၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !
Thursday, 19 July 2018
|| ၀ိညာဉ်ရေးရာကြီးထွားခြင်း ဆိုတာ အဘယ်နည်း။ ||
 “ဇာ တိအသွေးအသား လှုပ်ရှားမှုများ”ကိုတွေ့ရှိနိုင်သည်။ ဤအရာများသည် ကယ်တင်ခြင်းရရှိ ရန်အတွက်ခရစ်တော်ထံသို့ မလာမှီ ကျွန်ုပ်တို့ဘ၀ကို အသိအမှတ်ပြုပေးသော အရာများဖြစ် ကြသည်။ ဇာတိအသွေးသား လှုပ်ရှားမှုများသည် ကျွန်ုပ်တို့အပြစ်ဝန်ချ ရမည့်အရာ၊ နောင်တရမည့်အရာဖြစ်သည်။ ၄င်းကိုအောင်မြင်ကျော်လွှားနိုင်ရန် ဘုရားသခင်ထံအကူ အညီတောင်းရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်ဝိညာဉ်ရေးရာတွင် တိုးတက်ကြီးထွားလျှင် “ဇာတိအသွေးအသား လှုပ်ရှားမှုများ”တဖြည်းဖြည်းလျော့နည်းလာကြောင်း ကျွန်ုပ်တို့ အသက်တာတွင် သက်သေထူရမည်ဖြစ်သည်။ ဒုတိယစာရင်းသည်“၀ိညာဉ်အသီး”ဖြစ် သည် ။
(အခန်းငယ် ၂၂-၂၃)- ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်အားဖြင့် ကယ်တင်ခြင်း ရရှိကြောင်း အသက်တာအားဖြင့် ဖော်ပြရမည့်အရာဖြစ်သည်။ ယုံကြည်သူတစ်ဦး၏ အသက်တာတွင် ၀ိညာဉ်တော်အသီးများကို ထုတ်လုပ်ခြင်းအားဖြင့် ၀ိညာဉ်ရေးရာကြီးထွားခြင်းကို သက်သေပြရမည်ဖြစ်သည်။ ကယ်တင်ခြင်းပြောင်းလဲမှုဖြစ်ပေါ်လာသောအခါ ၀ိညာဉ်ရေးရာကြီးထွားခြင်းအစပြု လာပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ထဲတွင်ကျိန်းဝပ်သည် (ယောဟန် ၁၄း၁၆-၁၇)။ ကျွန်ုပ်တို့သည်အသစ်သော ဖန်ဆင်းခြင်းခံရသူများဖြစ်ကြသည် (၂ကော ၅း၁၇)။ ဘ၀ဟောင်းကို အသစ်ဖြင့်အစားထိုးသည် (ရောမ ၆-၇)။ ၀ိညာဉ်ရေးရာကြီးထွား ခြင်းသည် အချိန်စောင့်ရမည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။ နှုတ်ကပတ် တော်လေ့လာခြင်းနှင့် အသုံးချခြင်းပေါ်တွင်မူတည်သည်။
(၂တိ ၃း၁၆-၁၇) ၀ိညာဉ်တော် ထဲတွင်လျှောက် လှမ်းမှုပေါ်တွင်လည်းမူတည်သည် (ဂလာတိ ၅း၁၆-၁၇)။ ၀ိညာဉ်ရေးရာ တိုးတက်ခြင်းကို ကျွန်ုပ်တို့ရှာဖွေသောအခါ ဘုရားသခင်၏အလိုတော် အတိုင်းကြီးထွားရန် ဘုရားသခင်ထံညာဉ်ပညာ တောင်းရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ညာဏ်ပညာကြီးထွားရန်နှင့် ဘုရားသခင်အကြောင်း များများသိရှိရန် ဘုရားသခင်ထံ ဆုတောင်းရမည်ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့အား ၀ိညာဉ်ရေးရာကြီးထွားရန် အလိုတော်ရှိသည်။ ၀ိညာဉ်ရေးရာကြီးထွားနိုင်ရန် ကျွန်ုပ်တို့လိုအပ်သောအရာများ ဘုရားသခင်က ပေးခဲ့သည်။ သန့်ရှင်းသော ၀ိညာဉ်တော်အကူအညီဖြင့်၊ ကျွန်ုပ်တို့သည် အပြစ်တရာကိုအောင်မြင်ကျော်လွှားနိုင်ပြီး၊ သခင်ယေရှုခရစ်တော်နှင့် ပို၍မြန်မြန်ဆန်ဆန် တူလာနိုင်မည်ဖြစ်သည်။ အာမင်း။
Tuesday, 17 July 2018
|| 3 Kinds Of Baptism ( နှစ်ခြင်း သုံးမျိုး) ||
(၁) ရေ၌ နှစ်ခြင်း ( Mt 28:19 ) 
 ရေ၌ နှစ်ခြင်း( မြုပ်ခြင်း) ဖြစ်၍ ကယ်တင်ခြင်းနှင်. ဆိုင်သည်။ တချိန်က အပြစ်၌ နှစ်မွမ်းသူ အပြစ်သား ဖြစ်သော်လည်း ခရစ်တော်အသေခံ၍ ကားတိုင်၌ အသေခံခြင်း၊ သုံးရက် မြောက်သောနေ.၌ ထမြောက်ခြင်းကို ယုံကြည်ခြင်းဖြင်. လက်ခံသော သူအယောက်တိုင်း သည် ကယ်တင်ခြင်း သို. ရောက်သောသူဖြစ်သည်။ နောင်တမလွန် ဘ၀အတွက် သက်ဆိုင် သည်။ ဟေဗြဲ၂း၃ ၊ ခြေလက်အစုံဖြင်. ငရဲသွားရခြင်းထက် ခြေ၊လက် တဖက် မရှိပဲ ကောင်းကင်ရောက်ခြင်းသည် သာ၍အရေးကြီးကြောင်း ယေရှုမိန်. တော်မူသည်နည်းတူ ကျမ်းတတ်တချို.သည် ယေရှုထံသို.ချဉ်းကပ်၍ ကိုယ်တော်. နာမဖြင်. နတ်ဆိုးနှင်ထုတ်ခြင်း၊နိမိတ်လက္ခဏာ ပြုခြင်းများ ပြောလာသည်.အခါ ယေရှုက ထိုအရာထက် ကောင်းကင်အမည်စာရင်း၌ သင်တို. အမည်ပါဝင်ခြင်းကြောင်. သာ၍ ၀မ်းမြောက်ခြင်းရှိကြလော. ဟု မိန်.တော်မူခဲ.သည်။ ထို.ကြောင်. ယေရှုအရေးကြီးသည်ဟု သတ်မှတ်သော အရာအား အရေးကြီးသည်ဟု မြင်ခြင်းသည် ကောင်းချီးရရှိခြင်း ဖြစ်၏။ မိသားစု၊အသိုင်းဝန်း၊အသင်းတော်၌ ကယ်တင်ခြင်း ရရှိရန် အရေးကြီး ဆုံးဖြစ်သည်။
(၂) ခရစ်တော်၌ နှစ်ခြင်းခံခြင်း
(Baptism in Christ) 1cor 12 :13
ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံသောသူတိုင်း ဘုရားသားသမီး များ ဖြစ်သောကြောင်. ဘုရားဘုန်းတော် ထင်ရှားစေရန် ကောင်းသော အကျင်. ပြုမူကျင်.ကြံချင်ပြီး သူတပါးအတွက် လောကအလင်း၊ လောက ၏ ဆား ၊ မိမိအားဖြင်. သူတပါး တည်ဆောက်စရာ ခရစ်ယန်အသက်တာ ဘုရားသ္ခင် နှစ်လိုဖွယ်သော အသက်တာ၊ (တနည်း) ၀ိညဉ်အသီးသီးဖို. လိုအပ်လာပြီ ဖြစ် သည်. အတွက် ဤ Level 2 ဖြစ်သော ယေရှုကိုယ်ထဲ၌ နှစ်ခြင်းသည် မခံ၍မဖြစ် လွန်စွာ အရေးကြီး သည်။ ယနေ. ခရစ်ယန်ဖြစ်လာတာ မွေးကထဲက ဖြစ်သော်လည်း ကျမ်းစာ ဖတ်သင်.သလောက် မဖတ်နိုင်ခြင်း၊ ဆုတောင်းသင်. သလောက် မတောင်းနိုင်ခြင်း၊ သခင်ဘုရားနေ. ဘုရားကျောင်း သွားရမည်မှန်း သိ ရက်နဲ. ဘုရားကျောင်း မသွားပဲ ၊ အိမ်၌ TV Comp: ကြည်.ခြင်းကို သာ၍ နှစ်သက်ကာ၊ အလုပ်ထဲ၌ တနေ.ကုန် မွေ.လျော်ခြင်း အားလုံးသည် အဆင်. ၂ ဖြစ်သော ခရစ်တော်၏ ကိုယ်ထဲ၌ နှစ်ခြင်းမခံသေး၍ ဖြစ် သည်။ ဤ Level 2 (Baptist in Christ) ကို ဖြတ်ခဲပြီးသောသူ တဦး အနေဖြင်. ဘုရားကျောင်း၌ တာဝန် ပေး၊ပေး မပေးပေး၊ မည်သည်. တာဝန် ရှိရှိ မရှိရှိ ဘုရားကျောင်း မသွား၍ မနေနိုင်ပေ။ လူသည် အသွေး သားခန္ဒာဖြင်. တည်ဆောက်ထားသည်. အတွက် ဇာတိနှင်. ၀ိညဉ် အမြဲ လွန်ဆွဲ ဒွန်တွဲ တိုက်လှန်လျှက် ရှိသောကြောင်. ဇာတိအလို ဇာတိ သွေးဆောင်ရာ အရပ်သို. ပါမသွားအောင် ယေရှုခရစ်နှင်. ထပ်တူ အသက်ရှင်တတ်ရန် သင်ယူဖို. လိုအပ်သည်(တနည်း) ခရစ်တော်နှင်. အတူသေခြင်း၊ မြုပ်ခြင်း အသက်တာ ဖြစ်သည်။ ဥပမာ မြေ၌ မြုပ်ထား သည်. ပြောင်းဖူး စေ. တစေ.ပေါက်သည်.အခါ အခွံကျန်ခဲ.၍ အညွန်.မှ အပင် အပင်မှ အဖူး နှင်. အစေ.များစွာ ပါသော ပြောင်းဖူးဖြစ်လာ သကဲ.သို. ငါ-ဆိုသည်. ဇာတိ အလိုဆန္ဒ၊အတွေး၊ အပြုမူအားလုံး ခရစ်တော်နှင်.အတူ မြေမြုပ် ကျန်ထားခဲ.မှသာ ခရစ်တော်နှင်.အတူ ပြန်လည် ရှင်ပြန်ထမြောက်သည်. အခါ ၀ိညဉ်အသီးများစွာ သီးနိုင်မည်ဖြစ်ကာ ငါတို.၏ ခရစ်ယန် အသက်တာလည်း တိုးတက် ရင်.