● ဘာဖြစ်လို့ နက်ရှိုင်းတာတုန်း။ အင်္ဂလိပ်ဘာသာနဲ့ဆိုရင် 
suppress လို့ခေါ်တယ်။ Suppress လုပ်ထားတာ။
 ဖိထားတာ။ ဖုံးဖိထားတာ။ ဒီနာကျင်မှုကို ဖုံးဖိထားတာ။ 
● နာကျင်မှုကို ဖုံးဖိထားရင် ကိုယ့်ကိုယ်ကိုယ် 
 နှိပ်စက်ရာရောက်တယ်။ 
အတ္တကိလမထာနုယောဂါ။အစွန်းတစ်ပါး။
 By/ Oxford ဆရာတော်

ဘေးအန္တာရယ်(၅)မျိုး

မြတ်စွာဘုရားက ဘေးကြီး(၅)မျိုး ဆိုက်ရောက်လာရင် 
တရားအားထုတ်လို့ မရတော့ဘူးတဲ့။ 
၁။ အသက်အရွယ်ကြီးရင့် အိုမင်းလာရတဲ့ဘေး။ 
၂။ မကျန်းမမာ ဖြစ်ရတဲ့ဘေး။ 
၃။ အစားအသောက် ရှားပါးလာတဲ့ဘေး။ 
၎။ တိုင်းပြည် မငြိမ်းချမ်း ဆူပူထကြွတဲ့ဘေး။ 
၅။ သံဃာတွေ မညီညွတ် ကွဲပြားလာတဲ့ဘေး။ 

ဒီဘေးကြီး(၅)မျိုး ဆိုက်လာပြီဆိုရင် တရားအားထုတ်လို့ မရတော့ဘူးတဲ့။ 
ဒါ မြတ်စွာဘုရားက အနာဂတဘယသုတ်မှာ ဟောထားခဲ့တာ။ 
"အနာဂတ"ဆိုတာ "နောင်တစ်ချိန်" "ဘယ"ဆိုတာက 
"ဘေး" "အနာဂတ"ဆိုတာ "နောင်တစ်ချိန် ဖြစ်မယ့်ဘေး" 
မိမိတို့ တရားအားထုတ်တဲ့ပုဂ္ဂိုလ်ဟာ ဒါ ကိုယ့်ကိုယ်နဲ့ကိုယ် စဉ်းစားတာ။ 
မိမိသည် နောင်တစ်ချိန်မှာ ဒီဘေးငါးမျိုးနဲ့တွေ့မယ်။ ရုပ်နာမ်ခန္ဓာရတဲ့ 
သတ္တဝါတိုင်း တွေ့မယ့်ဘေး။ ရှောင်လို့ မရဘူး။ 

အိုမင်းရင့်ရော်တဲ့ဘေး ဆိုတာကတော့ သတ္တဝါတိုင်း မဖြစ်မနေ ကြုံကိုကြုံရမယ့်ဘေးပါပဲ။ မွေးလာကတည်းကိုက အိုနာသေဆိုတာ တွဲလျှက် ပါလာပြီးသား။ မကျန်းမမာဖြစ်ရတဲ့ဘေးဆိုတာက မိမိကိုယ်တိုင် 
နာခြင်းသဘောကို ရင်ဆိုင်ရတဲ့ဘေး တွေအပြင် ပတ်ဝန်းကျင်မှာဖြစ်လာတဲ့ 
ဥပမာ- ခုလောလောဆယ် ဖြစ်နေတဲ့ H1N1တို့ ဘီပိုး စီပိုး
 ရောဂါဆိုးတွေတို့ စသဖြင့် ကပ်အသွင် ကျရောက်လာတဲ့ ရောဂါဘေးတွေကိုလည်း ရင်ဆိုင်ရပါလိမ့်မယ်တဲ့။ 

အစားအသောက် ရှားပါးတဲ့ဘေးတဲ့။ ဒီနေ့ တိုးတက်ပါတယ်ဆိုတဲ့
 ခေတ်ကြီးထဲမှာ အစားအသောက်တွေ ဆန်းဆန်းပြားပြား ဘယ်လောက်ပဲ ပေါများနေပါတယ်ပြောပြော ပေါသလောက် 
စားစရာရှားနေတာကတော့ အမှန်ပါပဲ။

 ကယ်မီကယ်တွေပါလို့ မစားရဲတာ ဆိုးဆေးတွေများနေလို့ မစားရဲတာ အသီးအရွက်တောင် ဆေးဖြန်းတာတွေများလို့ မစားရဲတာ ငှက်ပျောသီးလည်း ဆေးနဲ့မှည့်ခိုင်းထား လက်ဖက်ရည်ဆိုင်က အီကြာကွေးကလည်း တစ်နေကုန် ခံအောင် ရေသန့်ဗူးကို ဆီပူထဲထည့်ကြော်သတဲ့။ ကော်ဖီမစ်ကလည်း ကော်ဖီစေ့ မပါဘူးတဲ့။ အချိုရည်ဗူးတွေဆိုတာကလည်း ကြောက်စရာနည်းမျိုးစုံနဲ့။ 

သံသရာရည်က သံပုရာသီးကမထုတ် လိုက်ချီးသီး လိမ္မော်သီးဖတ်က ပလပ်စတစ်ကို သိပ္ပံနည်းကျ မွေးပြီး ကယ်မီကယ်အနံ့နဲ့ ထုတ်ထားတာတဲ့။ 
စုံလို့ - စုံလို့ပါပဲ။ ပြောရင်လည်း ကုန်နိုင်စရာ မရှိပါဘူးလေ။ 
ဒါက အစားအသောက်က ဖြစ်လာတဲ့ဘေးတွေ။ 
တိုင်းပြည် မငြိမ်းချမ်း ဆူပူထကြွတဲ့ သူပုန်ဘေး။ 
ဒါကတော့ ဒီနေ့ဒီချိန်မှာ လူတိုင်းသိနေတဲ့ကိစ္စတွေမို့ 
အထူးပြောစရာ မရှိတော့ပါဘူးနော်။ 
သံဃာတွေ မညီညွတ် ကွဲပြားလာတဲ့ဘေး။ 

ဒါလည်း ဒီနေ့ခေတ်မှာ ထင်ထင်ရှားရှား မြင်နေရတဲ့ကိစ္စ။
 ထေရဝါဒအမည်ခံ ဘုန်းကြီးတစ်ချို့ဆိုရင် မိစ္ဆာဝါဒီဘာသာခြားနဲ့ 
ရင်ဘောင်တန်း တန်းညှိပြီး မြတ်စွာဘုရားမျက်နှာမကြည့် သာသနာမျက်နှာကိုမထောက် ပြုလုပ်နေကြတာတွေ ဖြစ်လာကြတယ်။
 နောင်-သာသနာဆုပ်ကပ်မှာ ဒီထက်ပိုဆိုးလာတော့မယ်။ 
ဒါက သံဃာတွေ မညီညွတ်တဲ့ဘေး။ 

ဒီလိုဘေးကြီး(၅)မျိုး ဆိုက်ရောက်လာရင် 
တရားအားထုတ်ဖို့ မလွယ်တော့ဘူးလို့
 မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၅၀၀)ကျော်က 
ဒီနေ့ခေတ် ဖြစ်လာမယ့်ဟာတွေကို ကြိုသိလို့ ဟောခဲ့တာ။ 
ဒါကြောင့် ဘေးဆိုးတွေ မကြီးထွားလာခင် တရားကို 
ဉာဏ်ဦးအောင်သာ အားထုတ်ကြပေတော့။ 
ကျန်းမာ ချမ်းသာကြပါစေ။ 
ဦးဓမ္မသာရ(ဓမ္မဒါန)

( "စာစောင် နှစ်ခု" ရှိသည် )

သမ္မာကျမ်းစာထဲ၌ စာစောင် အများရှိသော်လည်း 
အဓိက ကျသော စာစောင် နှစ်ခုကို ရှင်းလင်းစွာ သိမြင်ဖို့ လိုအပ်သည်။ 
 ထို စာစောင် နှစ်ခုမှာ "အသက် စာစောင်" နှင့် 
"သိုးသူငယ် ၏ စာစောင်" ဟူ၍ ဖြစ်သည်။

 ရှေးမဆွ ခင် က ခရစ်တော်ထဲ ရွေးထည့် ထားခြင်း ခံရသူများသည် 
လွန်ခဲ့သော နှစ် ၂၀၀၀ ကျော်က လူ့ဇာတိခံယူသော ခရစ်တော် ၏ 
လက်ဝါး ကားတိုင်၌ အသေခံပေးခြင်း နှင့် ရှင်ပြန် ထမြောက်ခြင်းကို 
ယုံကြည် လျက် လက်ခံသူ အားလုံးသည် "အသက်" စာစောင် စာရင်းဝင်သူများသာ ခရစ်တော်၏ ထမြောက်ခြင်း နှင့် 
အတူ ထမြောက် လာရသည့် အတွက် သေခြင်းနှင့် 
အစဉ် ကင်းလွတ် ကြရသူများ ဖြစ်ကြသည်။ 

"အသက် စာစောင်" ၌ ပါဝင် သူများ အားလုံး သည် "သိုးသူငယ်၏ စာစောင်" ၌ ပါဝင်ရသော သူ အားလုံး မဖြစ်ကြပေ။ သိုးသူငယ်၏ စာစောင်၌ ပါသောသူများ သည် သိုးသူငယ် မင်္ဂလာဆောင်ပွဲ သို့ တက်ရောက်ရမည့် သူများ၊ ပွဲဝင် ရသော သတို့သမီးများ၊ တနည်း အားဖြင့် အောင်မြင်သောသူများ၊ ဘုန်းတော် ရောင်ရှိန် ရှိသော၊ ကိုယ်ပိုင် အလင်းရှိသည့် စစ်မှန်သော ခရစ်တော်၏ ခန္ဓာကိုယ် 
အဝင်များ သာ ဖြစ်ကြသည်။ အသက်စာစောင် စာရင်းဝင်သူများသည် 
ပထမ အဆင့် တရားဝင် ရွေးနှုတ် ကယ်တင် ခြင်း ခံရ သော သူများ၊ 
မီးခွက် ကို လက်ဝယ် ပိုင်ဆိုင် ထားကြ သူများ ဖြစ်ကြပြီး၊ 
သိုးသူငယ် ၏ စာစောင်၌ ပါဝင်ခွင့် ရသော သူများသည် 
ဒုတိယ အဆင့် ထပ်မံ ခေါ်ထုတ်ခံရပြီး အောင်မြင်သော 
အသက်တာရှိသူ၊ စိတ်သက်ကို အဆုံးရှုံး ခံလျက် ဘုရား၏ 
ဝိညာဉ် သက်ဖြင့် ရှင်ခွင့် ပြုကာ လောကထဲ၌ အောင်မြင်သော 
အသက်တာ ရှိသူ၊ ဘုရားအသက် ထင်ရှားသောသူ၊ 
မီးခွက် နှင့်တကွ ဆီ ကိုပါ ယူ သော ပညာရှိ သတိုးသမီး များ၊ 
ခရစ်တော်နှင့် အတူ ဆင်းရဲ ဒုက္ခကို ခံလျက်၊ ခရစ်တော်နှင့် အတူ
 အောင်ပွဲ ခံသော သတို့သမီးများသည် သိုးသူငယ်၏ စာစောင်၌ 
ပါဝင်ခွင့် ရကြပြီး နောင်တချိန် မျက်မြင် ထင်ရှား ဖြစ်လာသည့် အခါ 
ဘုန်းရှိန် ထည်ဝါ စွာဖြင့် ခရစ်တော် နှင့် အတူ မင်္ဂလာဆောင်ပွဲအပြီး 
အုပ်စိုးသူ ဘုရင်များ အဖြစ်နှင့် ဦးခေါင်တော် ဘုရင် ခရစ်တော်နှင့်အတူ 
ဘုရင်များ အဖြစ် ဆင်းကြွ လာကြမည့် သူများသည် သိုးသူငယ် ၏ 
စာစောင်၌ အမည်စာရင်း ပါဝင်ကြရသော သူများဖြစ်ကြသည်။ 

သို့ဖြစ်၍ ယေရှု ခရစ်တော် ၏ ကားတိုင်၌ ပြုပေးခဲ့သော ကျေးဇူးတော် လောက်နှင့် မပြီးသေးပါ။ ရှင်ပြန် ထမြောက်သော ခရစ်တော်၏ ဝိညာဉ် သက်ဖြင့် ဆက်လက် အသက်ရှင်ခွင့် ပြုလျက် ဘဝကို အောင်မြင်သော အသက်တာ ရှိသူ၊ အရာရာ တိုင်း၌ ဝမ်းမြောက်လျက် ဘုရားနှင့် အတူ သွားလာ အောင်မြင်သော သူများ ဖြစ်ဖို့ လိုသေးကြောင်း သိမှတ် ဝန်ခံ ဖို့ ဖြစ်သည်။ ဟာလေလုယာ "ဘုရားသခင်၏ စီမံကိန်း" ခမည်းတော် ဘုရား၏ အကြံ အစည်တော် နဲ့ ရည်ရွယ်ချက် ကို အကောင်အထည် ဖေါ်ဖို့ နှုတ်ကပတ်တော် နှင့် သန့်ရှင်းသော ဝိညာဉ် တော် တို့သည် အတူတကွ လုပ်ဆောင်ကြသည်ကို တွေ့ရှိရသည်။ 