ကျက် လာမည် ဖြစ်သည်။ ရှင်ပေါလု- ရောမ ၆း၆ ၊ ငါတို့၏လူဟောင်းသည် ထိုသခင် နှင့် အတူလက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီဟု ငါတို့သိကြ၏။ ကြိုးစားခြင်း၊ဆုတောင်းခြင်း ကြောင်.မဟုတ် - သင်.ခန္ဒာသည် ယေရှုနှင်. အတူ ယုံကြည်ခြင်းဖြင်. ပထမဆုံး သေရန် လိုအပ်ပါသည်။ ၂ကော ၅း၁၇ သည် ခရစ်တော်၌ ဇာတိ အရင်သေခြင်းရှိမှ မိမိအထဲရှိ ၀ိညဉ်လည်း အသစ်တဖန် ရှင်သန်လာနိုင်မည်ကို ပြောနေခြင်း ဖြစ်သည်။ ကောလောသဲ ၃း၉-၁၀ `သင်တို့သည် လူဟောင်း၏ အကျင့်တို့နှင့် လူ ဟောင်း၏ ကိုယ်ကို ချွတ်ပယ်၍၊ ဖန်ဆင်းတော်မူသောသူ၏ ပုံသဏ္ဌာန် နှင့်အညီ၊ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သော လူသစ်ကို ယူတင် ဝတ်ဆောင်သောသူ ဖြစ်ကြ၏´။ ယေရှူနှင်. အတူသေမှ ချွတ်ပယ်နိုင်မည်။ ရော ၁၂း၂.. သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သော အရာ ဟူတည်းဟူသော ဘုရားသခင် အလိုတော် ရှိသော အရာသည် အဘယ် အရာ ဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသင့် ပြင်ဆင် ၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ ထိုသို. ယေရှုနှင်.အတူ သေမှသာ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို. ရောက် နိုင်မည် ဖြစ်သည်။ ဘယ်လို အတူသေနိုင်မှာလဲ..၀ိညဉ်တော်အားဖြင်.။ ကောလောသဲ ၂း၁၂ ဗတ္တိဇံအားဖြင့် ထိုသခင်နှင့် အတူသင်္ဂြိုဟ် ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရား သခင်၏ ပြုပြင် အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံ ကိုခံ၍ ထိုသခင်နှင့် အတူထမြောက်ခြင်းသို့ ရောက်ကြ၏။ ဂလာတိ ၂း၁၉။ ငါသည် ခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော်ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော် သည် ငါ၌ရှင်တော်မူ၏´ ဤအသက်တာဖြင်.သာ ကောင်းကင်အဖစိတ် ၀မ်းမြောက်စေတာ ဖြစ်တယ်။ ဒါစိတ်မင်းက အပြင်၌ ရက် ၁၀၀၀ နေခြင်းထက် အဖ အိမ် တော်၌ တရက်နေခြင်းက သာ၍ မြတ်သည် ဆိုသည်.အရသာကို ဤ Position ရောက်မှ သင်၌ ခံစားလာမည် ဖြစ်သည်။ သင်.အထဲ ရှိ ခရစ်တော် သာ၍ ကြီးထွားလေ အပြင်က သင်.ဇာတိ သေးလာလေ ဖြစ်လာမည်။ ရှင်ယောဟန် ၃း ၃၀ ထိုသခင်သည် တိုးပွားခြင်း ရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်း ရှိရမည်။ ထိုသို. ဇာတိ သေသောသူတို. အသက်တာတွင်…..ဆာလံ ၉၂း ၁၃ ထာဝရဘုရား၏ အိမ်တော်၌ စိုက်ပျိုးသော သူတို့သည် ငါတို့ဘုရား သခင်၏ တန်တိုင်းတော်တွင် ပွင့်လန်း ကြလိမ့်မည်။ အသက် ကြီးသော ကာလတွင်ပင်၊ အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်´။ ဖိ ၁း၂၁ ငါအသက်ရှင်သည် အရာမှာခရစ်တော်ဖြစ်၏´ ဟု သက်သေပြ စရာကား…ခရစ်တော်နှင်. အတူသေခြင်း ဖြစ်သည်။ ၁ကော ၁၅း၃၁ - နေ.တိုင်းသေသည်။ ဖိ ၃း ၇၊ ငါ၏အကျိုးစီပွါးကို ပြုစုသောအရာရှိသမျှတို့ကို ရှုံးစေသော အရာကဲ့သို့ ခရစ်တော် ကြောင့်ငါထင်မှတ်၏။…..ထိုသခင်၌ တည်ပါ မည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ်၏။ အမြဲတမ်းပုံမှန် ဆိုရင် အသေနဲ.အတူတူပဲ။ ၀ယ်ကထဲ ပုံမှန်ဆို သက်မဲ.။ ၀ိညာဉ်၌ အသက်တာ သစ်ရှိပါက….ပြောင်းလဲ တိုးပွား င်.ကျက်ရမယ်။ (ငါ ပြောင်းလဲမည်၊ ထူးခြားမည် ၊ တိုးတက်မည်)
 (၃) ၀ိညဉ်၌ နှစ်ခြင်း (Baptism in Holy Spirit) Apt 1:5 ယေရှုဘုရားသည် ငါတို. အားနည်းခြင်းအရာကို သိမှတ်တော်မူ သော ကြောင်. ` သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်သော အခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည် ဟု မိန့်တော်မူ၏´၁း၈ ၌ မိန်.တော်မူခဲ.သည်။ ၀ိညဉ်၌ နှစ်ခြင်းသည် တန်ခိုးကို ဖြစ်စေသည်။ ၀ိညဉ်၌ နှစ်ခြင်းမခံပဲ မိမိခွန်အား ဖြင်. မည်သည် တန်ဖိုးမှ မရနိုင်၊ သာမန် လူတတ်နိုင်သမျှသာ လုပ်နိုင် တတ်နိုင်မည် ဖြစ်သည်။ တမန် ၂း၁-၊ မာကု ၁၆း၁၅ ၊ ယေရှုကိုယ်တိုင် ၀ိညာဉ်၌ နှစ်ခြင်းကို ငါတို.အား ယုံကြည်ခြင်းဖြင်. နှစ်ပေးမည် ဖြစ်သောကြောင်. သဘာဝထက်လွန်ကဲသော တန်ခိုးကို ရရှိမည် ဖြစ်သည်။ ထို.ကြောင်. ရေ၌ နှစ်ခြင်းခံပြီးသော သူတိုင်းသည် ယေရှုခရစ်၌ နှစ်ခြင်း ( ခရစ်တော်၌ အတူသေခြင်း)ခံကာ ၀ိညဉ်ထဲ၌ နှစ်ခြင်းကို ခံသောအသက်တာ သို. တက်လှမ်းနိုင်မည် ဖြစ်သည်။
ကိုယ်ကိုယ် စစ်ဆေးရန်…၂ပေ၊၃း၁၈။
(၁) ကျေးဇူးတော် ချီးမွမ်းခြင်း
(၂)၊ ခရစ်တော်သိကျွမ်းခြင်း၊
 (၃) ယုံကြည်ခြင်း၊
(၄) မေတ္တာ၌ ကြီးထွား တိုးပွါးခြင်း ရှိမရှိ
အနှိမ့်ချဆုံး လူသားနဲ့ အမြင့်မြတ်ဆုံးသော ဘုရား"
" 
 လောက ထဲမှာ ဘုရားစကားကို နာခံလျှက် နှိမ်ချစွာ အသက်ရှင်သူ ယေရှု နှင့် သူ့အထဲသို့ လာရောက်နေထိုင်သော ကောင်းကင်မှ ဘုန်း နှင့်စည်းစိမ် ကို စွန့် ပြီး ကြွလာ သည့် ခရစ်တော် သည် ဆင်းရဲ နိမ့်ကျသော လူများ၊ ဒုက္ခ အလီလီနှင့် ဘဝထဲ ဝဋ်ခံနေရသော သူများ၊ စိတ်ရော ကိုယ်ပါ ချို့တဲ့ နွမ်းပါးသော သူများ၊ အားလုံး ကို ချမ်းသာသုခ အပေါင်းနဲ့ ပြည့်စုံစေဖို့ လောကသို့ ရောက်လာခဲ့သည်။ ယေရှု၏ နှိမ့်ချခြင်း က လောက သားများအားလုံး မြင့်မြတ်တဲ့ ဘဝထဲ ရောက်ရှိ ခံစားရစဖို့ ဖြစ်တယ်။ ခရစ်တော် သည် လည်း သူ့ရဲ့ ဘုန်းစည်းစိမ် ကို စွန့်ခွာ လာခဲ့ ရခြင်းက လောက လူသားများ သူ့ရဲ့ ဘုန်းစည်းစိမ် ထဲကို ဝင်စား နိုင်စေဖို့ ဖြစ်တယ်။ ယေရှုရဲ့ အသေခံ ပေးခြင်းနဲ့ ခရစ်တော်ရဲ့ ပြန်ရှင်ခြင်း တန်ခိုး အားဖြင့် မရဏာ ကိုသွားမည့် သူများ အား ကောင်းကင်ဘုံ ထဲသို့ ရောက်ရှိ နိုင်စေဖို့ ဖြစ်တယ်။ လာရောက် ကယ်ပေးသူ ရှိနေပါလျက်နှင့် မရဏာ ထဲသို့ မရောက်ဖို့ ကြိုးစား နေခြင်းမှာ အနတ္တထဲမှ အဖိုးတန် အရာကို ရှာဖွေနေသော လူမိုက်ကဲ့သို့ ဖြစ်သည်။ ကယ်တင်ပေးခြင်းကို လက်ခံ ရယူ ပြီးသော သူများသည်လည်း မိမိကိုယ်ကို ကောင်းမွန်အောင် ကြိုးစား အသက်ရှင်နေ ခြင်းမှာ ထိုလူမိုက်ကဲ့သို့ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဇာတိပကတိ ၌ မည်သည့် အရာမှ ကောင်းမွန်သည့် အရာ မရှိသလို ဇာတိပကတိ၌ လုပ်နိုင်သည့် အစွမ်းလည်း မရှိ တော့သည့် အတွက် ဇာတိလူသည် အနတ္တ သက်သက်သာ ဖြစ်သည်။ လူတို့ စွန့်လွှတ် ဖို့ မတတ်နိုင်သော အရာများကို ယေရှုရဲ့ ဝိညာဉ်က ကူညီပေးခြင်း ဖြင့် လူသည် စွန့်လွှတ် နိုင်စွမ်း ရှိ သွားပြီး ဘုရား သဘောနှင့် အသက် မရှင်တတ်ခြင်းကိုလည်း ခရစ်တော်၏ ဝိညာဉ်က ဖြည့်စည်းပေးခြင်း အားဖြင့် လူသည် ဇာတိ လူ ဘဝမှ ဝိညာဉ် လူအဖြစ်သို့ ရောက်ရှိလာကာ လောကကို အောင်မြင် ကျော်လွှား သွားစေ ဖို့ ယေရှုခရစ်တော်၏ ဝိညာဉ်တော်က လုပ်ဆောင် ပေးနေသည်။ ထို့ကြောင့် ယေရှု ခရစ်တော်သည် လူသား များ၏ လက်ရှိ ဘဝ ထဲမှ ကယ်တင်ပေးနေသော ကယ်တင်ရှင် ဖြစ်ပေသည်။ 
"နှုတ်ကပတ်တော်" 
ခမည်းတော် ဘုရား၏ နှုတ်တော်မှ ထွက်ရှိလာသော စကား သည် နှုတ်ကပတ်တော် ဖြစ်သည်။ ထိုနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ ဆင်ချင် နှလုံးသွင်းဖို့ လိုအပ်သည်။ ဖန်ဆင်းခြင်း အလုံးစုံကို နှုတ်တော်ထွက် အားဖြင့် ဖြစ်စေထားတာ ဖြစ်သည်။ ထိုနှုတ်ကပတ်တော်သည် လူ့ဇာတိ ခံယူခဲ့သည့် အခါ လူနာမည် ယေရှုဟု ခေါ်စေဖို့ ဘုရားက ညွှန်ကြားမိန့်မှာ ထားခဲ့သည်။ ထိုနှုတ်ကပတ်တော် ဖြစ်သော ယေရှုက လူတို့အား သူ၏ အသားကို စားဖို့၊ သူ၏ အသွေးကို သောက်ဖို့ ပြောဆိုခဲ့သည်။ လူသားယေရှု၏ အသွေး၊အသားကို စားသောက်မှ ထိုသူ၌ "အသက်" ရှိမည်။ ယေရှု၏ အသားသည် သိုးသူငယ်၏ အသား ဖြစ်သည်။ ကြေခဲသော အစာလည်း ဖြစ်သည်။ ထို့ကြောင့် ထိုကြေခဲသော အစာကို စားရာတွင် မီးနှင့်ကင်ပြီးမှ ကုန်အောင် စားရသည်။ ဆိုလိုသည်မှာ ကျမ်းစာ၌ ရှိသော နှုတ်ကပတ်တော်ဟု ခေါ်သည့် သမ္မာတရား ယေရှု အား "အသက်" ကို ရစေဖို့ စားရာတွင် စာဖတ်ပြီး "အစိမ်း မစားရ" အထက်မှ လာသော ဘုရား၏ ဝိညာဉ်တော်မီး နှင့် တို့ထိစေပြီးမှ စားရမည်ဟု ဆိုလိုသည်။ အကုန်အစင် စားစေခြင်းမှာ ထိုသမ္မာတရားကို အသက်တာထဲ အပြည့်အစုံ ရောက်ရှိလာသည် အထိ နှလုံးသွင်း ဖို့ ဆိုလိုခြင်း ဖြစ်သည်။ အသွေးသောက်ခြင်းမှာ နေ့ညမပျက် နှုတ်ကပတ်တော်ကို ဝိညာဉ်ဖြင့် ဆင်ချင် အောင့်မေ့ နေခြင်း ဖြစ်သည်။ ဝိညာဉ်လေကို အမြဲ ရှူ နေသကဲ့သို့ ဖြစ်သည်။ သခင်ယေရှု၏ နာမတော် ကို ဝိညာဉ်ထဲမှ ခေါ်ဆို နေခြင်းသည်လည်း ဝိညာဉ်၌ ခရစ်တော်၏ ဝိညာဉ် ဖြင့် ထိတွေ့ဆက်ဆံနေခြင်း ဖြစ်သည်။ ထိုသို့ နှုတ်ကပတ်တော်ကို စားနေခြင်း ဆိုသည့် ယေရှု၏ အသားနှင့် အသွေးတော်ကို စားသောက်နေခြင်း အားဖြင့် ----- ဝိညာဉ်၌ မွေ့လျှော်နေခြင်း၊ ခရစ်တော်နှင့်အတူ စားပွဲဝင်ခြင်း၊ ခရစ်တော် ထဲနေခြင်း၊ ခရစ်တော်၌ တည်နေခြင်း၊ အိမ်တော်ထဲ၌ ပျော်မွေ့ခြင်း၊ ကွယ်ကာရာဋ္ဌာန ထဲရှိနေခြင်း၊ ခိုလှုံရာဋ္ဌာန ၌ ရှိနေခြင်း၊ ကျွန်ုပ်၏ ရဲတိုက် သဖွယ် ဖြစ်နေခြင်း။ စသည်၊ စသည်ဖြင့် အကျိုးကျေးဇူးများ ထိုသူ၌ ရရှိခံစားလာရခြင်း ဖြစ်သည်။ 
"ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်" 
မျက်စိဖြင့် ကြည့်မြင်၍ မရနိုင်သော၊ ဘုန်းကြီးသည့် ခမည်းတော် ဘုရားသည် သားတော် ယေရှုခရစ် အားဖြင့် ကိုယ်ထင်ရှားခြင်း ဖြစ်စေကာ လူတို့သည် ဘုရားကို တို့ထိ ဆက်ဆံ မြင်တွေ့ ရကြပြီး နောက် သားတော်သည်လည်း ဝိညာဉ်တော် အဖြစ်နှင့် နေရာတိုင်း ၌ ရှိတော်မူသည့် အပြင် ထိုသူကို လက်ခံသမျှသော လူအထဲသို့ ဝင်ရောက် အသက်ရှင် ပေးခြင်း အားဖြင့် ဘုရားအသက်ကို လူတို့အား စဉ်ဆက်မပြတ် အတိုင်းအရှည် အကန့်အသတ်မဲ့ ပေးကမ်းနေသော ဘုရား ဖြစ်ပေသည်။ ထိုသားတော်ကို ရသောသူသည် လည်း ထာဝရ ဘုရားကို ရရှိသောကြောင့် ထာဝရအသက် ကို ရရှိမည် ဖြစ်သည်။ အကြောင်းမူကား ခမည်းတော်သည် သားတော်၌ ရှိသောကြောင့်၎င်း၊ သားတော်သည်လည်း ဝိညာဉ်တော် အဖြစ်နှင့်၎င်း ဖြစ်တည်နေပြီး လူအထဲသို့ ထာဝရ ကောင်းကြီး ပေးဖို့ ရောက်ရှိလာသည့် အတွက်ဖြစ်သည်။ ထို့ကြောင့် ယနေ့ ထာဝရ ဘုရားသည် ကျွန်ပ်တို့ ပတ်ဝန်းကျင် လေထုထဲ၌လည်း ရှိနေ သလို၊ ကျွန်ုပ်တို့ အထဲ၌လည်း အမြဲ အတူရှိနေသော ဘုရားဖြစ်သည်။ တချိန်တည်းမှာပင် ထိုဘုရားသည် ကောင်းကင်ဘုံ တတိယ ထပ်၌ ခမည်းတော် ဘုရားအဖြစ် စိုးစံလျက် ရှိနေပြီး ခမည်းတော်၏ လက်ျာဘက် ၌ သားတော်သည် လည်း စိုးစံ နေပြီး ဝိညာဉ် တော်အားဖြင့်လည်း စင်္ကြာဝဋာ တခွင်လုံး၌ ဖြန့်ချထားသည် ကို လည်း သိမြင် နားလည် နိုင်ပေသည်။ ထိုသုံးပါး တစ်ဘုရားတည်း ဖြစ်တော်မူခြင်းသည် အနက်နဲဆုံးသော အရာ ဖြစ်သည်သာမက၊ ဖန်ဆင်းထားသည့် စင်္ကြာဝဋာ လုံးဆိုင်ရာ အားဖြင့် ဘုရား၏ အကြံအစည်တော်နှင့် ဘုန်းအာနုဘော်သည်လည်း အလွန်ကြီးမား အံ့သြဘွယ် သော ဘုရား ဖြစ်ပေသည်။ (Jame Lee)
|| မိမိစိတ်ကို ဝိညာဉ်၌ ချိတ်ဆက်ထားခြင်း ||
လူအထဲ ဘုရားအသက် ရှင်ခြင်း လက်တွေ့ ခံစားရရှိဖို့ လူရဲ့ စိတ်သက် ကို အသေခံဖို့ လိုတယ်။ The law of life အထဲမှာ the law of death လည်း ပါဝင်နေပြီးသားဖြစ်တယ်။ ဘုရားက လူကို အသက်သစ် ပေးဖို့ရန် အသက်ဟောင်းကို သေစေ ဖို့ တခါတည်း ထည့်ထားပြီး ဖြစ်တယ်။ ထိုဘုရား၏ သေစေမည့် တံခိုး က သေခြင်းကို ဖြတ်ကျော်စေပြီးမှ တဖန် ထမြောက်ခြင်း ဖြင့် အသက်သစ်ကို ဖြစ်စေလိုက်သည်။ အဲ့ဒီအခါမှ လူအထဲ ရှိနေတဲ့ ဘုရားအသက်က ထမြောက်ခြင်း တံခိုးနဲ့ ထိုလူ အထဲမှ ထွက်ပေါ်လာ မှာ ဖြစ်တယ်။ တကယ်တော့ ဘုရားရဲ့ အသက်ထဲ ရှိနေသော ရှင်ခြင်း တံခိုးက လူရဲ့ စိတ်ကို သေစေဖို့ ကူညီမစ ပေးလိုက်တာဖြစ်တယ်။ The law of resurrection အထဲမှာ သေခြင်းကို အောင်တဲ့ တံခိုး ပါပြီး ဖြစ်လို့ ကျွန်ုပ်တို့ စိတ်က ကိုယ့် ဝိညာဉ်ဘက် လှည့် ပြီး တည်နေတဲ့ အခါ ဝိညာဉ်ထဲ ရှိ ဘုရား၏ဝိညာဉ် ဖြစ်သော Spirit of resurrection က သေခြင်း ဖုံးလွှမ်း နေသော ကျွန်ုပ်တို့ စိတ်နှလုံး အပေါ် လှုပ်ရှား တဲ့ အခါ သေခြင်းရေ ဖုံးလွှမ်းနေသော အမှောင်ကမ္ဘာ အပေါ် ဝိညာဉ်တော် ကိန်းဝပ်လှုပ်ရှားတဲ့အခါ အသက်ရှင်ဖို့ရန် ကုန်းမြေ ပေါ်ထွန်းလာသကဲ့သို့ ကျွန်ုပ်တို့ ၏စိတ် ထဲ၌ သေခြင်း ဖုံးလွှမ်း ထားသော ခံယူချက် အတွေး အမြင် များအားလုံး ထဲမှ ဘုရား၏ အသက်ရှင်ရာ အကြောင်း စတင် ပေါ်ထွန်းလာရသည်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အတွေးက