လုပ်ဆောင်ပုံ နှစ်ပိုင်း မှာ တရားဝင် ရွေးနှုတ် ခြင်း နှင့် တဖန် ပြန်လည် တည်ဆောက်ပေးခြင်း နှစ်ပိုင်း ဖြစ်သည်။ တရားဝင် ရွေးနှုတ်ပေးဖို့ရန် ကြီးမားတဲ့ ဘုရား၊ အကန့်သတ် မဲ့ တိုင်းတာ၍ မရ နိုင်သော ဘုရားသည်၊ သေးငယ်ပြီး အငနိ့အသတ် နဲ့ အသက်ရှင်ရသော လူသား ဇာတိကို ခံယူလျက် မသေနိုင်သော ဘုရား၊ သွေးမထွက် သည့် ဘုရားကိုယ်တိုင် သေနိုင်ပြီး အသွေးသွန်း
 နိုင်သော ရုပ်ခန္ဓာ ကို ယူဆောင်လျက် လူလောကထဲ လူအဖြစ် 
လာရောက်ပြီး အသေခံ အသွေးသွန်းခြင်း အားဖြင့် တရားနှင့် 
အညီ ရွေးနှုတ် ကယ်တင်ပေး လိုက်ခဲ့ ခြင်း အမှုက နှုတ်ကပတ်တော် 
လူဇာတိ ခံယူလျက် အသွေးသွန်း အသေခံ ပေးခြင်း အမှုသည် 
ကားတိုင် ထက်၌ အဆုံးသတ် ပြီးစီးစေလိုက်သည့် အခါ ဘုရား၏ 
ပထမ အဆင့် ရည်ရွယ်ချက် ပြီးမြောက်ခဲ့သည်။ 

ဒုတိယ အဆင့် အားဖြင့် နှုတ်ကပတ်တော် လူဇာတိခံယူကာ ကားတိုင်၌ ပထမ အဆင့် ပြီးမြောက် ပြီးနောက် သုံးရက်မြေက် နေ့မှာ ဝိညာဉ် တော် အဖြစ်နှင့် ထမြောက်ခြင်း အကြောင်း သည် ပေါ်ထွန်း လာရသည်။ ထိုအခါ လူ့ လက်နှင့် ဆောက်သော ဗိမ္မါန်တော်သည် ပြိုပျက်ပြီး လူ့လက်နှင့် မဆောက်သော ဝိညာဉ် တော် အားဖြင့် ဖြစ်တည်လာ မည့် ဗိမ္မါန်တော် ကို သုံးရက် အတွင်း ခရစ်တော်၏ ရှင်ပြန် ထမြောက်ခြင်း အားဖြင့် ယုံကြည်သူ ၏ ဝိညာဉ် ထဲ၌ ဖြစ်တည်စေလိုက်သည်။ ထိုအလုံးစုံသော ဝိညာဉ်တော်သည် 
လူအထဲ ရောက်လာသောအခါ ဘုရား၏ ဒုတိယ အဆင့် ထပ်မံ၌ 
လူအထဲ အသက်နဲ့ ပြည့်စုံစေဖို့ ရောက်လာရသည်။ 

ကျမ်းစာ၌ ခရစ်တော် လာရသည့် အကြောင်း အရင်းကို ဖေါ်ပြထားသည်မှာ "သိုးတို့ကို အသက်လွန်ရုံမျှမက အထူးသဖြင့် အသက်နဲ့ ပြည့်စုံစေဖို့ ငါလာသတည်း။" ဟု ခရစ်တော် မိန့်ဆိုခဲ့သည်။ ပထမ တဆင့် သေခြင်းနှင့် 
ငရဲမှ အသက်လွတ် ဖို့ အသွေးသွန်း အသေခံပေးကာ တရားဝင် ရွေးနှုတ် ကယ်တင် ပေးခဲ့သည်။ ဒုတိယ တဆင့်မှာ အသက်ဘေး မှ လွတ်လာပြီးသော သူများ ကို အထူးသဖြင့် ဘုရား၏ ကြွယ်ဝသော အသက်နှင့် အသက်တာ၌ ပြည့်စုံစေဖို့ ထပ်မံ လုပ်ပေးနေသေးသည်။ လုပ်ဆောင်ပေးပုံမှာ 
သန့်ရှင်းသော ဝိညာဉ်တော် အဖြစ်နှင့် မိမိ ဝိညာဉ် အထဲသို့ အသက်ရှင်စေပေးနေသော ဝိညာဉ်တော် အဖြစ် ရောက်လာကာ 
မိမိ စိတ်သက်ကို အဆုံးရှုံး ခံသူသည် ဘုရား၏ ကြွယ်ဝ၊ ပြည့်စုံသော 
အသက်ကို ရယူနိုင်ပေမည်။ လူမည်သည်ကား ခရစ်တော်၌ ရှိလျှင်
 ဟောင်းသော လူ၏ အသက်တာ သည် ပြောင်းလဲ သွားပြီး လူသစ်၏ ဘုရားဖြစ်ခြင်း အသက်တာသည် ထိုသူ၌ ဖြစ်တည် လာပေမည်။ 

ခရစ်တော်၌ တည် ရှိဖို့ ရန် ယေရှုက လူသား၏ ဖြစ်အင် ဖြစ်သော လူဇာတိခံယူသူ ယေရှု၏ အသွေး နှင့် အသား ကို သောက်စားခြင်း အားဖြင့်သာ သူ၌ တည် နိုင်သည်ကို ကျမ်းစာ၌ ဖေါ်ပြထားသည်။ ယေရှုပြောသော အသွေးကိုသောက် အသားကို စားခြင်းသည် ဝိညာဉ် စကားဖြစ်သည်။ သူ၏ သွန်းခဲ့ သော အသွေးနှင့် ချိုးဖဲ့ ခံ ခဲ့သော ခန္ဓာကိုယ် အသား သည် ယနေ့ ကျွန်ုပ်တို့ ဝိညာဉ် အသက်ရှင်ရာ ဖြစ်လို့ ယူ၍ စားကြလော့ ဟု သခင် ဘုရား မိန့်မှာ ခဲ့ ခြင်း ဖြစ်သည်။ 

 ထိုစားသောက်ခြင်း အမှုကို သခင် ဘုရား တဖန် ပြန်လည် ကြွဆင်း မလာမှီ အထိ နေ့စဉ် စားသုံး ဖို့လဲ မိန့်မှာခဲ့သည်။ ထို့ကြောင့် ပထမ ရွေးနှုတ် အသေခံခဲ့ခြင်းနှင့် ဒုတိယ ထပ်မံ အသက်ရှင်ပေး နေုခင်း အမှု နှစ်ခု စလုံးသည် ယေရှုခရစ်၏ ဘုရားစီမံကိန်း အကောင်အထည် ဖေါ် ပေးနေခြင်း 
အဆင့် နှစ်ဆင့် ဖြစ်ပေသည်။
(Bro;J Lee)

“တယောက်ထဲကျန်သည်၊ ဘာဆက်လုပ်ရမလဲ”

  Saved alone,what shall i do
“တယောက်ထဲကျန်သည်၊ ဘာဆက်လုပ်ရမလဲ” 
အမေရိကန်၊ချီကာဂို၌ ကြွယ်ဝချမ်းသာသော ရှေ.နေကြီး 
Horation Spafort သည် တဦးတည်းသော သား အနာရောဂါကြောင်. သေဆုံးပြီးလို. တနှစ်အတွင်းတွင် သူပိုင်ဆိုင်သမျှ စက်ရုံအားလုံး
 မီးလောင် ကျွမ်းခြင်းကြောင်. ဆုံးရှုံးသွားသည်။ 

သူ.မိသားစုသည် သာသနာအတွက် ရက်ရောစွာ ပါဝင်ပြီး 
ဘုရား သခင်ကို ချစ်ကြောက် ရိုသေသော မိသားစု ဖြစ်သည်။ 
ထိုအချိန်၌ အင်္ဂလန်တွင် သူတို. အမြဲပါဝင် နေကျ ဧ၀ံဂေလိ 
ဆရာကြီး DL Moody Crusade ပြုလုပ်နေချိန် ဖြစ်သည်. အတွက် 
မိသားစု Vacation ခရီးသွားရင်း သူ.သမီး ၄ ယောက် နှင်. သူ.ဇနီးသည် အရင်သွားနှင်.ပြီး နောက်မှ သူလည်း လိုက်လာရန် ဆုံးဖြတ်ကာ 
Ville de Harve ဥရောပ သင်္ဘော ဖြင်. စေလွတ်ခဲ.သည်။ 

သူ.မိသားစု အိမ်မှထွက်ပြီး ၉ ရက်မြောက်သည်.နေ.တွင် ကြေးနန်းစာ 
တစောင် ၀င်လာသည်၊ “တယောက် ထဲသာ ကယ်တင်သည်” 
ဘာဆက်လုပ်ရမလဲ Saved alone, what shall I do ဆိုသည်. ကြေးနန်းစာဖြစ်၏။ ခရီးသည် ၂၂၆ နှင်. သူ.သမီး ၄ယောက် 
စလုံးသေဆုံးပြီး သူ.အမျိုးသမီး တဦးသာ အသက်ရှင် ကျန်ရစ်သည်။ 

သူ.ကိုယ်သူ မယုံနိုင်လောက်အောင် ဖြစ်ကာ ထိုနေရာအား ကိုယ်တိုင် သွားကြည်.မည် အကြံဖြင်. လိုက်သွားလျှက် ထိုနေရာရောက်သော်….
(မြန်မာလို ဝိညဉ်အဖို….)ဤ သီချင်းကို ရေးစပ်ခဲ.သည်။ ထိုသီချင်းအား 
ဆရာကြီး DL Moody Crusade ၌ သက်သေခံရင်း သီဆိုသည်. အခါ သိန်း၊သန်းချီသော ဆုံးရှုံးခြင်းနှင်. ၀မ်းနည်း ပက်လက် ဘ၀ကို အရှုံးပေးနေသူများ၏ အသက်တာကို ပြောင်းလဲ စေခဲ.သကဲ.သို. 
ယနေ. အမှုတော်မြတ်၌ ပါဝင်နေရက်နဲ. ဘာ.ကြောင်. ငါနှင်. ငါ.မိသားစု
 အပေါ် ဆုံးရှုံးမှု ၀မ်းနဲကြေကွဲမှုတွေ ကြုံနေရတာလဲ ဆိုသည်. ငြီးတွားခြင်း အလျှဉ်းမရှိပဲ အရာခပ်သိမ်းသည် ဘုရားခွင်.ပြုချက်ရှိ၍သာ 
 ဖြစ်တည်နေခြင်း ဖြစ်ကြောင်း ၀န်ခံဖို.သာဖြစ်ပေသည်။ 

၎ရာ ၄း၂၆ ၌ သေနေသော သားလေးအား `“ ခလေး မာပါ၏လော” ဟု 
ဘုရား သခင်၏လူမှ ရှုနင်မြို.သူကို မေးသည်.အခါ…သေပါပြီ-
လုပ်ပါအုံးဟု ငိုယိုကာ မပြောဘူး၊ “ခလေး မာပါ၏” လို. ပြောသွား
သလိုပဲ နှစ်သစ်သို.ရောက်လာသည်. အခါ ယ္ခင်နှစ်က ဆုံးရှုံးခဲ.သမျှ နာမကျန်းဖြစ်သမျှ နာကျည်းသမျှ ဘုရားသခင်ကိုချစ်သော သူတည်း
ဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကိုခပ်သိမ်းသော အရာတို့သည်တညီတညွတ်တည်း ပြုစုကြသည်။
 ရောမ ၈း၂၈။ 2 king 4; ၂၆ သင်ပြေး၍ ခရီးဦးကြိုပြုပြီးလျှင်၊ ကိုယ်တိုင်မာ၏လော။ ခင်ပွန်း မာ၏လော။ 
သူငယ်မာ၏လောဟု စေလွှတ်၍ မေးစေသော်၊ 
မိန်းမက မာပါ၏ဟုဆို၏။

Thursday, 18 July 2019

ကျေးဇူးတော်ကြောင့် ခရစ်တော်၌ “ကျွန်ုပ် ဘယ်သူလဲ”

၁။ ကျွန်ုပ်သည် ဘုရားသခင်ထံမှလာသောသူ၊ ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဘွားသည်မဟုတ်၊ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့ တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲ တည်တော်မူသောဘုရား သခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဘွားသောသူဖြစ်သည်။(၁ပေ ၂း၂၃)

၂။ ကျွန်ုပ်သည် ခရစ်တော်အားဖြင့် သားအရာကိုရပြီ။ (ဧဖက် ၁း၅) 
၃။ ကျွန်ုပ်၏ အပြစ်အားလုံးကို ခွင့်လွှတ်ခြင်းခံရပြီ။(ဧ ၁း၈၊ဟေဗြဲ၊၉း၁၄၊တော ၁း၁၄၊၁ယော၊၁း၉၊၂း၂၂) 

၎။ ကျွန်ုပ်သည် အသစ်ပြုခြင်းခံရသောသတ္တဝါဖြစ်သည်။( ၂ ကော ၊ ၁၅း၁၇) ၅။ ကျွန်ုပ်၏ရန်သူသည် စာတန်မာရ်နတ်ဖြစ်သည်။( ၁ ပေ ၊၅း၈) 
၆။ ကျွန်ုပ်သည်သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်သည်။ (၁ကော ၃း၁၆၊ ၆း၁၉၊ဧ၊၂း၂၂ 

၇။ ကျွန်ုပ်သည်မှောင်မိုက်တန်ခိုးမှ နှုတ်ယူခြင်းခံပြီး ချစ်တော် မူသော သားတော်၏နိုင်ငံသို့သွင်းတော်မူခြင်းခံရပြီ။(ကော၊၁း၁၃) 
၈။ ကျွန်ုပ်သည်ကျိန်ခြင်းအရာမှလွတ်မြောက်ပြီ။ (ဂလာ ၃း၁၃။ရော၊၈း၁ -၂) ၉။ ကျွန်ုပ်ကောင်းကြီးခံစားရသည်။(ဂလာ ၃း၉။ဧ ၁း၃။တရားဟော၂၈း၁ - ၄)

 ၁၀။ ကျွန်ုပ်သည်သန့်ရှင်းသူဖြစ်သည်။ (ရော၊၁း၇။ ဧ၊၁း၁။ကော ၊၁း၂။ဖိ၊ ၁း၁။၁ကော ၊၁း၂) 
၁၁။ ကျွန်ုပ်သည်အမြီးမဖြစ်ရဘဲခေါင်းဖြစ်ရပြီ။(တရားဟော၊၂၈း၁၃) 
၁၂။ ကျွန်ုပ်သည် အောက်၌မနေရဘဲ အပေါ်၌နေရသော အခွင့်ရှိပြီ။ (တရားဟော ၂၈း၁၃) 