ကိုယ့်ရဲ့ ဝိညာဉ်၌ရှိသော သြတ္တပ ဆိုသည့် သမ္မာသိစိတ်၌ ချိတ် ထားဖို့ လိုသည်။ ထိုအခါမှသာ လူသည် God conscience နဲ့ အသက်ရှင်ခြင်း၊ ဖြစ်နေပြီး ဇာတိ စိတ်ကို လွှမ်းမိုးထားခြင်း အားဖြင့် ဝိညာဉ် သက်ဖြင့် ရှင်သန်ခြင်း ကို အစပြု နိုင်မှာ ဖြစ်တယ်။ ယုံကြည်သူ အယောက်တိုင်းစီသည် ကိုယ့် ဝိညာဉ် တိုးတက်ရန် အတွက် စိတ်သက်ကို သေစေဖို့ ဆန္ဒ ရှိလျှင် ဘုရား၏ ဝိညာဉ်က စိတ်သက်ကို သေစေနိုင်သော တံခိုး ရှိသည့် မိမိ၏ဝိညာဉ် ဘက်သို့ လှည့်၍ ချိတ်ဆက်ထားသော အလေ့အကျင့် ပြုလုပ်ဖို့ လိုသည်။ သခင်ယေရှု ကိုယ်တော်၏ အသက်ရှင်ခြင်း တရားက ကျေးဇူးတော် အဖြစ်နှင့် ကျွန်ုပ်တို့ ဝိညာဉ် ထဲမှ စဉ်ဆက်မပျက် ကျေးဇူးပြုပေးနေခြင်းကြောင့်၊ ကျွန်ုပ်တို့၏ လူဟောင်း ခံယူချက် သေစေသည့် စိတ်ထား ဟောင်းများ တစတစ လွင့်ပျောက်သွားပြီး ကိုယ်တော် အထဲ လူသစ် ဖြစ်စေနေလို့ ကျေးဇူးတော် ချီးမွမ်းပါ၏။ အာမင်။ (Jame Lee)
|| မျိုးစေ့ || || ပျက်စီးသွားခြင်း နှစ်မျိုး ||
မျိုးစေ့ တစေ့၏ အတွင်း၌ အသက်ရှင်သော အပင်ဖြစ်လာမည့် အဆံ တခုအတွက်း၌ ရှိသည်ကို လူတိုင်း နီးပါးသိကြသည်။ ထိုသို့ ဆိုသော် အသက်ရှိသော မျိုးစေ့ တစေ့၌ အပြင် အကာ အခွံဖြင့် ဖုံးအုပ်ထားသည်ကို တွေ့ရမည်။ စပါးစေ့သည် စပါးခွံနှင့် ဖုံးထား သည့် အနေအထားမှ စပါးပင်ဖြစ်ဖို့ လယ်၌ ပျိုးကြဲရသည်။ စပါးခွံ ဖွတ်ပြီး ဆန် ကို မျိုးစေ့ဟု မခေါ်တော့ပါ။ လူတို့ အဟာရဖြစ်စေဖို့ အတွင်းမှ ဆန် ကသာ အဟာရဓါတ် ဖြစ်စေပြီး စပါးခွံ မှာ ဖွဲပြာ အဖြစ် သာ မီးရှိုံ့ပြစ်ရသည်။ ထိုအတူ အသက်ရှင်သော ဘုရားကို သယ်ဆောင်ထားသည့် မျိုး စပါး နှင့် တူသော ယေရှုက ဖန်ဆင်းရှင် ဘုရားကို ဖုံးအုပ် သယ်ဆောင်လာသောသူဖြစ်တယ်။ သယ်ဆောင် လာရတဲ့ အကြောင်းအရင်းက စပါးတစေ့ မြေမှ ကျပြီး အကာ အခွံ ပျက်စီးသွားမှ စပါးပင်အဖြစ် ပေါ်ထွန်းလာကာ နောက်ထပ် အသက်ရှင်သော စပါးသီးနှံများစွာ ထိုစပါးတစေ့မှ များစွာ ပွားများလာဖို့ဖြစ်တယ်။ ထိုကြောင့် ကောင်းကင်မှ ထာဝရအသက်ရှင်သော ထာဝရဘုရားက မြေပေါ် ဆင်းကျလာပြီး ကားတိုင်မှာ မြင်နေရသော လူသား ယေရှု ပျက်စီး ခံလိုက်ပြီး နောက် အစေ့သက်မှ အပင်သက်သို့ ကူးပြောင်းသကဲ့သို့ ရှင်ပြန်ထမြောက်ခြင်း အသက်နှင့် ပေါ်ထွန်းလာပြီး ယုံကြည်သူများစွာ သည် စပါးသီးနှံကဲ့သို့ ခရစ်တော် ထဲမှ ပေါက်ဖွားလာကြသည်။ ဤသည်ကို ခရစ်တော်အားဖြင့် အသစ်တဖန် မွေးဖွားလာခြင်းဟု ခေါ်သည်။ ခရစ်တော်ထဲမှ သီးပွင့်လာကြသောကြောင့် ကျွန်ုပ်တို့သည် ဝိညာဉ် အားဖြင့် ဘုရားသားများဖြစ်ကြ၏။ တနည်းအားဖြင့် ဘုရားမျိုးစေ့ကို သယ်ဆောင်ထားသော သူများဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထာဝရ အသက်ကို ရရှိထားသူ ဟုလည်းဆိုနိုင်သည်။ ထိုအခါ ကျွန်ုပ်တို့သည်လည်း အပြင်အခွံ လူသား ဖြစ်ပြီး အတွင်း အသက်ရှင်သော မျိုးစေ့ ခရစ်တော်ကို ဝိညာဉ် ထဲ၌ သယ်ဆောင်ထားသူ၊ ဘုရားသားများဖြစ်ကြသည်။ ထိုသို့ဆိုသော် အပြင်ခွံဟု ခေါ်ဆိုသော လူ၏ "စိတ် " ကို မြေ၌ အပျက်စီးခံခြင်းဆိုသည့် မြှုပ်နှံ သင်္ဂြိုလ်ခြင်း ပြုလိုက်မှသာ အတွင်းဝိညာဉ်မှ ဘုရား၏ အသက်ရှင်ခြင်းထမြောက်ရာ အကြောင်းသည် မြေပေါ်သို့ ပေါ်ထွက်လာသကဲ့သို့ မြေကြီး ခန္ဓာ ရုပ်သက်မှ အပြင်သို့ ဘုရားအသက် ထွက်ပေါ်ထင်ရှားလာမည်။ ဤသည်ကို လူအထဲမှ ဘုရား ထင်ရှားခြင်းဟု ခေါ်ဆိုသလို၊ ထိုသူ၌ ဘုရားဘုန်း ထင်ရှားသည် ဟုလည်းဆိုကြသည်။ အထက်ပါ ဥပမာ ရှင်လင်းချက်ကို မြင်လျင် လူသား ယေရှုနှင့် ဘိသိတ်ခံ ခရစ်တော် တို့ ပေါင်းစည်းထားသော ဖြစ်အင်ကို မြင်တွေ့နိုင်မည်။ စပါးတစေ့ အသက်ရှင်ဖို့ စပါးခွံနှင့် စပါးဆံကို ခွဲထား၍ မရသလို ယေရှုနှင့် ခရစ်တော်ကိုလည်း ခွဲထား၍ မရပါ။ ထိုနည်း၎င်း ဘုရား၏ အသက်နှင့် အလင်းကိုလည်း သပ်သပ်စီ ခွဲခြားထား၍ မရပါ။ သို့ရာတွင် အသက်၏ လုပ်ဆောင်ပေးမှုနှင့် အလင်း၏ လုပ်ဆောင်ပေးမှု မတူပါ။ ယေရှုခရစ်သည် တပေါင်းတစည်းတည်း၊ တစ် ဘုရားတည်း၊ တစ် ဝိညာဉ်တည်း ဖြစ်သော်လည်း အဖ၏ လုပ်ဆောင်မှု၊ သားတော်၏ လုပ်ဆောင်မှု၊ ဝိညာဉ်တော်၏ လုပ်ဆောင်မှု၊ ယေရှု၏ လုပ်ဆောင်မှုတို့မှာ မတူကြသော်လည်း ရည်ရွယ်ချက်တခုတည်၊ ဦးတည်ချက် တခုတည်းကိုသာ လူ၌ ဖြစ်စေဖို့ လုပ်ဆောင်ပေးနေတာ ဖြစ်တယ်။ ယေရှု ဘုန်းပွင့်တော် မမူသေး ဆိုသည့် အချိန် ကားတိုင် မတက်မှီက ယေရှု နှင့် အတူ ဘုရားရှိနေခြင်း ဖြစ်ပြီး ဘုရားသည် ယေရှု အားဖြင့် ဘုန်းထင်ရှားခြင်း ဖြစ်စေခဲ့သည်။ ဘုန်းထင်ရှားခြင်းနှင့် ဘုန်ပွင့်ခြင်း မတူပါ။ ဘုန်းထင်ရှားခြင်းသည် လူအထဲမှ ဘုရား ဖြစ်အင် ပေါ်ထွက်လာခြင်း ဖြစ်ပြီး ဘုန်ပွင့်ခြင်းသည် လူနှင့် ဘုရား တပေါင်းတစည်းတည်း တလုံးတဝတည်း၊ ဘုရားပကတိ ပြည့်ဝ ထွက်ပေါ်ပြီး လူနှင့် ဘုရား ပေါင်းစည်း ဖြစ်အင် အပြင် ဘုန်း တန်ခိုး အုပ်စိုးခြင်း အခွင့် အာဏာ ပိုင်ဆိုင်ခြင်း ဖြစ်သည်။ မှတ်ချက်။ ယေရှု ဆိုသည့် နာမတော်နှင့် ခရစ်တော် နာမတော် ၏ အဓိပ္ပါယ် မတူဘူးဟူ ဆိုခြင်း မှာ ယေရှုသည် ခရစ်တော် မဟုတ် ဟုဆိုသော အန္နတိခရစ် ဆိုသည့် ကျမ်းစာထဲမှ ပြောကြားချက် နှင့် မတူကြောင်း သိမှတ်စေလိုသည်။ ယေရှုသည် ခရစ်တော်စင်စစ် ဖြစ်တော်မူ၏။ အာမင်။ ကားတိုင် မတက်ခင် ယေရှု ခရစ် အသက်ရှင်ခဲ့ ပုံကို ရှင်လင်းစွာမြင်ပြီး မှ ကားတိုင် တက်ပြီး ရှင်ပြန် ထမြောက်သော ယေရှုခရစ် အသွင်ကူးပြောင်းသွားသော အသက်ရှင်စေသော ဝိညာဉ် ကို မြင်နိုင်ပေမည်။ ယနေ့ ကျွန်ုပ်တို့ ကားတိုင်ထမ်းပြီး ခရစ်တော် နောက် လိုက်ဖို့ရန် ယေရှု ခရစ် ကားတိုင် မတက်မှီ လူနဲ့ ဘုရား ပေါင်းစည်း အသက်ရှင်ခဲ့ အလို ကျွန်ုပ်တို့လဲ ခရစ်တော်ဘုရား၏ အသက်ရှင်စေသော ဝိညာဉ်တော်နှင့် ပေါင်းစည်း အသက် မရှင်တတ်ရင် ကိုယ့် ရဲ့ အသက်ရှင်ခြင်းဟာ ဘုရားသက်သက် လူသက်သက် အသက်ရှင်နေခြင်း သာဖြစ်သည်။ ထိုအခါ ဘုရားက လူကို လုပ်ဆောင်ပေးနေခြင်း မဟုတ်တော့ဘဲ လူက ကိုယ့် ကိုကိုယ် ယုံကြည်ပြီး အသက်ရှင် သည့်အခါ နာခံ လိုက်လျှောက် မည် ဆိုသည့် စိတ်ဖြင့် အသက်ရှင် သောကြောင့် ပညက်အောက်ကို ပြန်ရောက်သွားရတယ်။ ဘုရားပြောတာကို နာခံပြီး မိမိအတွင်းမှ ဘုရားက မိမိကိုယ်စား လိုက်လျောက်ပေး သည့် အခါ မှသာ ပေါ့ပါးစွာ အောင်မြင်သွားခြင်း ဖြစ်သည်။ အထက်ပါအရာကို ရှင်လင်းသော ရူပါရုံ မရသောကြောင့် ကျေးဇူးတော်နဲ့ ပညက်တော်ကို အသက်တာမှာ မပိုင်းခြားနိုင်ခြင်း ဖြစ်တယ်။ ကျေးဇူးတော် အမှန် ခံစားရရှိပါစေသော။အာမင်။ (Jame Lee)  