၁၃။ ကျွန်ုပ်သည်ဘုရာရှေ့တော်၌မေတ္တာအားဖြင့်သန့်ရှင်လျက်၊ အပြစ်ကင်း လွတ်လျက်ရှိပြီ။(ဧ ၊၁း၎။ဧ ၊ ၄း ၂၄) ၁၄။ကျွန်ုပ်သည်ဘုရားရွေးကောက်သောသူ၊ ချစ်အပ်သော သူကဲ့သို့ ဖြစ်သည်။ (ကော ၃း၁၂၊ ၁ သက်၊၁း၎။၁ပေ ၂း၉-၁၀၊ရော၊၈း၃၃၊ဧ၊၁း၎။ရော ၊၁း၇) 

၁၅။ကျွန်ုပ်သည်ယေရှုခရစ်တော်၏အပြစ်တင်စရာအခွင့်နှင့် ကင်းလွတ် မည့်အကြောင်းကျွန်ုပ်ကို အဆုံးတိုင်အောင်ခိုင်ခံ့မြဲမြံစေပြီ။(ဧ၊ ၂း၁၃) 
၁၆။ ကျွန်ုပ်သည်ယေရှုခရစ်တော်၌ဖြစ်၍အသွေးတော်အားဖြင့်အနီးသို့ ရောက်ပြီ။ (ဧ၊ ၂း၁၃) ၁၇။ ကျွန်ုပ်သည်အောင်မြင်သောသူဖြစ်သည်။ (၁ကော၊ ၁၅း၅၇၊ရော၊၈း၃၇) 

၁၈။ ကျွန်ုပ်သည်လွတ်ခြင်းအခွင့်ရပြီ။(ယော၊၈း၃၂-၃၆) ၁၉။ ကျွန်ုပ်သည် ကိုယ်တော်၌ခွန်အားစုံလင်လျှက်ရှိပြီ။ (၁ကော၊၁၆း၁၃၊ဧ၊၆း၁၀) 
၂၀။ ကျွန်ုပ်သည် အပြစ်နှင့်ဆိုင်သောအရာတွင်အသေဖြစ်ပြီ။ (ရော ၆း၂၊ ၁၁၊ ၁ပေ၊၂း၂၄) ၂၁။ ကျွန်ုပ်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တံဆိပ်ခတ်ခြင်း ခံရသော သူဖြစ်သည်။(ဧ၊၁း၃) 

၂၂။ ကျွန်ုပ်သည် ဘုရားသခင်အားဖြင့် ယေရှု၌ တည်နေသောသူ ဖြစ်သည်။ (၁ကော၊၁း၃၀) ၂၃။ ကျွန်ုပ်သည် ယေရှု၏ လက်ခံခြင်း ခံရသူဖြစ်သည်။ (ရော၊၁၅း၇) 
၂၄။ ကျွန်ုပ်သည် ယေရှု၏ မိတ်ဆွေဖြစ်သည်။(ယော၊၁၅း၁၅) ၂၅။ ကျွန်ုပ်သည် ဘုရား၏အသက်ကျောက်၊ ခရစ်တော်၌ တည်ဆောက်ခြင်း ခံရသော ဓမ္မ္မတိုက်ဖြစ်သည်။(၁ပေ၊ ၂း၎၊၅) 

၂၆။ ကျွန်ုပ်သည် ဘုရားကိုသိသောဥာဏ်တိုးပွားခြင်းရှိသဖြင့် ခပ်သိမ်းသော အရာကို ကျော်လွှားနိုင်သည်။ (ကော ၁း၁၀-၁၁) ၂၇။ ကျွန်ုပ်သည် ခရစ် တော်နှင့်အတူလက်ဝါးကပ်တိုင်မှာ အသေခံပြီ။ (ဂလာ ၂း၂၀၊ ရော ၆း၆)
 ၂၈။ ကျွန်ုပ်သည် ဇာတိပကတိအရာ၌ လွတ်မြောက်ပြီ။ (ရော ၈း၁) 

၂၉။ ကျွန်ုပ်သည် ခရစ်တော်နှင့်အတူအသက်ရှင်ပြီး ကျေးဇူးတော် အားဖြင့်ကယ်တင်ခြင်းသို့ရောက်ရပြီ။ (ဧ ၂း၅၊ ကော ၂း၁၃) 
၃၀။ ကျွန်ုပ်သည် ထိုသခင်၌စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်းရှိလျက်၊ နည်း ဥပဒေသကိုခံပြီးသည်အတိုင်း ယုံ ကြည်ခြင်း၌ မြဲမြံစွာစွဲလမ်းလျက်၊ ကျေး ဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ၊ ယုံကြည်ခြင်းတိုးပွား ပြည့်စုံလျက်ရှိ သည်။ (ကော ၂း၇) 

၃၁။ ကျွန်ုပ်သည် သန့်ရှင်းသူတို့၏ အမျိုးသားချင်းဖြစ်သည်။ ဘုရားသခင် ၏အိမ်တော်သားလည်းဖြစ်သည်။ (ဧ ၂း၉) ၃၂။ ကျွန်ုပ်သည် ခမည်းတော် ထံ၌တိုးဝင်ချဉ်းကပ်ခွင့်ရပြီ။ (ဧ ၂း၁၈၊ ဟေဗြဲ ၄း၁၆) 
၃၃။ ကျွန်ုပ်သည် ဘုရားဖြစ်ဘွားသူ၊ လုံခြုံမှုပေးခြင်းခံရသောကြောင့် မာရ်နတ်မထိခိုက်နိုင်ပါ။ (၁ယော ၅း၁၈-၂၀၊ ယော ၁၇း၁၄) 

၃၄။ ကျွန်ုပ်သည် ဘုရားရွေးချယ်ခြင်းခံရသူ၊ သစ္စာရှိသူဖြစ်သည်။ (ဗျာ ၁၇း၁၄၊ ယော ၁၀း၎၊ မဿဲ ၁၆း၂၄၊ ဗျာ ၁၄း၎) ၃၅။ ကျွန်ုပ်သည် တပါးသူများကိုချစ်သောကြောင့် ယေရှု၏တပည့်တော်စစ်ဖြစ်သည်။ (ယော ၁၃း၃၄-၃၅) ၃၆။ ကျွန်ုပ်သည် လောက၏အလင်းဖြစ်သည်။ (မဿဲ ၅း၁၄၊ ယော ၁း၁၂) ၃၇။ ကျွန်ုပ်သည် လောက၏ဆားဖြစ်သည်။ (မဿဲ ၅း၁၃) 

၃၈။ ကျွန်ုပ်သည် နိမိတ္တသတ္တဝါတို့တွင် အဦးသီးသောအသီးဖြစ်သည်။ (ယော ၁း၁၈) ၃၉။ ကျွန်ုပ်သည် ခရစ်တော်၏သံတမန်ဖြစ်သည်။ (၂ကော ၅း၂၀) ၄၀။ ကျွန်ုပ်သည် ဘုရားသခင်၏ သံတမန်ဖြစ်သည်။ (ယော၊၁း၂၇) ၄၁။ ကျွန်ုပ်သည် ဘုရားသခင်၏ မျက်လုံး၌ပန်းသီးတစ်လုံးဖြစ်သည်။ (တရား ၃၂း၁၀။ ဆာ ၁၇း၈) 

၄၂။ ကျွန်ုပ်သည် ခရစ်တော်၏ ဒဏ်ချက်တော်အားဖြင့် အနာရော ဂါပျောက် ပြီ(၁ပေ ၂း၂၄။ ဟေရှာ ၅၃း၆) 
၄၃။ ကျွန်ုပ်သည် ဘုန်းအသေရေ တိုးပွား၍ ဘုရားသခင်၏ပုံသဏ္ဍန်နှင့်အညီ ပြောင်းလဲခြင်းရှိသည်။ (၂ကော ၃း၁၈) 
၄၄။ ကျွန်ုပ်သည် ယေရှုခရစ်အားဖြင့် ထမြောက်၍ ကောင်းကင်အရပ်၌ နေရာပေးခြင်းခံရပြီ။ (ဧ ၂း၆။ ဖိ ၃း၂၀) 

၄၅။ ကျွန်ုပ်သည်ဤလောကနှင့်မဆက်ဆံသောသူဖြစ်သည်။ (ယော ၁၇း၁၆) ၄၆။ ဘုရားသည် ယေ.ရှုကိုချစ်တော်သကဲ့သို့ ကျွန်ုပ်ကိုချစ်တော် မူသည်။ (ယော ၁၇း ၁၆) ၄၇။ ကျွန်ုပ်၌လူတို့ကြံ၍ မမှီသော ငြိမ်သက်ခြင်း ရှိသည်။.(ဆာ ၁၁၉း ၁၆၅။ ရော ၅း၁။ ယော ၁၄း၂၇။ ဖိ ၄း၇) 

၄၈။ ကျွန်ုပ်၌ ခရစ်တော်၏ စိတ်ရှိသည်။(၁ကော ၂း၁၆) 
၄၉။ ကျွန်ုပ်တွင် ပညာနှင့်ထိုးထွင်းသောဥာဏ်ရှိသည်။ (ဧ ၁း ၁၇) 
၅၀။ ကျွန်ုပ်သည် လောကကိုအောင်မြင်ခြင်းရှိသည်။ (၁ယော ၅း၎) 
၅၁။ ငါ့ကိုခွန်အားနှငိ့ ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ငါတက်စွမ်းနိုင်၏။ (ဖိ ၄း၁၃) 

၅၂။ ကျွန်ုပ်ဘက်၌ ရှိသောသူသည် လောကဘက်၌ရှိသောသူထက် ကြီးတော်မူသည်။( ၁ယော ၄း ၄) 
၅၃။ ဘုရားသခင်သည် အထက်အရပ်မှခေါ်တော်မှုခြင်းနှင့်ဆိုင်သော ဆုကိုရခြင်းငှာ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။ (ဖိ ၃း၁၄) ၅၄။ ဂရုဏာကျေးဇူးကို အထက်ကမခံရသော်လည်း ယခုတွင်ခံရပြီ။ (၁ပေ ၂း၉-၁၀) 

၅၅။ ကျွန်ုပ်သည်လောကဝိညာဉ်ကိုမခံ ဘုရားသခင် ပေးတော်မှုသော အရာတို့ကို သိခြင်းအလို့ငှာ ဘုရားသခင်ထံမှကြွလာသော ဝိညာဉ်ကိုခံရပြီ။ (၁ကော ၂း၁၂) ၅၆။ ကျွန်ုပ်သည်ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာ သို့ရောက်ပြီး သခင်ယေရှုခရစ်အားဖြင့်ငြိမ်သက်ခြင်းကို ခံရပြီ။ (ရော ၅း၁) ၅၇။ ကျွန်ုပ်သည် အဘိုးနှင့်ဝယ်ခြင်းခံရ သူဖြစ်သောကြောင့် မိမိကိုယ်မိမိ မပိုင် ဘုရားသခင်ပိုင်တော်မှုသည်။ (၁ကော ၆း ၁၉-၂၀) 

၅၈။ ကျွန်ုပ်သည် ကိုယ်အလိုသို့လိုက်၍အသက်မရှင်။ (၂ကော ၅း၁၄-၁၅၊ ဂလာ ၂း၂၀) ၅၉။ ကျွန်ုပ်သည်တန်ခိုးပါသောစိတ်၊ ချစ်တက်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ရရှိပြီ။(၂တိ ၁း၇) 
၆၀။ ကျွန်ုပ်သည် သနားခြင်းဂရုဏာကို၎င်း၊ တော်လျော်သောမစခြင်း၊ ကျေးဇူးတော်ကို၎ငိး၊ ခံရမည့်အကြောင်း ရဲရင့်သောစိတ်နှင်. ကျေးဇူးတော် ပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ခွင့်ရှိသည်။ (ဟေဗြဲ ၄း၁၆)

Thursday, 11 July 2019

(ဗုဒ္ဒဘာသာ အကြောင်းအကျဉ်း)

လူအမည် = သိဒ္ဓတ္ထ
ဘုရားဘွဲ့အမည်တော် = ဂေါတမဗုဒ္ဓ
 မွေးသက္ကရာဇ် = (BC- 623 ခန့်) 
မိဘအမည် = ခမည်းတော် သုဒ္ဓေါဓနမင်း၊ 
မယ်တော် မဟာမာယာဒေဝီ မိဖုရား
 နေပြည်တော် = ကပိလဝတ်မင်းနေပြည်တော်(ယခုခေတ် နီပေါနယ်) အမျိုးအနွယ် = သကျသာကီဝင်မင်းမျိုး 
အိမ်ထောင်ပြုချိန် = အသက် ၁၆နှစ်အရွယ် 
ဇနီး = ဖွားဖက်တော် ဘဒ္ဒကဉ္စနာ ယသောဓရာ 
သားတော် = ရာဟုလာ 
နန်းစည်းစိမ်စံနှစ် = ၂၉နှစ် (မွေးကတည်းက တောထွက်ချိန်အထိ) တောထွက်ချိန် = သက်တော် ၂၉နှစ်၊တနင်္လာနေ့ (BC- 594 ခန့်) ဒုက္ကရစရိယကျင့်သည့်ကာလ = ၆ နှစ် (ခဲရင်းစွာကျင့်ရသည့် အကျင့်ဖြစ်သဖြင့် ဒုက္ကရစရိယဟုခေါ်သည်၊ ) 
ဘုရားဖြစ်ချိန် = သက်တော် ၃၅နှစ်၊ ဗုဒ္ဓဟူးနေ့ (BC- 588 ခန့်) တရားဟောသည့်ကာလ = ၄၅နှစ် 
(သက်တော် ၃၅မှ သက်တော် ၈၀အထိ) 
ပရိနိဗ္ဗာန်စံတော်မူသည့်နှစ် = သက်တော် ၈၀၊
 ဝါတော် ၄၅ဝါ၊ အင်္ဂါနေ့ (BC- 543 ခန့်) 

 ဗုဒ္ဓဘာသာ 
ဗုဒ္ဓ=ဘုရား၊ ဘာသာ=အယူဝါဒ၊
 ဟောကြားချက်၊ ဘုရားရှင်၏ ဟောကြားချက်သည် ဘုရားဖြစ်တော်မူပြီးနောက် ၄၅နှစ်လုံးလုံး ဟောကြားတော်ခဲ့တဲ့ 
ဘုရားရှင်၏ တရားတော်ကိုသာ ဆိုလိုသည်။ 
ထိုဟောကြားချက်ကို ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ 
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုသည်. ခေါ်ဝေါ် သည်။ ဗုဒ္ဓဘုရားရှင်၏ ဝါဒ = ကံ ကံ၏အကျိုးအပြစ်ကို
 ဟောသည်. ကမ္မဝါဒ၊ အကြောင်းအကျိုးကို ထောက်ပြသည်. ကြောင်းကျိုးဆက်စပ်မှု ဝါဒ၊ အမှားအမှန်ကို စိစစ်ဝေဖန် 
လက်ခံစေသည်. ဝိဘဇ္ဇဝါဒ၊ အစွန်းမရောက် အလယ်အလတ် 
လမ်းစဉ်ကို ကျင့်သုံးသည်. မဇ္ဈိမပဋိပဒါ ဝါဒ။ 
ဗုဒ္ဓဘာသာဝင် 
ဗုဒ္ဓဘုရား၏ အယူဝါဒ ဟောကြားချက်များကို လက်ခံလိုက်နာ ကျင့်သုံးကြသည်. သူများကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်သည်။ 
ဘယ်သူ့ပယောဂ၊ ဘယ်သူ့စည်းရုံး လှုံ့ဆော်မှုမှ မပါဘဲ ကိုယ်ကိုယ်တိုင် ကျေနပ်လက်ခံလို့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ဘုရားရှင်ကို 
ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ 
ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်ကို ကိုးကွယ်ရာဟူ၍ 
ဆည်းကပ်ပါ၏၊ သံဃံ သရဏံ ဂစ္ဆာမိ - သံဃာတော်ကို 
ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏” ဟုဆိုကာ သရဏဂုံတည်ပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူထားကြသူများကို ဗုဒ္ဓဘာသာဝင် ဟုခေါ်သည်။ 

 ကံကံ၏ အကျိုးအပြစ်နှုင်. ပတ်သက်ပြီး 
ဗုဒ္ဓဘာသာတစ်ယောက်သည် မကောင်းမှုကိုရှောင်ပြီး
 ကောင်းမှုကို ဆောင်ဖို့ လိုသည်။ မကောင်းမှုဒုစရိုက်အမှုကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်ပြီး ကောင်းမှုသုစရိုက်ကို 
လုပ်နိုင်အောင် ကြိုးစားဖို့ လိုအပ်ပါသည်။ မကောင်းမှု ဒုစရိုက်ကို ရှောင်ရန်အတွက် သီလကို ထိန်းသိမ်း စောင့်ရှောက်ရပါမည်။ 
အနည်းဆုံး ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းသူသည် 
မကောင်းမှု ဒုစရိုက်ကိုလည်း ရှောင်ကြဉ်ပြီး ဖြစ်သည်။ 

ကောင်းမှုဆောင်ခြင်းသည် ဗုဒ္ဓဘာသာဝင်များ ကောင်းမှုလုပ်ခြင်း ရည်ရွယ်ချက်သည် နောက်ဆုံးပန်းတိုင်ဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုရေး နှုင်. နိဗ္ဗာန်မရခင် သံသရာလည်ရသည်. 
အခါမှာလည်း သံသရာခရီးတွင် ချမ်းသာရေး အတွက် ဖြစ်သည်။ ထိုပန်းတိုင်များကို လှမ်းနိုင်ရန်အတွက် နိဗ္ဗာန်ကို 
မျက်မှောက်ပြုဖို့ သီလကို အခြေခံသော ဘာဝနာ 
အလုပ်ကို ကြိုးစား အားထုတ် ရမှာဖြစ်ပြီး နိဗ္ဗာန် မရခင် 
သံသရာလည်တဲ့ အခါမှာလည်း ကောင်းတဲ့သုဂတိ 
ဘဝ တွေမှာဖြစ်ဖို့ သီလကုသိုလ်ကို ထိန်းသိမ်းပြီး 
ဒါနကုသိုလ်ကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်ကြရမှာ ဖြစ်သည်။ 
ထိုနည်းဖြင်. ဗုဒ္ဓဘာသာ တစ်ယောက်သည် ယုံကြည်၊
ကျင့်ကြံမှုကို လက်တွေ့လိုက်နာ ကျင့်ကြံပြီး ကိုယ်လုပ်မှ 
ကိုယ်ရမည်ကို ကိုဖြစ်ရင် ကိုခံရမည်ဆိုသည်. မှန်ကန်ပြီး အကြောင်းအကျိုးသင့်သည်. အယူဝါဒကို 
သဘောပေါက် နားလည်နိုင်မည် ဖြစ်သည်။

အစ္စလမ်ဘာသာ အကြောင်း

 
တည်ထောင်သူ အာရပ်လူမျိုး= မိုဟာမက်
တည်ထောင်သည့်နှစ် = (အေဒီ ၆၁၀)။  
မဒီနာသို့ထွက်ခွာသည့်နှစ်= (အေဒီ ၆၂၂)။
 ကွယ်လွန်သည့်နှစ်= (အေဒီ ၆၃၂)။ 
စတင်ပေါ်ပေါက်ရာဌာန = (အာရေဗျ နိုင်ငံ၊ မက္ကာမြို့)
ဘာသာ၏ အထွတ်အထိပ်ပုဂ္ဂိုလ် = (အလ္လာဟ်ဘုရားသခင်)
ပဓာနကျမ်းဂန်=( ကိုရန်ကျမ်းမြတ်) 

ကမ္ဘာကြီးနှင့် သတ္တဝါတွေကို အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းသည်။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာ၏ ပထမဆုံး လူသားအဖြစ် 
အာဒမ် ( Adam ) အမျိုးသား နှင့် ဧဝ ( Eve ) အမျိုးသမီးတို့ကို ဖန်ဆင်းသည်။ သူတို့ နှစ်ယောက် လူသားတွေ 
ဆက်ကာဆက်ကာ ပေါက်ပွါးလာကြ၏။ 
အစ္စလမ်ဘာသာဝင်အရေအတွက် အကြမ်းအားဖြင့် အစ္စလမ်ဘာသာကိုးကွယ်သူ ( 1.8 billion ) ခန့်ရှိမည်ဟု 
ခန့်မှန်းရပြီး ကမ္ဘာ. မူဆလင် လူဦးရေ၏ သုံးပုံတပုံသည် 
South Asia ၌ နေထိုင်ပြီး တိုးတက်နှုန်း အမြန်ဆုံး ဘာသာရေး တစ်ခုလည်း ဖြစ်သည် ဟုဆိုသည်။ 

သမိုင်းအကျဉ်း 
မိုဟာမက် ( AD 570 – 632) သည် 
ဤဘာသာကို အဓိကဦးဆောင် 
တည်ထောင်ခဲ့သူ ဖြစ်သည်။ ယနေ့ ဆော်ဒီအာရေးဗီးယား
 နိုင်ငံရှိ မက္ကာမြို့ (Mecca) တွင်မွေးဖွါးပြီး ဗက်ဒိုဝင် (Bedouin tribe) အမျိုးအနွယ်မှဖြစ်သည်။ ဖခင်ဆုံးပါးပြီးနောက်ပိုင်း အဖိုးဖြစ်သူ၏ ကြည့်ရှု စောင့်ရှောက် လမ်းညွန်မှုဖြင့်ကြီးပြင်း လာခဲ့သည်။ 

သူသည် သိုးထိန်း တစ်ယောက်ဖြစ်ပြီး အောင်မြင်သော 
ကုန်သည် တစ်ယောက်လည်းဖြစ်သည်။ မူဆလင်ဘာသာဝင်များက 
သူ့ကို သန့်ရှင်းသူ ကောင်းကင်ဘုံမှတိုက်ရိုက်ဆင်းလာသူ (သို့) ကောင်းကင်သား (သို့) ကယ်တင်ရှင် အဖြစ်မခံယူ၊ မယုံကြည်ပါ။ 
သူ့ကို ဘုရားသခင်ထံမှ နောက်ဆုံးအနေဖြင့် ရောက်လာသော 
တမန်တော်၊ ပရောဖက်အဖြစ်လက်ခံ ယုံကြည်သည်။ 
အစ္စလမ်(Islam) ဟူသော စကားလုံးသည် အရေဗစ် 
(Arabic) ဘာသာဖြစ်ပြီး “ဆက်ကပ်အပ်နှံခြင်း” 
သို့မဟုတ် “မိမိ၏အလိုဆန္ဒ အလုံးစုံကိုစွန့်၍ 
ဘုရားရှင်အားအပ်နှံခြင်း” ဟူ၍ အဓိပ္ပါယ်ရသည်။ 

မူဆလင် (Muslim) သည် အစ္စလမ်ဘာသာကို ကိုင်းရှိုင်း 
လိုက်နာသူဟု အဓိပ္ပါယ်ရသည်။ အစ္စလမ်ဘာသာဝင်တို့၏ ယုံကြည်ချက်အရ မိုဟာမက်သည် သူ၏အသက် (၄၀) နှစ်
ပါတ်ဝန်းကျင် ခန့်ရှိသောအခါ အလာရှင်မြတ် (ဘုရားသခင်) ထံမှ 
ဗျာဒိတ် မြင်သည်ဟုဆိုသည်။ ကောင်းကင်တမန် Gabriel ထံမှ 
ဗျာဒိတ် အတွဲများစွာကို မြင်မက် ခံယူရရှိပြီးနောက်ပိုင်း AD 622 တွင် အစ္စလမ်ဘာသာကိုတည်ထောင်သည်။ 

မူဆလင်ဘာသာဝင်များက သူသည် ဘာသာတရား သစ်ကို တည်ထောင်သည်ဟု မခံယူပါ၊ အာဗြဟံ၊ မောရှေ၊ ဒါဝိဒ် နှင့် 
သခင်ယေရှု တို့အား ဖော်ပြခဲ့သော ဘုရားသခင်၏ နှုတ်ကပါတ်တော်အလုံးစုံတို့ကို ပြန်လည် မွမ်းမံသူ၊ 
သန့်စင်သူ ဖြစ်ပြီး၊ မက္ကာမြို့နှင့် အနီးအနားပါတ်ဝန်းကျင်ရှိ 
လူသားများကို စုစည်းဦးဆောင်သူ ဘာသာရေး ခေါင်းဆောင်၊ တမန်တော်တစ်ပါးဖြစ်သည်ဟု ဆိုပါသည်။ 

သူ၏ ဘုရားတစ်ပါးသာ ရှိသည်ဟူသောယုံကြည်ခြင်း၊ စည်းကမ်းတင်းကြပ်လွန်းသော ဘာသာရေးလိုက်နာမှုများ၊ အခြားသူများအား အားမနာတမ်းဘာသာရေးဝေဖန်မှုများ နှင့် ငြင်းပန်းနှိပ်စက်အပြစ်ပေးတတ်သော ဘာသာရေးလိုက်နာမှုများ က အာရေဗြကျွန်းဆွယ်တွင်ထိုစဉ်အခါ၏ ကျင့်သုံးသော 
ဘုရားများစွာကို ကိုးကွယ်သည်. ဘာသာရေးနှင့် 
လူမှုစနစ်တို့ကို ခြိမ်းခြောက်စပြုလာသည်။

 နောက်ပိုင်းတွင် မိုဟာမက်၏ ဦးဆောင်မှုဖြင့် ထိုဘာသာရေးအဖွဲ့သည် မက္ကာမြို့၏မြောက်ဖက် မိုင် ၂၈၀ ကွာဝေးသော မဒီနာ (Medina) 
အရပ်သို့ ပြောင်းရွှေ့သွားကြသည်။ နောက် ရှစ်နှစ်ကြာသော အခါ မက္ကာမြို့သို့ ပြန်လည်ရောက်ရှိလာကြပြီး ထိုနောက်ပိုင်းတွင် အစ္စလမ်ဘာသာထဲသို့ လူအမြောက်အများ ၀င်ရောက် လက်ခံယုံကြည်လာကြသည်။ မိုဟာမက်ကွယ်လွန်သည့် 
AD 632 နောက်ပိုင်းတွင် အစ္စလမ်ဘာသာ သည် 
ဆွန်နီ (Sunnis) နှင့် ရှီးယား (Shi’as) ဟူ၍
 နှစ်ခြမ်းကွဲသွားသည်။ 

ရှီးယား အဖွဲ့သည် ခွဲထွက်သည့် အဖွဲ့ဖြစ်ပြီး ပိုမိုတင်းကြပ်သည့် ဘာသာရေးယုံကြည် မှုကိုကျင့်သုံးရုံမက နိုင်ငံတော် အုပ်ချုပ်ရေးတွင် ဘာသာရေးအကြီးအကဲများမှ ချုပ်ကိုင်သည့် စနစ်ကို သွပ်သွင်းကျင့်သုံးသည့် အဖွဲ့ဖြစ်သည်။ ယခုခေတ်တွင် 
၈၅% ခန့်သော အစ္စလမ်ဘာသာဝင်များသည်ဆွန်နီ အဖွဲ့မှဖြစ်ပြီး ဘာသာရေးနှင့် နိုင်ငံရေး ကိုခွဲခြားကျင့်သုံးသည့် စနစ်ကိုလက်ခံသည့်အဖွဲ့ဖြစ်သည်။ Sufiism ဟုခေါ်သော အလွန်သေးငယ်သည့် အခြားအဖွဲ့ငယ်တစ်ခုရှိသေးသည်။ 