"ပျက်စီးသွားခြင်း နှစ်မျိုး"
ပျက်းစီးသွားခြင်း သည် အနှုတ်လက္ခဏာ ဆောင်သော ပျက်စီး သွားခြင်း နှင့်အပေါင်း လက္ခဏာ ဆောင်သော ပျက်စီးခြင်း နှစ်မျိုး ကို တွေ့ရမည်။
မျိုးစေ့ တစေ့ကို နမူနာ ကြည့်ရအောင်။
ပထမ အခြေအနေတခုက
မျိုးစေ့ တစေ့က ပျက်စီးသွားတဲ့ အခါ မျိုးစေ့ တစေ့ လုံး ပျက်စီးသွား ပြီး အပင် မပေါက်တော့ပေ။ အကြောင်းအရင်းမှာ အခွံအကာပျက်စီး သွားရုံမျှမက အတွင်းရှိ အဆံပါ ပျက်စီး သွားသောကြောင့် ဖြစ်သည်။
ဒုတိယ အခြေအနေတခုမှာ မျိုးစေ့သည် အပေါ်အခွံအကာသာ ပျက်စီးသွားပြီး အတွင်း မျိုးစေ့မှ ရှင်ပြန်ခြင်း အသက်နှင့် ထွက်ပေါ်လာပြီးနောက် မြေကြီးထဲမှ မြေပြင်ပေါ်သို့ ပေါ်ထွန်းလာသည်။
ထိုသို့ ဆိုသော် ပျက်စီးခြင်း နှစ်မျိုး တွင် ပထမ ပျက်စီးခြင်းသည် ဖျက်စီး ခြင်း ဖြစ်ပြီး
ဒုတိယ ပျက်စီးခြင်းသည် ထပ်မံ ပွားများစရာ ဖြစ်စေဖို့ ပျက်စီး ခံလိုက်ရခြင်း ဖြစ်သည်။
အထက်ပါ ဥပမာကို ကြည့်ခြင်း ဖြင့်
နတ်ဆိုး၏ ပျက်စီးစေခြင်းသည် ဖျက်စီး ဖို့ ဖြစ်ပြီး
ဘုရား၏ ပျက်စီး စေခြင်းသည် ထမြောက်ရာ၊ အသက်သစ် ထွက်ပေါ်စေရာ၊ ပွားများခြင်း ဖြစ်စေရာ အတွက် ပျက်စီး ခံလိုက်ခြင်း ဖြစ်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့၏ ယာယီ အသက်ရှင်ရာထဲ မှ ထာဝရ အသက်ရှင်ခြင်း ထွက်ပေါ်လာစေဖို့ လို့ငှာ ဝိညာဉ် ကို ဖုံးကွယ်ထားသော စိတ်အသက် အခွံအကာကို ပျက်စီးစေဖို့ ပတ်ဝန်းကျင်မှ ဖိအား၊ အပူ အအေး ဒါဏ်၊ စသည်တို့ဖြင့် အက်ကွဲ ပျက်စီး စေမှ ဝိညာဉ် အသက် ရှင်ပြန်ထမြောက် လာကာ ဝိညာဉ် အသက်ထင်ရှားခြင်း ထွက်ပေါ်လာပေမည်။
ထို့ကြောင့် ဘုရားခွင့်ပြုထားသော အခြေအနေများ အားလုံးသည် ဘုရား သားသမီးများ ဝိညာဉ်သက်၊ ဘုရား ဂုဏ်ရည် ရှင်သန် ထွက်ပေါ် လာစေဖို့ ထာဝရ အဖို့ ကောင်းစေရန် ဖြစ်သည်။
မိမိ၏ စိတ် အသက်ကို မုန်း သောသူသည် ဘုရား၏ ထာဝရ ဝိညာဉ်သက်ကို ရမည်ဖြစ်သည်။
မိမိ၏ စိတ်သဘောရှိသည့် အတိုင်း အသက်ရှင်လိုသော သူသည် ဘုရား၏ အသက်၊ ဘုရားသဘာဝကို ဆုံးရှုံးမည် ဖြစ်သည်။ Credit ( J.Lee)
"အသင်းတော် ကို တည်ဆောက်ခြင်း"
အသင်းတော် တည်ဆောက်ခြင်းသည် အသင်းတော် ထောင်ခြင်းကို မဆိုလိုပါ။ ခရစ်တော်၏ ခန္ဓာကိုယ် ဖြစ်သည့် အသင်းတော်ကို ဆောက်တည် ခြင်း ဖြစ်သည်။ ထိုသို့ ဆောက်တည် ရာ၌ ခန္ဓာကိုယ် အင်္ဂါဝင် အသီးသီးသည် အဓိက အရေးပါသော သူများ ဖြစ်ကြသည်။ ထိုသို့ဆိုသော် တဦးချင်းစီသည် ယဇ်ပရောဟိတ် မင်း ဖြစ်သည်ကိုသိမြင်ပြီး ခရစ်တော် ထဲမှ အသန့်ရှင်းဆုံး အခန်းထဲသို့ ဝင်သော ယဇ်ပရောဟိတ် မင်းများ ဖြစ်ဖို့ လည်း လိုသည်။ ယဇ်ပရောဟိတ်မင်း များသည် ကြေးဝါ ရေအင်တုံ နှင့် ဆက်ဆံ ဖြေရှင်းပြီးသော သူများ ဖြစ်ရမည်။ ထို အဆင့်ကို မဖြတ်သန်းဘဲ ယဇ်ပရောဟိတ်မင်း ဖြစ်ခွင့် မရရှိနိုင်ပေ။ သို့ဖြစ်လျင် ထိုသို့သော သူများသည် အသင်းတော်ကို ဆောက်တည် ပေးနိုင်သောသူ မဖြစ်နိုင်ပေ။ တနည်းအားဖြင့် ဘုရားသခင်၏ ဘိသိတ်ဆီ လူးခြင်း မရရှိသောသူများဟုလည်း ဆိုနိုင်သည်။ မည်မျှပင် ဦးဆောင်သောသူ အဖြစ် မိမိကိုယ် မိမိ ခံယူစေကာမူ ဘုရားရှေ့တော၌ ရွံရှာဖွယ် ကောင်းသောသူ ဖြစ်မည်ကို သတိချပ်သင့်သည်။ ကြေးဝါ ရေအင်တုံ နှင့် ဆက်ဆံ ဖြေရှင်းခြင်း ဆိုသည်မှာ မိမိ၏ ဇာတိ ခံယူချက် လူဟောင်း စိတ်ထား ဖြစ်သည့် မာနထောင်လွှားခြင်း ကင်းသော၊ ကလေးသူငယ်ကဲ့သို့ မိမိကိုယ် မိမိ ဗလာနတ္တိ သက်သက် ဖြစ်ကြောင်း သိမြင်ဝန်ခံသော အသက်တာ ရှိသူ၊ သွန်သင်ခံယူလိုသော စိတ်ထားရှိသူ ဖြစ်ဖို့လိုသည် ဟု ဆိုလိုသည်။ ထိုကဲ့သို့သောသူသည် အသင်းတော် အသက်တာထဲ၌ ထောင်လွှားခြင်း ကင်ပြီး၊ နှိမ့်ချသော စိတ်သဘော ရှိလျှင် အဘယ်ကဲ့သို့သော အမှုအရာ၌မျှအငြင်းပွားခြင်း၊ ငြူစူခြင်း၊ စောင်းမြောင်း ပြောဆိုခြင်း မရှိဘဲ တဦးကို တဦး ဘုရားမေတ္တာ စီးဆင်းလျက် အချင်းချင်း တည်ဆောက်နိုင်ကြပေမည်။ ခရစ်တော်၏ ရှင်သန်ခြင်း အသက် ရှိနေသော အသင်းတော်၌ ချစ်ခြင်း နှင့် ဝမ်းး မြောက်ခြင်းမှ အပ အခြားသော အရာ မရှိပေ။ တဦးချင်း မိမိအသက်တာ ကို ကိုယ်တိုင် စမ်းစစ် အသက်မရှင်လျှင် ထာဝရ ကာလထဲ၌ မိမိထင်သလို ဖြစ်မလာသည့်အခါ လွန်စွာ ကြေကွဲရမည်ကို ယခု သိမြင်နောင်တ ရသာသူသည် မင်္ဂလာရှိပေသည်။ ဘုရားရည်ရွယ် ထားသော ယဇ်ပရောဟိတ် မင်းများ ဧကန်အမှန် ဖြစ်ကြပါစေသော။
" Correction Vs. Condemnation" သွန်သင်ပေးခြင်း vs အပြစ်တင်ရှုံ့ချခြင်း)
Correction သည် ပြုပြင် စေဖို့ သွန်သင်ပေးခြင်း ဖြစ်ပြီး၊ Condemnation သည် အပြစ်တင် ရှုံ့ချခြင်းဖြစ်သည်။ ယနေ့ ခရစ်ယာန် များစွာတို့သည် ခံယူချက်လွဲ မှား စွာဖြင့် အသက်ရှင် နေကြသည် ကိုတွေ့ရသည်။ အထူးသဖြင့် အနှုတ်လက္ခဏာ ခံယူသူများနှင့် မိမိကိုယ် မိမိ မကောင်းဟု ဝန်မခံလိုသောသူများ ၌ ထို အရာကို ပိုမိုတွေ့မြင်ရသည်။ ဥပမာ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူ၏ ပြုပြင်ဖို့ လိုသည့် နေရာကို ထောက်ပြပြီး ပြင်ဆင်စေဖို့ သွန်သင်ပေးသည့်အခါ သတိမူမိပြီး ပြင်ဆင် ဖို့ သတိပေးနေတာပါလားလို့ မခံမယူ ၊ဘုရားသခင်က ကိုယ့် အနားမှာ ကိုယ်တိုးတက်စေဖို့ ကိုယ့် လင်ယောက်ကျားအဖြစ် ထားထားတာ ဘုရားကို ကျေးဇူးတင်တယ်လို့ မခံယူတတ်ဘဲ၊ အနှုတ်သဘော ဖြစ်တဲ့ ငါ့ကို ဘဲ အပြစ်မြင်ပြီး ပြောနေတယ်လို့ စတင် ခံယူ နှလုံးသွင်းခြင်းဟာ၊ ဘုရားရဲ့ ကျေးဇူးပြု ပေးနေခြင်းကိုလဲ မမြင်တတ်၊ ခံယူပြောင်းလဲဖို့လဲ မရှိဘဲ မိမိဆုံးရှုံးခြင်းဖြင့်သာ အသက် ရှင်နေရသည်ကို မမြင်ကြပေ။ ထိုကဲ့သို့ အိမ်ထောင်များနှင့် ချစ်သူဘဝ ရှိသူများ အထူးသတိပြုစေလိုတယ်။ ယောက်ကျား မကောင်းရင် ဘုရားကိုယ်တိုင် ဆုံးမမှာဖြစ်တယ်။ ယောက်ကျားမကောင်းလို့ မိန်မက လင်ကို ဆုံးမ ရတယ်လို့ မဖြစ်သင့်ဘူး။ ယောက်ကျားသည် ဘုရားပြီးရင် အိမ်ထောင်မိသားစုရဲ့ ဦးခေါင်းဖြစ်တယ် ဆိုတာ လူကြားကောင်းအောင် ပြောဆိုပြီး မချေမငန် ပြန်ပြောခြင်းများ ပြုလုပ်ခြင်းမျိုးမှ ရှောင်ကျင်သင့်သည်။ မိန်းမ ဖြစ်သူရဲ့ နှိမ်ချခြင်း မေတ္တာဖြင့်သာ မိုက်မဲသော လင်ယောက်ကျား ကို ဘုရားက ပြောင်းလဲ စေမှာဖြစ်တယ်။ ပြုပြင်စေဖို့ ပြောဆိုခြင်းကို condemnation ဆိုတဲ့ အပြစ်တင်စီရင်သည် ဟု ယူဆကာ ယေရှု အသွေးနဲ့ ချေဖျက်တယ်၊ တားဆီး တယ်၊ စသဖြင့် ရွတ်ဆိုပြီး correction ပြုပြင်ဖို့ မစဉ်းစားဘဲ နေခြင်းဟာ ခရစ်ယာန် တို့၏ မိုက်မဲခြင်း ဖြစ်သည်။ တကယ်တမ်းပြောရရင် negative အမြင်ဖြင့် ခံယူခြင်းသည် မေတ္တာ မပါသော တုန့်ပြန်ခြင်း၊ မိမိ အလို ဆန္ဒ တခုတည်းကိုသာ ရှုမြင်ပြီး ကိုယ့် ရဲ့စိတ် ခံစားချက် ထဲမှာ ဘဲ အသက်ရှင်ခဲ့လို့ ဖြစ်တယ်။ ဒီလို negative မျိုးစေ့ကို မိမိနှလုံးသားထဲ မျိုးကြဲနေခြင်းကြောင့် မိမိအသက်တာ၌ တောပင်ပေါက်နေတာဖြစ်တယ်။ positive ခံယူခြင်းက အကောင်းမြင်တဲ့ ကောင်းသောမျိုးစေ့ဖြစ်လို့ ခရစ်တော်ရဲ့ စိတ်သဘောရှိသူ ဖြစ်လာတယ်။ အကယ်၍ တဘက်လူက ကိုယ့်ကို condemnation အဖြစ်ပြောလာသည့်တိုင်အောင် ခံယူသူက positive အမြင်၊ ဘုရားထဲမှာ အသက်ရှင်သူဖြစ်ရင် correction အဖြစ် ခံယူလိုက်ခြင်းအားဖြင့် မိမိ အသက်တာထဲ တည်ဆောက်စရာ၊ အသက်ရှင်ခြင်းနှင့် တကွ တိုးတက်ခြင်းကို ခံစားရမည် ဖြစ်သည်။ correction အလုပ်ခံသူ၌ နှိန်ချသော စိတ်သဘော ကိုတွေ့ရပြီး condemnation ဟု ခံယူသူ၌ မာန နှင့် တကွ မိမိကိုယ် မိမိ ဘုရားထဲ ရှိနေသယောင် လှည့်စားခံနေရသည်ကို သတိရှိပါ။ correction အလုပ်မခံဘဲ အသွေးတော်နဲ့ ကွယ်ကာတယ်၊ ဆေးကြောတယ်လို့ ဘယ်လောက်ပြောပြော အဟောင်းနဲ့ မကောင်းတာက ထိုသူထဲက ထွက်မသွားပါဘူး။ correction လုပ်ခံလိုသူ ပြုပြင်ခံသူ၌ မူကား ဖွင့်ပြ သွန်သင် ပေးလို၊့ မြင်တွေ့ခွင့် ရလို့ ကျေးဇူးတော်ချီမွမ်းခြင်း နှင့်တကွ ထိုအားနည်းချက်ကို အသွေးတော်နဲ့ ဆေးကြောသန့်စင်ပေးလို့၊ ကျေးဇူးတင်ခြင်း များဖြင့် အသက်တာ၌ အမှန်တကယ် တိုးတက်ခြင်း သန့်စင်ခြင်း ဖြစ်လာတာကို တွေ့မြင်ရတယ်။ ထို့ကြောင့် ညီအကိုတို့ Correction နဲ့ Condemnation ကို နားလည်ပြီး အပေါင်း လက္ခဏာ အမြင်ဖြင့် ပြုပြင်ခံလိုသော နှလုံးသားဖြင့် ခံယူတတ်သောသူများ ဖြစ်ကြပါစေ။
|| ဘုရားဆိုင်ရာ ရူပါရုံ ||
 ခရစ်ယာန် တဦးသည် "ဘုရားဆိုင်ရာ" ရူပါရုံ ကို မှန်ကန်စွာ သိမြင်ဖို့ လိုပေသည်။ တနေ့က မျိုးစေ့ အကြောင်း ရေးသားပြီးဖြစ်သည်။ မျိုးစေ့တစေ့ မှ ထမ်မံ ပွားများလာသော အသီးများစွာသည် ထို မျိုးစေ့၏ အသွင် သဏ္ဍာန် တူညီယုံမျှမက အသီး အတွင်း ရှိ အသက် သည်လည်း ထို မျိုးစေ့၏ အသက်နှင့် ထပ်တူထပ်မျှ ဖြစ်ပေသည်။ ထို့ကြောင့် ယေရှုခရစ် ပျက်စီးအသေခံပြီး ရှင်ပြန်ထမြောက်သော အသက် အားဖြင့် ခရစ်တော် ထမြောက်လာသည့် အထဲ၌ အသီးများစွာကို သီးစေလိုက်သည့် အတွက် လက်ခံယုံကြည်သူများသည် လည်း ထို ထမြောက်ခြင်းနဲ့ အတူ တပြိုင်နက်တည်း ထွက်ပေါ်လာရသည်။ ထို့ကြောင့် ခရစ်တော်သည် ဘုရားဖြစ်သောကြောင့် ကျွန်ုပ်တို့အထဲ၌လည်း ထိုဘုရား၏ အသက်ကို သယ်ဆောင်လျက် ထွက်ပေါ်လာရသည်။ သရက် မျိုးစေ့ မှ အပင်ပေါက် အသီးသီးလျင် သရက်သီး သာ သီးလာမည်။ သရက်မျိုး ဖြစ်သကဲ့သို့ ခရစ်တော် ဘုရားထဲမှ ထွက်ပေါ်လာသော သူသည် ခရစ်တော် မျိုး ဖြစ်သည်။ ကျွန်ုပ်တို့ ဘိုးဘေးမိဘ ပထမ အာဒံမှ မွေးလာသော သူများသည် ပထမမွေးခြင်း ဇာတိပကတိ လူ ရုပ်ခန္ဓာ အဖြစ် နှင့် လောကထဲ ရောက်လာကြသူများဖြစ်ကာ အပြစ် ဗီဇ ပါရှိလာသောသူ အားလုံးဖြစ်ကြသည်။ ထို့နောက်မှ လူသည် နှုတ်အပတ်တော်ဆိုသည့် အသက်စကားကို ကြားသိ ပြီး ခရစ်တော်ကို လက်ခံ လိုက်သည်နှင့် ထိုသူသည် ခရစ်တော်အထဲမှ ဝိညာဉ်တော် အားဖြင့် ဒုတိယ အကြိမ် တဖန် မွေးဖွားလာရသည်။ ထိုသို့ ဝိညာဉ်တော် အားဖြင့် မွေးဖွားလာသူကို နှုတ်ကပတ်တော်ရေဖြင့် သန့်စင်စေပြီး လူ၏ ဝိညာဉ် တဖန်မွေးဖွားလာသည်။ ထိုအခါ လူသည် ရေနှင့် ဝိညာဉ်တော် အားဖြင့် ဒုတိယမွေးဖွားခြင်းကို ခံရသည်။ ထိုသူများသာ ကောင်းကင် နိုင်ငံကို ဝင်စားနိုင်သည်။ ပထမမွေးခြင်းသည် ဇာတိပကတိ အားဖြင့် ဖြစ်တည်လာသောကြောင့် ပုတ်ပျက်ခြင်း သဘောရှိသည်။ ဒုတိယမွေးခြင်းသည် ဝိညာဉ်ပကတိဖြင့် မွေးဖွားလာသော သူ ဖြစ်ပြီး ဝိညာဉ်ဖြစ်၏။ ထိုဝိညာဉ်သည်သာလျှင် အသက်ရှင်ခြင်း အကြောင်းဖြစ်၏။ ထိုအသစ်မွေးဖွားလာသော လူ၏ဝိညာဉ် ထဲ၌ ခရစ်တော်၏ အသက် ဝိညာဉ် အတူပါရှိလာသည်။ ထိုအခါ ဖန်ဆင်းခံ လူဖြစ်သော ကျွန်ုပ်တို့ အထဲ ဖန်ဆင်းရှင် ခရစ်တော်၏ အသက် ရရှိလာသောကြောင့် ဘုရားမျိုးနွယ်၊ မင်းမျိုး ဖြစ်လာရသည်။ ယဇ်ပရောဟိတ်မျိုးလည်း ဖြစ်သည်။ ထိုအသက်အားဖြင့် ကျွန်ုပ်တို့ အသက်ဆက်သည့်အခါ ကောင်းသော စပြစ်ပင်၌ စိုက်တည်သော စပြစ်နွယ်များ ဖြစ်စေလိုက်တယ်။ ထိုအခါမှသာ စပြစ်ပင် အတွင်းမှ အဟာရ ကြောင့် စပြစ်နွယ်မှ အခက်အလက်ဝေဆာ ပြီး စပြစ်သီး သီး လာရသကဲ့သို့ ကျွန်ုပ်တို့ ဝိညာဉ်ထဲရှိ ခရစ်တော်၏ အတွင်း အသက်မှ စီးဆင်းထွက်လာသော အဟာရအသက် က ကျွန်ုပ်တို့၏ စိတ် နှင့် ခန္ဓာကိုယ်ကို အသက်ရှင်ခြင်း လက္ခဏာ ဖြစ်သည့် ဝမ်းမြောက်ခြင်း၊ ချစ်ခြင်း၊ ကျေးဇူးပြုခြင်း၊ သနားခြင်း ဂရုဏာ စသဖြင့် အသီးများ ထွက်ပေါ်လာစေမည်ဖြစ်သည်။ ထို အရာများသည် ကျိုးစား ကျင့်ကြံ ခြင်းအားဖြင့် ထွက်ပေါ်လာခြင်း မဟုတ်ဘဲ အတွင်းရှိ ခရစ်တော်၏ အသက်ရှင်စေသော ဝိညာဉ်တော် အားဖြင့် ထွက်ပေါ်လာသည့် အသက်ရှင်ရာ အကြောင်းများ ဖြစ်သည်။ ထိုသို့ လူအထဲ ဘုရားဖြစ်အင် တစတစတိုးလာခြင်း ဖြင့် ဘုရား နှင့် တညီ တသဏ္ဍာန် တည်း ဖန်ဆင်းထားသော လူထဲသို့ ဘုရားကိုယ်တိုင် ဘုရားအသက်နှင့် ဘုရားသဘာဝကို ထည့်သွင်းပေးနေခြင်းဖြစ်သည်။ ဘုရားသည် လူတို့ အပြစ်လွှတ်စေရန် အဖို့ အလို့ငှာ အသွေးသွန်း ရွေးနှုတ် ကယ်တင်ပြီးနောက် ထမြောက်ခြင်း အကြောင်းဖြင့် လူကို သေခြင်းနှင့် အစဉ် ကင်းလွတ်စေရုံမျှ မက အထူးသဖြင့် ဘုရား၏ အသက်နှင့် ပြည့်စုံစေဖို့ ခရစ်တော် ကြွလာရခြင်းဖြစ်သည်။ ထို ဘုရားဆိုင်ရာ အားလုံး ကျမ်းစာ၌ ဖေါ်ပြထားသည်များကို မြေကြီး ခန္ဓာ လူအထဲ တည်ရှိလာဖို့ ဖြစ်သည်။ ထိုသူများ မြေပေါ် အတူတည်ရှိ လျင် အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံမည် ဖြစ်သည်။ ခရစ်တော် ကြွလာရခြင်းသည် လူ၌ ဘုရားဆိုင်ရာ ရရှိစေဖို့ဖြစ်သည်။ ဤသည်မှာ ကောင်းကင် နိုင်ငံတော် နှင့် ယှဉ်သော ဧဝံဂေလိ တရားဖြစ်သည်။ ကျွန်ုပ်တို့သည် ယနေ့ လူတို့ဝမ်းမြောက်စရာ ထို အမှုကို ကြားပြော နေရတာဖြစ်တယ်။ ထိုသို့ ကြားပြောသော သူတို့၏ နှုတ်သည် မင်္ဂလာ ရှိသည်။ ထိုသူတို့၏ ခြေသည် တင့်တယ်ခြင်း ရှိသည်။ ဟာလေလုယာ||