အစ္စလမ်ဘာသာဝင်များက ဤဘာသာတရားသည် 
ဘုရားသခင်ထံမှ စစ်မှန်သော၊ နောက်ဆုံးသော တစ်ခုတည်းသောဘာသာတရားဖြစ်သည် ဟု
ယုံကြည်လက်ခံသည်။ အခြားသော ဘာသာတရားများ
အားလုံးသည် ဘုရားသခင်၏ သမ္မာတရားကို မမှန်မကန်
လက်ခံသူများ အဖြစ်ခံယူသည်။ 

ဘုရားတစ်ပါးတည်းရှိခြင်း၊ ကောင်းကင်တမန်များ
ရှိသည်ဟု ယုံကြည်ခြင်း၊ 
နိဗ္ဗန်နှင့် ငရဲ ရှိသည် ဟုယုံကြည်ခြင်း၊ 
ပရောဖက်များကို လေးစားလက်ခံခြင်း၊ အချို့သော
 ရှေးကျမ်းစာများကို တန်ဖိုးထားလက်ခံခြင်း 
တို့တွင် ဂျူးဘာသာ (Judaism) တို့နှင့် တူညီပြီး၊ 
ခရစ်တော်သည် အပျိုကညာမှဖွါးမြင်ခြင်း၊ နောင်တွင်ရောက်လာမည့် 
ဘုရားသခင်၏တရား စီရင်ခြင်း၊ နိဗ္ဗန်နှင့် ငရဲ ရှိသည်ဟု
ယုံကြည်ခြင်းများတွင် ခရစ်ယာန်တို့နှင့် တူညီသော 
ယုံကြည်ချက်ရှိသည်။ 
  
အခြေခံယုံကြည်ချက်များ 
1. အလာဟုခေါ်သော ဘုရားသခင်ကိုယုံကြည်သည်။ 
2. ကောင်းကင်တမန်များရှိသည်ဟုယုံကြည်သည်။ 
3. အလာရှင်၏နှုတ်ကပါတ်တော် ကိုရန်ကျမ်းစာအုပ်၊ ဆွန်န (Sunnah) ဟုခေါ်သော ‘ပရောဖက်တို့၏ကျင့်ထုံး’ ကျမ်းစာအုပ် နှင့် ဟာဒစ် (Hadith) ဟုခေါ်သော မိုဟာမက် က အလာရှင် ပေးသည့်အတိုင်းရေးသားသည့် ကျမ်းစာအုပ်တို့ကို လက်ခံယုံကြည်ကျင့်သုံးသည်။ ထို့အပြင် တိုးရ (Torah) ဟုခေါ်သော အာဗြဟံရေးသည့် ကျမ်းစာအုပ်၊ ဒါဝိဒ်ရေးသားသော ဆာလံကျမ်းများ နှင့် The Gospel of Jesus တို့ကိုလည်း ယုံကြည် လက်ခံကျင့်သုံးသည်။ သို့သော် ယခုခေတ်တွင် ခရစ်ယာန်တို့
အသုံးပြုသော သမ္မာကျမ်းစာအုပ်သည် အမှားများစွာနှင့်
 ပြည့်နှက်သည်ဟု ယုံကြည်သည်။ 
4. ဂျူးနှင့် ခရစ်ယာန်ဘာသာဝင်တို့၏ အထင်ကရ ပရောဖက်ကြီးများဖြစ်သော အာဗြဟံ၊ မောရှေ၊ ဒါဝိဒ်၊
 ဆောလမုန်၊ ယောဘ နှင့် သခင်ယေရှုတို့အားသူတော်စင် 
ပရောဖက် ကြီးများအဖြစ်လက်ခံယုံကြည်သည်။ 
5. နောက်ဆုံးသောနေ့ရက်တွင် အလာရှင်မြတ်၏ တရားစီရင်ခြင်းနေ့ရက်ရှိမည်ဟုယုံကြည်သည်။ 
6. Qadr ဟုခေါ်သောအလာရှင်မြတ်၏ အကြွင်းမဲ့ 
တန်ခိုးအာဏာရှိခြင်းကို ယုံကြည်သည်။ 
7. သေခြင်း၏ အခြားတစ်ဖက်တွင် နိဗ္ဗန် သို့မဟုတ် ငရဲ တွင် ပြန်ရှင်ခြင်းရှိသည် ဟုယုံကြည်သည်။ 

 အခြေခံကျင့်စဉ် (၅) ခု 
အစ္စလမ်ဘာသာဝင်တိုင်း၏ အခြေခံ
အကျဆုံးသောကျင့်စဉ် ၅ ခုရှိသည်။ 
1. ဘုရားသခင်နှင့် မိုဟာမက် အား ပေါင်း၍ သူတို့၏ 
တစ်ပါးတည်းသော ပရောဖက် အဖြစ် ယုံကြည်လက်ခံသည် 
(oneness of God and Muhammad ဘုရား + မိုဟာမက် = တစ်ပါး)။ 
ဤ ဖြစ်ခြင်း ကို Shahadah ဟုခေါ်သည်။ 
2. တစ်ရက် (နေထွက်ခါနီးအချိန်မှ မွန်းလွဲပိုင်းအထိ) 
အတွင်း (၅) ကြိမ် ဆုတောင်းခြင်း။ 
3. ဆင်းရဲသားများကို ပေးကမ်းခြင်း 
4. ရာမာဒန် (Ramadan) ဟုခေါ်သော မူဆလင်ပြက္ခဒိန်၏ ၉ လမြောက်သော လတွင် (Sawm) ဟုခေါ်သော မနက်နေထွက်ချိန်မှ နေ၀င်သည့်အချိန်အတွင်း အစာရှောင် ဆုတောင်းခြင်း။ 
ကလေးသူငယ်များ၊ မကျန်းမမာဖြစ်နေသူများ၊ 
သက်ကြီးရွယ်အိုများ နှင့် ဦးဏှောက်ပိုင်းဆိုင်ရာ ချို့တဲ့သူများခြွင်းချက်အဖြစ်ထားသည်။ 
5. မက္ကာမြို့သို့ဘုရားဖူးသွားခြင်း၊ ဟာဂျီ (Hajj) ဟုခေါ်သည်။ 
ကျန်းမာသန်စွမ်းပြီး ငွေရေးကြေးရေးအရတတ်နိုင်သူ အစ္စလမ်ဘာသာ ၀င်တိုင်း အနည်းဆုံးတစ်သက်တွင် တစ်ကြိမ် မက္ကာမြို့ သို့ မိုဟာမက်ကို အရိုအသေပေးရန်နှင့် မိမိကိုယ်ကို အလာရှင်မြတ်ထံ ပြန်လည်ဆက်ကပ်နှံသည့်အနေဖြင့် ဘုရားဖူးသွားခြင်း။ 

အစ္စလမ်ဘာသာနှင့် ပါတ်သက်သောသိသင့်သည့်အချက်
အချို့ ယနေ့ အစ္စလမ်ဘာသာဝင်များကြားတွင် အကြီးအကျယ် အငြင်းပွားဖွယ်ရာ ဖြစ်နေသော အရာတစ်ခုမှာ ဂျီဟဒ် jihad (struggle)၏အဓိပ္ပါယ်ပြန်ဆိုပုံဖြစ်သည်။ 

 ငြိမ်းချမ်းရေးဝါဒီအစ္စလမ်ဘာသာဝင်များက ဂျီဟဒ် ဆိုသည်မှာ အလာရှင်မြတ်၏ တရားတော်ကို လိုက်နာရန် အတားအဆီးများ ကိုစိတ်ဓါတ်ရေးရာအရ တိုက်ခိုက်ခြင်းဟုပြန်ဆိုသည်။ 

ထိုသူတို့သည် ကိုရန်ကျမ်း ၆း ၁၅၁ တွင် “အလာရှင်မြတ် ဖန်ဆင်းထားသော လူသားတို့၏ အသက်ကို တရားဥပဒေနည်းလမ်း ဖြင့်လွဲ၍ နှုတ်ယူခြင်း (သတ်ခြင်း) မပြုရ” ဆိုသည့် ကျမ်းချက်ကို စွဲကိုင်ကြသည်။ သို့သော် အစွန်းရောက် အစ္စလမ်ဘာသာဝင်များက 
ဂျီဟဒ် ဆိုသည်မှာ အလာရှင်မြတ်ထံ မိမိကိုယ်ကို အပ်နှံခြင်းမပြုလုပ်သူတို့နှင့် ပဋိပက္ခဖြစ် ပွါးခြင်းဟု ပြန်ဆိုကြသည်။ 
ကိုရန် ကျမ်းစာတွင် “မယုံကြည်သူတို့ကို တွေ့ရာအရပ်တွင် တိုက်ခိုက်ကြလော့ Fight the unbelievers wherever 
you find them” ဟူသော ကျမ်းပိုဒ်ကို 
ကျင့်သုံးခြင်းဖြစ်သည်ဟုဆိုသည်။ အစ္စလမ်ဘာသာဝင်အဖြစ်ကူးပြောင်းရန်အတွက် 
Shaha dah ဟုခေါ်သော သက်သေခံခြင်းကလေး ပြုလုပ်ရုံဖြင့် ကူးပြောင်းနိုင်သည်။ ထိုသက်သေခံချက်မှာ “အလာရှင်မြတ်မှတစ်ပါး အခြားသောဘုရားမရှိပါ၊ မိုဟာမက်သည် အလာရှင်၏ ပရောဖက်ဖြစ်သည်” ဟူ၍ဖြစ်သည်။ ဤသက်သေခံချက်ပြုလုပ်ခြင်းဖြင့် အတိတ်တွင် ကျူးလွန်ခဲ့သမျှသော အပြစ်များ ချေဖျက်သွားသည်ဟု ယုံကြည်သည်။ 

အစ္စလမ်ဘာသာဝင် တို့အတွက် “ပြန်လည်မွေးဖွါးခြင်း Born again” ဖြစ်သည်။ ကိုရမ်ကျမ်း ၂း ၂၅၄ တွင် လူတစ်ယောက်အား အစ္စလမ် ဘာသာသို့ အတင်းအဓမ္မ ကူးပြောင်းစေခြင်းကို တားမြစ်ထားသည်။ ၀တ်ပြုကိုးကွယ်ခြင်း နေ့စဉ် ၀တ်ပြုကိုးကွယ်ခြင်းအမှုပြုလုပ်သောအခါ ရှိသည့်အရပ်မှ မက္ကာမြို့ ရှိရာ အရပ်ဖက်သို့ ဦးညွတ်ပြပ်ဝပ်ကိုးကွယ်ကြသည်။ သောကြာ ညတိုင်းတွင် 
ဗလီ (Mosques) သို့ သွားရောက်ပြီး ကိုးကွယ်ခြင်းပြုသည်။

Mosques ၏အဓိပ္ပါယ်မှာ ပြပ်ဝပ်ကိုးကွယ်ရာ နေရာဟူ၍ဖြစ်သည်။ Mosques ဟူသောစကားလုံးသည် စပိန်ဘုရင် ဖာဒီနန် နှင့် မိဖုရား အစ္စဘဲလား တို့က အစ္စလမ် တို့၏ ၀ပ်ပြုကိုးကွယ်တဲ့နေရာတွေကို ခြင်ကောင် (Mosquitoes) လေးတစ်ကောင်ကို ဖိသတ်သလို ညက်ညက်ကျေအောင် ဖျက်ဆီးပစ်မယ် ဟု ကြုံးဝါးခဲ့ ရာမှ ဖြစ်ပေါ်လာသည်ဟု ဆိုရိုးရှိခဲ့ဘူးသည်။ 

အရေးပါသောနေ့ရက်များ 
အစ္စလမ်ဘာသာရေးတွင် အရေးပါသောအချိန် သုံးကြိမ်ရှိသည်။ 
1.Ramadan – အစာရှောင်ဆုတောင်းသည့်လ 
2. Al-Hajj – ဘုရားဖူးသည့်လ။ အလာရှင်မြတ်က ဣဇာက် ၏၀မ်းကွဲ အကို ဣရှမေလအားဘုရားသခင်က ကယ်တင်ခြင်းကို အစွဲပြု၍ ပြုလုပ်သည်။ ဤအချိန်တွင် မရှိဆင်းရဲသားများကို ကူညီပေးကမ်းကြသည်။ 
3. Mawlid an-Nabvi – ပရောဖက် မိုဟာမက်၏မွေးနေ့။ 

  ခရစ်ယာန်ဘာသာနှင့် အဓိကကွာခြားချက်များ 
1.သမ္မာကျမ်းစာအစား ကိုရန် ကျမ်းစာအုပ်ကို အသုံးပြုသည်။ လုံးဝဥဿုံအမှားမရှိသော အလာရှင်မြတ်ထံမှလာသည့် ကျမ်းစာအုပ် ဖြစ်သည်ဟုယုံကြည်သည်။ မိုဟာမက် ၏ကျင့်စဉ်များကိုရေးသားသော Hadith ကျမ်းကိုလည်း လက်ခံသည် 
2.အလာရှင်မြတ်သည် တစ်ပါးတည်းသောဘုရားသခင် (သုံးပါးတစ်ဆူမဟုတ်) ဖြစ်ပြီး အရာအားလုံးကိုသိကျွမ်းပြီး၊ သနားခြင်း ဂရုဏာနှင့်ပြည့်ဝသည့် တန်ခိုးကြီးသောသူဖြစ်သည်။ 
3. သခင်ယေရှုသည် ထူးဆန်းသောနိမိတ်လက္ခဏာများကို ပြုလုပ်ခဲ့ပြီး အပျိုကညာ မာရိ မှမွေးဖွါးသည်။ ဘုရားသခင်ထံမှလာသော ဘုရားသားမဟုတ်၊ ကားတိုင်ပေါ်တွင် အမှန်တကယ်
သတ်ဖြတ်ခြင်း မခံခဲ့ရပါ၊ အန္တိခရစ် (Anti Christ) ကို
အနိုင်ယူ တိုက်ခိုက်ရန် ပြန်လာမည် ဟုယုံကြည်သည်။ 
4.လူသားတိုင်းတွင် ၀ိညာဉ်ရှိသည်။ မွေးရာပါအပြစ်ဟူ၍မရှိပါ။ လူသားတိုင်းအပြစ်မဲ့သူအဖြစ်မွေးဖွါးသော်လည်း ကျွန်ုပ်တို့၏ကိုယ်ခန္ဓာဖွဲ့စည်းမှုနှင့် တိရိစ္ဆာန်ကဲ့သို့သောစိတ်၏လိုအင်ဆန္ဒများကြောင့် 
အပြစ်ရှိသူများဖြစ် သွားကြသည်။ 
5.လူသားတိုင်း အလာရှင်မြတ်ထံ အကြွင်းမဲ့ဆက်ကပ်အပ်နှံပြီး ဘ၀တစ်ခုလုံးတွင် သူ့အားအလုပ်အကြွေးပြုရမည်။ 
6. ကယ်တင်ခြင်းသည် အလာရှင်မြတ်ကိုယုံကြည်ခြင်းနှင့် အစ္စလမ်တရားတော်များကို လိုက်နာနိုင်မှုအပေါ်မူတည်သည်။ အပြစ်များကိုဆေးကြောရန် အဆင့်လေးဆင့်ပါသော 
“tawba” ကိုပြုလုပ်ရမည်။ 
 7.နိဗ္ဗန်သို့မဟုတ်ကောင်းကင်ဘုံ သည်ထာဝရနေချင်စဖွယ် ကောင်းသောအရပ်ဖြစ်ပြီး အစ္စလမ်ဘာသာကိုင်းရှိုင်းသူတို့ 
အတွက်ဖြစ်ပြီး ငရဲဘုံ သည်စက်ဆုတ်ရွံရှာဖွယ်ကောင်းပြီး ကြောက်မက်ဖွယ်ရာကောင်းသောနေရာဖြစ်ပြီး အပြစ်သားများ သွားရမည့်နေရာဖြစ်သည်။ 
(Islam wiki & သောင်းနိုးမှတ်ချက်-မှ ကိုးကားတင်ပြထားပါသည်)

( ဟိန္ဒူဘာသာ Hinduism )

ဟိန္ဒူဘာသာသည် BC 3000 ခန်.မှစ၍ ကိုးကွယ်မှု ပြုခဲ.သည်.
ကမ္ဘာပေါ်ရှိ ဘာသာများထဲတွင် သက်တမ်းအရင်.ဆုံး ဘာသာဖြစ်ပြီး အန္ဒိယနိုင်ငံရှိ အကြီးဆုံးသော ဘာသာဖြစ်သည်။ 
ဟိန္ဒူလူမျိုးတို.သည် သူတို.သာသာ တရားအား ထာဝရ
တည်မြဲသော ဘာသာတရားဟု ယုံကြည်ကြသည်။ 
ဟိန္ဒူဘာသာသည် အခြားခရစ်ယန်၊ မူဆလင်ကဲ.သို. 
စတင်တည်ထောင် သူ၏ အယူဝါဒကို အစွဲပြုသည်. 
ဘာသာမဟုတ်ကြောင်း သိရသည်။ 
ဟိန္ဒူဘာသာများသည် အာရိယန်လူမျိုးများ အန္ဒိယသို.ရောက်လာစဉ် သူတို.နှုင်.ပါလာသည်. ဗြာဟ္မဏအယူဝါဒမှ ဖွံ.ဖြိုးလာသည်. အယူဝါဒ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဟိန္ဒူဘာသာအယူအရ နတ်၊လူ၊ တောတောင် ၊ ရေမြေ ၊ ပရမတ္တမာ ခေါ် ဘုရားသခင်၏ 
အစိတ်အပိုင်း မျှသာ ဖြစ်လျှက် ဤမျက်မှောက်ကမ္ဘာသည် 
မာယာမျှသာဖြစ်၍ မလွဲ မသွေ ပျက်စီးပြီး 
နိစ္စထာဝရတည်သော မသိအပ်သည်. 
ပရမတ္တမာ ဖြစ်သည်။

 အတ္တဝါဒ။-----။ 
ဟိန္ဒူဘာသာသည် အတ္တမာ(ဝိညဉ်)ကို ယုံကြည်ပြီး ကံတရား၏ 
အရှိန်ဟုန် မကုန်မချင်း မရမတ္တမာနှုင်. ပေါင်းဆုံးမှု မဖြစ်မချင်း၊ 
အနတ္တဘဝ သံသရာ၌ သန္ဒေတည်နေမည်။ မကောင်းမှုလုပ်သူ ကွယ်လွန်သွားလျှင် အတိဒုက္ခ ငရဲရောက်သွားပြီး 
ကုသိုလ်ကောင်းမှု လုပ်လျှင် နတ်ရွာသို. ရောက်မည်ဖြစ်သည်။

ငရဲပြည်၌ ခံရသောဒုက္ခ နတ်ပြည်၌ စံရသည်. သုက္ခသည် အစဉ် ထာဝရမဟုတ်၊ အတ္တမာ(ဝိညဉ်) သည် မောက္ခ (လွတ်ငြိမ်းမှု) 
မရမချင်း မိမိမူရင်းဂေဟာ ဖြစ်သည်. ဗြဟ္မာနှုင်. မပေါင်း မချင်း 
ဘဝအသစ် ဖြစ်မြဲဖြစ်နေမည်။ မောက္ခ (လွတ်ငြိမ်းမှု)သည် 
ယုံကြည်မှုဖြင်. ရခြင်းမဟုတ်၊ မိမိကျင်.ကြံ 
အားထုတ် မှုဖြင်.သာ ရနိုင်သည်။ 

ကိုးကွယ်မှုဆိုင်ရာ နတ်များ။ 
ဟိန္ဒူဘာသာ၌ ကိုးကွယ်သည်.နတ် သုံးပါးအနက် 
(၁)လောကကို ဖန်ဆင်းသည်. ဗြမ္မာ၊ 
(၂) လောကကို ထိန်းသိမ်း စောင်.ရှောက်သည်. ဗိရှနု (ဗိသာနိုး) (၃)လောကကို ဖျက်စီးပြီး လောက အသစ်ဖန်ဆင်းသူ ရှိဗ(သိဝ)ဟူ၍
 ဖြစ်ပြီး ဗြမ္မာကို ပူဇော်ပသသည်. ဓလေ. အလွန်နည်းပါးသည်။ 
အိန္ဒယ၌ ခေတ်အဆက် ဆက် ဗိဿနိုးနှုင်. 
သိဝကိုးကွယ်ပူဇော်မှု ရှိခဲ.သည်။ 
အဓိက ဘုရားအပြင် မြင်.မြတ်သည်ဟု ယူဆသည်. 
အခြားနတ်များကိုလည်း ကိုးကွယ်ကာ နွားမ များကိုလည်း အလေးမြတ်ထားကြသည်။ ဟိန္ဒူအယူဝါဒ၌ 
ရှံကရက ဦးဆောင်သော သိဝကိုးကွယ်သူ(ရှိုက်ဝ)နှုင်. ရာမနုဇက ဦးဆောင်သည်. ဗိဿနိုးကိုးကွယ်သူ (ဗိုက်ရှန၀)ဟူ၍ ရှိသည်။ ဟိန္ဒူအယူဝါဒ၌ ဆံဆကာရ် အခမ်းနား ကျင်းပပူဇော်မှုများကို 
ဗဟ္မြဏ (ပုဏား) များက ဦးဆောင်သည်။ 
မမွေးဖွါးခင် အမိဝမ်း၌ ပဋ္ဌိသန္ဒေတည် ချိန်မှစပြီး သေဆုံးသည်ထိ နာမည်ပေးအခမ်းနာ - စလွယ်ချည်သိုင်း အခမ်းနား -
လက်ထပ်အခမ်းနား ကျင်းပပေးလေ.ရှိသည်။ နှစ်စဉ် ဒေဝါလီ 
မီးထွန်းပွဲ ကျင်းပလေ.ရှိသည်။ ဟိန္ဒူဘုရားကျောင်း၌ နတ်ရုပ်တုများရှိပြီး ပူဇော်ဖွယ်ပစ္စည်းမှာ ပန်း၊သစ်သီး၊သစ်ရွက်များနှုင်. 
တိရိစ္ဆာန်သတ်၍ ပူဇော်လေ.ရှိသည်။ 

ဟိန္ဒူကျမ်းစာ။ …..။
ဓမ္မကျမ်းဂန်များအား သက္ကတဘာသာဖြင်. ရေးထားပြီး ဒေဝကျမ်းများကို ဘုရားသခင်၏ မုခပါဌ်ဟု ယူဆကာ အလေး ထားကြ သည်။ ရိုးရာအစဉ်အလာ မိမိဘဝကို ၄ ပိုင်း (အာရှရမ်) ခွဲသည်။ 
ပထမအရွယ် ဖြစ်သည်. ဗဟ္မြကျရယ အရွယ်သည် ပညာရှာ သည်. 
အရွယ် ဖြစ်ပြီး ၂၄ နှစ်ပြည်.သော် လက်ထပ် ထိမ်းမြားခြင်း ပြုသည်။ ထိုအချိန်မှာ ဒုတိယအရွယ် ဂရိဟတ်ဆထအရွယ် ၏ အဓိက 
တာဝန်သည် အိမ်ထောင်ရေးဖြစ်ပြီး ၅၀ နှစ်ပြည်.သည်. 
အခါ မိမိသားအပေါ် လွဲပြောင်းပေးကာ တရားကျင်.ရန် အရွယ် 
ဝနပရဆထ လွန်သည်. ၇၅နှစ် ပြည်.သော် ဆန်နျာဆီ ခေါ် ရသေ.ရဟန်းဝတ်လေ.ရှိသည်။ 

ဟိန္ဒူလူမျိုး၌ ယစ်ပူဇော်မှုကို ဦးဆောင်သည်. အမြင်.ဆုံးသော ဗဟ္မြဏအမျိုးဇာတ်၊ ခတ္တိခေါ် တိုင်းပြည်အုပ်ချုပ်သည်. ဇာတ်၊ ကုန်သွယ်လယ်ယူလုပ်သည်. ဝေသာဇာတ်၊ သုဒ္ဒခေါ် 
အထက်ဇာတ်များ၏ စေခိုင်းသည်. တာဝန်ဆောင်ရွက်သည်. 
ဇာတ်မျိုး ဟူ၍ အဓိက ဇာတ်လေးမျိုးရှိသည်။ မဟတ္တမ ဂန္ဒီ၏ ကြိုးပမ်းမှုကြောင်. ခွဲခြားမှု လျော.နည်းလာသည်။ 

ဟိန္ဒူဘာသာ၏ အခြေခံယုံကြည်ချက် 
ကမ္ဘာလောက နှုင်. သတ္တဝါအားလုံးကို ဗဟ္မြာက ဖန်းဆင်းပြီး ဗိဿနိုးက ကာကွယ်လျှက် သိဝက ဖျက်စီးသည်။ ဗဟ္မြာကြီ၏ ကြင်ယာတော်သည် သူရသာတီ၊ ဗိဿနိုး၏ ကြင်ယာတော်သည် လက္ချမီ၊ 
သိဝ၏ကြင်ယာ သည် ပဗ်ဗတီ အသီးသီးဖြစ်ကြသည်။ 
ဗဟ္မြာဆိုသည်မှာ ပရမအတ္တ ဖြစ်ပြီး ပရမအတ္တသည် ကမ္ဘာနှုင်. 
သတ္တဝါကို ဖန်ဆင်းသောကြောင်. ထိုအတ္တသည် အရာရာ၌ ပျံ.နှံ.တည်ရှိလျှက် ရှိသည်။ လောကသည် အတ္တ၊ လောကသည် 
ဗဟ္မြာ၊ သတ္တဝါလည်း အတ္တ/ဗဟ္မြာ၊ သင်သည် အတ္တဖြစ်ပြီး 
သင်သည် ဗဟ္မြာဖြစ်သည်။ ဖန်ဆင်းရှင် အတ္တကို ပရမအတ္တ၊ 
သတ္တဝါတို. တည်သော အတ္တကို ဇီဝအတ္တဟု ခွဲခြားသည်။
(မြန်မာအခေါ် ဝိညာဉ်အရာကို ဟိန္ဒူက ဇီဝအတ္တ ဟုခေါ်သည်)။ 
အတ္တသည် အကြီးမြတ်ဆုံး၊ မပျက်စီး အမြဲတည်၏။ 

သတ္တဝါသေသော် အတ္တသည် မပျက်စီးပဲ သေသောသတ္တဝါ၏ 
ခန္ဒာကိုယ်မှ ထွက်ခွါ၍ နောက်ခန္ဒာကိုယ် ဘဝတခုထဲသို. ကူးပြောင်း စခန်းသွားခြင်းဖြင်. သံသရာလည်နေသည်။ ထိုသို. ဘဝသံသရာလည်ခြင်းသည် အတ္တကို လောဘနှုင်. 
ကိလေသာ အညစ်ကြေး ကပ်ငြိနေ၍ အကုသိုလ် ပြုခြင်း ကြောင်. အကုသိုလ် အကျိုးခံစားခြင်း ဖြစ်သည်။ 
ထို အတ္တမှ ကိလေသာ အညစ်အကြေး ကင်းစင်စေရန် ဟိမဝန္တာတောင်ထိပ်၌ တရားထိုင်နေသော သိဝနတ်မင်း၏ 
ဆံထုံးမှ စီးဆင်းလာသည်. င်္ဂဂါမြစ်ရေကို ရေချိုးရသည်။ 