"နောက်ဆုံး အာဒံ"
ကျွန်ုပ်သည် ပထမ အာဒံ ထက် နောက်ဆုံး အာဒံ ကို သာ၍ သဘောကျသည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးသော အာဒံ၌ နက်နဲခြင်း များစွာ ရှိသည်။ ထို နောက်ဆုံး သော အာဒံ ၏ နက်နဲခြင်း များကြောင့် ယနေ့တိုင် လူများစွာ ဝိရောဓိ ဖြစ်နေကြဆဲ ဖြစ်သည်။ လောကထဲ၌ အဘယ်မည်သော ဘုရားမျှ ပုဂ္ဂိုလ် သုံးပါး တစ်ဘုရား ဖြစ်ခြင်း ဟု မကြားဘူးပေ။ ထိုနက်နဲ ဆန်းကျယ်သော ဘုရား ရဲ့ ဖြစ်ခြင်းကို နောက်ဆုံးသော အာဒံ အထဲ၌ တဖန် ရှိနေပြန်သော အခါ သာ၍ နက်နဲ ဆန်းကျယ် ရုံမျှ မက အလျား၊ အနံ၊ အမြင့်၊ အနက် တိုင်းတာ၍ မရနိုင်ခြင်း များ လည်း ထို နောက်ဆုံးသော အာဒံ၌ ရှိနေပြန်သည်။ ကျမ်းစာ၌ အာဒံ ဟု သုံးနှုန်း ထားခြင်းမှာ ဖန်ဆင်းခံ ဖြစ်သော လူသား ဟု ပြောနေခြင်း ဖြစ်သည်။ ကျမ်းစာထဲ၌ လူအာဒံ နှစ်ယောက်ရှိသည်။ ပထမ ဖန်ဆင်းခံ လူအာဒံ ၏ ဘုရားစကားကို နာမခံ ခြင်းကြောင့် ကျရှုံး ပျက်စီးသွားသည့် ဖန်ဆင်းရှင် ဘုရား၏ ရည်ရွယ်ချက်ကို ပြန်လည် ရရှိဖို့ရန် ဒုတိယ နှင့် နောက်ဆုံး ဖြစ်သော ဘုရားစကားကို နာခံ မည့် လူအာဒံကို တဖန် ပြင်ဆင် ဖန်ဆင်း ရပြန်သည်။ ထိုနောက်ဆုံး ဖန်ဆင်းခံ အာဒံ၏ နက်နဲခြင်း ဖြစ်သော ဖန်ဆင်းခံ လူအထဲ ဖန်ဆင်းရှင် ဘုရား ရှိနေခြင်း ပင် ဖြစ်သည်။ ပထမ အာဒံ ကျရှုံး ရခြင်းမှာ ဖန်ဆင်းခံလူ အထဲ ဘုရားအသက် ရယူခြင်း မရှိသောကြောင့် ဖြစ်သည်။ နောက်ဆုံးသော အာဒံ အထဲ၌ ဘုရားရှိ နေရုံမျှ မက ဘုရားကို လုံးလုံး လျားလျား အသက်ပေးရှင် ထားခြင်း အားဖြင့် နောက်ဆုံးသော ဖန်ဆင်းခံ လူ အာဒံ သည် စာတန်၊ လောက အပြစ် နဲ့ သေခြင်း ကို အောင်မြင်ကြောင်း လောကထဲရှိ လူသားအားလုံး နှင့် စာတန်ကို သက်သေပြခဲ့သည်။ ကျမ်းစာက လူသည် ဘုရား အသက်နှင့် ရှင်ပါက စာတန်၊ လောက နှင့် အပြစ်တို့ကို အောင်မြင် နိုင်ကြောင်း ယုံကြည် စေဖို့ ဖြစ်သည်။ သို့ဖြစ်လျင် တရားအားဖြင့် မအောင်မြင်နိုင်ဘဲ ဘုရား အသက် အားဖြင့်သာ အောင်မြင်နိုင်ကြောင်း မြင်တွေ့စေသည်။ ထို့ကြောင့် နောက်ဆုံးသော အာဒံ ဖြစ်သည့် ယေရှု ဆိုသည့် ဘုရား၏ သားတော် ခရစ်တော် ၏ အသက် အားဖြင့်သာ အထက်ပါ အချင်းအရာ တို့ကို အောင်မြင်နိုင်သည်။ ယနေ့ နောက်ဆုံးသော အာဒံသည် ဝိညာဉ်တော် အဖြစ်သို့ ရောက်ရှိကာ ယုံကြည် လက်ခံသော လူတိုင်း အထဲမှ ဘုရား အသက်ဖြင့် လူတိုင်း လောကကို အောင်နိုင်ဖို့ လာရောက် ရှင်ပေးနေသည်။ ကျွန်ုပ်တို့ အထဲ လာရောက် အသက်ရှင်ပေးနေသော နောက်ဆုံးသော အာဒံ ၏ ဝိညာဉ်သည် အလုံးစုံ တို့၏ အလုံးစုံ ဖြစ်သော ဘုရား၏ ဝိညာဉ် အဖြစ် ကျွန်ုပ် ပိုင်ဆိုင်နေရပြီ ဖြစ်သည်။ ခမည်းတော်ဘုရားက နောက်ဆုံးအာဒံ အားဖြင့် ပေးလိုက်သော တပါးတည်းသော သားတော်ကို ကျွန်ုပ်တို့ ရရှိပြီး ထိုသူ အထဲမှ ကြွယ်ဝခြင်း အလုံးစုံကို ယခု ရယူ သုံးစွဲ နေရလို့ ကျွန်ုပ်တို့ ၏ အသက်တာ ၌လည်း ကြွယ်ဝ ပြည့်စုံ နေပေသည်။ ထိုသတင်းကောင်းကို ညီကိုမောင်နှမ အယောက်တိုင်း ရယူ ခံစား တတ်ဖို့ ခမည်းတော် 
ဘုရား အလိုရှိသည် ဖြစ်၌ ဘုရားပေးလိုက်သော လက်ဆောင်ကို 
မနှေး အမြန် ရယူ ခံစားကြပါစို့။ အာမင်။ J.Lee 
|| အတွင်းလူကို ခိုင်ခန့်စေသော ဝိညာဉ်တော် ||
"အတွင်းလူ" ဟူသော စကားသည် အဘယ် သူနည်း။ 
အတွင်းလူ ဟူသော စကားရှိလျှင် ဆန့်ကျင်ဘက် 
"အပြင်လူ" လည်း ရှိသည်။ 
အပြင်လူ ဟူသည် မိဘ နှစ်ပါး အားဖြင့်
 မွေးဖွားလာသော ဇာတိပကတိ သွေးသား ခန္ဓာနှင့် 
စိတ် သက် ဖြင့် အသက်ရှင်နေသူကို အပြင်လူ ဟူ၍ ခေါ်ဆိုသည်။ အတွင်းလူ ဟူမူကား ယေရှု ခရစ်ကို မိမိ၏ ကယ်တင်သော အရှင်၊ သခင် အဖြစ် လက်ခံရယူ ခြင်းကြောင့် ဂတိတော် အားဖြင့် ဘုရားတဖန် မွေးဖွား ပေးလိုက်သော လူ၏ ဝိညာဉ် ဖြစ်ပေသည်။ ခရစ်ယာန် တိုင်းသည် တဖန်မွေးခြင်းကို ခံယူထားသော သူများ ဖြစ်ကြရမည်။ ခရစ်ယာန်တိုင်း သည် မိမိ၌ အပြစ်ရှိကြောင်း ဝန်ခံပြီး၊ ကျွန်ုပ် အပြစ်အတွက် သခင်ယေရှု အသွေးသွန်း အသေခံ ပေးခဲ့ခြင်းကို ယုံကြည်လက်ခံသူ အမှန် ဖြစ်လျှင် ဒုတိယ မွေးခြင်းကို ခံယူပြီးသူဖြစ်သည်။ ထိုအချိန်မှ စပြီး အတွင်းလူ နဲ့ အပြင်လူ နှစ်ဦး သည် မြေကြီးခန္ဓာ အိမ် တလုံးထဲတွင် အတူနေထိုင်လျှက်ရှိသည်။ သာမန် အားဖြင့် အပြင်လူသည် အရင်မွေးဖွားထားပြီး အတွင်းလူသည် နောက်မှ မွေးဖွား လာသည့် အတွက် အပြင်လူက အတွင်းလူကို အမြဲ အနိုင်အထက် ပြုကျင့်လေ့ ရှိသည်။ အပြင်လူ၏ စိတ်သည် ကျရှုံး အာဒံ မျိုး မှ အမွေခံ လာရ၍ နတ်ဆိုး စာတန် ၏ အတ္တ နှင့် မာန ပါရှိထားပြီး ဖြစ်သည်။ သို့ဖြစ်၍ မွေးစ အတွင်းလူသည် ခွန်အားနှင့် ပြည့်စုံ ပြီး သန်စွမ်း ကြီးထွား သန်မာ လာမှ အပြင်လူ၏ ညှင်းပန်း အနိုင်ကျင့်ခြင်းမှ လွတ်မြောက် နိုင်ပေမည်။ အတွင်းလူ ကို သန်စွမ်းကြီးထွား လာစေဖို့ အပြင် အစာ တရားအားဖြင့် ကြီးထွားခြင်း မရနိုင်ပေ။ အတွင်းလူကို အတွင်း အစာ အစာအဟာရ ဖြင့်သာ ကြီးထွား စေနိုင်သည် ဖြစ်၍ ဘုရားက လူ၏ ဝိညာဉ် အတွင်း၌ နေထိုင်လျှက် ဘုရား အသက် နှင့် တကွ ဘုရားသဘာဝ ကို လူအား ကျွေးနေခြင်းကို အတွင်းလူက စားမှသာ အတွင်းလူသည် တစတစ ခိုင်ခန့် မြဲမြန် မည် ဖြစ်သည်။ သို့ဖြစ်၍ အတွင်း တရားဖြစ်သည့် အသက်ရှင်စေသော ဝိညာဉ်တော်၏ တရား လုပ်ဆောင် ပေးနေခြင်းကို သိမြင်နိုင်ဖို့ အပြင်တရားကို ချထားပေးရသည်။ အပြင်တရားသည် ကျရှုံး သော အပြင်လူ အတွက် စောင့်ထိန်းဖို့ ဖြစ်ပြီး အတွင်း လူ အတွက် အတွင်း တရား၏ လုပ်ပေးနေခြင်းကို သိမြင်ဝန်ခံ တတ်လာစေဖို့ ဖြစ်သည်။ သို့ဖြစ်၍ အပြင်တရား ကို ကြိုးစား ကျင့်ကြံ အားထုတ်ခြင်း အောက်မှ လွတ်မြောက်လိုလျှင် အတွင်းတရား ဖြစ်သော အသက်ရှင်စေသော ဝိညာဉ်တော် တရား နှင့် အတူ ဝမ်းမြောက် နေသော အသက်တာ ဖြစ်ဖို့လိုသည်။ ထို တရားသည် ရှင်ပြန်ထမြောက်သော ခရစ်တော်၏ ဝိညာဉ် ဖြစ်ပြီး မိမိ အထဲ စဉ်ဆက်မပျက် အသက်ရှင်စေပေး နေသည့် အတွက် အတွင်း တရား အဖြစ် လူအထဲ ပေါ်ထွန်း နေခြင်းဖြစ်သည်။ ထိုအမှုအရာကို စဉ်းစား ဝမ်းမြောက် ခံယူ နေသောသူသည် ထိုအစာကို စားသုံး နေသည့် အတွက် တစတစ ကြီးထွားလာသည့် အခါ ဝိညာဉ်တော်၏ မစခြင်း အကြောင်းတရားကြောင့် စိတ်သောက ဖိစီးခြင်း၊ စိတ် ဝေဒနာ ခံစားခြင်း၊ စိတ်မသာ ငြီးထွားခြင်း များမှ ကျော်လွန် လွတ်မြောက်လာပေမည်။ (J.Lee)
|| ပုံသဏ္ဍာန်သစ် သို့ ပြောင်းလဲရောက်ရှိခြင်း ||
လူသည် မိမိကိုယ် မိမိ လူသစ် တဦး၏ ပုံသဏ္ဍာန်သစ် စီသို့ ကူးပြောင်း ရောက်ရှိလာဖို့ လုပ်ယူ၍ မရနိုင်ပေ။ လူသစ် တဦး ဟု ဆိုသော အဓိပ္ပါယ်ကို ဦးစွာသိမြင်မှ ဘာကြောင့် ကိုယ်တိုင် ပြောင်းလဲ ယူလို့ မရနိုင်သလဲ ဆိုတာ သဘော ပေါက်နိုင်မည် ဖြစ်သည်။ လူက မိမိကိုယ် မိမိ တရားနဲ့ အညီ လိုက်နာ စောင့်ထိန်းခြင်း အားဖြင့် လူ၏ အကျင့် ဆိုးများ ကို အကျင့် ကောင်းသော လူ ဖြစ်လာဖို့ လုပ်ယူလို့ ရကောင်း ရပေလိမ့်မည်။ ထိုသူသည် ကောင်းသော လူဟောင်း သာ ဖြစ်ပေမည်။ လူသစ် တဦး ဖြစ်မလာပါ။ လူသစ် ဆိုသည်မှာ သဘာဝ လူ၏ ဖြစ်ခြင်း အထဲသို့ ဘုရား၏သဘာဝ ဖြစ်အင်ကို လူအတွင်းထဲသို့ ဘုရားက ထည့်သွင်း ပေးခြင်း အားဖြင့် လူဟောင်း၏ သဘာဝ ဖြစ်ခြင်းများ လွင့်ပျောက်သွားကာ ဘုရား၏ သဘာဝ ဖြစ်အင်က အစားထိုး နေရာယူ သွားခြင်း အားဖြင့် ဖြစ်တည်လာသော အသွင်ပြောင်းလဲ လာသည့် လူကို လူသစ် တဦးဟု ဆိုလိုခြင်း ဖြစ်သည်။ တနည်းအားဖြင့် လူ၏ဇာတိ သဘာဝကို ဘုရား၏ ဝိညာဉ် သဘာဝ ဖြစ်ခြင်းက အစားထိုး နေရာယူ သွားခြင်း အားဖြင့် ထွက်ပေါ်လာသော အကျိုး ရလဒ် ဖြစ်သည်။ ထိုအခါ ကျရှုံးသော လူသား သဘာဝအား ဘုရား၏ သဘာဝ ဖြစ်ခြင်း အလုံးစုံက အုပ်စိုး ထိန်းချုပ်ထားခြင်း ကြောင့် လူ၏ နှလုံးသားသည် ဘုရားနှလုံးသားဖြင့် အစားထိုး ရှင်သန် နေသော လူ ဖြစ်လာရသည်။ ထိုအခါ ထိုသူအထဲမှ ဘုရား၏ အသက်ရှင်ခြင်း က ဘုန်းထင်ရှားခြင်း အဖြစ် ထွက်ပေါ်လာကာ သူ၏ ရုပ်သက် မှ ပြောဆို ဆက်ဆံ လှုပ်ရှား သွားလာခြင်း အမှု အရာတိုင်း၌ တန်ခိုး သြဇာ နှင့် ပြည့်ဝ လာသော လူသစ် တဦး အဖြစ်သို့ အသွင်ကူးပြောင်း ရောက်ရှိလာရသည်။ ယနေ့ ခရစ်တော် ဘုရားသည် ဝိညာဉ်တော် အဖြစ်နှင့် ယုံကြည်လက်ခံထားသူများ အထဲမှ အစဉ် ကျေးဇူးပြု ပေးလျှက်ရှိသည်ကို သတိမူလျှက် ထိုသခင်၏ လူအထဲ တည်ဆောက် ပေးနေခြင်းကို လက်ခံ ရယူတတ်ဖို့ လိုပေသည်။ (J.Lee)
|| ခရစ်တော်၏ ရနံ့ ||
In spirit, "ဝိညာဉ် အထဲ၌" ဆိုသော စကားလုံးကို 
သိသော်ငြားလည်း အဘယ် အရာကို ပြောဆို သည်ကို မူကား သေခြာစွာ သိရှိသူ နည်းပါးသည်။ တဖန် "ဝိညာဉ်၌" ဆိုသည့် ဆိုလိုရင်းကို သိငြားလည်း ဝိညာဉ်၌ အသက်ရှင်သူ သာ၍ နည်းပါးသည် ဖြစ်၍ အသင်းတော် အသက်တာဟု ဆိုနေငြားလည်း အကယ်စင်စစ် အသင်းတော် အသက်တာ ဖြစ်မနေသည်ကို ပင် သတိမမူမိရခြင်းမှာ လူသည် ဇာတိ နှင့် ဝိညာဉ် ဟု ပြောဆို ငြင်းခုံ နေလင့် ကစား မိမိ၏ နေ့စဉ် အသက်ရှင်ခြင်းကို အစဉ် စမ်းစစ်ပြီး အလေးအနက်ထား အသက်ရှင်ခြင်း မရှိခြင်း ကြောင့်ပင် ဖြစ်သည်။ သို့ဖြစ်၍ အသင်းတော် အသက်တာထဲ၌ ရနံ့  ဆိုးနေရခြင်း ဖြစ်သည်။ အသက်ရှင်သော နှုတ်ကပတ်တော် ကို ခံယူလျက် ယုံကြည် ခံယူထားသည့် အတိုင်း အသက်တာ၌ ဖြစ်မလာရခြင်း အဓိက အချက်မှာ လူဟောင်းကို အသက် ပေးရှင် နေသောကြောင့် ဖြစ်သည်။ မိမိ အသိက လူဟောင်းကို ငြင်းပယ်ရမယ်၊ ဒါမှ လူသစ် ရှင်မယ် ဆိုတာ သိပြီး ဘာကြောင့် အဖန် တလဲလဲ အသက်ရှင်သော နှုတ်ကပတ်တော်ကို နားထောင်သော်လည်း လူသစ်ဖြစ်ခြင်း ရဲ့ ရလဒ် အသက်တာမှ ထွက်ပေါ် မလာသလဲ။ မိမိစိတ်နှလုံးသည် နိုကြားနေခြင်း မရှိဘဲ နှုတ်ကပတ်တော် ကို နားထောင် သည့်အခါ ထိုနှုတ်ကပတ်တော် အထဲပါရှိသည့် ဝိညာဉ် အရာများကို နှလုံးသွင်းယူမိခြင်း မရှိ သည်ကို သတိချပ်သင့်သည်။ နှလုံးသွင်း ခံယူ ထားပြီး သူသည်လည်း မိမိ "ဝိညာဉ်၌" အသက်မရှင်လျှင် လူဟောင်း အသက်တာ သာ ဖြစ်နေပေဦးမည်။ ယုံကြည်သူ သည် မိမိ "ဝိညာဉ်၌" အသက်ရှင်နေမှသာ "ခရစ်တော်၌" အသက်ရှင်သူ ဖြစ်ပေမည်။ အဘယ်ကြောင့် ဆိုသော် ခရစ်တော် ၏ ဝိညာဉ်သည် ကျွန်ုပ်တို့၏ "ဝိညာဉ်၌" တည်နေ၊ ရှိနေ သောကြောင့် ကျွန်ုပ်တို့ ဝိညာဉ်သက် နှင့် ရှင်နေမှသာ စစ်မှန်သော အသင်းတော် အသက်တာ ဖြစ်မည်ကို သတိမူမိစေလိုသည်။ မိမိကိုယ် မိမိ "ဝိညာဉ်၌" ရှိ မရှိ ဘယ်လို စမ်းစစ် သိရှိနိုင်မည်နည်း။ ၁။ စိတ်နဲ့ ဝိညာဉ်ကို ပိုင်းခြား နားလည်သူ ဖြစ်ဖို့ ဦးစွာ လိုသည်။ ၂။ မိမိ အသက်တာ မှ ထွက်ရှိနေသော အနံ့ အသက် အားဖြင့် မိမိကိုယ် မိမိ ဇာတိလူ နဲ့ ဝိညာဉ်လူ ကို သိမြင် နိုင်သည်။ ဇာတိလူ၏ အနံ့ အသက် ဥပမာ တခုမှာ- ဇာတိလူသည် သွန်သင်ခြင်းကို မခံမယူလို၊ မိမိသည် တပါးသူထက် သာ၍ သိမြင်သည်ဟု ခံယူလျက် တပါးသူကို ဆုံးမ လိုသည်၊ ကိုယ်တိုင် မခံယူလိုပေ။ ဇာတိလူသည် တပါးသူ၏ ဂရုစိုက်ခြင်းကို ခံယူလိုခြင်း၊ တပါးသူ၏ အထင်ကြီး လေးစားမှုကို ခံယူလိုခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ ဝါကြွားခြင်း၊ အစရှိသည် တို့သည် ဇာတိလူ၏ အနံ့  အသက် ဖြစ်သည်။ ထိုသို့ သော အနံ့  အသက်ဆိုး မှ ကင်းစင် လိုလျှင် "ဝိညာဉ်၌" အသက်ရှင် ခြင်းမှ တပါး အခြား လမ်း မရှိပေ။ လောက၌ ခရစ်တော်၏ ရနံ့  မှ တပါး အခြားသော အရာများဖြင့် မိမိဂုဏ်သတင်း မွှေးကြိုင်စေဖို့ မဖြစ်နိုင်ရာ။ ထို့ကြောင့် ခရစ်တော်၏ သင်းပြန့်သော ရနံ့  မိမိအထဲမှ ထွက်ရှိလိုလျှင် မိမိ၏ "ဝိညာဉ်၌" အသက်ရှင်နေသောသူ ဖြစ်မှသာ ခရစ်တော်၏ ရနံ့  ကို ရရှိ ပိုင်ဆိုင်သူ ဖြစ်ပေမည်။