ယောဂအကျင်.စွမ်းအားဖြင်.လည်း ကိလေသာကို 
စင်ကြယ်စေသည်. အခါ အတ္တသည် ဖြူစင်တောက်ပြောင်လာပြီး ကုသိုလ်ကံ- အကုသိုလ်ကံ တို.ကို မပြုတော.သည်.အခါ သံသရာမှ လွတ်မြောက်လျှက် ပရမအတ္တ နှုင်. ပြန်လည်ပေါင်းဆုံမိကာ မောက္ခ(နိဗာန်)ကို ရောက်သွားရသည်။ 

 ရှေးကနှုင်. မတူတော.ပါ။
 ဒေဝများ၌ ခြေခံသော ဟိန္ဒူ (ဗဟ္မြဏ) သာသာသည် ယ္ခုအခါ ပြောင်းလဲခြားနားမှု များစွာ ရှိနေပြီ။ ဒေဝကျမ်း၌ ဣန္ဒြ၊အဂ္ဂနိ၊ဝရုဏ 
စသော နတ်တို.အား ပူဇော်၍ ဂါထာရွတ်ခြင်းသည် အဓိကမဟုတ်၊ ဗဟ္မြာ(အတ္တ)ကို မြင်အောင်ကြည်.ခြင်းသည်သာ အရေးကြီးကြောင်း ယဇ်ပူဇော်ခြင်း ဂါထာရွတ် သီချင်းဆိုခြင်းဖြင်. မွတ်မြတ်သော
 အတ္တကို မတွေ.နိုင်ကြောင်း ဖေါ်ပြထားသည်။ 
ဘဂဝဒ်ဂီတများသည် ယ္ခုခေတ် ဟိန္ဒူဘာသာဝင်များ 
အမြတ်တနိုး ထားသည်. ကျမ်းဖြစ်သည်။ 

တဆူတည်းမှ ကိုယ်ပွါးသုံးဆူ။
 ဒေဝကျမ်း၌ ဗိဿနိုး၊သိဝ၊ဗဟ္မြာ တို.သည် အရေးမပါ၊ တလုံးတစည်း တည်းလည်း မဟုတ်ကြပေ။ ခရစ်တော်ပေါ်ပြီး နှစ် ၄၀၀ ခန်.၌ ပေါ်ထွန်းလာသည်. ဂုတ္တမင်းဆက် မှစ၍ ဗိဿနိုး ၊သိဝ၊ဗဟ္မြာ 
တို.ကို တလုံးတစည်းတည်း ပေါင်းစည်း ကိုးကွယ်ရုံမက 
တဆူတည်းသော တန်ခိုးရှင် ဘုရား၏ ကိုယ်ပွါးသုံးဆူဟုပင် ယုံကြည်လာခဲ.သည်။ ဗဟ္မြာကို အလေးမြတ်ထား ကိုးကွယ်ရာမှ 
တဖြေးဖြေး မှေးမှိန်လာရာ ဗိဿနိုးကို အမြတ်တနိုး ကိုးကွယ်လာကြသည်။ ဗိဿနိုးဘုရားဝင်စားသော ဘုရားဝင်စား ( အဝတာရ ၉ ဦး) ရှိ၏။ 
တဦးမှာ ရာမဖြစ်ပြီး ဂေါတမဗုဒ္ဒ ကိုလည်း နဝမ အဝတာရ ဟု 
ဟိန္ဒူတို.က ယုံကြည်သည်။ (မပြောင်းလဲ နိုင်သောတရား)
 ဒေဝခေတ်မှစ၍ ဘုရားအယူဆ အများပြားပြောင်းလည်း သော်လည်း ယနေ.ထိ မပြောင်းလဲသည်. တရားမူကား ဇာတ်အနိမ်.မြင်.
ခွဲခြားဝါဒ သည် ဟိန္ဒူဘာသာ၏ ထူးခြားသော လက္ခဏာဖြစ်သည်။ 

ဇာတ် လေးမျိုးအနက် ဗဟ္မြဏ(ပုဏားမျိုး)သည် ဗဟ္မြာ၏ 
ခံတွင်းမှ ဖွါး၍ အမြတ်ဆုံးဖြစ်သည်ဟု ဆိုသည်။ 
ခတ္တိ(မင်းမျိုး)သည် လက်မောင်းမှ ဖွါးပြီး ဝသော(ကုန်သည်)သည်
 ပေါင်မှဖွါးကာ သုဒ္ဒ(အမှိုက်သိမ်း၊ ဖိနပ်ချုပ် လူဆင်းရဲမျိုး) သည် 
ဗဟ္မြာ၏ ခြေဖဝါးမှ ဖွါးသဖြင်. အနိမ်.ဆုံးဇာတ်ဖြစ်၍ 
အထင်သေးကာ ထိုသူတို.ကို မြင်လျှင် အမင်္ဂလာဖြစ်သည်ဟု 
ယူဆသည်။ အကယ်၍ သူတောင်းစားကို မြင်လျှင် ဒိဌမ်ဂလိကာ အမင်္ဂလာဖြစ်သွား သဖြင်. ခေါင်းလျော် ရေချိုးခြင်းဖြင်. မင်္ဂလာသစ်တင်ရသည်။ 
ယ္ခုခေတ်တွင်မူ ထိုဇာတ် လေးမျိုးမက ဇာတ်ပေါင်း
 ၂၀၀၀ ခန်.ရှိနေပြီး မထိကောင်းသည်. Outcasts,
 Untouchables ဇာတ်မျိုးလည်း ရှိကြောင်း၊ ဇာတ်မြင်.သူက
 မထိမိရန် ရှောင်ရမည်.ဇာတ်ဟူ၍ ဖေါ်ပြထားသည်။ 
 Ref:( Hinduism Wiki ) မှ ပြန်ဆိုသည်။

Wednesday, 10 July 2019

( နှစ်ခြင်းအသင်းတော် အကြောင်း )

 BAPTISTS ဆိုသည်မှာ….
B =Biblical Authority (Bible Freedom) 
A = Autonomy of the Local Church(Church Freedom) 
P =Priesthood of All Believers (Soul Freedom) 
T=Two Ordinances: Believer’s Baptism and Lord’s Supper 
I =Individual Soul Liberty (Religious Freedom) 
S=Saved Church Membership 
T=Two Office of the Church(Pastor and Deacon) 
S= Separation of Church and State
  နှစ်ခြင်းခရစ်ယာန်အသင်းတော်သည် မြောက်မြားလှစွာသော 
ခရစ်ယာန် ဂိုဏ်းဂဏများ ထဲမှ ဂိုဏ်းဂဏတစ်ခု၊ 
အသင်းတော်တစ်ပါး ဖြစ်သည်။  

နှစ်ခြင်းများ၏ သြ၀ါဒ၊ ဓမ္မအတွေးအခေါ် အယူအဆ 
တစ်ခုသည် “ယုံကြည်သူများ သာလျှင် နှစ်ခြင်းခံယူရမည်” 
(Believer's Baptism)ဆိုသည်. အချက်နှုင်. 
ဗတ္တိဇံမင်္ဂလာ ခံယူပုံ၊ ခံယူနည်းသည် 
“ရေထဲသို့အကုန်အစင်နှစ်ခြင်း” 
(total immersion) ဖြစ်သည်။

 နှစ်ခြင်းအသင်းတော်များ၏ သက်ဝင်ယုံကြည်မှု၌ 
“ကယ်တင်ခြင်း”သည် “ယုံကြည်ခြင်းအားဖြင့်သာလျှင် 
ရရှိသည်”။ (Salvation through faith alone) ဆိုသည်. 
အချက်နှုင်. ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုအတွက် သမ္မာကျမ်းစာ
သာလျှင် အချုပ်အခြာဖြစ်သည်။ 
 (Sole authority of scriptures for faith and practice) 
ဆိုသည်. အချက်နဲ့ “ဒေသန္တရအသင်းတော်တိုင်း 
မိမိတို့ကံကြမ္မာကို ဖန်တီးနိုင်သော လွတ်လပ်မှုရှိသည်”
(the autonomy of the local congregation church) 
စသည်. အချက်များ ပါဝင်ပါတယ်။

 နှစ်ခြင်းအသင်းတော်များသည် အမှုတော်ကိုဆောင်ရွက်ရာ၌ သင်းအုပ်များ(pastors)နှုင်. သင်းထောက်များ(Deacons) ရွေးကောက်တင်မြှောက်ခြင်းစနစ်နှုင်. အသင်း တော်ကို အုပ်ချုပ်ပြီး ပြောင်းရွှေ့ခြင်း(သို့) ထုတ်ပယ်ခြင်းကို သာမန် 
အသင်းသူ/သားများမှ ဆုံးဖြတ် ပေးသည်။
 နှစ်ခြင်းအသင်းတော်သည် 
ပရိုတက်စတင့် အသင်းတော်များထဲမှ 
အသင်းတော်တစ်ပါးဖြစ်ပါသည်။

 နှစ်ခြင်း ဂိုဏ်းဂဏ စတင်လာပုံ 
ကနဦးအသင်းတော်ကာလ၌ အန္တိအုတ်အသင်းတော်၊ 
သက်သာလောနိတ် အသင်းတော်၊ ယေရုရှလင်အသင်းတော်ဧဖက်အသင်းတော် စသည်ဖြင်. ဒေသန္တရအသင်းတော်များရှိပြီး 
ခရစ်ယာန် အသင်းတော်များကို “ကမ္ဘာလုံးဆိုင်ရာ
အသင်းတော်” (Catholic Church)လို့ခေါ်သည်။

 ဒေသန္တရအသင်တော်တိုင်းသည် ကိုယ့်ကံကြမ္မာ 
ကိုယ် ဖန်တီး၊အုပ်စိုးပိုင်ခွင့် အပြည့်အ၀ရှိပါသည်။ ယုံကြည်ခြင်းနှင့် 
ကျင့်သုံးမှု ဆိုင်ရာ အခက်အခဲပြဿနာ တစ်ရပ်ရပ်ပေါ်ပေါက်
လာပါက ဒေသန္တရ အသင်းတော် ခေါင်းဆောင်များ စုဝေးကာ ဘာသာသာသနာရေး ဆိုင်ရာ ကောင်စီအစည်းအဝေး 
ကျင်းပလျက် ၀ိုင်းဝန်းစဉ်းစားအဖြေရှာဆုံးဖြတ်ကြပါသည်။

ထိုစနစ်ဖြင်. အုပ်ချုပ်သော ကမ္ဘာလုံးဆိုင်ရာအသင်းတော်ကြီးသည် (AD-၁၀၅၄) ခုနှစ်ရောက်လာသော် ယုံကြည်ခြင်း၊ 
ကျင့်သုံးမှု နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာစကား၊ ဓလေ့စရိုက် ကွာခြားခြင်းများကြောင့် နှစ်ခြမ်းကွဲသွားသည်။

အရှေ့ပိုင်းအသင်းတော် (သို့) ဂရိအသင်းတော် 
(Eastern Church or Greek Church) နှုင်. 
အနောက်ပိုင်းအသင်းတော် 
(Western Church or Latin Church)
ဟူ၍ု အသင်းတော်နှစ်ခြမ်းကွဲခဲ.သည်။

 အရှေ့ပိုင်းအသင်းတော်ကိုသြသိုဒေါ့စ်
(orthodox Church) ဟုခေါ်ပြီး အနောက်ပိုင်း 
အသင်းတော်ကို ရောမကာသိုလိပ် အသင်းတော် 
(Roman Catholic Church)ဟု ခေါ်ဆိုသည်။

 နှစ်ခြင်းအသင်းတော်အပါအ၀င် ပင်မအသင်းတော်များ 
 (main line churches) များသည် ရောမကာသိုလိတ် 
အသင်းတော်မှ ထပ်မံကွဲပြားခဲ့တဲ့အသင်းတော်များ ဖြစ်ပါသည်။ ပရိုတက်စတင့် အသင်းတော်များဟု လည်းခေါ်ပါသည်။ 

 ပရိုတက်စတင့်အသင်းတော်များသည်(၁၅၂၁)ခုနှစ်၊ ဂျာမနီနိုင်ငံ၌ မာတင်လူသာဦးဆောင်သော လူသာရင်အသင်းတော်(၁၅၂၅)ခုနှစ်ဆွစ်ဇာလန်နိုင်ငံ၌ ဂျွန်ကယ်လဗင်ဦးဆောင်သည်. ပရက်ဘီတေးရီးယားအသင်းတော်၊ (၁၅၃၄)ခုနှစ်- အင်္ဂလန်နိုင်ငံ၌ အင်္ဂလီကန်အသင်းတော် တို့ဖြစ်သည်။ ထိုသို. ရောမကာသိုလိတ် အသင်းတော်နှုင်. ကွဲပြားခဲ့သည်. အသင်းတော်များသည် တိုင်းပြည်အသီးသီး၌ “နိုင်ငံတော်အသင်းတော်များ” 
 (National or State Churches)များအဖြစ် 
ရပ်တည်လာကြသည်။

 နှစ်ခြင်းအသင်းတော်သည် အင်္ဂလီကန်အသင်းတော်မှ 
ကွဲပြားလျက် ထွက်ပေါ် လာသည်. အသင်းတော်ဖြစ်သည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်ပါသည်။ ကနဦး အစောဆုံးသော၊ 
ပထမဆုံးသော နှစ်ခြင်းအသင်းတော်ဟု ခေါ်ဆိုရမည်.
အသင်းတော်အား (AD-1609)ခုနှစ် ဟော်လန်နိုင်ငံ၊ 
Amsterdam ၌ ဂျွန်စမစ်(John Smith)ဆိုသူက အင်္ဂလန်နိုင်ငံ 
ကရောက်ရှိ အင်္ဂလီကန်အသင်းတော်မှ ခွဲထွက်ရေးသမား 
သင်းအုပ်တစ်ပါးမှ တည်ထောင်ခဲ့သည်ဟု 
သမိုင်းဆရာများ အဆိုအရ သိရသည်။

 နှစ်ခြင်း၏မူလအစနှင့် ပတ်သက်၍ ကွဲပြားသောရှုမြင်မှုများ။ နှစ်ခြင်းအသင်းတော်ရဲ့ မူလအစနှုင်. ပတ်သက်၍ အဓိကအားဖြင့်ကွဲပြားခြားနားသော ရှုမြင်မှု(၄)မျိုးရှိပါသည်။ 

ထိုဒီရှုထောင့်အမြင်သဘောထား(၄)မျိုးမှာ ..
(၁)ခေတ်သစ်ပညာရှင်များ၏ စိစစ်တွေ့ရှိမှုအရ
(AD-17)ရာစု အင်္ဂလီကန် အသင်းတော်မှ ခွဲထွက်ရေးသမား၏ လှုပ်ရှားမှုသည် နှစ်ခြင်းရဲ့မူလအစဖြစ်၏။ 

(၂)ကလေးသူငယ်များ ဗတ္တိဇံမင်္ဂလာခံယူခြင်း (Infant Baptism) ကို မခံယူဘဲ ဒုတိယအကြိမ် ဗတ္တိဇံမင်္ဂလာ ခံယူခြင်းကို “ဒုတိယအကြိမ် ဗတ္တိဇံခံယူသောသူများ” (Anabaptist) (၀ါ)ဟော်လန်နိုင်ငံမှ မင်နိုနိုက်ဂိုဏ်းသားများ (Dutch Mennonites) ၏ 
အစဉ်အလာသည် နှစ်ခြင်းများ၏ မူလအစဖြစ်သည်။ 

(၃)နှစ်ခြင်းယုံကြည်ခြင်းနှင့် ကျင့်သုံးမှုသည်
 ယေရှုခရစ်တော်၏ အချိန်ကာလကပင် ရှိပြီးဖြစ်သည် ဆိုသည်. “ဆက်လက်တည်တံ့မြဲမြံနေခြင်းအမြင်” (the perpetuity view)

 (၄)နှစ်ခြင်းများသည် ယေရှုခရစ်တော်၏ အချိန်ကာလမှစ၍ 
ရှိခဲ့ပြီး “စဉ်ဆက်မပြတ် အစဉ်အဆက် ရှိနေသည်” ဆိုသည်. 
(succ essionist view) အမြင်တို့ဖြစ်သည်။ 

(John Smith) ဂျွန်စမစ် ( AD 1570 – August 28, 1612)
 John Smith သည် Lincolnshire 1570 တွင် မွေးဖွားပြီး 
Christ's College ၌ ပညာသင်ယူခဲ.သည်။ 
1600 တွင် City Preacher ဖြစ်ခဲ.သော်လည်း သူ၏ 
သင်ကြားမှု ပြင်းထန်ခြင်းကြောင်. ဖြုတ်ချခြင်းခံခဲ.သည်။ 
ပထမဆုံးသော နှစ်ခြင်းအသင်းတော်အား ဦးစီးတည်ထောင်သူ
ဖြစ်သော ဂျွန်စမစ်သည် (AD-1608 (သို့)1609) ခုနှစ်အတွင်း 
Netherlands (Amsterdam) မြို.၌ 
အသင်းတော်ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ 

ဂျွန်စမစ်သည် အင်္ဂလိပ်လူမျိုး သင်းအုပ်တစ်ဦးဖြစ်ပြီး၊ 
(AD-1594)ခုနှစ်တွင် အင်္ဂလီကန် ဘုန်းတော်ကြီးအဖြစ် 
သိက္ခာတင် မင်္ဂလာခံယူ ခဲ့သူဖြစ်သည်။ သူသည် အသင်းတော်ပြုပြင်ပြောင်းလဲရေးကို အထူးစိတ်အား 
ထက်သန် ခဲ့သူဖြစ်ခြင်းကြောင့် နောက်ပိုင်း ရာထူးမှ အဖြုတ်ခံလိုက်ရသည်ဟု သိရသည်။ အသင်းတော်အတွင်း ယိုယွင်းလာမှုများ ပြုပြင်ရန် အင်္ဂလီကန် အသင်းတော်အတွင်း ပြုပြင်ရေးသမားများ ပေါ်ထွက်လာခဲ့သည်။ 

ခံယူချက်မတူသော အဖွဲ.၂ဖွဲ.ပေါ်လာသည်။ 
တဖွဲ.သည် အသင်းတော် အားနည်းချက်၊ ယုံကြည်ခြင်းနှင့်ကျင့်သုံးမှု၌ ယိုယွင်း လာမှုများကို အသင်းတော်ဘောင်အတွင်းမှ ပြုပြင်ပြောင်းလဲကာ သန့်ရှင်းလာစေရန် သဘောထားရှိသူများကို “အသင်းတော်သန့်ရှင်းရန် လိုလားသူများ (၀ါ) ပျူရီတန်” (Puritans)ဟု ခေါ်ကြသည်။ 
ဒုတိယအဖွဲ့သည် အသင်းတော်ဘောင်အတွင်း၌ နေပြီးပြုပြင်ပြောင်းလဲနိုင်ရန် အလားအလာ- မျှော်လင့်ချက် လုံးဝမရှိသည်.အတွက် အသင်းတော်ဘောင်မှ အပြင်ထွက်ပြီး ပြုပြင်သန့်စင်ရေး လုပ်ရန် ဆန္ဒရှိကြသည်. “ခွဲထွက်သောအဖွဲ့များ” (Separatist) ဖြစ်ပါသည်။ 
ဂျွန်စမစ်သည် ခွဲထွက်ပြီး ပြုပြင်လိုသော အုပ်စုထဲတွင် ပါသည်။ ထိုသို.အင်္ဂလန်တွင် အာဏာပိုင်များသည် အသင်းတော်ပြုပြင်ရေး ကြိုးပမ်းသူအုပ်စု အားလုံးကို ပြင်းထန်စွာ ညှင်းပန်းနှိပ်စက်လျက် အရေးယူခဲ့သည်။ ဂျွန်စမစ်လည်း မိမိခံယူယုံကြည်ချက်ကြောင့် ထောင်သွင်းအကျဉ်းကျခံခဲ့ရပါသည်. နောက်ပိုင်း ခရစ်ယာန်များဟာဘာသာရေး ညှင်းဆဲမှု လုံးဝမရှိသောနိုင်ငံ 
နယ်သာလန် နိုင်ငံသို့ ပြောင်းရွှေ့တိမ်းရှောင်ကြပါသည်။

ဂျွန်စမစ်လည်း သူ့အဖွဲ့နှုင်. အတူ(AD 1608) ခုနှစ်တွင် 
Netherlands (ဟော်လန်နိုင်ငံ)သို့ ပြောင်းရွှေ့ရန် ထွက်ခွာခဲ့သည်။ ဂျွန်စမစ်သည် အမ်စတာဒမ်မြို့၌ နေထိုင်ရင်း ဟော်လန်နိုင်ငံတွင် ဒုတိယမြောက် အင်္ဂလိပ်ဘာသာ စကားပြော ခရစ်ယာန်
အသင်းတော်ကို တည်ထောင်ခဲ့၏။ 

ဂျွန်စမစ်နှုင်. သူ့၏ အသင်းတော်သည် 
သမ္မာကျမ်းစာတော်မြတ်ကို သေချာစွာလေ့လာကြရာမှာ အချက်အလက်အချို့ကို တွေ့ရှိဖော်ထုတ်ခဲ့သည်။ 
(၁) ကလေးသူငယ်များကို ဗတ္တိဇံမင်္ဂလာပေးခြင်း(Infant Baptism)
သည် သမ္မာကျမ်းစာ သွန်သင်ချက်နှုင်. ကိုက်ညီမှု မရှိဘူးဆိုတဲ့အချက်။ 
(၂) လူတစ်ဦးတစ်ယောက်သည် ဗတ္တိဇံခံယူရမည်ဆိုသော် သူကိုယ်တိုင် သူ၏ ကျယုံကြည်မှုကို ဖွင့်ဟပြောဆိုရန် လိုအပ်သည် ဆိုတဲ့အချက်။ (၃)လူတိုင်းသည် ဘာသာတရား ယုံကြည်ကိုးကွယ်မှု၌ ကိုယ်ပိုင်
လွတ်လပ်မှု အပြည့်အ၀ရှိသည် ဆိုသည်.အချက်။ (၄)နိုင်ငံတော်အုပ်ချုပ်ခြင်းနှုင်. အသင်းတော်အရေးကိစ္စသည် သီးခြားစီဖြစ်ရမည် စသည်.အချက်များကို တွေ့ရှိခဲ့သည်။

ဂျွန်စမစ်သည် အသင်းတော် 
စီမံအုပ်ချုပ်ပုံစနစ်သစ်ကို ဖော်ထုတ်ခဲ့သည်။
 ပြုပြင်ပြောင်းလဲသော အသင်းတော်များ၏ ခေါင်းဆောင်မှုပုံစံ (၀ါ) 
အုပ်ချုပ်ပုံ စနစ်ဖြစ်သော “သင်းအုပ်၊သက်ကြီးသူ 
အသင်းသားများနှုင်. သင်းထောက်များ သုံးခေါက်သုံးဖလှယ်ပုံစံ” 
(trifold leadership of pastor- elder- lay-elder, and Deacons) ကနေ“သင်းအုပ်နဲ့သင်းထောက်များအုပ်ချုပ်သော ပုံစံ”
(a twoflod church leadership that of Pastors and Deacons)ကို ဖော်ထုတ် ခဲ့သည်။ ယနေ့နှစ်ခြင်းအသင်းတော်များစွာ၏ အသင်းတော်အုပ်ချုပ်ပုံစံမျိုး ဖြစ်ပါသည်။ 

ဂျွန်စမစ်နှုင်. သူ့အသင်းသားများသည် ယခင်သူတို့ ခံယူခဲ့သော ကလေးသူငယ် ဗတ္တိဇံကို တရားဝင်အဖြစ် လက်မခံကြတော့
သည်.အတွက် (1609) ခုနှစ်တွင် ဂျွန်စမစ်သည် ရှေ့ဦးစွာ မိမိကိုယ်မိမိနှစ်ခြင်း မင်္ဂလာပေးခဲ့ပြီးနောက် သူ.၏ အသင်းသား၊ အဖွဲ့ဝင်များအားလုံးကိုလည်း ဗတ္တိဇံမင်္ဂလာပေးခဲ့ပါသည်။ 
ထိုအချိန်က သူတို့ စီရင်ခံယူခဲ့သော ဗတ္တိဇံမင်္ဂလာသည် “ရေနဲ့လောင်းခြင်းသာ” (pouring)သာဖြစ်ပါသည်။ “ရေထဲသို့အကုန်အစင်နှစ်ခြင်း” (total immersion) ကို “ဗတ္တိဇံမင်္ဂလာပေးပုံပေးနည်း” (Mode of Baptism) အဖြစ် 
(AD 1614) မှသာ တရားဝင် လက်ခံစီရင်ကျင့် 
သုံးလာခဲ့ခြင်းဖြစ်သည်။

 နှစ်ခြင်းခရစ်ယာန်များအတွင်း၌လည်း အဓိကအုပ်စုကြီးနှစ်စုရှိသည်။ “သီးခြားခွဲခန့်မှုကို ယုံကြည်သောနှစ်ခြင်းများ” 
(Particular Baptists) (သို့) ကယ်လဗင်ဝါဒီနှစ်ခြင်းများ 
(Calvinistic Baptists) (သို့မ ဟုတ်) အာမေးနီးယန်း နှစ်ခြင်းများ (Armenian Baptists) ဆိုပြီး နှစ်ခြင်းအုပ်စုကြီး နှစ်စုရှိသည်။

 နှစ်ခြင်းများ၏ ကွဲပြားသိသာသော ၀ိသေသများသည် 
အခြားသော ခရစ်ယာန် ယုံကြည်သူများ နည်းတူ နိစိန်ယုံကြည်ချက် (Nicene Creed)ကို ယုံကြည်ခံ ယူ သော်လည်း နှစ်ခြင်းအသင်းတော်များ၌ “နှစ်ခြင်းယုံကြည်ချက် ကြေညာခြင်း” (Baptist Creed) မရှိပါချေ။ 

“နှစ်ခြင်းများ၏ အခြားသော ခရစ်ယာန်ဂိုဏ်းဂဏ 
အသင်းတော် များနှုင်.မတူ သိသာသော ကွဲပြားသည်. ၀ိသေသရပ်တည်မှုများ” (Baptist Distinctives) 

 (၁)ယုံကြည်ခြင်းနှင့်ကျင့်သုံးမှုအတွက်သမ္မာကျမ်းစာသာလျှင်
အချုပ်အခြာဖြစ်သည်။ (Biblical Authority/ Sole Authority of Scriptures for Faith and Practice) (၂)ဒေသန္တရအသင်းတော်တိုင်းသည်မိမိတို့၏ကံကြမ္မာကို
ဖန်တီးနိုင်သောလွတ်လပ်မှု ရှိသည်။ 
(Autonomy of the local churches) 
(၃)ယုံကြည်သူတိုင်း ဘုရားသခင်နှင့်တိုက်ရိုက် မိတ်သဟာယ
ဖွဲ့နိုင်သော ယဇ်ပရောဟိတ်များဖြစ်ပါသည်။ 
(Priesthood of the Believers) 

(၄)အသင်းတော်တွင် မင်္ဂလာဝတ်နှစ်ပါး 
-နှစ်ခြင်းမင်္ဂလာနှင့် ပွဲတော် မင်္ဂလာ ကျင့်သုံးပါသည်။ 
(Two Ordinances of the Church - 
Believer's Baptism by immersion and 
the Lord's Supper is a symbol ordinance) 

(၅)ပြောင်းလဲပြီးသောသူများသာလျှင် အသင်းတော်၏
သင်းဝင်ဖြစ်ရမည်။ (Regenarated Church Membership) (၆)အသင်းတော်နှင့် နိုင်ငံတော်သီးခြားစီဖြစ်သည်။ 
(Separation of Church and State) (၇)လူများစု၏ဆန္ဒဖြင့်အသင်းတော်အားအုပ်ချုပ်ပါသည်။ 
(Democratic form of Church Government)